Day: October 22, 2015

Albert Launcher အား Ubuntu တွင် ထည့်သွင်းခြင်း

Albert Launcher ဆိုတာကတော့ Ubuntu OS ရဲ့ Desktop ပေါ်ကနေ ဖိုင်တွေကို ရှာဖွေချင်တာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်တွေကို အသုံးပြုချင်တဲ့အခါ Shortcut နှိပ်ပြီး Keyword အတိုလေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ လုပ်ငန်းတွေကို အလျင်အမြန် လုပ်ဆောင်ပေးနိုင်မယ့် Laun-cher တစ်ခုဖြစ်ပါတယ်။ Application တွေကို Run တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဖိုင်တွေကိုရှာဖွေတဲ့ အခါမှာပဲဖြစ်ဖြစ် လျင်လျင်မြန်မြန်နဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Albert ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl […]

Read More

ဘဏ်များအတွက် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးအပ်ရန် Atos နှင့် MMG တို့ပူးပေါင်း

ဥရောပ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် နံပါတ်နှစ်နေရာ၌ ရပ်တည်နေသည့် Atos ကုမ္ပဏီနှင့် ပြည်တွင်း၌ System Integration နှင့် Telecommunication လုပ်ငန်းကို လုပ်ကိုင်နေသည့် Myanmar Millennium Group (MMG) တို့ ပူးပေါင်းလိုက်သည်ဟု သိရသည်။ ၎င်းတို့နည်းပညာကုမ္ပဏီနှစ်ခုသည် ပြည်တွင်းရှိ ဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် Atos Banking as a Service ဆိုသည့် Soluction ကို မြန်မာနိုင်ငံ အတွက် စတင်မိတ်ဆက်ခဲ့ကြောင်း၊ အဆိုပါ နည်းပညာသည် ဘဏ်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရသည့် စီမံမှုများကို ကောင်းစွာ အထောက်အပံ့ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ “Atos ဟာ Bank in the Cloud ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ […]

Read More

FTTA နှင့် FTTH နည်းပညာများ အကြောင်း ဆွေးနွေးပွဲကျင်းပ

လက်ရှိအသုံးပြုမှုများနေသော Fiber to the Home (FTTH) နှင့် Fiber to the Antenna (FTTA) အကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက်က Summit Parkview Hotel တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ FTTA နှင့် FTTH ဆိုင်ရာ နည်းပညာများအကြောင်း၊ အသုံးပြုရာတွင် တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများ အကြောင်းကို သက်ဆိုင်ရာပညာရှင်များက အဓိကထား ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို Yadanarbon Fibre Services, VINA OFC, EXFO, Sumitomo Electric စသည်တို့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

Read More

ရန်ကုန်မြို့ အိတ်ချိန်းနယ်မြေ အချို့အတွင်း အော်တို တယ်လီဖုန်းနံပါတ်များအား ခေတ်မီ အိတ်ချိ

ရန်ကုန်မြို့ အိတ်ချိန်းနယ်မြေအချို့အတွင်း အော်တို တယ်လီဖုန်းနံပါတ်များအား ခေတ်မီ အိတ်ချိန်းစက်များ ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အလုံအိတ်ချိန်းနယ်မြေအတွင်း အော်တိုတယ်လီဖုန်းနံပါတ်များအား ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲတပ်ဆင်မည်ဖြစ်၍ (၂၁၄xxx, ၂၁၅xxx, ၂၁၆xxx, ၂၁၇xxx) စသောနံပါတ်များအား အလုံအိတ်ချိန်း၏ (၂၃၁-၄xxx, ၂၃၁-၅xxx, ၂၃၁-၆xxx, ၂၃၁-၇ xxx) စသော တယ်လီဖုန်း နံပါတ်များဖြင့် ၁၄.၁၁.၁၅. ရက်နေ့တွင် အစားထိုးပြောင်းလဲမည်ဖြစ်ကြောင်း၊ ယင်းနယ်မြေတွင် လက်ရှိ ADSL သုံးစွဲသူများအနက် Static IP သုံးစွဲသူများ အနေဖြင့် Static IP Range (172.x.x.x) ကွန်ရက်သို့ ပြောင်းလဲမည်ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ADSL ဌာနသို့ ကြိုတင် ဆက်သွယ် ပြင်ဆင်နိုင်ကြောင်း ပြောကြားထားသည်။ […]

Read More

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို စတင်မိတ်ဆက်

ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်၌ ရွှေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များ ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော အခက်အခဲများအပါအဝင် အဆင်မပြေမှုများကို အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေးမည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို စတင် မိတ်ဆက် လိုက်သည်ဟု သိရသည်။ Kyeet (ကြည့်) Mobile Application ကို MIDO နှင့် Center For Civic Technology (CCT) တို့ ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရန်နှင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီပေးအပ်ရန် မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လူထုအခြေပြု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Platform တစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိသင့် […]

Read More

iOS, Android နှင့် ဝက်ဘ်အတွက် polling feature သစ်ကို Twitter မိတ်ဆက်

သုံးစွဲသူများက ၎င်းတို့၏ ထင်မြင်ချက်များ ဖော်ပြပေးနိုင်မည့် နည်းလမ်းသစ်တစ်ရပ်ကို Twitter က မိတ်ဆက်ပေးခဲ့သည်။ ထို့အတွက်ကြောင့် iOS, Android နှင့် Twitter.com သုံးစွဲသူများက compose box မှတစ်ဆင့် စစ်တမ်းတစ်ခု ကောက်ယူခြင်းကို မကြာမီ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ လစဉ်သုံးစွဲသူ ၃၁၆ သန်းရှိသည့် Twitter သည် tweet များတွင် စစ်တမ်းကောက်ယူမှုများ ထည့်သွင်းနိုင်သည့် လုပ်ဆောင်ချက်ကို ပြီးခဲ့သည့်လက သုံးစွဲသူအနည်းငယ်တွင် စမ်းသပ်ခဲ့သည်။ ၎င်း feature ကို မှန်ကန်ကြောင်း အတည်ပြုထားသော account များနှင့် အတည်မပြုထားသော account များအပြင် Twitter ဝန်ထမ်းများနှင့် နာမည်ကျော်ကြားသူများပါ အသုံးပြုနိုင်မည် ဖြစ်သည်။ ရွေးချယ်မှုနှစ်ရပ်သာ ပြုလုပ်နိုင်မည့် စစ်တမ်းကောက်ယူသည့် မေးခွန်းများကို ၂၄ […]

Read More

Facebook ၏ Instant Articles Feature ကို iOS သုံးစွဲသူအားလုံး အသုံးပြုနိုင်ပြီ

လွန်ခဲ့သည့် လအနည်းငယ်က ပုံနှိပ်မီဒီယာများအတွက် platform သစ်တစ်ခုအဖြစ် Facebook မှ မိတ်ဆက်ပေးခဲ့သော Instant Articles ကို iPhone သုံးစွဲသူ အနည်းငယ်ကသာ အသုံးပြုခွင့်ရခဲ့သော်လည်း ယခုအခါ iOS သုံးစွဲသူ အားလုံးထံ ဖြန့်ချိလိုက်ကြောင်း သိရသည်။ ၎င်း feature သစ်သည် Facebook iOS app တွင် သတင်းများကို မြန်ဆန်စွာ ဖတ်ရှုနိုင်စေမည် ဖြစ်သည်။ Instant Articles သည် ပုံနှိပ်မီဒီယာများက ၎င်းတို့၏ post များနှင့် သတင်းများကို Facebook ဆာဗာများတွင် တင်ထားစေနိုင်ပြီး သီးခြား web app တွင် သတင်းဖတ်ရှုခြင်းထက် ဆယ်ဆပိုမိုလျင်မြန်စွာ ဖတ်ရှုနိုင်စေမည် ဖြစ်သည်။ ၎င်း platform တွင် ဓာတ်ပုံများကို […]

Read More

Samsung မှ Samsung Galaxy J2 အား မြန်မာနိုင်ငံတွင် ထပ်မံမိတ်ဆက်

Samsung Myanmar သည် Galaxy J Series များထဲမှ သင့်တင့် မျှတသော ဈေးနှုန်းရှိသည့် အလယ်အလတ်တန်းဝင် နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း အသစ် တစ်လုံးအား စတင်မိတ်ဆက်ခဲ့သည်။ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်သော Samsung Galaxy J2 သည် မြန်မာသုံးစွဲသူများ၏ လိုအပ်ချက်များအား အထူးအလေးထား၍ သေချာစွာ ထုတ်လုပ်ထားသော ဖုန်းတစ်လုံးဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင်ပါတယ်။ Galaxy J2 မှာ ဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အဓိကလိုအပ်ချက် သုံးခုဖြစ်တဲ့ အရောင်အသွေး စုံလင်ပြတ်သားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်၊ 3G အင်တာနက်သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့ နဲ့ စွမ်းဆောင်ရည်တွေ […]

Read More

မြန်မာနိုင်ငံ၏ ပထမဆုံး တယ်လီသွန်ကို MPT မှ စတင်တော့မည်

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဆုံး တယ်လီသွန် အစီအစဉ်အတွက် official partner တစ်ဦးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ MPT ဖုန်းနံပါတ် ၀၁ ၈၆၁၉၅၅၅ သို့ ဖုန်းဆက်၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသို့ ထောက်ကူပေးရန် လှူဒါန်းမှုပေးမည့် အကြောင်း ကတိကဝတ် ပြုလုပ်နိုင်မည် ဖြစ်သည်။ တယ်လီသွန်သည် ဒေသခံလှုပ်ရှားမှုအဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေသော သီတင်းကျွတ် ကိုကာကိုလာ ဂီတဖျော်ဖြေပွဲတော်၏ […]

Read More

Data သီးသန့်သာ အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြု

Data သီးသန့်သာ အသုံးပြုနိုင်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချရန် စီစဉ်ထားကြောင်း၊ လက်ရှိအချိန်၌ အဆိုပါ Data သီးသန့် ဆင်းမ်ကတ်များကို စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “ကုမ္ပဏီတစ်ခုက လာလျှောက်ပြီးတော့ အခုစမ်းပြီး သုံးနေတာရှိတယ်။ အင်တာနက်သီးသန့် ဆင်းမ်ကတ်ပဲ။ အသံမပါဘူး။ တစ်ဦးတစ်ယောက်တည်းအတွက်တော့ မဟုတ်ဘူး။ ကုမ္ပဏီတွေ အတွက်ပါ။ အင်တာနက်ကိုပဲ သီးသန့်သုံးလိုသူတွေအတွက်ပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ Business to Business အဖြစ် စီးပွားရေးလုပ်ငန်းများအတွက်သာ အဆိုပါ ဆင်းမ်ကတ်များကို ရောင်း ချပေးရန် စီစဉ်ထားပြီး အများပြည်သူ အသုံးပြုရန်အတွက် ရောင်းချပေးမည် မဟုတ်ကြောင်း သိရသည်။ အင်တာနက်စနစ်ကို သီးသန့်အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် Data သီးသန့် ဆင်းမ်ကတ်များကို ရောင်းချမည်ဖြစ်သော်လည်း အချိန်ကာလကို […]

Read More