Day: October 30, 2015

Windows 10 တွင် Lock Screen အား Customize ပြုလုပ်ခြင်း

Windows 10 ရဲ့ Default ပါဝင်တဲ့ Lock Screen က ပုံတွေကို အသုံးပြုရတာ ငြီးငွေ့သူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ပုံတွေကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံ တည်းကိုသာမက ဓာတ်ပုံတွေကို Folder တစ်ခုထဲမှာ စုစည်းပြီး Slideshow ပြုလုပ်နိုင်အောင်လည်း စီစဉ်ထားနိုင်ပါတယ်။ Microsoft ရဲ့ Lock screen feature အသစ်ကို Windows 8 မှာကတည်းက သုံးစွဲသူ စိတ်တိုင်းကျဖြစ်အောင် စီစဉ်ပြီး ထည့်သွင်းပေးထား ခဲ့ပါတယ်။ Windows 10 ရဲ့ Lock screen ကို Customize ပြုလုပ်လိုတယ်ဆိုရင် Lock screen ရှိတဲ့ လမ်းကြောင်းကို သွားရပါမယ်။ Lock screen ရှိတဲ့နေရာကို သွားရန်အတွက် […]

Read More

Android နှင့် Chrome OS ပေါင်းစပ်မှုကို လာမည့်နှစ်တွင် တွေ့မြင်ရဖွယ်ရှိ

Google သည် Chrome OS နှင့် Android ပေါင်းစပ်မှုကို နှစ်နှစ်အကြာ လုပ်ဆောင်လျက်ရှိပြီး ပေါင်းစပ်ထားသည့် operating system ကို ၂၀၁၇ ခုနှစ်တွင် အများပြည်သူထံ တရားဝင် ဖြန့်ချိဖွယ်ရှိကြောင်းနှင့် အစောပိုင်းဗားရှင်းတစ်ခုကို လာမည့်နှစ်တွင် တွေ့မြင်ရဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ WSJ မှ ဖော်ပြချက်အရ အဆိုပါ Android ဗားရှင်းသစ်ကို ကွန်ပျူတာများတွင်ပါ အသုံးပြုနိုင်ဖွယ်ရှိသော်လည်း Windows နှင့် Mac ကွန်ပျူတာများ သို့မဟုတ် Chromebook များတွင် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။ ၎င်း operating system နှစ်ခုကို ပေါင်းစပ်ဖွယ်ရှိသော သတင်းများသည် လက်ရှိ Google အမှုဆောင်အရာရှိချုပ် […]

Read More

3GB RAM ပါဝင်သည့် OnePlus X ကို ၂၄၉ ဒေါ်လာဖြင့် ရောင်းချမည်

တရုတ်ဖုန်းကုမ္ပဏီ OnePlus သည် ၂၄၉ ဒေါ်လာဖြင့် ရောင်းချသည့် စမတ်ဖုန်းသစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ OnePlus X တွင် ၅ လက်မ 1080p HD screen ပါဝင်ပြီး Snapdragon 801 ချစ်ပ်နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှုပမာဏက 16GB ဖြစ်သော်လည်း microSD card ဖြင့် 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ Operating system မှာ Android 5.1.1 ကို အခြေခံထားသော OxygenOS ဖြစ်သည်။ ဈေးသက်သာသည့် စမတ်ဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် fingerprint sensor ကဲ့သို့သော feature […]

Read More

မြန်မာနိုင်ငံအတွင်း Telenor တာဝါတိုင် ၃,၃၈၀ ပြည့်ပြီ ဟုဆို

မြန်မာနိုင်ငံအတွင်း Telenor တာဝါတိုင် ၃,၃၈၀ ပြည့်ပြီဖြစ်ကြောင်း Telenor Myanmar မှသတင်း ထုတ်ပြန်သည်။ တစ်နှစ်အတွင်း အဆိုပါအရေအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုပါ ကွန်ရက်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် ရောက်ရှိနေကြောင်း၊ ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယားနှင့် နေပြည်တော် တို့ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စတင်အသုံးပြုနိုင်ရန် အနည်းငယ် လိုအပ်နေသေးကြောင်း ဆိုထားသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၌ တည်ဆောက်ထားသော တာဝါတိုင် ၁၈ တိုင် ရှိနေကြောင်း ပြောကြားထားသည်။ “တစ်နှစ်အတွင်းမှာပဲ တာဝါတိုင် ၃,၃၈၀ ကျော်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ရန်ကုန်က ကွန်ရက်ဆို တာဝါတိုင် […]

Read More

MPU ကတ်အား ATM စက်များတွင်သာ အသုံးပြုမှုများနေ

MPU ကတ်အား ATM စက်များတွင်သာ အသုံးပြုမှုများနေသေးကြောင်း သိရသည်။ အဆိုပါကတ်အား ATM စက်များအပြင် POS (Point of sale) ၊ eCommerce စနစ်များတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားသော်လည်း လက်ရှိ ATM စက်များတွင် ငွေထုတ်ယူသုံးစွဲမှု၌သာ အသုံးများနေသေးကြောင်း၊ မြို့ပေါ်များတွင်သာ အသုံးပြုမှု အများဆုံးဖြစ်နေပြီး ရန်ကုန်၊ မန္တလေးမြို့များတွင် အများဆုံးဖြစ်ကြောင်း MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါကတ်အား အခြားစနစ်များတွင် အသုံးပြုမှုများလာစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ အဓိကအားဖြင့် POS (Point of sale) ၊ eCommerce စနစ်များ ဖြစ်ကြောင်း သိရသည်။ MPU အဖွဲ့ဝင်ဘဏ်များတွင် eCommerce လျှောက်ထားနိုင်ကြောင်း၊ မိမိလျှောက်ထားလိုသော […]

Read More

ပြည်တွင်း ဈေးကွက်ကိုပါ ရောက်လာနိုင်မလား Chevrolet Equinox

ကျွန်တော်တို့ အတွက်ကတော့ Equinox ဆိုတာ နည်းနည်း စိမ်းနေမယ်လို့ ဆိုနိုင်တဲ့ မော်ဒယ်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တန်ကြေးနည်း မော်ဒယ်ကောင်း တစ်ခုအနေနဲ့ ပြည်တွင်း ဈေးကွက်ကိုလည်း  ရောက်လာနိုင်မယ့် အနေအထားပါ။ အမေရိကန်ထုတ်မော်ဒယ် အများစုက အကြမ်းခံနိုင်ရည် အပိုင်းကို ဦးစားပေးဖန်တီး တတ်ကြပြီးတော့ ဈေးနှုန်းအပိုင်းမှာ တန်ကြေးသင့် အနေအထားတွေ ထုတ်လုပ်မှု များတာတွေ့ရပေမယ့် အခု နောက်ပိုင်း အာရှမော်ဒယ်တွေက တန်ကြေးနည်း မော်ဒယ်တွေအနေနဲ့ ထုတ်လုပ်အောင်မြင်လာတာကြောင့် အနောက်ပိုင်း ကုမ္ပဏီတွေလည်း လိုက်ပြီး အတုယူ ထုတ်လုပ်လာသလား တွေးစရာပါ။ ဘာပဲဖြစ်ဖြစ် Equinox လိုမျိုး တန်ကြေးနည်းနည်းနဲ့ အကြမ်းခံနိုင်ရည် ကောင်းတဲ့ မော်ဒယ်မျိုး ဈေးကွက်ဝင်လာရင်တော့ ကျွန်တော်တို့ဆီမှာလည်း လူကြိုက်များနိုင်တဲ့အခြေအနေ ရှိတာကြောင့် အခုကျွန်တော်က Equinox နဲ့ မိတ်ဆက်ပေးထားလိုက်ချင်ပါတယ်။ ကောင်းပါပြီ၊ […]

Read More

Royalshop.biz Website ပေါ်တွင် စာအုပ်များအား ရောင်းချ၊ ဝယ်ယူနိုင်မည်

ပြည်တွင်း၊ ပြည်ပမှ စာအုပ်များကို ရှာဖွေ မှာယူကာ ဝယ်နိုင်မည်ဖြစ်ပြီး စာအုပ်တိုက်များအတွက် မိမိတို့ဆိုင်ပေါ်တွင် တင်ထားသော စာအုပ်များကို အွန်လိုင်းပေါ်တွင် ရောင်းချနိုင်မည် ဖြစ်သည်။ အဆိုပါ Website ပေါ်တွင် မိမိဖတ်လိုသည့် စာအုပ်များကို ကဏ္ဏစုံလင်စွာဖြင့် ဖော်ပြထားပြီး ဝယ်ယူလိုသည့် စာအုပ်များကို မှာယူနိုင်မည်ဖြစ်ကာ Delivery ခအနေဖြင့် အခမဲ့ပေးပို့ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ Website ပေါ်ကနေ မှာယူတဲ့ Customer တွေကို Royal Express ကနေတဆင့် အခမဲ့ပို့ပေး သွားမှာပါ။ အခုလောလောဆယ်မှာတော့ မြို့ နယ် ၁၃ မြို့ကို ပို့ပေးနေပါတယ်။ ကျွန်တော်တို့ မရောက်နိုင်တဲ့ မြို့နယ်တွေဆိုရင်တော့ မြန်မာ့ဆက်သွယ်ရေး စာတိုက်ကနေတဆင့် ပို့ပေးပါတယ်။ ပြီးတော့ စာအုပ်တိုက်တွေအနေနဲ့ ကျွန်တော်တို့  Website […]

Read More

LG 32” HD LED TV

LG အမှတ်တံဆိပ် ၃၂ လက်မအရွယ်  LED Flat TV ဖြစ်သည်။ Triple XD Engine အမျိုးအစားဖြစ်သည့်အတွက် ရုပ်ထွက်ပိုင်းကောင်းမွန်သည်ဟု သိရသည်။ 2.0 Speaker System ပါရှိသောကြောင့် အသံထွက်ကောင်းမွန်မည်ဖြစ်သည်။ Motion Eco Sensor ပါရှိသောကြောင့် မီးအားစား သက်သာစေမည်ဖြစ်သည်။ USB Playback ပါရှိသောကြောင့်  Memory Stick အတွင်း ဗီဒီယို၊ သီချင်းနှင့် ဓာတ်ပုံများကို ထည့်သွင်းပြီး ချိတ်ဆက်ကြည့်ရှု နိုင်မည်ဖြစ်သည်။ Digital  Tuner Function (DVB-T2) စနစ် ပါဝင်သည်။ တန်ဖိုးမှာ ၂၇၀,၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronics Wholesales Centre ဖုန်း ၀၉-၇၂၃၄၀၁၂၃ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

CommuniCast 2015 & Myanmar ICT Exhibitions နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြသမည်

CommuniCast 2015 & Myanmar ICT Exhibitions အခမ်းအနားတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။ စင်ကာပူနိုင်ငံမှ ပြခန်းနှစ်ခန်း၊ အိန္ဒိယ၊ ကနေဒါနှင့် ထိုင်းနိုင်ငံတို့မှ အဖွဲ့များအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူ ၃,၀၀၀ ကျော် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ CommuniCast 2015 နှင့် Myanmar International ICT Exhibition ကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင်စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ […]

Read More