Day: January 7, 2016

ကမ္ဘာ့ပထမဦးဆုံး 802.11ad router ကို TP-Link မိတ်ဆက်

Acer က ကမ္ဘာ့ပထမဦးဆုံး 802.11ad လက်တော့ပ်ကို ကြေညာပြီး နှစ်ရက်အကြာတွင် TP-Link က ကမ္ဘာပထမဦးဆုံး 802.11ad router ဖြစ်သော Talon AD7200 ကို မိတ်ဆက်ပေးခဲ့သည်။ 802.11ad သည် 60GHz WiFi စံသတ်မှတ်ချက်ဖြစ်ပြီး ယခင် Wi-Fi router များထက် သုံးဆပိုမိုလျင်မြန်စေမည် ဖြစ်သည်။ Talon Ad7200 multi-band WiFi router အချက်အလက်လွှဲပြောင်းနှုန်း 7.2Gbps အထိ အထောက်အပံ့ပေးနိုင်သောကြောင့် 4K ရုပ်ရှင်တစ်ကားကို ထုတ်ကုန်များအကြား stream လုပ်ခြင်းကဲ့သို့သော ဖိုင်ဝေမျှခြင်းအတွက် အလွန်အသုံးတည့်စေမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ router သည် 802.11a, b, g, n နှင့် ac […]

Read More

Honor 5X ကို အမေရိကန်တွင် ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချမည်

Huawei သည် Honor 5X စမတ်ဖုန်းကို လက်စ်ဗီးဂက်စ်မြို့ရှိ CES ကွန်ဖရင့်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ပထမဦးဆုံး အနေဖြင့် Huawei သည် လူအများစိတ်ဝင်စားသည့် specs များပါဝင်သော ကန်ဒေါ်လာ ၂၀၀ တန်ကြေးရှိ 5X စမတ်ဖုန်းဖြင့် သုံးစွဲသူများစွာကို ဆွဲဆောင်ရန် ရည်မှန်းထားသည်။ ဒုတိယအချက်အားဖြင့် 5X သည် Huawei GX8 မော်ဒယ်နှင့် ဈေးနှုန်းမှလွဲ၍ အလွန်ဆင်တူသည်။ ဇန်နဝါရီလ ၃၁ ရက်တွင် စတင်ရောင်းချမည့် Honor 5X သည် GX8 ၏ မျက်နှာပြင်အရွယ်အစား၊ internal specs နှင့် တစ်ဝေတစ်သိမ်းတူညီနေသည်။ Honor 5X ၏ မျက်နှာပြင်သည် ၅.၅ လက်မအရွယ်ရှိပြီး ရုပ်ထွက် အရည်အသွေး […]

Read More

Snapdragon 820 ပါဝင်သည့် Xiaomi Mi 5 ကို ဖေဖော်ဝါရီတွင် မိတ်ဆက်မည်

ဖေဖော်ဝါရီလ ၈ ရက်တွင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးတွင် မိတ်ဆက်ရန်အတွက် Xiaomi Mi 5 ကို လက်ရှိတွင် အလုံးအရင်းဖြင့် ထုတ်လုပ်နေကြောင်း Xiaomi ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သည့် လီဝမ်ကျင်းက တရုတ် microblogging site ဖြစ်သော Weibo မှ အတည်ပြု ပြောကြားလိုက်သည်။ ထို့အပြင် Mi 5 တွင် Snapdragon 820 ကို အသုံးပြုမည်ဖြစ်ကြောင်းလည်း လီက ပြောကြားခဲ့သည်။ Mi 5 တွင် 4GB RAM ပါဝင်ပြီး 32GB နှင့် 64GB အမျိုးအစားများဖြင့် ရရှိနိုင်မည်ဟု ဆိုသည်။ အခြားသော ကောလာဟလ သတင်းများကလည်း Mi 5 ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး လက်ဗွေဖတ်စနစ်နှင့် […]

Read More

Oculus Rift ကို ကန်ဒေါ်လာ ၅၉၉ ဖြင့် ကြိုတင်မှာယူမှု ပြုလုပ်နိုင်

သုံးစွဲသူများအတွက် ရည်ရွယ်သော ပထမဆုံး Oculus Rift ကို ကန်ဒေါ်လာ ၅၉၉ ဖြင့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Oculus Rift ကို မတ်လ ၂၈ ရက်နေ့တွင် ကနဦးအဖြစ် တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားသော်လည်း ဧပြီလမှသာ တင်ပို့သွားမည်ဟု ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် Oculus Rift ကို ကြိုတင်မှာယူခွင့်ပြုပြီး ၁၅ မိနစ်တွင် ထုတ်ကုန်အားလုံး ရောင်းကုန်သွားခဲ့သည်။ ကန်ဒေါ်လာ ၅၉၉ဖြင့်မှာယူထားသော Oculus Rift headset, sensor, Lucky’s Tale and Eve:Valkyrie ဂိမ်း၊ ကြိုးများ၊ Oculus အဝေးထိန်းခလုတ်နှင့် Xbox One ကြိုးမဲ့ခလုတ်တို့ ပါဝင်သည်။ Oculus Touch ခလုတ်များကို […]

Read More

နှစ်ပတ်အတွင်း FAA တွင် မှတ်ပုံတင်သည့် ဒရုန်းအရေအတွက် ၁၈၁,၀၀၀ စင်းအထိရှိလာ

ဒီဇင်ဘာလ ၂၁ နေ့မှစတင်၍ ဒရုန်းပေါင်း ၁၈၁,၀၀၀ စင်းအထိ မှတ်ပုံတင် စာရင်းသွင်းထားကြောင်း FAA က ပြောကြားခဲ့သည်။ FAA သည် ဒီဇင်ဘာလက အဝေးထိန်းလေယာဉ် ဝါသနာရှင်များအတွက် ဒရုန်းအသုံးမပြုမီ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင်တဲ့ ဒရုန်းအရေအတွက်ကြောင့် စိတ်အားတက်မိပါတယ်” ဟု FAA အုပ်ချုပ်ရေးမှူး မိုက်ကယ်ဟွာတာက လတ်စ်ဗီးဂတ်မြို့ရှိ CES ပွဲတွင်သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် FAA က ဒရုန်းပိုင်ဆိုင်သူများ ဥပဒေချိုးဖောက်မိခြင်းကို ရှောင်လွှဲနိုင်ရန် ကူညီပေးမည့် B4UFLY app ကို Apple နှင့် Android ထုတ်ကုန်များအတွက် မိတ်ဆက်ပေးခဲ့သည်။ “B4UFLY က ဒရုန်းတွေကို လေထဲမှာ လုံခြုံစွာ ပျံသန်းစေဖို့အတွက် အများပြည်သူထံ အသိပညာပေးဖို့ […]

Read More

Facebook Messenger မှာစ စ်တုရင်ကစားနည်း

Facebook Messenger အသုံးပြု သူများအတွက် Facebook Messenger မှာ စစ်တုရင်ကစားခြင်းကို command များအသုံးပြုပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ကစားမယ့်ကိုယ့်ရဲ့ Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကိုရိုက်ထည့်ပေးရပါမယ်။ ဒါဆိုရင် Chess Game ကိုစတင်ပြီဖြစ်ပြီး ဘယ်သူက ဘယ်အရောင်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက် အရောင်ရွေးချယ် မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာ အရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ကစားသူဟာ Pawn ကိုစရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ P […]

Read More

Glances ကို Ubuntu OS တွင် ထည့်သွင်း အသုံးပြုခြင်း

Glances ဆိုတာကတော့ Ubuntu OS သုံးစွဲသူတွေ မိမိကွန်ပျူတာ စနစ်အတွင်းမှ  Hardware  များရဲ့လုပ်ငန်း လုပ်ဆောင်နေမှု အခြေအနေများကို စောင့်ကြည့်ပေးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ CPU, Memory, Network Interface နဲ့အခြားသော Input Output Device တွေကို စောင့်ကြည့် ပေးနိုင်မှာဖြစ်ပြီး System အတွင်းမှာ ဂရုစိုက်ရမယ့် အခြေအနေတွေကို အရောင်ခွဲခြားပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Ubuntu OS မှာ Glances ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu […]

Read More

Apple Watch တွင် အရွယ်အစား တူညီသည့် App Icons များ ဖန်တီးခြင်း

Apple Watch တွေရဲ့ Home screen တွေမှာ ဖော်ပြပေးထားတဲ့ App Icon တွေဟာ အရွယ်အစား မတူညီကြပါဘူး။ အဲဒီလို မတူညီတဲ့အတွက် မိမိအသုံးပြုလိုတဲ့ Icon က သေးငယ်နေတယ်ဆိုရင် မြင်ကွင်းအရွယ်အစား သေးငယ်တဲ့ Apple Watch Screen ပေါ်မှာနှိပ်ပြီး အသုံးပြုရတာ လက်ဝင်လှပါတယ်။ အဲဒီလို Icon တွေကိုနှိပ်ပြီး အသုံးပြုရတာ အဆင်ပြေစေမယ့် အရွယ်အစားတူဖြစ်အောင် ပြုလုပ်တဲ့နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ ဒီနည်းပညာဟာ Apple Watch မှာအသုံးပြု ထားတဲ့ Reduce Motion လို့ခေါ်တဲ့ Icon အရွယ်အစားတွေကို တုံ့ပြန်လုပ်ဆောင်မှုအနေနဲ့ အလိုအလျောက်သေးအောင် ဖန်တီးပေးထားတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဲဒီနည်းပညာကို Settings ထဲကနေ disables လုပ်ပေးထား […]

Read More

Call Center ၌ ကျန်းမာရေးနှင့်ပတ်သက်၍ အကြံအဉာဏ်တောင်းခံသူ များပြားလာ

Doctor on Call အမည်ဖြင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နေသည့် Call Center သို့ နေ့စဉ် ဖုန်းခေါ်ဆိုမှု တိုးတက်များပြားလာကြောင်း အဆိုပါ Call Center မှ ဒေါက်တာဝေငြိမ်းက ပြောသည်။ ပျမ်းမျှအားဖြင့် နေ့စဉ် ဖုန်းခေါ်ဆို၍ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးသူသည် ၅၀ မှ ၆၀ အထိ ရှိလာခဲ့ပြီး တစ်လတာအတွင်း ခေါ်ဆိုမှုမှာ နှစ်ဆခန့်သို့ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အများအားဖြင့် ဆီးချို၊ သွေးချိုနဲ့ ပတ်သက်ပြီး ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာတွေ။ နောက်ပြီး လူတွေ့မေးမြန်းရမှာ ရှက်ကြတဲ့ အမျိုးသမီးရောဂါတွေ၊ ရာသီအကူးအပြောင်း ရောဂါတွေနဲ့ ပတ်သက်ပြီး မေးကြတာ များပါတယ်” ဟု ဒေါက်တာဝေငြိမ်းက ဆိုသည်။ Doctor on […]

Read More

Asus Memo Pad 7 LTE

တန်ဖိုး – ကန်ဒေါ်လာ ၁၆၈ အားသာချက် – 4G LTE Device တွေထဲမှာတော့ ဈေးနှုန်းချိုသာမှုကြောင့် ငွေကြေးကို ချိန်တွယ်ပြီး သုံးစွဲမယ့် သူတွေတောင် လက်လှမ်းမှီနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလဲ လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ SIM Card ထည့်သွင်း အသုံးပြုသူများအတွက်တော့ အကြိုက်တွေ့စေမယ့် Tablet ဖြစ်ပါတယ်။ အားနည်းချက် – ဖွဲ့စည်းတည်ဆောက် ပုံကတော့ ပလတ်စတစ်နဲ့ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး၊ Display Birghtness ကလည်းအခြားသော Tablet တွေထက် အနည်းငယ် မှုန်တာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android Version ကိုလည်း Android 4.4 လောက်မှာပဲ ရပ်တန့်ထားပြီး Update ထပ်ထုတ်ပေးရန်အတွက် ဖော်ပြပေးထားခြင်း […]

Read More