Day: January 6, 2016

မောင်းသူမဲ့လေယာဉ်များကို စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးရန် စီစဉ်

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ် (Drone) များအတွက် စီးပွားရေးလုပ်ငန်း အသုံးပြုခွင့်လက်မှတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေပြီး အဆိုပါ မောင်းသူမဲ့လေယာဉ်များအတွက် ပျံသန်းခွင့်ရရှိမည့် ဧရိယာများကို ကန့်သတ်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။ ယနေ့ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်ယော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်များကို မှတ်ပုံတင်ရာတွင် အလေးချိန်နှင့် စွမ်းဆောင်နိုင်မှုကို အခြေခံ၍ အတန်းအစား ခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံးအတွက်လည်း ခွင့်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဟု သိရသည်။ မောင်းသူမဲ့လေယာဉ်များကို မှတ်ပုံတင်ရာတွင် မြေပြင်မှ ထိန်းချုပ်မောင်းများကိုလည်း စိစစ်သွားမည်ဖြစ်ပြီး အထူးသဖြင့် လေယာဉ်အတက်အဆင်း လမ်းကြောင်းများတစ်လျောက် မပျံသန်းရေးဇုန်များ ကန့်သတ်သွားရန် လုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဟု ဦးဇင်ယော်က ဆိုသည်။ တားမြစ်ဧရိယာ၊ ကန့်သတ်ဧရိယာနှင့် အန္တရာယ်ရှိသော […]

Read More

အလွယ်တကူ သယ်ဆောင်သွားနိုင်သော ဒရုန်းတစ်မျိုးကို Intel ပွဲထုတ်မိတ်ဆက်

Intel အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာဇာနစ်ခ်ျသည် လက်စ်ဗီးဂတ်စ်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) ၌ Yuneec (“unique” ဟု အသံထွက်သော) Typhoon H ဒရုန်းတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။ အဆိုပါ စီးပွားဖြစ် ဒရုန်းတွင် Intel ၏ RealSense 3D ဟုခေါ်သော depth-capturing camera နည်းပညာကို အသုံးပြုထားသည်။ ထို့အပြင် ၎င်းဒရုန်းတွင် ခေါက်ထားနိုင်သော ပန်ကာများ၊ ပြန်လည်ရုပ်သိမ်းနိုင်သော လေယာဉ်ဘီး၊ 4K ကင်မရာ၊ display တစ်ခုပါဝင်သော ထိန်းချုပ်ခလုတ်တစ်ခုတို့ ပါဝင်သည်။ “ဒီဒရုန်းကို end-user တွေအတွက် ရည်ရွယ်ဖန်တီးထားတာပါ။ ဘူးခွံထဲက ထုတ်လိုက်တာနဲ့ ဒရုန်းကို ချက်ချင်းအသုံးပြုနိုင်ပါပြီ” ဟု ကာဇာနစ်ခ်ျက ပြောကြားခဲ့သည်။ ထို့အပြင် ဒရုန်းက အတားအဆီးများကို ရှောင်လွှဲသွားနိုင်စေမည့် […]

Read More

Huawei မှ Customer Service Center သစ် ဖွင့်လှစ်

ထိပ်တန်း စမတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိသည့် တရုတ်နိုင်ငံ အခြေစိုက် Huawei မှ ၎င်းတို့၏ Customer Service Center သစ် ဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ် (၂၀)၊ အခန်း (၂)၊ နှင်းဆီလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် Huawei မှ တာဝန်ရှိ လူကြီးမင်းများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး Huawei Consumer Business Group မှ Global Service Director Mrs. Tracy Guo က အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ “ကျွန်မတို့ Huawei ဟာဆိုရင် […]

Read More

Casio ၏ Android Wear စမတ်နာရီကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချမည်

Casio သည် iPhone နှင့် Android ထုတ်ကုန်များအတွက် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်နာရီကို CES 2016 ပြပွဲတွင် မိတ်ဆက်ကြေညာခဲ့သည်။ WSD-F10 ဟု သိရှိထားကြသော Smart Outdoor Watch ကို အိမ်အပြင်ဘက်တွင် ဝတ်ဆင်ပြီး ဆက်သွယ်မှုပြုလုပ်လိုသူများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ Built-in microphone တစ်ခုပါဝင်သော အဆိုပါ နာရီကို ရေအနက် မီတာ ၅၀ တွင် အသုံးပြုနိုင်ပြီး အမေရိကန်စစ်တပ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တည်ဆောက်ထားသည်။ Dual-layer display တွင် အဖြူအမည်း LCD တစ်ခုနှင့် ကာလာ LCD တစ်ခုပါဝင်သည်။ ၎င်းသည် နာရီ၏ဘက်ထရီ သက်တမ်းကို ပိုမိုကောင်းမွန်စေပြီး ပုံမှန်သုံးစွဲခြင်းကို တစ်ရက်ခွဲမှ နှစ်ရက်ခန့်အထိ အသုံးပြုနိုင်စေမည် […]

Read More

လည်ချောင်းကင်ဆာ ဖြစ်ပွားနေသူများ စကားပြန်ပြောနိုင်မည့် တစ်ဒေါ်လာတန် ထုတ်ကုန်ကို အိန္ဒိယဆရာá

ဘန်ဂလိုမြို့အခြေစိုက် ကင်ဆာအထူးကု ဆရာဝန် ဒေါက်တာ ဗစ်ရှယ်ရာအိုသည် ခွဲစိတ်မှု ပြုလုပ်ထားသော လည်ချောင်းကင်ဆာ ဝေဒနာရှင်များကို စကားပြန်ပြောနိုင်စေရန် ကူညီပေးမည့် ထုတ်ကုန်တစ်မျိုးကို တီထွင်ခဲ့သည်။ အဆိုပါ ထုတ်ကုန်သည် ဈေးကွက်တွင်းရှိ တန်ဖိုးကြီး ထုတ်ကုန်များ ကဲ့သို့မဟုတ်ဘဲ ရူပီး ၅၀ သာ ကျသင့်မည် ဖြစ်သည်။ ကိုလ်ကတ္တားမြို့တွင် နေထိုင်သည့် ကင်ဆာဝေဒနာရှင် တစ်ဦးသည် လည်ချောင်းကင်ဆာ ဝေဒနာ ခံစားခဲ့ရချိန်မှစ၍ မည်မည်ရရ မစားရသည်မှာ နှစ်လကျော်ကြာပြီ ဖြစ်သည်။ ၎င်းသည် ထိုစဉ်က စိတ်ဓာတ်ကျလျက်ရှိပြီး စကားမပြောနိုင်သလို တံတွေးမျိုချ နိုင်ခြင်းလည်း မရှိပေ။ အစားအစာများကို ၎င်း၏နှာခေါင်း၌ ထည့်သွင်းထားသော ပိုက်၏ အကူအညီဖြင့် စားသောက်ရသည်။ ၎င်း၏ ဘဏ္ဍာရေးအခြေ အနေမှာလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန်ခက်ခဲသည့် […]

Read More

Sword Art Online: Lost Song

Bandai Namco Games က ရေးဆွဲဖြန့်ချိထားတဲ့ Sword Art Online: Lost Song ဂိမ်းသစ်ဟာ ရောင်းအားအကောင်းဆုံး Light Novel Series နှင့် Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Sword Art Online (SAO) ကို မှီငြမ်းထားတဲ့ဂိမ်းဖြစ်ပြီး အရင် ဂျပန်ဘာသာဖြင့် ထွက်ထားတဲ့ SAO ဂိမ်းတွေရှိပေမယ့် Lost  Song  ကတော့ SAO: Hollow  Fragment  အပြီး ဒုတိယမြောက် English ဘာသာစကားဖြင့် ထွက်ရှိလာတဲ့ Action RPG ဂိမ်းဖြစ်ပါတယ်။ အရင် PS4 မှာထွက်ထားတဲ့ Re: Hollow Fragment ကတော့ PSVita နှင့် PSP ဂိမ်းတွေရဲ့ […]

Read More

Mate 8 စမတ်ဖုန်းကို CES ပြပွဲတွင် Huawei မိတ်ဆက်ပြသ

ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းဈေးကွက်များတွင် ရောင်းချမည့် Mate 8 စမတ်ဖုန်းကို Huawei က CES 2016 ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။ ပြီးခဲ့သည့်လက တရုတ်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သော Mate 8 ကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များတွင် စတင်ရောင်းချမည် ဖြစ်သော်လည်း အမေရိကန်တွင် ရောင်းချသွားမည်မဟုတ်ဟု ဆိုသည်။ Mate 8 သည် Kirin 950 ပရိုဆက်ဆာအသုံးပြုထားသော ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပြီး ၎င်းသည် ယခင် Kirn 925 ထက် ၁၀၀ ရာခိုင်နှုန်း ပိုမိုသော CPU စွမ်းဆောင်ရည်၊ ၁၂၅ ရာခိုင်နှုန်း ပိုမိုသော GPU စွမ်းဆာင်ရည်နှင့် ၇၀ ရာခိုင်နှုန်းပိုမိုသက်သာသော စွမ်းအင်သုံးစွဲမှုတို့ကို ထောက်ပံ့ပေးနိုင်ကြောင်း […]

Read More

Twitter ၌ စာလုံး ၂၀၀၀ ပါဝင်သော tweet များ မကြာမီ ရေးသားနိုင်ဖွယ်ရှိ

Twitter တွင် ရှည်လျးသော tweet များရေးသားနိုင်မည်ဟူသော ကောလာဟလသတင်းများသည် မတ်လကုန်တွင် အမှန်တကယ်ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ကုမ္ပဏီသည် ၁၀ နှစ်သက်တမ်းရှိပြီဖြစ်သော microblogging ဝန်ဆောင်မှု၏ အမှတ်အသားဖြစ်သော ကန့်သတ်ထားသည့် စာလုံးရေ ၁၄၀ ထက်ကျော်လွန်သော tweet များရေးသားနိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည်။ လက်ရှိတွင် Twitter သည် စာလုံးရေ ၂,၀၀၀ ခန့် ပါဝင်သော tweet များ ရေးသားနိုင်ရန် စီစဉ်နေကြောင်း Recode မှ ဖော်ပြခဲ့သည်။ Twitter မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်စီသည် သုံးစွဲသူအသစ်များအား ဆွဲဆောင်နိုင်စေမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။ Twitter ကို လစဉ်သုံးစွဲသူသည် သန်း ၃၂၀ […]

Read More

တယ်လီနောမှ Viber အခမဲ့အသုံးပြုခွင့် စတင် ပရိုမိုးရှင်း အစီအစဉ်ကို ဇန်နဝါရီလ ၄ ရက်မှစတင်၍ ၂ ပတ်ြ

တယ်လီနောသည် Viber နှင့်ပူးပေါင်း၍ ၂ ပတ်ကြာ Viber မက်ဆေ့ပေးပို့ခြင်းနှင့် စတစ်ကာများ အသုံးပြုခြင်းများကို အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် အသုံးပြုခွင့်ပေးသည့် အစီအစဉ်ကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။   ဇန်နဝါရီလ ၄ ရက်မှစ၍ အသုံးပြုသူများအနေဖြင့် Viber ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုနှင့် ပုံမှန်ဖုန်းခေါ်ဆိုမှုများမှလွဲ၍ အခြားဝန်ဆောင်မှုများကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။   မည်သူမဆို အခကြေးငွေ ကုန်ကျခြင်းမရှိဘဲ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ပြည်သူများအကြား ဂုဏ်ယူဖွယ်ရာ ပြောဆိုသုံးစွဲနိုင်သည့် “Proud to be Myanmar”၊ “We win”၊ “It’s cool”၊ “Love you” နှင့် “Share the love” တို့ကဲ့သို့သော […]

Read More