Day: October 12, 2015

သတင်းများ ဖတ်ရှုနိုင်မည့် Upvoted ဝက်ဘ်ဆိုက်ကို Reddit လွှင့်တင်

လူမှုရေးမီဒီယာ ဆိုက်တစ်ခုဖြစ်သော Reddit သည် သတင်းများ ဖတ်ရှုနိုင်မည့် သီးသန့်ဝက်ဘ်ဆိုက် Upvoted ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ သတင်းဆိုက်သည် Reddit ပေါ်ရှိ နာမည်ကျော် အကြောင်းအရာများကို အွန်လိုင်းမီဒီယာ အဖွဲ့အစည်း သတင်းအဖြစ်တင်ဆက်သည့် ပုံစံအတိုင်းဖော်ပြ ပေးသွားမည် ဖြစ်သည်။ Upvoted ကိုအဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် MySpace အယ်ဒီတာ့အာဘော် ဒါရိုက်တာဟောင်း ဗစ်ကီချမ်က ဦးဆောင်သွားမည် ဖြစ်သည်။ Upvoted မှကနဦးတွင် တစ်ရက်လျှင် သတင်းအပုဒ် ၂၀ ခန့် ဖော်ပြသွားရန် ရည်မှန်းထားပြီး နောက်ပိုင်းတွင် သတင်းအပုဒ် ၄၀ အထိ တင်သွားမည် ဖြစ်သည်။ Upvoted သည် Reddit ကဲ့သို့ အကြောင်းအရာများကို rate မပြုလုပ်နိုင်ပေ။ ထို့အပြင် ဖတ်ရှုသူ […]

Read More

OPPO R7 Lite

အားသာချက် ဖုန်း၏ဖွဲ့စည်း တည်ဆောက်မှုအပိုင်း ကောင်းမွန်သောကြောင့် ပုံစံဒီဇိုင်းလှပပြီး ကိုင်တွယ်အသုံးပြုရာတွင်လည်း ကောင်းမွန်သော ထိတွေ့မှုရှိသည်။ CPU, GPU, Sensor အစရှိသော Hardware ပိုင်းများတွင်လည်း မြင့်မားကောင်းမွန်သောကြောင့် ဖုန်းလုပ်ဆောင်ချက်များ မြန်ဆန်နေမည်ဖြစ်ပြီး Mega Pixel မြင့်မားသော ကင်မရာများကြောင့် ဓာတ်ပုံပိုင်းတွင်လည်း စိတ်ကျေနပ်စရာ ဖြစ်နိုင်မည်ဖြစ်သည်။ အားနည်းချက် Sim Card အထိုင်နှစ်ခုအား အတွဲလိုက် Slot တစ်ခုအတွင်းတွင် ပြုလုပ်ထားသောကြောင့် ကတ်တစ်ကတ်ကို ထုတ်သွင်းပြုလုပ်ချင်တိုင်း နှစ်ကတ်စလုံး ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်ပြီး Sim Card တစ်ပေါက်မှာ SD Card နှင့်အတူ တွဲထားခြင်းကြောင့် Sim Card နှင့် SD Card တစ်လှည့်စီ အသုံးပြုရမည်ဖြစ်သည်။ မြင်ကွင်း ရှေ့မျက်နှာပြင်မှာ AMOLED Screen […]

Read More

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို အလေးထား စောင့်ကြည့်သင့်ပြီလား

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NASA ကနေ အရေးပေါ် အစည်းအဝေး တစ်ခုကို ခေါ်ယူ ပြုလုပ်ခဲ့တာ တွေ့ရပြီး အဲဒီလို အစည်းအဝေး ခေါ်ရတဲ့ အကြောင်းကတော့ ပင်လယ်ရေမျက်နှာ သိသိသာသာ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။ ဟုတ်ပါပြီ၊ ကျွန်တော်တို့ အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုက ဘာတွေ အရေးပါပါသလဲ၊ ဘာတွေ ဖြစ်လာနိုင်ပါ သလဲ။ အလွယ်တမ်း ပြောရရင်တော့ ကျွန်တော်တို့ရဲ့ မြေကမ္ဘာကို ရေလွှာက ဝါးမြိုလာတဲ့သဘောပါ။ မြေတွေ ဆုံးရှုံးလာရပါတယ်၊ လူတွေနေထိုင် အခြေချနိုင်တဲ့၊ စိုက်ပျိုး ရိတ်သိမ်းနိုင်တဲ့ မြေနေရာတွေ ပင်လယ် ရေမျက်နှာပြင်အောက်ကို တဖြည်းဖြည်း ရောက်ရှိသွားတာပါ။ အထူးသဖြင့်တော့ ပင်လယ်ကမ်းရိုးတန်းဒေသတွေနဲ့ အဆိုပါ ဒေသတွေမှာ  နေထိုင်တဲ့ ပြည်သူတွေအတွက် ရင်လေးစရာ ဖြစ်လာပါတယ်။ လက်ရှိမှာ သူတို့ […]

Read More

ပြည်တွင်းမိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ ရင်းနှီးမြှ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC – International Finance Corporation) က အခြားသော နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီအချို့နှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း အနေဖြင့် ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖွယ် ရှိနေကြောင်းနှင့် မြန်မာ နိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်ရေး အစီအစဉ်တွင် ပူးပေါင်း ပါဝင်ပြီး အကောင်အထည် ဖော်ရန်ရှိကြောင်း သိရသည်။ အဆိုပါ ကော်ပိုရေးရှင်း အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် ပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာများနှင့် […]

Read More

အခမဲ့ရယူနိုင်မည့် အသုံးတည့် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲများ

အခမဲ့ ရယူအသုံးပြုနိုင်မည့် Apple App များ Myanmar Blood အရေးပေါ် သွေးလိုအပ်မှုကို အထောက်အကူပြုမည့် App ဖြစ်သည်။ တည်နေရာကို အခြေပြုဖန်တီးထားပြီး မိမိရောက်ရှိနေသည့် မြို့နယ်တွင်းရှိ သွေးလှူရှင်များကို အလွယ်တကူရှာဖွေ ချိတ်ဆက်နိုင်စေရန် ပြုလုပ်ထားသည်။ သွေးလှူရှင်များအား ရှာဖွေနိုင်ရန်အတွက် အင်တာနက်ချိတ်ဆက် အသုံးပြုရမည်ဖြစ်ပြီး မိမိ၏ အနီးအနားတွင်ရှိသည့် သွေးလှူရှင်များအား ဖုန်းဖြင့်တိုက်ရိုက် ဆက်သွယ်အကူအညီ ရယူနိုင်မည်ဖြစ်သည်။ သွေးလှူရှင်များ အနေဖြင့်လည်း မိမိသွေးအမျိုးအစားအား အရေးပေါ် လိုအပ်မှုရှိပါက App မှအလိုအလျောက် အသိပေးမည်ဖြစ်ပြီး သွေးလိုအပ်သည့် သူများသို့ ဆက်သွယ်လှူဒါန်းနိုင်ရန် ပြုလုပ်ပေးထားသည်။ iOS 7.0 နှင့် အထက် – https://goo.gl/YHDGQS Yangon Trains ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော မီးရထား အချိန်ဇယားအား မိုဘိုင်းဖုန်းမှပင် […]

Read More

iOS 9 သုံးထားသော iPhone ဖြင့် လုပ်ဆောင်နိုင်သည့် လူသိနည်းသော အချက် (၂၅) ချက်

Apple သည် iPhone 4S နှင့်အထက် iPhone ဖုန်းများတွင် သုံးနိုင်သော operating system သစ်ဖြစ်သည့် iOS 9 ကို ဖြန့်ချိထားပြီးဖြစ်သည်။ လက်ရှိတွင် upgrade မပြုလုပ်ရသေးသူများ အနေဖြင့် Settings > General > Software Updae နှင့် ကွန်ပျူတာရှိ iTunes မှတစ်ဆင့် upgrade ပြုလုပ်နိုင်သည်။ ၎င်းတွင် သုံးစွဲသူ၏ iPhone ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမည့် အဆင့်မြှင့်တင်မှုများ ပါဝင်သည်။ (၁) ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအဖြစ် သိရှိထားရန် လိုအပ်သည့်အချက်က back ခလုတ်သစ် ပါဝင်လာခြင်း ဖြစ်သည်။ Link တစ်ခု သို့မဟုတ် notification တစ်ခုကို နှိပ်လိုက်သည့်အခါတွင် ဘယ်ဘက် […]

Read More

Samsung Galaxy Tab S2 (9.7 inch)

အသေးစိတ်ဖော်ပြချက် ၉.၇ လက်မအရွယ်ရှိ Samsung Galaxy Tab S2 တွင် မျက်စိအေးစေမည့် Super AMOLED မျက်နှာပြင် အသုံးပြုထားသည်။ မျက်နှာပြင် အရွယ်အစား ကြီးမားသည့် Samsung Galaxy Tab S2 သည် ဂိမ်းဆော့ခြင်း၊ ဗီဒီယိုများ ကြည့်ရာတွင် အဆင်ပြေသည်။ Samsung Galaxy Tab S2 ၏ အထူမှာ ၅.၆ မီလီမီတာနှင့် အလေးချိန်မှာ ၀.၈၆  ပေါင်သာ  ရှိသည်။ Galaxy Tab S2 တွင် Samsung ၏ TouchWiz overlay နှင့်အတူ Android  Lollipop  ကို အသုံးပြုထားသည်။ ထို့အပြင် Tab S2 တွင် The […]

Read More

ဆဋ္ဌမအကြိမ်မြောက် ကိုရီးယားပညာရေးဆွေးနွေးပွဲ

World Korea Co.,Ltd မှကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ကိုရီးယားပညာရေးဆွေးနွေးပွဲကိုတော့ အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်များတွင် လှည်းတန်းစင်တာ မြေညီထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Xbox360 wireless controller အတွက် PC receiver များဝင်ရောက်

မူလက Xbox360 ဂိမ်းစက်များတွင်သာ ချိတ်ဆက်ကစားနိုင်သော Xbox360 wireless လက်ကိုင်များကို PC တွင် ချိတ်ဆက်ပြီး ဂိမ်းများကစားနိုင်ရန် လိုအပ်သည့် Xbox360 wireless receiver များ ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ receiver များကို Windows 7, 8 နှင့် 8.1 OS များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Xbox360 ဂိမ်းစက်ရှိပြီးသူများအနေဖြင့် receiver တစ်ခုတည်း ဝယ်ယူရုံဖြင့် Xbox360 wireless controller များကို PC ဖြင့် ချိတ်ဆက်ကစားနိုင်မည်ဖြစ်သည်။ လိုအပ်သော driver များကိုပါ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ Xbox 360 wireless receiver များကို ၂၂,ဝဝဝ ကျပ်၊ Original Xbox360 […]

Read More