Day: October 29, 2015

Fitness tracker အသစ် တစ်မျိုးကို Misfit ထုတ်ဖော်မိတ်ဆက်

Misfit သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ကုမ္ပဏီ၏ ပထမဆုံး အဓိက ထုတ်ကုန်သစ်ဖြစ်သော Shine 2 fitness tracker ကိုမိတ်ဆက်ခဲ့သည်။ ကန်ဒေါ်လာ ၁၀၀ တန်ဖိုးရှိ Shine 2 သည်ခြေလှမ်းများ၊ အိပ်စက်မှုပုံစံအပြင် ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းနှင့် ခရီးအကွာအဝေးများကို စောင့်ကြည့်မှတ်တမ်း တင်ပေးမည်ဖြစ်သည်။ ထို့အပြင် Shine 2 ကို alarm နှင့် သတိပေးချက်များ နှိုးဆော်ရန်အတွက် vibrating motor ပါဝင်သည်။ ၎င်း fitness tracker သည် အားမကြာခဏ သွင်းရန်မလိုအပ်ဘဲ သာမန်နာရီ ဘက်ထရီများကဲ့သို့ ၄ လ နှင့် ၆ လ ကာလအထိ တာရှည်ခံနိုင်သည်။ Shine 2 တွင် တိကျစွာ […]

Read More

မင်္ဂလာဦးအပ်ငွေစာရင်း ဝန်ဆောင်မှု ရယူနိုင်

မင်္ဂလာဦးအပ်ငွေစာရင်း ဝန်ဆောင်မှုကို သမဝါယမဘဏ်တွင် ရယူနိုင်ကြောင်း အဆိုပါဘဏ်မှ သိရသည်။ ဇနီးမောင်နှံများအတွက် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ကြင်စဦး ဇနီးမောင်နှံနှစ်ဦးစလုံး (သို့မဟုတ်) တစ်ဦးဦး ကိုယ်တိုင် ဘဏ်သို့လာရောက် စာရင်းဖွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား သို့မဟုတ် အထောက်အထားတစ်ခုခု ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ငွေကျပ်သိန်း ဂဏန်းအလီလီဖြင့် ပမာဏအကန့်အသတ်မရှိ အပ်နှံနိုင်မည်ဖြစ်ကြောင်း၊ အနည်းဆုံး တစ်နှစ်တာကာ လအတွက် အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။ ဇနီးမောင်နှံ၏အမည်ဖြင့် မင်္ဂလာဦးငွေလက်မှတ်များကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါလက်မှတ်ကို လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။ တစ်နှစ်အပ်နှံမှုအတွက် မူလခံစားခွင့်အတိုးအပြင် ကျပ် ၁၀ သိန်းလျှင် လက်ဖွဲ့ငွေ အနည်းဆုံးကျပ် ၂၀,၀၀၀ နှုန်းဖြင့် အများဆုံး ၁ သိန်းအထိ လက်ဖွဲ့မည်ဖြစ်ကြောင်း၊ အပ်နှံငွေ တစ်စောင်လျှင် သိန်း ၅၀၀ နှင့်အထက် […]

Read More

အင်ဒိုနီးရှားတွင် အင်တာနက်သုံးနိုင်သော မိုးပျံပူဖောင်းများ သုံးနိုင်ရန် Google စီစဉ်

မိုးပျံပူဖောင်းများဖြင့် အင်တာနက် ထောက်ပံ့ပေးမည့် Project Loon အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၌ လာမည့်နှစ်တွင် စတင်မည်ဟု Google မှ ကြေညာလိုက်သည်။ Google သည် အင်ဒိုနီးရှား ဆက်သွယ်ရေးကုမ္ပဏီ ၃ ခုဖြစ်သော Indosat, Telkomsel နှင့် XL Axiata တို့ဖြင့် ပူးပေါင်းမည်ဟု Project Loon ဒုဥက္ကဋ္ဌ မိုက်ကက်စီဒီက ပြောကြားသည်။ “Loon မိုးပျံပူဖောင်းတွေက ကောင်းကင်မှာ လွင့်မျောနေတဲ့ ဆဲလ်ဖုန်းတာဝါတွေလို အလုပ်လုပ်မှာ ဖြစ်ပါတယ်။ စီးပွားဖြစ်ပျံသန်းတဲ့ လေယာဉ်တွေထက် နှစ်ဆပိုမြင့်တဲ့ အရပ်မှာရှိနေမယ့် ဒီမိုးပျံပူဖောင်း တစ်ခုချင်းစီက မြေပြင်ဆီကို ဆက်သွယ်မှုတစ်ခု ထုတ်လွှင့်ပါမယ်။ မိုးပျံပူဖောင်း တစ်လုံးက လက်လှမ်းမမီတဲ့ နေရာကို တစ်ဖြည်းဖြည်း လွင့်သွားမယ်ဆိုရင် အခြားတစ်လုံးနဲ့ သုံးနိုင်ပါမယ်။ ဒီနည်းလမ်းက […]

Read More

၁၅ ဒေါ်လာတန် စမတ်ဖုန်းသစ်ကို အိန္ဒိယတွင် ရောင်းချမည်

Xiaomi ကဲ့သို့သော စမတ်ဖုန်းကုမ္ပဏီများသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းသော စမတ်ဖုန်းများကို ရောင်းချကာ အောင်မြင်မှု ရရှိနေချိန်တွင် ကုမ္ပဏီနှစ်ခုက ဈေးသက်သာသော စမတ်ဖုန်း ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ကနေဒါကုမ္ပဏီ DataWind နှင့် အိန္ဒိယ ဝန်ဆောင်မှုကုမ္ပဏီ Reliance Communications (RCom) တို့သည် ၉၉၉ ရူပီး (၁၅ ဒေါ်လာ) တန်ဖိုးရှိ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန်အတွက် ပူးပေါင်းခဲ့ကြကြောင်း Economics Times မှ ဖော်ပြခဲ့သည်။ အဆိုပါဖုန်းတွင် Android ကို အသုံးပြုမည် မဟုတ်သော်လည်း Linux အခြေခံ operating system တစ်မျိုးကို အသုံးပြုဖွယ်ရှိပြီး 2G ချိတ်ဆက်မှုကိုသာ ထောက်ပံ့ဖွယ်ရှိသည်။ ၎င်းထုတ်ကုန်သစ်ကို ဒီဇင်ဘာလ ၂၈ ရက်တွင် အိန္ဒိယရှိ စတိုးများ၌ […]

Read More

Sony ၏ နောက်ဆုံးပေါ် စမတ်ဖုန်းများကို ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်

စွမ်းဆောင်ရည် မြင့်မားသော စမတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိသည့် ဂျပန်နိုင်ငံအခြေစိုက် Sony ကုမ္ပဏီမှ ၎င်းတို့၏ နောက်ဆုံးပေါ် စမတ်ဖုန်းများဖြစ်သည့် Xperia Z5, Xperia Z5 Compact နှင့် ကမ္ဘာ့ပထမဆုံး 4K မျက်နှာပြင် တပ်ဆင်ထားသည့် Xperia Z5 Premium အစရှိသည့် မျက်နှင်ပြင် မတူညီသည့် စမတ်ဖုန်းသုံးမျိုး၏ မိတ်ဆက်ပြသပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ Xperia Z5 ၏ မျက်နှာပြင်ကို ၅.၂ လက်မ Full HD၊ ကမ္ဘာ့ပထမဆုံးသော 4K နည်းပညာ အသုံးပြုထားသည့် Xperia Z5 Premium ၏ မျက်နှာပြင်ကို […]

Read More

ဆက်သွယ်ရေးကော်မရှင်ဖွဲ့စည်း

မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၂၈ ရက် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါဝင်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်အတွင်း လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်တစ်ရပ်ကို […]

Read More

Telenor က Capture App ကို မိတ်ဆက်

ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် Cloud နည်းပညာဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းနိုင်မည့် Capture Application ကို ပြည်တွင်း၌ စတင်မိတ်ဆက်လိုက်သည် ဟု သိရသည်။ မိုဘိုင်းဖုန်းအင်တာနက် (သို့မဟုတ်) Wifi အင်တာနက်စနစ်ကို အသုံးပြု၍ မိုဘိုင်းဖုန်းအတွင်းရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို Cloud ပေါ်၌ သိမ်းဆည်းခြင်း သူငယ်ချင်းများထံသို့ Social Media (သို့မဟုတ်) အီးမေးလ်များမှတစ်ဆင့် ပြန်လည်မျှဝေခြင်း စသည်တို့ကို ပြုလုပ်နိုင်သည့် Capture App ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Capture App ကို Telenor က ၂၀၁၆ ခုနှစ်အကုန်အထိ အခမဲ့ပေးဝေသုံးစွဲမည်ဟု သတင်းထုတ်ပြန်ထားပြီး ၂၀၁၆ ခုနှစ် ကျော်သည့်အခါ […]

Read More

Rock Band 4

၁၉၉ဝ ကျော်ခုနှစ်နှောင်းပိုင်းတွေမှာ Music Rhythm ဂိမ်းတွေရဲ့mainstream ဈေးကွက်ကို Konami က ဦးဆောင်ပြီး Dance Dance Revolution၊ Beatmania၊ Guitar freaks နှင့် Drummania တို့လို ဂိမ်းတွေနဲ့ လူစိတ်ဝင်စားမှုများအောင် ဖန်တီးခဲ့သလို Bandai Namco လိုမျိုး company တွေကလည်း Taiko No Tatsuji လို Rhythm ဂိမ်းတွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ Japanese developers တွေ ဖန်တီးတဲ့ Rhythm game တွေကတော့ Arcade Game Center တွေမှာ အဓိက အောင်မြင်မှု ရရှိခဲ့ပြီး Home Console တွေမှာ Plastic Instruments တွေအတွက် လမ်းသစ်ဖောက်ခဲ့တာကတော့ Activision […]

Read More

Life is Strange ၏ Complete Collection ထွက်ရှိ

Adventure ဂိမ်းများထဲတွင် လူကြိုက်များသော Science Fiction ဂိမ်း Life is Strange ၏ Episode 5 ထွက်ရှိလာပြီး Complete Collection အဖြစ် အစအဆုံး ကစားလိုသူများရော Episode 5 ကို စောင့်မျှော်နေသူများအတွက်ပါ အဆင်ပြေမည့် ဂိမ်းဖြစ်သည်။ Life is Strange တွင် ကစားသူအနေဖြင့် အချိန်နောက်ပြန်ဆွဲပြီး အဖြစ်အပျက်များကို ပြောင်းလဲနိုင်သောအစွမ်းရှိသူ Max အမည်ရ ကောင်မလေးနေရာမှ ကစားနိုင်မည်ဖြစ်ပြီး Arcadia Bay နယ်မြေအတွင်းရှိ ကျောင်းသားများ ပျောက်ဆုံးမှုကို စုံစမ်းပုံ ဇာတ်လမ်းဆင်ထားသော စိတ်ဝင်စားဖွယ် ဂိမ်းဖြစ်သည်။ GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅ဝ နှင့် ၀၉-၄၅ဝဝ၄၁၅ဝဝ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

အရွယ်အလွန်ကြီးမားသော Galaxy View tablet ကို Samsung မိတ်ဆက်

Samsung သည် Galaxy View ဟုခေါ်သည့် လက်ကိုင်ပါဝင်သော ၁၈.၄ လက်မ tablet တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးသည် စက်တင်ဘာလ အစောပိုင်းက ဘာလင်မြို့တွင် ကျင်းပခဲ့သော IFA ပြပွဲ၌ Galaxy View ကို ပထမဦးဆုံး ပြသခဲ့ပြီးနောက် ယခုအခါ အရွယ်ကြီးမားသည့် tablet ကို ရှုထောင့်မျိုးစုံမှ ပြသသည့် ဓာတ်ပုံများအား ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ပြသခဲ့ခြင်း ဖြစ်သည်။ Galaxy View သည် ယခုနှစ်တွင် Samsung မှ မိတ်ဆက်ပေးခဲ့သော တစ်မူထူးခြားသည့် ထုတ်ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းသည် တစ်နေရာတည်းတွင် ဗီဒီယိုမကြည့်ရှုလိုသူများအတွက် အိမ်သုံးဖျော်ဖြေရေး ထုတ်ကုန်တစ်ခု ဖြစ်ပြီး ဗီဒီယိုအသားပေး interface တစ်ခုပါဝင်ကာ […]

Read More