Day: October 6, 2015

တန်ဖိုးကြီး V10 စမတ်ဖုန်းကို LG မိတ်ဆက်

LG သည်နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ပွဲအတွင်း တန်ဖိုးကြီး အရည်အသွေး မြင့်မားသော V10 ဟု အမည်ရ စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းသည် LG ၏ V မော်ဒယ်ဖုန်းများအနက် အသစ်တစ်မျိုးဖြစ်ပြီး အဓိက သတ်မှတ်ချက် အနည်းငယ်ကို အဆင့်မြှင့်တင်ထားပြီး တန်ဖိုးကြီးအရာများကို အသုံးပြုထားသည်။ V10 ၏သတ်မှတ်ချက်များသည် LG G4 နှင့် သိပ်မကွာခြားပေ။ LG သည် V10 တွင် G4 ကဲ့သို့ ဖြုတ်နိုင်တပ်နိုင်သည့် 3,000 mAh ဘက်ထရီ၊ Snapdragon 808 ပရိုဆက်ဆာနှင့် ကျောဘက်ကင်မရာ 16 megapixel တို့ အသုံးပြုထားသည်။ V10 ကိုပလတ်စတစ် အစားစတီးလ်နှင့် ဆီလီကွန်တို့ အပါအဝင် […]

Read More

Microsoft Surface Pro 4 တွင် Intel Skylake ပရိုဆက်ဆာ ပါဝင်လာမည်ဟုဆို

Microsoft သည် အောက်တိုဘာလ ၆ ရက်တွင် နယူးယောက်၌ ပြုလုပ်မည့် ပွဲအတွင်း Surface Pro 4 နှင့်အတူ စမတ်ဖုန်းအချို့ကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ Microsoft သည် Surface Pro 4 ကို မျက်နှာပြင် အရွယ်အစား ၁၂ လက်မနှင့် ၁၄ လက်မဟူ၍ နှစ်မျိုးနှစ်စား ထုတ်လုပ်သွားဖွယ်ရှိကြောင်း တရုတ်သတင်း ဝက်ဘ်ဆိုက် cnBeta မှဖော်ပြခဲ့သည်။ အဆိုပါ Surface Pro 4 ကိုပါးလွှာ ပေါ့ပါးသည့် ဒီဇိုင်းဖန်တီးရန် Intel ၏ဆဋ္ဌမမြောက်မျိုးဆက် skylake ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိသည်။ ထို့အပြင် Microsoft Surface ၏အဓိက ပြဿနာဖြစ်သော အပူချိန်လွန်ကဲမှုကိုလည်း ဖြေရှင်းထားပြီး ဖြစ်ကြောင်းသိရသည်။ Surface Pro […]

Read More

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၏ ပထမခြေလှမ်း အဖြစ် University of Surrey နှင့် လက်မှတ်ရေးá€

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၏ ပထမခြေလှမ်း အဖြစ် အင်္ဂလန်နိုင်ငံ အခြေစိုက် Surrey Satellite Technology Ltd နှင့် University of Sur-rey တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို စက်တင်ဘာလ  ၂၃ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ “မြန်မာနိုင်ငံတွင် အာကာသ နည်းပညာနှင့် အသုံးချမှုများကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက် အလက်၊ ပတ်ဝန်းကျင်နှင့် သစ်တော ထိန်းသိမ်းရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် မိုးလေဝသ နှင့်ဇလဗေဒ အစရှိသော ကဏ္ဍပေါင်းစုံတွင် မရှိမဖြစ် အသုံးပြုလာသောကြောင့် အာကာသနည်းပညာနှင့် ၎င်း၏အသုံးချမှုများဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလေးအနက် […]

Read More

whaling

Whaling ဆိုသည်မှာ C-level အမှုဆောင်အရာရှိများ၊ နိုင်ငံရေးသမားများနှင့် နာမည်ကျော်ကြားသူများ ကဲ့သို့သော နာမည်ကျော် end user များထံ ပစ်မှတ်ထားသည့် လိမ်လည်မှု အမျိုးအစားတစ်ခု ဖြစ်သည်။ Whaling ၏ ရည်ရွယ်ချက်သည် social engineering, email spoofing နှင့် content spoofing မှတစ်ဆင့် ပုဂ္ဂိုလ်ရေး သို့မဟုတ် လုပ်ငန်းအချက်အလက်များကို ရယူရန် တစ်စုံတစ်ဦးအား လှည့်ခြားဖြင်း ဖြစ်သည်။ တိုက်ခိုက်သူသည် ယုံကြည်ရသော ရင်းမြစ်တစ်ခု သို့မဟုတ် ပစ်မှတ်ကို တိုက်ခိုက်ရန်အတွက် ဖန်တီးထားသော ဝက်ဘ်ဆိုက်တစ်ခုထံ သွေးဆောင်သည့် email တစ်ခုကို ၎င်း၏ ပစ်မှတ်ထံ ပေးပို့ခြင်းဖြင့် တိုက်ခိုက်နိုင်သည်။ Whaling တိုက်ခိုက်မှုများသည် သာမန် phishing တိုက်ခိုက်မှုများထက် ရှာဖွေရန် ခက်ခဲသည်။ […]

Read More

Google Search ပြုလုပ်ရာတွင် Gif ဖိုင်များအား Auto-play ဖြင့်မြင်နိုင်ရန် ပြုလုပ်ခြင်း

Google Image မှ gif ဖိုင်တွေကို ရှာဖွေတဲ့အခါမှာ ဖိုင်တွေဟာ လှုပ်ရှားမှုမရှိတဲ့အတွက် ဖိုင်တစ်ခုချင်းစီကို ကလစ်နှိပ်ပီး ရှာဖွေရတာဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ကိုယ်လိုချင်တဲ့ gif ဖိုင်တစ်ခု ရရှိဖို့အတွက် အချိန်ပေးပြီး ရှာဖွေရတာဟာ သုံးစွဲသူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေလို အချိန်လည်း ကုန်စေတာကြောင့် gif file တွေကို ရှာဖွေရှာမှာ Image result မှာတင် ဖိုင်တွေကို auto-play နိုင်အောင် စီစဉ်ထားနိုင်ပါတယ်။ Google Image ကနေ gif file တွေကို ရှာဖွေတဲ့အခါမှာ auto-play နိုင်ဖို့အတွက် Google Chrome Extension ကို သုံးစွဲရပါမယ်။ ပထမဆုံး Chrome browser ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် https://goo.gl/VA5QJJ ဆိုတဲ့ […]

Read More

အသစ်မိတ်ဆက်မည့် Microsoft ဖုန်းတွင် ဖယ်ရှားနိုင်မည့် ဘက်ထရီ ပါဝင်လာဖွယ်ရှိ

Microsoft မှ မိတ်ဆက်ကြေညာမည့် ဖုန်းအသစ်နှစ်မျိုးအနက် အရွယ်ကြီးမားသည့် အမျိုးအစားကို ဖယ်ရှားနိုင်သည့် ဘက်ထရီဖြင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ Lumia 950XL ၏ ပေါက်ကြားပေါ်ထွက်လာသည့် ဓာတ်ပုံတစ်ပုံတွင် 3,350mAh ဘက်ထရီ ပါဝင်သော ဖုန်း၏ကျောဘက်ကို ပြသထားပြီး သေးငယ်သည့် မြောင်းများ ပါဝင်သောကြောင့် ဘက်ထရီကို ဖယ်ရှားနိုင်ဖွယ်ရှိသည်။ Apple, Samsung, Google, HTC နှင့် အခြားကုမ္ပဏီတို့သည် ၎င်းတို့၏ ဖုန်းအသစ်များ၌ မဖယ်ရှားနိုင်သော ဘက်ထရီကို အသုံးပြုထားသောကြောင့် ဘက်ထရီကို ဆွဲထုတ်ဖယ်ရှားခြင်း မပြုလုပ်နိုင်ပေ။ ထို့အတွက်ကြောင့် iPhone ဘက်ထရီ အားကုန်သွားသည့်အခါ သုံးစွဲသူက အခြားသူက ဘက်ထရီကို အစားထိုးထည့်သွင်း သုံးစွဲခြင်းထက် အားသွင်းကြိုးကို မဖြစ်မနေ ရှာဖွေရမည် ဖြစ်သည်။ Microsoft ၏ Lumia […]

Read More

ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်စာရင်းတွင် Apple နှင့် Google က ထိပ်ဆုံး၌ ဆက်လက်ရပ်တည်

Apple နှင့် Google သည် ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် စာရင်း၏ ထိပ်ဆုံးနေရာ နှစ်ခု၌ သုံးနှစ်ဆက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ကွန်ပျူတာကုမ္ပဏီ Lenovo, ငွေပေးချေမှုကုမ္ပဏီ PayPal နှင့် ဒိန်းမတ်အရုပ်ကုမ္ပဏီ Lego တို့မှာ အမှတ်တံဆိပ် တန်ဖိုးကို တွက်ချက်ပြီး နှစ်စဉ်စာရင်းထုတ်ပြန်သည့် Interbrand ၏ ယခုနှစ် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် စာရင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့သည်။ ယခုနှစ်သည် Lego အတွက် အောင်မြင်မှုရရှိသော နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အဆင့် ၈၂ အထိ တက်လှမ်းနိုင်ခဲ့သည်။ Microsoft မှာ IBM ၏ အဆင့် ၄ နေရာကို ရယူခဲ့ပြီး Samsung ကမူ ယခင်အတိုင်း အဆင့် ၇ […]

Read More

ဂြိုဟ်တုမှတစ်ဆင့် အာဖရိကသို့ အင်တာနက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် Facebook စတင်မည

Facebook သည် ဂြိုဟ်တုတစ်လုံးမှတစ်ဆင့် အာဖရိကသို့ အခမဲ့ အင်တာနက် ထောက်ပံ့ပေးမှုကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန်အတွက် Eutelsat နှင့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ကြောင်း Telegraph မှ ဖော်ပြခဲ့သည်။ အဆိုပါ ဂြိုဟ်တုသည် သုံးစွဲသူထံ အင်တာနက် တိုက်ရိုက်ထောက်ပံ့ပေးမည် ဖြစ်ပြီး အာဖရိကရှိ အလွန်ဝေးကွာသော နေရာများရှိ သုံးစွဲသူများပင်လျှင် အွန်လိုင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း Eutelsat မှ ပြောကြားခဲ့သည်။ မာ့ခ်ဇူကာဘတ်ကမူ “ကမ္ဘာတစ်ဝန်းလုံး ချိတ်ဆက်နိုင်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု Facebook post တစ်ခုတွင် ပြောကြားခဲ့သည်။ ဂြိုဟ်တုမှတစ်ဆင့် အင်တာနက်ထောက်ပံ့ပေးမှုသည် Internet.org ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ Facebook သည် ဝေးလံခေါင်ဖျားသော နေရာများသို့ အင်တာနက် ထောက်ပံ့ပေးရန်အတွက် […]

Read More

Fuji Xerox နှင့် Gakken တို့မှ သင်ထောက်ကူစာအုပ်များ ပေးအပ်ပွဲအခမ်းအနား

Fuji Xerox နှင့် Gakken တို့မှ မြန်မာကလေးငယ်များသို့ ဒုတိယအကြိမ်မြောက် သင်ယူမှု အထောက်အကူပြုစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲကိုတော့ ထန်းတပင်မြို့နယ်ရှိ စည်ပင်သာ အခြေခံပညာ မူလတန်းကျောင်းနှင့် သန်လျင်မြို့နယ်ရှိ ဓမ္မဒီပ ဘုန်းတော်ကြီးသင်ပညာကျောင်းများတွင် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်ကကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

သုံးစွဲသူနှင့် ဘဏ်များကို ဟက်ကာရန်မှ ကာကွယ်ပေးမည့် အကြွေးဝယ်ကတ်သစ်

အမေရိကန်နိုင်ငံတွင် ဆိုက်ဘာပြစ်မှုများ အန္တရာယ်မှ ကာကွယ်ပေးမည့် ချစ်ပ်ထည့်သွင်းထားသော debit နှင့် အကြွေးဝယ်ကတ်များကို စံတစ်ခုအဖြစ် အသုံးပြုရန် ဥပဒေပြဌာန်းခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံရှိ စတိုးများတွင် ၎င်းကတ်များ ဖတ်နိုင်မည့် terminal များအား အဆင့်မြှင့်တင်ထားရန် လိုအပ်သည်။ သို့မဟုတ်ပါက terminal အဟောင်းများ အသုံးပြုနေသည့် စတိုးများသည် မရိုးမသားပြုလုပ်မှုဖြင့် အရေးယူခံရနိုင်သည်။ EuroPay, MasterCard နှင့် Visa တို့မှ ဖန်တီးထားသော EMV ချစ်ပ်သည် ဝယ်ယူမှု တစ်ကြိမ်ပြုလုပ်ရန် အတွက် တစ်ခါသုံး code ကိုဖန်တီးပေးမည် ဖြစ်သည်။ ထို့ကြောင့် မှောင်ခိုဈေးကွက်တွင် ခိုးယူခံထားရသော ကတ်နံပါတ်များသည် တန်ဖိုးရှိတော့မည် မဟုတ်ပေ။ သို့သော်လည်း ကတ်သုံးစွဲသူများသည် စတိုးများတွင် EMV ကတ်များဖြင့် အရောင်းအဝယ်ပြုလုပ်မှုများကို မြင်တွေ့ရန်လည်း […]

Read More