Day: October 26, 2015

စမတ်ဖုန်းနှင့် iPad က ကလေးငယ်များ၏ ဉာဏ်ရည်တိုးတက်မှုကို မထိခိုက်ဟု ပညာရှင်များ ပြောကြား

အမေရိကန် ကလေးသူငယ် ကုသရေး အကယ်ဒမီ (AAP) သည် ကလေးငယ်များ၏ ဉာဏ်ရည်တိုးတက်မှုကို စမတ်ဖုန်းနှင့် iPad များက မထိခိုက်နိုင်ကြောင်း သုတေသန စစ်တမ်းတစ်ခုဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်တမ်းသည် မေလတွင် ကျောင်းဆရာများ၊ ကလေး အထူးကု ဆရာဝန်များ၊ ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာရှင်များ၊ မီဒီယာ သုတေသီနှင့် လူမှုရေးသိပ္ပံ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရာမှ ရရှိသော အချက်အလက်များကို ထုတ်နုတ်ထားခြင်း ဖြစ်သည်။ ၎င်း အချက်အလက်များသည် “Growing Up Digital: Media Research Symposium” ဟု အမည်ရသည့် ပွဲအတွင်း ပညာရှင်များက ကလေး  ငယ်များ စမတ်ထုတ်ကုန် အသုံးပြုရာမှ ရရှိသည့် အကျိုးကျေးဇူးနှင့် အန္တရာယ်များနှင့် ပတ်သက်သော အမြင်များကို […]

Read More

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase နှင့် တွေ့ဆုံခြင်း

MPT သည် မကြာသေးခင် ပြည်တွင်း၌ ကျင်းပခဲ့သော Cyber SEA Game ပြိုင်ပွဲကို ဝင်ရောက် ထောက်ပံ့မှု ပြုလုပ်ပေးခဲ့သည်။ Cyber SEA Game ပြိုင်ပွဲသည် နိုင်ငံအတွင်း၌ ပထမဦးဆုံးသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ အကူအညီဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ပြည်တွင်းအနေဖြင့် Cyber နှင့် ပတ်သက်၍ ပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိသော အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ ဒေသတွင်း နိုင်ငံများမှ Cyber ပညာရှင်များနှင့် စွမ်းရည်ပြိုင်ဆိုင်ရမည် ဖြစ်သည်။ ပြည်တွင်းရှိ Cyber ရေးရာ အခန်းကဏ္ဍနှင့် ပတ်သက်၍ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase နှင့် […]

Read More

Android ဖုန်းများဖြင့် Gif ဖိုင်များပြုလုပ်ခြင်း

Android ဖုန်းများဖြင့် Gif ဖိုင် တွေပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ် ပါတယ်။ Gif ဖိုင်ဆိုတာကတော့ လှုပ်ရှားမှု အနည်းငယ်မျှ ရှိနေတဲ့ ဓာတ်ပုံဖိုင် အမျိုးအစားတွေကို ဆိုလိုပါတယ်။ ဒီလို Gif ဖိုင်တွေကို ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေထဲကနေ စုစည်းပြီး ပြုလုပ်နိုင်သလို Gif ဖိုင်စနစ် မပါဝင်တဲ့ ဖုန်းတွေအတွက် ဆိုရင်လည်း ဓာတ်ပုံစတင် ရိုက်ကူးချိန်မှာကတည်းက Gif အနေနဲ့ ရိုက်ကူးနိုင်မဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ အသုံးပြုမဲ့ ဆော့ဖ်ဝဲကတော့ Gif Maker ဆိုတဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်မယ်ဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။ ဒီနေရာမှာ အသုံးပြုနိုင်မယ့် […]

Read More

OPPO R7 Plus

အားသာချက် ဖုန်းတွင် အသုံးပြုထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သည်။ ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်ပိုင်းတွင်လည်း မြင့်မားကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး လုံခြုံရေးစနစ်အတွက်လည်း Finger Print စနစ်ပါဝင်သည်။ စမတ်ဖုန်း တစ်လုံးအတွက် လိုအပ်သော ပါဝါအသုံးပြုနှုန်းများအတွက် ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားသော ဘက်ထရီကို ထည့်သွင်းအသုံးပြု ထားသည်။ အားနည်းချက် Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Sim Card Slot နှစ်ခုလုံးဟာ အပေါက်တစ်ခုတည်းတွင် အတူတွဲထားခြင်းကြောင့် Sim Card လဲလှယ်ခြင်းနှင့် ထုတ်သွင်းပြုလုပ်ချင်သည့် အချိန်တိုင်းတွင် Sim Card နှစ်ခုလုံးအား ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်သည်။ ဒီဇီုင်း ကြီးမားသော ကိုယ်ထည်ဖွဲ့စည်းမှုရှိသော ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် […]

Read More

LG G Pad 10.1 Tablet

တန်ဖိုး – ကန်ဒေါ်လာ ၂၁၉ အားသာချက် ကန်ဒေါ်လာ ၂၀၀ ကျော်ဖြင့် နည်းပညာမြင့် Tablet ကို ကိုင်ဆောင်ချင်သူများ အကြိုက်ဖြစ်မည့် Tablet တစ်ခုဖြစ်ပါတယ်။ ငွေကြေးအများအပြား မသုံးစွဲချင်ဘဲ အလယ်အလတ် တန်းစားလောက် သုံးစွဲချင်သူများအတွက် LG G Pad 10.1 Tablet ဟာ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးပြုလုပ်ထားပြီး အလွယ်တကူ အသုံးပြုနိုင် စေရန်အတွက် စီစဉ်ဖန်တီး ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် IR blasters ပါဝင်တဲ့အတွက် Universal remote control ကိုလည်း ဒီ Tablet ပေါ်ကနေ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာပါ။ သွင်ပြင်ပိုင်းကို ပြန်လည်ပြင်ဆင် ပေးထားပြီး အလုပ်နှစ်ခု တစ်ပြိုင်နက် […]

Read More

MPT မိုဘိုင်းဖုန်းများ သီတင်းကျွတ် လပြည့်နေ့တွင် အခမဲ့ SMS ပေးပို့နိုင်

သီတင်းကျွတ် ကာလ အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူအားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂း၀၀ နာရီကျော်သည့် အချိန်မှ စတင်၍ အောက်တိုဘာလ ၂၈ ရက်နေ့  ည ၁၂း၀၀ နာရီ တိတိ အချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာ အတွက် မိုဘိုင်းဖုန်း နံပါတ်တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။ လက်၇ှိအချိန်အထိ MPT […]

Read More

သီတင်းကျွတ်မှာ လက်ဆောင်ပေးချင်စရာ Gadget ပစ္စည်းများ

လက်ဆောင်ပေးတဲ့ ယဉ်ကျေးမှုက ဘယ်တုန်းက စတယ်ဆိုတာတော့ မသိပါဘူး။ လက်ဆောင်ပေးတယ်ဆိုတဲ့ နေရာမှာ အမှတ်တရဆိုတာကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ။ မြန်မာ့ ယဉ်ကျေးမှုအရ ခင်မင်တဲ့သူတွေအတွက် သတိတရ ဒါမှမဟုတ် အမှတ်တရအဖြစ် ပေးတဲ့ ပစ္စည်းကို လက်ဆောင်လို့ သတ်မှတ်ကြပါတယ်။ လက်ဆောင်က တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရရှိတဲ့သူတွေအဖို့ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကြည်နှုးမှုကို ခံစား ရရှိစေပါတယ်။ ဒီနှစ် သီတင်းကျွတ် ကာလအတွက် Gadget တွေကို နှစ်သက်သူတွေ သဘောကျနိုင်မယ့် အရာလေးတွေကို ထုတ်နုတ်တင်ပြပေးလိုက်ပါတယ်။ Digital LED Color Watch Price- 2000 Kyats လူကြီး လူငယ်မရွေး  မှန်ကန် တိကျစေရန်နှင့် အချိန်ကို နေ့၊ ည မရွေး   သိရှိနိုင်စေရန်  ဝတ်ဆင်နိုင်မည့် […]

Read More

Xiaomi ကို ကျော်တက်ကာ တရုတ်နိုင်ငံ၏ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်လာသည့် Huawei

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် Huawei က ဈေးကွက်၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ သုတေသနအဖွဲ့ Canalys ၏ အဆိုအရ Huawei သည် ၂၀၁၅ ခုနှစ် တတိယသုံးလပတ်တွင် ပြိုင်ဘက် Xiaomi ကို ကျော်တက်ကာ ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၏ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့သည်။ Mate S ကို ဖန်တီးသည့် ကုမ္ပဏီ၏ တတိယသုံးလပတ် စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ယခင်နှစ်ထက် ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Xiaomi ၏ တင်ပို့ရောင်းချမှုမှာ လျော့နည်းသွားခဲ့သည်။ ရှန်ဟိုင်းအခြေစိုက် Canalys မှ လေ့လာဆန်းစစ်သူ ဂျက်စီဒင်းက Huawei ၏ တိုးတက်မှုသည် ထူးကဲသည့် အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်းနှင့် Xiaomi ကမူ အခြားတစ်နေရာတွင် […]

Read More

ခန့်မှန်းရ ခက်ခဲသော password များ ဝယ်ယူနိုင်မည့် ဝက်ဘ်ဆိုက်ကို အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦး ဖ

ဆိုက်ဘာတိုက်ခိုက်မှုနှင့် အချက်အလက်ခိုးယူမှုများ မြှင့်တက်လာသည်နှင့်အမျှ လူများအနေဖြင့် ၎င်းတို့၏ password များကို ဟက်ကာများ ခန့်မှန်းရ ခက်ခဲစေသည့် password များဖြင့် အသုံးပြုရန် လိုအပ်လာသည်။ ထို့အတွက် အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသူလေး မီရာမိုဒီ ဖန်တီးထားသော ခန့်မှန်းရ မလွယ်ကူသည့် password များ ဖန်တီးပေးမည့် ဝက်ဘ်ဆိုက် (http://www.dicewarepasswords.com) က အကူအညီပေးနိုင်သည်။ သူမသည် Diceware ဟုခေါ်သည့် software ကိုအသုံးပြု၍ သုံးစွဲသူများ အလွယ်တကူ မှတ်မိနိုင်ကာ ရှည်လျားသော password များကို ထုတ်ပေးနိုင်သည်။ သုံးစွဲသူများသည် အမေရိကန် ၂ ဒေါ်လာ အသုံးပြုရုံဖြင့် ခန့်မှန်းရ မလွယ်ကူသည့် password တစ်ခု ရရှိနိုင်မည်။ လူအများစုက မှတ်မိရန် ခက်ခဲသည့် […]

Read More