Day: January 8, 2016

Work.com.mm မှ ဒုတိယ အကြိမ်မြောက် အလုပ်အကိုင်ပြပွဲ ကျင်းပမည်

ဒုတိယအကြိမ်မြောက် အဖြစ် Work.com.mm မှ ဦးစီးကာ ကျင်းပပြုလုပ်မည် အလုပ်အကိုင်ပြပွဲကို ဇန်န၀ါရီလ ၁၆ ရက် မှ ၁၇ ရက် ထိရန်ကုန်မြို့  MICT Park ထဲတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ပြပွဲကို လာရောက်သူတွေ အနေနဲ့ သူတို့ နဲ့ ကိုက်ညီပြီး လစာကောင်းတဲ့နေရာတွေကို ရှာတွေ့ လိမ့်မယ်လို့  ထင်ပါတယ်။ ပွဲကိုတော့အရင်တုန်းက ၂၀၁၅ ခုနှစ်မေလမှာ တုန်းက ပြုလုပ်ခဲ့ပြီးတော့ တက်ရောက်ခဲ့တဲ့သူပေါင်း တစ်သောင်းခွဲလောက် လာကြပါတယ်။ အလုပ်ရှာဖွေသူတွေနဲ့  ဝန်ထမ်းခေါ်ယူလိုသူတွေရဲ့ တောင်းဆိုချက် အရ အခုလိုမျိုး ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု Work.com.mm […]

Read More

ပုံစံနှစ်မျိုးနဲ့ရနိုင်ပေမယ့် Audi R8 Roadster က ပိုပြီး သဘောကျစရာကောင်းတယ် …

Audi ရဲ့ နာမည်ကျော်မော်ဒယ် R8 ဆိုတာက ဥရောပ Supercar လောကထိအောင် ဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့မော်ဒယ်တစ်ခုပါ။ အရည်အသွေးဆိုတာထက် နည်းပညာ အဆင့်မြင့်မားမှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းမွန်မှုတွေက  မော်ဒယ်ကိုလူကြိုက် များစေတာပါ။ ဒီမော်ဒယ်ကိုတော့ Audi ကနေ ကိုယ်ထည်အမျိုးအစားနှစ်မျိုး ထုတ်လုပ်ရောင်းချတာတွေ့ရပြီး တစ်ခုကတော့ Coupe လို့ခေါ်တဲ့ နှစ်ယောက်စီးမော်ဒယ်နဲ့ Roadster ဆိုတဲ့မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စပ်မိလို့ ကျွန်တော်က Coupe နဲ့ Roadster ခွဲခြားပုံကို ပြောပြချင်ပါတယ်။ Coupe ဆိုတာကတော့ နှစ်ယောက်စီး မော်ဒယ်၊ ဒါပေမဲ့ ခုံတန်းနှစ်တန်းပါတယ်၊ လေးယောက်၊ ငါးယောက်ထိအောင် စီးနိုင်တယ်၊ ဒါပေမဲ့ တံခါးကတော့နှစ်ပေါက်ပဲ ပါပါတယ်။ နောက်ဘက်ခန်းကို လူဝင်ဖို့အတွက်က  ရှေ့ဘက်ခုံကို ခေါက်ပြီး ဝင်ရတာပါ။ ဒီနေရာမှာ Coupe […]

Read More

Just Cause 3 နှင့်အတူ PS4 အခွေသစ်များဝင်ရောက်

Square Enix မှဖြန့်ချိပြီး Mad Max ဂိမ်းကို ဖန်တီးခဲ့သော Avalanche Studios မှရေးဆွဲထားသည့် Open World Action ဂိမ်းသစ် Just Cause 3 ကို PS4 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခင် Just Cause ဂိမ်းများထဲမှ main character ဖြစ်သော Rico နေရာမှဝင်ရောက်ပြီး သွက်လက်သည့် gameplay ပုံစံဖြင့် ရန်သူများကို parachute များ wing suit များအသုံးပြု ပြီး စိတ်ကြိုက်တိုက်ခိုက်ကာ မိမိ၏မွေးရပ်မြေကျွန်းနိုင်ငံကို ကယ်တင်ရပုံဇာတ်လမ်းမှ ဝင်ရောက်ကစားရမည်ဖြစ်သည်။ Just Cause 3 နှင့်အတူ Need for Speed, […]

Read More

CB Bank မိုဘိုင်းဘဏ်စနစ်အား ဆင်းမ်ကတ် အမျိုးအစားအားလုံးဖြင့် အသုံးပြုနိုင်ပြီ ဟုဆို

သမဝါယမဘဏ် (CB Bank) ၏ မိုဘိုင်းဘဏ်စနစ် (Mobile Banking) အား မည့်သည့်ဆင်းမ်ကတ် အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်း Easi Mobile Banking အသုံးပြုလိုသူများအနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်ခွဲများတွင် မှတ်ပုံတင်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ ယခင်က ဆင်းမ်ကတ်အမျိုးအစား အချို့တွင်သာ အသုံးပြုနိုင်ရာမှ ယခုအခါ အမျိုးအစားများအားလုံးဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဆိုသည်။ အဆိုပါ မိုဘိုင်းဘဏ်စနစ်ကို သမဝါယမဘဏ်အပြင် အခြားဘဏ်များတွင်လည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ သမဝါယမဘဏ်အနေဖြင့် မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ်များထားရှိ၍လည်း ငွေလွှဲခြင်းအပါအဝင် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ Easi Mobile Agent မှ ငွေလွှဲထုတ်ယူခြင်း၊ ငွေလွှဲခြင်း၊ Deposite Accound ထဲသို့ ငွေသွင်းခြင်းတို့ ဆောင်ရွက်အသုံးပြုနိုင်မည်ဖြစ်ပြီး ATM စက်များတွင် […]

Read More

Huawei Customer Service Center ဖွင့်ပွဲအခမ်းအနား

Huawei Customer Service Center ဖွင့်ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ ၃၀ ရက်က အမှတ် ၂၀၊ အခန်း ၂၊ နှင်းဆီလမ်း၊ ဘိုးရိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

ပြည်ဝင်ဗီဇာစနစ်သစ် အသေးစိတ်နှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်တွင်ထုတ်ပြန်

ပြည်ဝင်ဗီဇာစနစ်သစ် အသေးစိတ်နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးဖြင့် လာရောက်လိုသည့် နိုင်ငံခြားသားများအတွက် လက်ရှိအသုံးပြု လျက်ရှိသော ပြည်ဝင်ခွင့် ဗီဇာ ခြောက်မျိုးအစား ခေတ်နှင့် အညီ ပြောင်းလဲကျင့်သုံးမည့် ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ သုံးမျိုးတို့အား စတင်ခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ခွင့်ပြုခြင်းကို ဇန်နဝါရီလ ၁၁ ရက်မှစ၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာစနစ်သစ်နှင့် ပတ်သက်၍ အသေးစိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် www.mip.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ပြည်ဝင်ခွင့်ဗီဇာ (Entry Visa) ၁၂ မျိုးမှာ သံသမန်/သံအဖွဲ့ဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ ကမ္ဘာလှည့်ဗီဇာ၊ လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ ပညာရေးဗီဇာ၊ စာနယ်ဇင်း/မီဒီယာဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာ၊ […]

Read More

Facebook Messenger ကို လစဉ်အသုံးပြုသူ သန်း ၈၀၀ ရှိ

နာမည်ကျော်လူမှုရေးကွန်ရက်ကြီးဖြစ်သော Facebook ၏ မိုဘိုင်း messaging app ကို လစဉ်အသုံးပြုသူဦးရေ သန်း ၈၀၀ ရှိကြောင်း၊ ၎င်းကို သုံးစွဲသူများသည် ဇွန်လနောက်ပိုင်းတွင် သန်း ၁၀၀ ခန့် မြင့်တက်လာခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားသည်။ Messenger သည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်၌ အလျင်အမြန် တိုးတက်လာသော app တစ်ခုဖြစ်ခဲ့ပြီး နှစ်စဉ် သုံးစွဲသူဦးရေ မြင့်တက်မှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းအထိ ရှိကြောင်း Nielsen မှ ဖော်ပြခဲ့သည်။ “ကျွန်တော်တို့က အလျင်အမြန်ကို တိုးတက်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုကောင်းတာတွေကို ဒီနှစ်မှာ ပြုလုပ်နိုင်စေမယ့် တိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်” ဟု ကယ်လီဖိုးနီးယားအစြေခိုက် ကုမ္ပဏီ၏ ထုတ်ကုန်ဆိုင်ရာ အကြီးအကဲဖြစ်သူ စတန်ချက်နော့စကီးက ပြောကြားခဲ့သည်။ ထို့အပြင် […]

Read More

USB Smart electronic cigarette Lighter

ဂက် (စ်) ထည့်သွင်းရန် မလိုအပ်ဘဲ USB ဖြင့် အားသွင်းကာ အသုံးပြုနိုင်မည့် USB Smart electronic cigarette Lighter ဖြစ်သည်။ အားကုန်ခန်းသည့်အခါတွင် USB ဖြင့် ချိတ်ဆက်ကာ အား သွင်းနိုင်သည့်အတွက် အသုံးပြုသူများအနေဖြင့် များစွာအဆင်ပြေစေမည်ဖြစ်သည်။ အဝါ၊ အနီ၊ အပြာ၊ အမည်း၊ အဖြူ၊ ပန်း၊ အစိမ်း ဟူ၍ အရောင်မျိုးစုံရှိသည့်အတွက် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၃,၅၀၀ ကျပ်ဖြစ်ပြီး Ko Beno (IT, Mobile, Game Sale & Service Center ဖုန်း ၃၈၀၅၃၆၊ ၃၈၉၀၃၁ နှင့် ၀၉-၈၆၂၂၇၄၄  ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

AGD ဘဏ်က Core Banking နည်းပညာဖြင့် စတင်အသုံးပြုမည်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD ) က Core Banking နည်းပညာဖြင့် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ AGD Bank မှ လက်ရှိသုံးစွဲနေသည့် ဘဏ်စနစ်မှာ ပြည်တွင်းလိုအပ်ချက်များကို ဝန်ဆောင်မှုပေးပြီး အနာဂတ်၌ နိုင်ငံတကာဘဏ်စနစ်များနှင့် ချိတ်ဆက်ချိန်တွင် အဆင်ပြေစေရန် Infosys ကုမ္ပဏီ၏ နည်းပညာကို ပြောင်းလဲ အသုံးပြုခြင်းဖြစ်ကြောင်း ယင်းဘဏ်၏ ICT ဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးဝင်းသန်းက ပြောသည်။ “လုပ်ငန်းလည်ပတ် ဆောင်ရွက်တဲ့အခါ အခုလက်ရှိက Local System ကို သုံးတယ်။ ဒါကိုသုံးခြင်းအားဖြင့် ရှိသမျှ အချက်အလက်တွေကို ဘဏ်ခွဲတွေအားလုံးကနေ သိရှိနိုင်မယ်။ အချက်အလက်တွေအားလုံး တစ်နေရာတည်းမှာ (Data Center) ရှိနေမယ့်သဘော ဖြစ်ပါတယ်” ဟု ပြောကြားသည်။ Infosys Limited ၏ Core […]

Read More

ယူကရိန်းရှိ ဓာတ်အားပေးစက်ရုံကို ဟက်ကာများ တိုက်ခိုက်

ယူကရိန်းနိုင်ငံ၏ ဓာတ်အားပေးစက်ရုံကို ဟက်ကာများက ဒီဇင်ဘာလ ၂၃ ရက်တွင် တိုက်ခိုက်ခဲ့ပြီး အိုင်ဗန်နိုဖရန်ကီဗစ်ဒေသရှိ နေအိမ်ရာပေါင်းများစွာ အမှောင်အတိကျသွားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် စွမ်းအင်ပြတ်တောက်မှု ဖြစ်ပေါ်စေရန် ပထမဆုံးပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်လာသည်။ ကွန်ပျူတာလုံခြုံရေး ကျွမ်းကျင်ကုမ္ပဏီ ESET က တိုက်ခိုက်သူများသည် malware ပါဝင်သော Microsoft Office စာရွက်စာတမ်းများ အသုံးပြု၍ စွမ်းအင်စက်ရုံ ကွန်ပျူတာများ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ Social engineering နည်းလမ်းများ အသုံးပြု၍ စွမ်းအင်စက်ရုံ ဝန်ထမ်းများက ဖိုင်များကို activate ပြုလုပ်ခဲ့ပြီး ၎င်းတို့က အမှုမဲ့အမှတ်မဲ့ပင် BlackEnergy Trojan အသုံးချခြင်းကို ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုကို ရုရှားဟက်ကာအဖွဲ့ The Sandworm Team က ပြုလုပ်ခဲ့ကြောင်း ခန့်မှန်းပြောဆိုလျက်ရှိကြသည်။ […]

Read More