Year: 2016

တောက်ပြောင်သော ဖုန်းတွေရဲ့ နောက်ကွယ်က အမှောင်ကမ္ဘာ

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ Mobile World Congress နည်းပညာပြပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်တွင် အကောင်းဆုံးဆိုသော ဖုန်းများ၊ နည်းပညာပစ္စည်းများ ထွက်ပေါ်လာ စေရေးအတွက် လူတွေမသိသော နောက်ကွယ်က အမှောင်ကမ္ဘာထဲမှာ ဒုက္ခခံပေးနေရ သူတွေလည်း ရှိနေသည်။  “ယနေ့ ခေတ်ပေါ် နည်းပညာ ပစ္စည်းတွေရဲ့ နောက်ကွယ်မှာလုပ်အား ခေါင်းပုံဖြတ်တာတွေ၊ ပဋိပက္ခဇုန်တွေက သွေးစွန်းနေတဲ့ သယံဇာတပစ္စည်းတွေ ရှိနေတယ်”ဟု နည်းပညာဆိုင်ရာ သန့်ရှင်းသယံဇာတ ပစ္စည်းများ အသုံးပြုရေး လှုံ့ဆော်နေသည့် အန်ဂျီအို ၁၀ ဖွဲ့ ပူးပေါင်းထားသော SETEM အဖွဲ့က ပြောသည်။ Mobile World Congress ကျင်းပသည့် အဆောက်အဦမှ လမ်းဖြတ် အနည်းငယ်သာ ဝေးသောနေရာတွင် Mobile Social Congress ဆိုပြီး အပြိုင်ကျင်းပခဲ့သည်။ သွေးစွန်းမှုကင်းသော၊ […]

Read More

Dell IN3452 Notebook

Dell IN3452 Notebook တွင် Intel Celeron Processor N3050 နှင့် Memory 2GB DDR3L/1600MHz ထည့်သွင်း အသုံးပြုထားသည်။ အချက်အလက် သိမ်းဆည်းရန် 500GB HDD (5400 rpm)ပါဝင်ပြီး HD webcam တပ်ဆင် အသုံးပြုထားသည်။ Dell ၏ ထူးခြားဆန်းသစ်သော Feature များအပြင် Multimedia ပိုင်းအတွက် Waves MaxxAudio ကို အသုံးပြုပေးထားသည့်အတွက် အသံစနစ်ကို ပိုမိုကောင်းမွန်စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဂရပ်ဖစ်ပိုင်းအတွက် Intel(R) HD Graphics  အသုံးပြု ထားသည်။ 4cell battery ပါဝင်သည်။ အာမခံသက်တမ်းကို တစ်နှစ် parts & service ပေးထားပြီး ဝယ်ယူသည့်အခါ Dell […]

Read More

HP LaserJet Pro 400 M401dn Printer

HP LaserJet Pro 400 M401dn Printer သည် Auto Duplex စနစ်၊ Mobile Printing စနစ်တို့ပါရှိသည့် Built-in Network Printer အမျိုးအစားဖြစ်သည်။ HP ePrint application software ကို အသုံးပြု၍ နည်းပညာမြင့် Andriod/iOs Devices များမှ တိုက်ရိုက် Print out ပြုလုပ် နိုင်မည်ဖြစ်သည်။ ကွန်ပျူတာ အသုံးပြုစရာမလိုဘဲ Memory Stick မှ တိုက်ရိုက် Printout ပြုလုပ်နိုင်မည်ဖြစ်သည်။ Apple Mac OS သုံး PC/Laptop များတွင် သီးသန့် Printer Driver တင်စရာမလိုဘဲ Print out ပြုလုပ်နိုင်မည်ဖြစ်သည်။ Printer Processor […]

Read More

CDMA ဖုန်းများအပါအဝင် MPT ၏ နိုင်ငံရပ်ခြားခေါ်ဆိုမှုအတွက် မည့်သည်လျှောက်ထားခြင်းမှမလိုဟု သိရ

MPT ဖုန်းများမှ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုနိုင်ခြင်းတွင် CDMA ဖုန်းများလည်းပါဝင်ကြောင်း၊ မည်သည့် လျှောက်ထားမှုမှ ပြုလုပ်ရန်မလိုကြောင်း သိရသည်။ MPT ၏ GSM, WCDMA နှင့် CDMA ဖုန်းအမျိုးအစား အသုံးပြုသူအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း၊ MPT ဆင်းမ်ကတ်များ အားလုံးတွင် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ရန် အတွက် မည်သည့်လျှောက်ထားမှုမှ ပြုလုပ်စရာမလိုဘဲ အလိုအလျောက် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားဖုန်းလိုင်းနှင့် မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုသည့် နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုမှာ အော်ပရေတာအပေါ် မမူတည်ဘဲ နိုင်ငံအလိုက် ကျသင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ စာတိုပေးပို့နိုင်မည်ဖြစ်ပြီး စာတိုတစ်စောင်အတွက် သတ်မှတ်ထားသော စာလုံးရေအရေအတွက်မှာ အင်္ဂလိပ်အက္ခရာ ၁၆၀ ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခနှုန်းထားကို နိုင်ငံ၏တည်နေရာ ဇုန်အပေါ်မူတည်၍ ၂၀၀ […]

Read More

Private Camera Pro

Price : Free မိမိ၏ iPhone, iPad အစရှိသည်တို့ကို အခြားသူများ ယူကိုင်သည့်အခါတွင်ဖြစ်စေ၊ ငှားရမ်းသုံးစွဲသည့်အခါတွင်ဖြစ်စေ ဓာတ်ပုံများ၊ ဗီဒီယိုများကို အလွယ်တကူ ဝင်ရောက်သုံးစွဲခြင်းမပြုနိုင်ရန် စီစဉ်ပေးထားသည့် App တစ်ခု ဖြစ်သည်။ ထို့အပြင် အဆိုပါ app မှ ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းများ ကိုလည်း ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပြီး Password, Pattern Lock အစရှိသည်တို့ဖြင့် မိမိအချက်အလက်များကို ကာကွယ်ထားနိုင်မည် ဖြစ်သည်။ Private Camera Pro app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 […]

Read More

Replay Technology ကို Intel ဝယ်ယူ

Intel သည် အားကစားပြိုင်ပွဲများကို panoramic မြင်ကွင်းဖြင့် ရုပ်သံတွင် ထုတ်လွှင့်နိုင်ရန် အကူအညီပေးနိုင်မည့် အစ္စရေးကုမ္ပဏီ Replay Technologies ကိုပြီးခဲ့သည့် အင်္ဂါနေ့က ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။ ထို့အပြင် Intel က Replay ဝန်ထမ်းဦးရေ မည်မျှရှိကြောင်း ထုတ်ဖော် မပြောကြားခဲ့သော်လည်း ၎င်းအဖွဲ့ကို လက်ရှိအမှုဆောင် အရာရှိချုပ် အိုရန်ယိုဂတ်က ဦးဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါကုမ္ပဏီ ၂ ခုသည် လတ်တလော NBA All-Star ပြိုင်ပွဲအတွက် ထုတ်လွှင့်မှုများ ပြုလုပ်ရန် ပူးပေါင်းလုပ်ကိုင် လျက်ရှိသည်။ Intel အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျအနေဖြင့် အားကစားနှင့် နည်းပညာ ကမ္ဘာအကြားက လမ်းဆုံသစ်ကို ဆွေးနွေးပြောကြား ခဲ့ဖူးသည်။ […]

Read More

Samsung Galaxy S7 Edge

Device Support : Samsung Pirce : 900,000 ks အားသာချက် တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သောကြောင့် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU, Memory, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန် နေမည်ဖြစ်သည်။ Screen အရည်အသွေး ပိုင်းတွင်လည်း မြင့်မားကောင်းမွန်ပြီး ရှေ့ကင်မရာတွင် Screen Flash စနစ် ပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင် Selfie ကောင်းကောင်း ရိုက်နိုင်သည်။ Microsoft Office App များ ပါဝင်သည့်အတွက် အိတ်ဆောင်ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြု နိုင်မည်ဖြစ်ပြီး ရေစိုခံအကြမ်းခံ ဖုန်းမျိုးဖြစ်သည်။ အားနည်းချက် Dual Sim စနစ် အသုံးပြုနိုင်သော်လည်း Sim 2 […]

Read More

၂၀၁၆ ခုနှစ်၏ အကောင်းဆုံး Laptop ၁၀ မျိုး

Asus Chromebook Flip (C100 PA-DB02) Rockchip RK3288C ပရိုဆက်ဆာကြောင့် စွမ်းဆောင်ရည် မြန်ဆန်သည်။ ဘက်ထရီသက်တမ်း တာရှည်ခံမှုရှိသည်။ Laptop ၏ ကိုယ်ထည်မှာ အလူမီနီယမ်နှင့် တည်ဆောက်ထားပြီး tablet အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သည်။ Touch screen ပါဝင်သည်။ အားနည်းချက်မှာ အခြား chromebook များထက် display ရုပ်ထွက်အရည် အသွေးနိမ့်ပါးသည်။ Asus Chromebook Flip ၏ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၁၉ ဖြစ်သည်။ Dell Precision 15 5000 Series (5510) Dell Precision 15 5000 Series သည် ပါးလွှာခိုင်ခံ့သော တန်ဖိုးကြီး  laptop တစ်မျိုးဖြစ်သည်။ ၎င်းတွင်ပါဝင်သော 4K […]

Read More

Facebook Messenger ၏ အကောင်းဆုံး လုပ်ဆောင်ချက် (၁၁) ခု

Facebook သည် နာမည်အကျော်ကြားဆုံး လူမှုရေးကွန်ရက်ဖြစ်သည်။ ထို့အပြင် လူများစွာအနေဖြင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေနှင့် မိသားစုဝင်များကို ဆက်သွယ်ရန်အတွက်လည်း messaging ဝန်ဆောင်မှုဖြစ်သည့် Messenger ကို အားထားနေရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် Facebook က Messenger app ကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့်သုံးစွဲသူများအနေဖြင့် Facebook Messenger ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။ Facebook Messenger တွင် Spotify ဖြင့် သီချင်းများကို ဝေမျှခြင်း ယခုအခါတွင် Facebook သည် Messenger တွင် Spotify ကို ထည့်သွင်းလိုက်သောကြောင့် မိတ်ဆွေများနှင့်အတူ တေးဂီတများကိုဝေမျှနိုင်မည် ဖြစ်သည်။ […]

Read More