Day: January 11, 2016

iTunes media ဆာဗာထက် ပိုမိုမြန်ဆန်သော Intel ၏ဒုတိယမျိုးဆက် Compute Stick

Intel သည်မူရင်း Compute Stick ကိုမိတ်ဆက်ပြီး တစ်နှစ်အကြာတွင် ကန်ဒေါ်လာ ၁၅ ဝန် iTunes media ဆာဗာ တည်ဆောက်နိုင်မည့် လမ်းညွှန်ပါဝင်သော ဒုတိယမျိုးဆက် Compute Stick ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ Compute Stick သည်ကန်ဒေါ်လာ ၁၅၉မှ ၄၉၉ အထိကျသင့်မည် ဖြစ်ပြီး အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာသည်။ ၎င်း၏အရွယ်အစားမှာ ပီကေထုပ်အရွယ်သာရှိပြီး ကွန်ပျူတာ တစ်လုံးကဲ့သို့ သုံးနိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်သလို USB port ၂ ခုထည့်သွင်းထားပြီး ကြိုးမဲ့ hardware သစ်တစ်ခုလည်း ပါဝင်သည်။ ယခုနှစ်တွင် Intel သည် Atom Core M3 နှင့် Core M5 ဗားရှင်းများကို ထုတ်လုပ်ထားသည်။ […]

Read More

Gionee Pioneer P5W

Price – 119,000 အားသာချက် IPS LCD Display သည် မြင့်မားကောင်းမွန်သော ရုပ်ထွက်ကို ခံစားရမည်ဖြစ်သည်။ DTS Sound အသံနည်းပညာစနစ် ထောက်ပံ့ပါဝင်လာပြီး အသံထွက်ပိုင်း ကြည်လင်ကောင်းမွန်သည့်အပြင် ကျယ်လောင်မှု ရှိမည်ဖြစ်သည်။ သူ့ယခင် ထွက်ရှိထားသည့် Gionee  P3S မော်ဒယ်ထက် ၈ ဂရမ် ပိုမို ပေါ့ပါးမှုရှိသည့်အပြင် P5W တွင် GPU စနစ်သီးခြား ထောက်ပံ့ပါဝင်သည်။ အားနည်းချက် ကျောဘက်ကာဗာသည် အနည်းငယ်ချောမွေ့မှု ရှိသည့်အပြင် ပုံမှန်ထက် အနည်းငယ် ပိုလေးသည့်အတွက် ဖုန်းပြောစဉ်တွင် မတော်တဆ လက်အတွင်းမှ လျောမကျရန် ဂရုစိုက်ကိုင်တွယ်ရမည် ဖြစ်သည်။ Accelerometer နှင့် Proximity စနစ်နှစ်မျိုးသာ ထောက်ပံ့ပါဝင်သည်။ မြင်ကွင်း ဖုန်း၏ Screen မျက်နှာပြင်မှာ […]

Read More

iPhone 7 တွင် ကြိုးမဲ့နားကြပ်ဖြင့် အသုံးပြုနိုင်ရန် Beats နှင့် Apple ပူးပေါင်းဆောင်ရွက်နေ

Apple နှင့် ၎င်း၏ ကုမ္ပဏီခွဲ Beats Electronics တို့သည် iPhone 7 တွင် ကြိုးမဲ့နားကြပ်ထည့်သွင်းရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၃.၅ မီလီမီတာ နားကြပ်ပေါက်ကို ထည့်သွင်းခြင်း ပြုတော့မည် မဟုတ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ နားကြပ်ကို Airpods ဟုခေါ်ဆိုဖွယ်ရှိကြောင်း သတင်း၌ ဖော်ပြထားပြီး မိုက်ခရိုဖုန်းများလည်း ပါဝင်သလို ဆူညံသံလျှော့ချပေးမည့် အပြင် Siri လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းနားကြပ်ကို port များဖြင့် ချိတ်ဆက်သုံးစွဲရမည် မဟုတ်ဘဲ built-in ဘက်ထရီနှင့်အတူ သယ်ဆောင်သွားနိုင်သော case နှင့် တင်ပို့ရောင်းချသွားမည်ဟု ဆိုသည်။ Apple ၏ ကြိုးမဲ့နားကြပ်များကို သီးခြားရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။ အလားတူ Apple ၏ […]

Read More

ခြောက်လအတွင်း Apple Music ကို အခပေးသုံးစွဲသူ ၁၀ သန်းကျော်ရှိလာ

iOS, Mac, PC, Android နှင့် Apple TV ပေါ်မှ Apple Music ကို အခပေးသုံးစွဲသူဦးရေသည် ခြောက်လအတွင်း ၁၀ သန်းကျော်ရှိလာကြောင်း၊ ပြိုင်ဘက် Spotify သည် ၎င်းစံချိန်ကို ရရှိရန်အတွက် ၆ နှစ်နီးပါး အချိန်ယူခဲ့ရကြောင်း Financial Times မှ ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်က နိုင်ငံပေါင်း ၁၀၀ ကျော်ထံ မိတ်ဆက်ပေးခဲ့သော Apple Music သည် Spofity ၏နောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အွန်လိုင်းသီချင်းဝန်ဆောင်မှုအဖြစ် ရပ်တည်လျက်ရှိသည်။ Apple ၏ အွန်လိုင်းဝန်ဆောင်မှု အသုံးမပြုနိုင်မီတွင် Spotify ကို အခပေးသုံးစွဲသူမှာ သန်း ၂၀ ကျော်ရှိကြောင်း ကြေညာခဲ့သည်။ […]

Read More

ငါးနှစ်အတွင်း ပျောက်ကွယ်သွားနိုင်သော အရာ (၅) ခု

လွန်ခဲ့သော ငါးနှစ်က ကမ္ဘာကြီးသည် ယခုအခြေအနေနှင့် လွန်စွာကွာခြားခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် iPad စတင်ထွက်ရှိလာပြီး Kickstarter ကလည်း ရံပုံငွေရှာဖွေရန် တစ်ဦးတည်းပိုင် လုပ်ငန်းပုံစံကို မိတ်ဆက်ခဲ့သည်။ Square သည် မိုဘိုင်းထုတ်ကုန်များပေါ်တွင် ကတ်များ swipe ပြုလုပ်၍ ပစ္စည်းရောင်းချသူများ၏ ငွေပေးချေမှုများကို လက်ခံရန် ခွင့်ပြုခဲ့သည်။ လာမည့်ငါးနှစ်တွင်လည်း အဆင့်မြင့်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများစွာ ထပ်မံထွက်ရှိလာမည်ကို သံသယဖြစ်စရာ မရှိပေ။ သို့သော်လည်း တိုးတက်မှုနှုန်း မြင့်မားလာသည်နှင့်အမျှ ပျောက်ကွယ်သွားနိုင်ဖွယ် ရှိသော အရာများလည်း ရှိသည်။ ယနေ့တွင် ကျွန်ုပ်တို့ အသုံးပြုနေသည့် အောက်ဖော်ပြပါအရာတို့မှာ ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် နည်းလမ်းသစ်များကြောင့် ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသည်။ ငွေကြေး၊ ချက်လက်မှတ်၊ အကြွေးဝယ်ကတ်များနှင့် ATM များ ယနေ့ခေတ်တွင် မိုဘိုင်းငွေပေးချေမှုကုမ္ပဏီ Square […]

Read More

၂၀၁၆ ရဲ့ ကြီးကျယ် အခမ်းနားဆုံးသော Mobile, IT, Networking & လုံခြုံရေး နည်းပညာပြပွဲ

၂၀၁၆ အတွက်အကြီးကျယ် အခမ်းနားဆုံးသော Mobile, IT, Networking & လုံခြုံရေး နည်းပညာပြပွဲကြီးကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ Swan Hotel တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ည ၇ နာရီ အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် KMD, Neo Tech, Tiger Supply, Silicon Power, Dell, Kaspersky, DoDoKoKo, Winter Root, Delux, Life Mark, Crome, AVTECH, KSW, Sonicgear, Power Logic အစရှိသည့် […]

Read More

Lenovo Ideapad 100S

USD-199.99 အားသာချက် Lenovo 100S တွင် အရောင်အသွေး တောက်ပပြီး လက်ဗွေရာ မထင်သော ကိုယ်ထည်အပြင် သက်တောင့်သက်သာရှိသော keyboard နှင့် တာရှည်ခံ ဘက်ထရီ သက်တမ်းတို့ ပါဝင်သည်။ အားနည်းချက် ၎င်းတွင် touchscreen မပါဝင်သည့်အပြင် ခေတ်မမှီသော touchpad သုံးစွဲရသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းသည်။ အလုပ်လုပ်ကိုင်ရာတွင် တွင်ကျယ်မှုမရှိသလို မျက်နှာပြင် ရုပ်ထွက်အရည်အသွေးမှာ နိမ့်ပါးသည်။ အသေးစိတ်ဖော်ပြချက် Lenovo Ideapad 100S တွင် မြင်တွေ့ဖူးသမျှ တန်ဖိုးနည်း laptop များအနက် အကောင်းဆုံး keyboard ပါဝင်လာသည်။ Lenovo Ideapad 100S ကိုယ်ထည်ကို အရောင်စုံ ထုတ်လုပ်ထားသည့်အပြင် ခိုင်မာမှုရှိသည်။ Lenovo ၏ keyboard ဒီဇိုင်းမှာ အလွန်သေသပ်သောကြောင့် […]

Read More

Snapdragon 616 SoC နှင့် 4,100mAh ဘက်ထရီပါဝင်သော Xiaomi Redmi 3

Xiaomi သည် Qualcomm Snapdragon 616 chipset နှင့် ၅ လက်မအရွယ် 720p HD display ပါဝင်သော Redmi 3 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်တွင် 2GB RAM နှင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သော 16GB internal memory ပါဝင်သည်။ ဘက်ထရီက အရွယ်ကြီးမားသော 4,100mAh ဘက်ထရီ ဖြစ်သည်။ ကင်မရာအနေဖြင့် ကျောဘက်တွင် 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အရွယ်အစားက ၁၃၉.၃ x ၆၉.၆ x ၈.၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၄ ဂရမ်ဖြစ်သည်။ ၎င်းတွင် ကုမ္ပဏီ၏ MIUI 7 OS […]

Read More

စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်သော ကင်မရာ မှန်ဘီလူးများကို ZEISS မိတ်ဆက်

ZEISS သည် Fellowes အမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ စမတ်ဖုန်း ဓာတ်ပုံသမားအတွက် အဆင့်မြင့် ကင်မရာ မှန်ဘီလူးများစွာကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ကင်မရာ မှန်ဘီလူးများသည် မြင်ကွင်းကျယ်၊ အနီးကပ်ဓာတ်ပုံနှင့် အဝေးမှ အရာဝတ္ထုများကို ဆွဲယူရိုက်ကူးထားသော (telephoto) ဓာတ်ပုံများကို ရိုက်ကူးနိုင်သည်။ ထို့အပြင် ExoLens အမှတ်တံဆိပ် ကင်မရာမှန်ဘီလူးများတွင် ZEISS optics ပါဝင်ပြီး အဖြူရောင်တံဆိပ် ရိုက်နှိပ်ထားပြီး အနက်ရောင် လောင်းထားသော အလူမီနီယမ်ဖြင့် ဖန်တီးထားသည်။ ကင်မရာ မှန်ဘီလူးတိုင်းတွင် အလင်းပြန်မှုကို လျှော့ချပေးပြီး အလင်းထုတ်လွှင့်မှုကို အဋ္ဌဆင့်မြှင့်တင်ပေးမည့် T*T* antireflective ZEISS ကိုပါဝင်သည်။ စမတ်ဖုန်းနှင့် ကင်မရာမှန်ဘီလူး ချိတ်ဆက်ရာတွင် အထူးပြုလုပ်ထားသည့် ExoLens ဒေါက်လိုအပ်မည် ဖြစ်ပြီး ဖုန်း၏တစ်ဖက်ခြမ်းကို ဆုပ်ကိုင်ထားပြီး တစ်ဖက်တွင်မူ […]

Read More