Day: October 7, 2015

ဆယ်လူလာ ဆက်သွယ်မှုပါဝင်သော ပထမဆုံး Android Wear စမတ်နာရီ LG Watch Urbane 2

LG သည် Android Wear စမတ်နာရီ တစ်မျိုးဖြစ်သော ဒုတိယမျိုးဆက် LG Watch Urbane ကို မိတ်ဆက်ခဲ့သည်။ မျိုးဆက်သစ် Watch Urbane သည် ယခင်မျိုးဆက်နှင့် ဒီဇိုင်းပိုင်း ကွာခြားခြင်း မရှိပေ။ Urbane 2 ၏ ထူးခြားချက်မှာ ဆယ်လူလာ ချိတ်ဆက်မှု ပါဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် Urbane 2 သည် Bluetooth သို့မဟုတ် Wi-Fi မှတစ်ဆင့် ချိတ်ဆက်မှုများ ပြုလုပ်ရုံသာမက 3G သို့မဟုတ် 4G ချိတ်ဆက်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ Urbane 2  သည် nanoSIM  ထည့်သွင်း၍ ဆက်သွယ်ရေး ကုမ္ပဏီများ၏ ဝန်ဆောင်မှုကို ကန့်သတ်မထားဘဲ နှစ်သက်ရာ ကွန်ရက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ […]

Read More

Trump ဟိုတယ်တွင် တည်းခိုသူများ၏ အကြွေးဝယ်ကတ် အချက်အလက်များ ခိုးယူခံရ

အိမ်ခြံမြေ ကုမ္ပဏီပိုင်ရှင်၊ တီဗီအစီအစဉ် တင်ဆက်သူနှင့် နိုင်ငံရေးသမားဖြစ်သူ ဒေါနယ်ထရက်ပ် ပိုင်ဆိုင်သော ဇိမ်ခံဟိုတယ်လုပ်ငန်းမှ ယခုနှစ်အစောပိုင်းအတွင်း ဟိုတယ်တွင် တည်းခိုသူများ၏ debit နှင့် အကြွေးဝယ်ကတ် သတင်း အချက်အလက်များ ပေါက်ကြားမှုတွင် ၎င်းတို့၏ ဟိုတယ် ၇ ခု ပစ်မှတ်ထားခံခဲ့ရကြောင်း အတည်ပြု သွားခဲ့သည်။ ယခု တိုက်ခိုက်မှုကြောင့် Trump SoHo New York, မီယာမီရှိ Trump National Doral, Trump International New York, Trump International Chicago, Trump International Waikiki, Trump International Hotel & Tower Las Vegas နှင့် Trump International Toronto […]

Read More

Ubuntu OS တွင် Deepin Terminal ကို ထည့်သွင်းအသုံးပြုခြင်း

Ubuntu OS  အသုံးပြုသူတွေအနေနဲ့ လက်ရှိသုံးစွဲနေတဲ့ Terminal ကို အသုံးမပြုချင်ဘဲ အခြား Terminal ကိုရွေးချယ် အသုံးပြုချင်တယ်ဆိုရင် Deepin Terminal ကိုထည့်သွင်း အသုံးပြု နိုင်ပါတယ်။ Deepin Terminal ဟာ Python ကို အခြေပြုပြီး ရေးဆွဲထားတဲ့ Terminal Emulator အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Deepin OS ပေါ်မှာလည်း လွတ်လပ်စွာ အသုံးပြုနိုင်အောင် စီမံပေးထားတဲ့ Terminal အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Deepin Terminal ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update […]

Read More

လက်တွေ့ အကောင်အထည် ဖော်လာနိုင်တဲ့ Apple Car

Apple ကုမ္ပဏီက မော်တော်ကား ထုတ်လုပ်မယ်ဆိုတဲ့ ကောလာဟလ သတင်းတစ်ခုက ၂၀၁၄ ခု နှစ် နှောင်းပိုင်း ကာလမှာ အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ ထုတ်လုပ်မယ့် မော်တော်ကားပုံစံကိုပင် သတင်းပေါက်ကြားမှုကရတဲ့ သတင်းလိုလို ကောလာဟလ သတင်းလိုလိုနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် ပျံ့လွင့်ရင်း နောက်ဆုံးငြိမ်သက် သွားခဲ့တာကို သတိရမိ ကြပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလဆန်းကစပြီး Apple Car ဆိုတဲ့ သတင်းပြန်ပေါ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ Apple ရဲ့ စီအီးအိုဖြစ်သူ Time Cook က ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Steve Zadesky ကို ကုတ်အမည် Titan လို့ ပေးထားတဲ့ Apple လျှပ်စစ်ကား စီမံကိန်းအကောင်အထည် ဖော်ဖို့လျှို့ဝှက်တာဝန် ပေးခဲ့တယ်ဆိုပြီး […]

Read More

OPPO R7 Lite ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိ

OPPO မှအသစ် ထုတ်လုပ်ဖြန့်ချိသော R7 Lite စမတ်ဖုန်းအား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူရရှိ နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ R7 Lite စမတ်ဖုန်းမှာ OPPO နှင့် We Chat တို့အတူ ပူးပေါင်းပြုလုပ်သည့် ကံစမ်းမဲ အစီအစဉ်တွင် ဆုမဲအဖြစ်ပေးရန် ကြေညာထားသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ကံစမ်းမဲအစီစဉ်မှာ မပြီးဆုံးသေးသော်လည်း ပြည်တွင်းရှိ အသုံးပြုလိုသူများအတွက် ဦးစွာရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရသည်။ ”ကံစမ်းမဲကာလကတော့ နိုဝင်ဘာ ၁၅ မှပြီးမှာပါ။ ကံစမ်းမဲ ကာလပြီးဆုံးရင် ဆုရသူတွေကို R7 Lite ချီးမြှင့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ခုလက်တလောမှာ ပြည်တွင်းက အသုံးပြုချင်တဲ့သူတွေ အရင်ဆုံးဝယ်ယူနိုင်အောင် ဈေးကွက်ကို စပြီးတင်သွင်းရောင်းချ ပေးသွားမှာပါ” ဟု OPPO […]

Read More

Lumia 950 နှင့် 950 XL စမတ်ဖုန်းများကို Microsoft ပွဲထုတ်မိတ်ဆက်

Microsoft သည် ကုမ္ပဏီ၏ အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းသစ် နှစ်မျိုးဖြစ်သော Lumia 950 နှင့် 950 XL တို့ကို အင်္ဂါနေ့က ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ Microsoft သည် ၂၀၁၄ ခုနှစ် ဧပြီလက Nokia ၏ ထုတ်ကုန်လုပ်ငန်းကို ဝယ်ယူခဲ့ပြီးနောက် အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းကို မိတ်ဆက်ခဲ့ခြင်း မရှိဘဲ ဈေးသက်သာသည့် ထုတ်ကုန်များကိုသာ ဖြန့်ချိခဲ့သည်။ “ကျွန်တော်တို့က သင့်ရဲ့ အိတ်ကပ်ထဲမှာ Windows ကို ထည့်ထားဖို့ ဆန္ဒရှိပါတယ်။ ဒီဖုန်းတွေဟာ ကွန်ပျူတာတစ်လုံးလိုမျိုး လုပ်ဆောင်နိုင်ပါတယ်” ဟု အရည်အသွေးမြင့် Windows ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်သူ ပါနော့စ်ပန်နေးက နယူးယောက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၅.၂ လက်မ display ပါဝင်သော […]

Read More

Windows 10 Mobile ကို ကွန်ပျူတာအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် Microsoft Display Dock

Microsoft သည် ဖုန်းကို desktop Windows ကွန်ပျူတာကဲ့သို့ keyboard, mouse နှင့် အရွယ်ကြီးမားသည့် display ဖြင့် အသုံးပြုနိုင်စေမည့် hardware adapter တစ်ခုဖြစ်သော Display Dock ကို မိတ်ဆက်ကြေညာခဲ့သည်။ ၎င်းတွင် USB Type-C အပါအဝင် USB port သုံးခုနှင့် HDMI, Display Port တစ်ခုစီ ပါဝင်သည်။ တကယ်တမ်းတွင် Windows 10 ကွန်ပျူတာနှင့် အလွန်တူညီသော်လည်း taskbar မှာ အနည်းငယ် ကွဲပြားပြီး ဘက်ထရီနှင့် အချိန်အချက်အလက်ကို signal bar တစ်ခုနှင့်အတူ ထိပ်ဘက်တွင် ဖော်ပြထားသည်။ Microsoft သည် Lumia ဖုန်းသစ်မှ Windows Hello beta […]

Read More

၂၁.၅ လက်မ 4K iMac သစ်ကို လာမည့် ရက်သတ္တပတ်တွင် မိတ်ဆက်ရန် Apple စီစဉ်နေ

Apple သည် 4K display ပါဝင်သော ၂၁.၅ လက်မ iMac သစ်ကို လာမည့် ရက်သတ္တပတ်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။ အဆိုပါ iMac သစ်သည် လက်ရှိ အမျိုးအစားများနှင့် အလွန်ကွာခြားမှု မရှိဘဲ 4096 x 2304 screen နှင့် အလွန်လျင်မြန်သည့် ဂရပ်ဖစ်ကတ်များ ပါဝင်လာမည် ဖြစ်သည်။ ၎င်း iMac သစ်ကို အောက်တိုဘာလ ၁၃ ရက်တွင် El Capitan နှင့် တင်ပို့ရောင်းချဖွယ်ရှိပြီး တန်ဖိုးမှာ non-4K iMac ထက် ဈေးအနည်းငယ် ကြီးမြင့်ဖွယ်ရှိကြောင်း သိရသည်။ Ref: TheVerge

Read More

3D Touch ကဲ့သို့သော feature များကို Android ထုတ်ကုန်များ၌ လာမည့်နှစ်တွင် အသုံးပြုနိုင်မည်

Apple ၏ 3D Touch ကဲ့သို့ လုပ်ဆောင်နိုင်မည့် ကုမ္ပဏီ၏ ClearForce နည်းပညာကို လာမည့်နှစ် အစောပိုင်းတွင် ဖုန်းများ၌ ပေါင်းစပ်ထည့်သွင်းမည် ဖြစ်ကြောင်း Synaptics မှ ကြေညာခဲ့သည်။ ClearForce သည် လျင်မြန်စွာ scroll လုပ်ခြင်း၊ zoom ချဲ့ခြင်း၊ ထုတ်ကုန်တစ်ခုကို unlock ပြုလုပ်ခြင်း စသည့် မတူကွဲပြားသော လုပ်ဆောင်ချက်များအတွက် touchscreen တစ်ခုပေါ်ရှိ မတူညီသော ဖိအားကို ထိန်းချုပ်ကွပ်ကဲနိုင်သည်။ အဆိုပါ နည်းပညာကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် တင်ပို့ရောင်းချဖွယ်ရှိသော စမတ်ဖုန်းများ၌ ထည့်သွင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ OEM များနှင့် LCM များနှင့် လုပ်ဆောင်နေကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းနည်းပညာသစ်ကို မည်သည့် ထုတ်ကုန်များ၌ […]

Read More

သာမန်လက်တော့ပ်များနှင့် ယှဉ်ပြိုင်နိုင်မည့် Surface Pro 4 tablet ကို Microsoft မိတ်ဆက်

Microsoft သည် သာမန်လက်တော့ပ်များနှင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် Surface Pro 4 tablet ကို အင်္ဂါနေ့က ကျင်းပခဲ့သော Microsoft ၏ Windows 10 ပွဲတွင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ၁၂.၃ လက်မ screen သည် Surface Pro 3 ၏ ၁၂ လက်မ screen ထက် အနည်းငယ် ကြီးမားသည်။ ဘေးအနားကွပ်ဘောင်များမှာ ပိုမိုသေးငယ်သောကြောင့် screen တွင် နေရာလွတ်ပိုမို ရရှိမည် ဖြစ်သည်။ ၎င်း screen သည် 2,736×1,824-pixel resolution ဖြင့် ဖော်ပြပေးနိုင်သည်။ Surface Pro 4 တွင် Intel ၏ ဆဋ္ဌမမျိုးဆက် “Skylake” […]

Read More