Day: January 5, 2016

ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ

တက်ကြွလှုပ်ရှားသည့် ဟက်ကာများသည် တနင်္လာနေ့ညက တရားမျှတမှုကို တောင်းဆိုမှုနှင့်အတူ ထိုင်းနိုင်ငံ၏ မြို့ပြ ရဲဝက်ဘ်ဆိုက်များ အပါအဝင် ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်ခံရသော ဝက်ဘ်ဆိုက်များတွင် “Blink Hacker အဖွဲ့၊ ကျဆုံးနေသော တရားဥပဒေ၊ ကျွန်တော်တို့ တရားမျှတမှု အလိုရှိသည်၊ Greetz Myanmar Black Hats” ဟူသော စာသားအပြင် မျက်လုံးနှစ်ဖက်ကို အုပ်ထားခံရသည့် မျက်နှာဖုံးဖြူ ဓာတ်ပုံကို တင်ထားကြာင်း Facebook စာမျက်နှာ Polamuang tortan ၏ရေးသားချက် အရသိရသည်။ Blink Hacker အဖွဲ့မှ တိုက်ခိုက်ခဲ့သော ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များမှာ မြို့ပြဆိုင်ရာရဲတပ်ဖွဲ့ http://metro.police.go.th, ပီချစ်ရဲဌာန http://phichit.police.go.th, ခွင့်ပြုမိန့်ဆိုင်ရာ ရဲစင်တာ http://www.pcscenter.sb.police.go.th, […]

Read More

ကမ္ဘာ့အပါးလွှာဆုံး လက်တော့ပ်ကို Lenovo မိတ်ဆက်

Lenovo သည် Yoga 900S ဟုခေါ်သော နောက်ဆုံးပေါ် convertible လက်တော့ပ်တစ်မျိုးကို CES ပြပွဲတွင် မိတ်ဆက်ခဲ့သည်။ Yoga 900 ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးအောင် ပြုလုပ်ထားသော Yoga 900S တွင် Intel ၏ နောက်ဆုံးပေါ် Core M ပရိုဆက်ဆာများကို အသုံးပြုထားသည်။ 900S တွင် Lenovo က chipset ပြောင်းလဲမှုအပြင် အရွယ်အစား ပိုမိုသေးငယ်အောင် ပြုလုပ်ထားသည်။ ယခင်နှစ်အမျိုးအစားတွင် ၁၃ လက်မ display ကို အသုံးပြုထားသော်လည်း ယခုအမျိုးအစားတွင် active stylus တစ်ခုထောက်ပံ့ပေးထားသော ၁၂.၅ လက်မ QHD panel ကို အသုံးပြုထားသည်။ အဆိုပါ လက်တော့ပ် အမျိုးအစားနှစ်ခုကို […]

Read More

မောင်းသူမဲ့ကားများအတွက် စူပါကွန်ပျူတာကို CES 2016 တွင် Nvidia မိတ်ဆက်ကြေညာ

Nvidia သည် CES 2016 တွင် ပြုလုပ်သော ပထမဦးဆုံး တင်ဆက်ပြသမှု၌ ကားများအတွက် ကွန်ပျူတာသစ်တစ်မျိုးဖြစ်သော Drive PX2 ကို မိတ်ဆက်ကြေညာခဲ့သည်။ ထမင်းဘူးတစ်ခု၏ အရွယ်ခန့်သာရှိသော Drive PX2 သည် MacBook Pro အလုံး ၁၅၀ နှင့်ညီမျှသော processing power ကို ထောက်ပံ့ပေးနိုင်သည်။ ၎င်းတွင် 8 teraflops နှင့် တစ်စက္ကန့်လျှင် 24 deep learing tera operations ထောက်ပံ့နိုင်သော 12 CPU cores ပါဝင်သည်။ ထို့အပြင် ရေဖြင့် အအေးခံသည့်စနစ်လည်း ပါဝင်သည်။ သင့်လျော်ကျနစွာ တည်ဆောက်ထားသော မောင်းသူမဲ့ကားတစ်စင်းသည် sensor များ၊ ထိန်းချုပ်မှုများနှင့် အလိုအလျောက်မောင်းနှင်မှုကို သိရှိနားလည်ရန်အတွက် […]

Read More

သတင်းစာကဲ့သို့ လိပ်ထားနိုင်သော ၁၈ လက်မ display တစ်မျိုးကို LG မိတ်ဆက်ပြသ

ယခုရက်သတ္တပတ်တွင် ကျင်းပပြုလုပ်လျက်ရှိသော လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) တွင် LG Display က စာရွက်တစ်ခုကို လိပ်ထားသလိုမျိုး ပြုလုပ်နိုင်သော ၁၈ လက်မ screen ရှေ့ပြေးပုံစံတစ်မျိုးကို ပြသခဲ့သည်။ အဆိုပါ နည်းပညာသည် ကွေးညွှတ်နိုင်ပြီး လိပ်နိုင်သော LG ၏ OLED လုပ်ဆောင်ချက်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အလားတူ နည်းပညာမျိုးကို ပြီးခဲ့သည့်နှစ်က ပြသခဲ့သော်လည်း ဓာတ်ပုံများသာ ထွက်ပေါ်ခဲ့ပြီး ယခုအခါမှသာ ကမ္ဘာတစ်ဝန်းထံ ပြသခဲ့ခြင်းဖြစ်သည်။ LG မှ ပြသခဲ့သော ရှေ့ပြေးပုံစံသည် Sony, Samsung, Sharp နှင့် အခြားကုမ္ပဏီများမှ ပြသခဲ့သောအရာများနှင့် ဆင်တူသည်။ သို့သော်လည်း အနာဂတ်တွင် တွေ့မြင်နိုင်မည့် အဆိုပါ display အမျိုးအစားများကို စမတ်ဖုန်း၊ tablet […]

Read More

iPad Pro ကို ဝယ်ယူသင့်သော အချက် (၁၀) ချက်

Apple ၏ နောက်ဆုံးပေါ်နှင့် ဆန်းသစ်မှုအရှိဆုံး iPad Pro ကို ပရော်ဖက်ရှင်ဆန်ဆန် ဖန်တီးမှုများ ပြုလုပ်လိုသည့် tablet သုံးစွဲသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။ အောက်ဖော်ပြပါ အချက်များမှာ iPad Pro တွင် အသစ်ပါဝင်လာသည့် feature များဖြစ်သည်။ (၁၀) စမတ်ကီးဘုတ် iPad Pro နှင့် တွဲဖက်အသုံးပြုရသော စမတ်ကီးဘုတ်သည် ဆန်းသစ်မှုအရှိဆုံး ထုတ်ကုန်ဖြစ်သည်။ ၎င်းကို အသုံးပြုလိုလျှင် သီးခြား ဝယ်ယူရမည် ဖြစ်သည်။ iPad Pro ၏ Smart Port မှတစ်ဆင့် ကီးဘုတ်ကို ချိတ်ဆက်နိုင်သောကြောင့် သီးခြား ဘက်ထရီ မလိုအပ်ပေ။ ထို့အပြင် Bluetooth မှတစ်ဆင့် ခလုတ်ဖွင့်၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ iPad Pro နှင့် […]

Read More

Microsoft ၏ နောက်ဆုံးပေါ် operating system ကို အသုံးပြုသည့် ထုတ်ကုန် သန်း ၂၀၀ ခန့်ရှိလာ

Microsoft Corp ၏ နောက်ဆုံးပေါ် operating system ဖြစ်သော Windows 10 ကို ထုတ်ကုန် သန်း ၂၀၀ ခန့်တွင် အသုံးပြုလျက်ရှိကြောင်း၊ ၎င်းသည် ကုမ္ပဏီ၏ operating system များအနက် လျင်မြန်စွာ အသုံးပြုသည့်နှုန်းဖြစ်ကြောင်း သိရသည်။ ဇူလိုင်လက အခမဲ့ download အနေဖြင့် ဖြန့်ချိခဲ့သော Windows 10 ကို တစ်ကိုယ်ရေသုံး ကွန်ပျူတာများတွင်သာမက ဖုန်းများကဲ့သို့သော ထုတ်ကုန်များတွင်ပါ အသုံးပြုနိုင်သည်။ Windows 10 ကို ၂၀၁၂ ခုနှစ်ကတည်းက ဝေဖန်မှုများစွာနှင့် ကြုံတွေ့ခဲ့ရသော Windows 8 နေရာတွင် အစားထိုးဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ ဖြန့်ချိပြီး နှစ်လကျော်တွင် Windows 10 ကို အသုံးပြုသည့် ထုတ်ကုန် […]

Read More