Day: October 5, 2015

အက်ဒ်ဝပ်စနိုးဒင်ကို Twitter တွင် follow ပြုလုပ်သူ တစ်သန်းရှိလာ

NSA ၏လျို့ဝှက်ချက်များကို ဖွင့်ချသူ အက်ဒ်ဝပ်စနိုးဒင်သည် Twitter ကို စတင်အသုံးပြုသည့် ၂၄ နာရီအတွင်း follow ပြုလုပ်သူ ၁ သန်းရှိလာကြောင်း သိရသည်။ စနိုးဒင်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ပထမဆုံး tweet ကိုတင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မနက်တွင် follow ပြုလုပ်သူ ၁.၀၃ သန်းအထိ ရှိခဲ့သည်။ စနိုးဒင်အနေဖြင့် @NSAGov ဟူသည့် twitter account တစ်ခုကိုသာ follow  ပြုလုပ်ထားသည်။ “အခုအချိန်မှာ Fort Meade က လူထောင်ပေါင်းများစွာ Twitter ကိုစပြီး အသုံးပြုနေကြပါပြီ”ဟု စနိုးဒင်က နောက်ပြောင်ကျီစယ်သည့် tweet ကို တင်ခဲ့သည်။ မေရီလန်းပြည်နယ်ရှိ  Fort Meade မှာ NSA ဌာနချုပ်တည်ရှိရာကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ […]

Read More

ကုမ္ပဏီ၏ ပထမဆုံး tablet အဖြစ် Pixel C ကို Google ထုတ်ဖော်မိတ်ဆက်

Google သည် tablet ဈေးကွက် ကျဆင်းနေခြင်းကို ပြန်လည်နှိုးထနိုင်သည့် လုပ်ငန်းခွင်သုံး Pixel C ဟုအမည်ရသည့် ထုတ်ကုန်ကို မိတ်ဆက်ခဲ့သည်။ Google သည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဖြုတ်နိုင်၊ တပ်နိုင်သော keyboard ပါဝင်သည့် မျက်နှာပြင် အရွယ်အစား ၁၀.၂ လက်မ Pixel C ( “C” ၏ အဓိပ္ပာယ်မှာ convertible) ကို မိတ်ဆက်ခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ computing မျိုးဆက်သစ်နဲ့ ခေတ်မီဆန်းသစ်မှုတွေနဲ့ ရှေ့ရောက်ဖို့ ကြိုးစားနေပါတယ်။ အဲလိုဖြစ်လာအောင် ကျွန်တော်တို့ hardware တည်ဆောက်သွားပါမယ်။ ဒါမှပဲ ecosystem ကို ရှေ့ရောက်အောင် လမ်းညွှန်နိုင်မှာပါ” ဟု Google အမှုဆောင် အရာရှိချုပ် ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ […]

Read More

Kenbo Fly O31

အားသာချက် တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော  Hardware ပိုင်းများတွင် သင့်တင့်ကောင်းမွန်သော ဖုန်းအမျိုးအစား ဖြစ်သည်။ ပုံစံဒီဇိုင်းလှပ သေသပ်ပေါ့ပါးသည့်အပြင် မြင်ကွင်းပိုင်း၊ Sensor စနစ်ပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်ပြီး ပြည်တွင်းအသုံးပြု မြန်မာစာစနစ်များ တစ်ပါတည်း ပါဝင်လာမည်ဖြစ်သည်။ အားနည်းချက် ဂရပ်ဖစ် GPU သီးသန့်မပါဝင်ဘဲ ဖုန်းတွင်နဂို ပါဝင်လာသော Built in Graphic ကိုသာ အသုံးပြုရမည် ဖြစ်သောကြောင့် ဂိမ်းကစားခြင်းနှင့် ဂရပ်ဖစ်အသုံးပြု စနစ်ပိုင်းများတွင် အနည်းငယ် အားနည်းမည်ဖြစ်သည်။ မြင်ကွင်း ရှေ့မျက်နှာပြင်မှာ HD AMOLED Screen ဖြစ်ပြီး 1280 x 720 pixels (~294 ppi pixel density) ထိရရှိနိုင်မည် […]

Read More

ပြည်တွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ College နှင့် Institute များ

မြန်မာနိုင်ငံတွင် ပညာရေးအဆင့်အတန်း ပြောင်းလဲလာသည်နှင့်အမျှ ပြည်တွင်းရှိ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ College နှင့်  Institute များ အများပေါ်ပေါက်လာခဲ့ပါသည်။ ထိုကျောင်းများမှ တစ်ဆင့် တက်ရောက်ပြီး နိုင်ငံကြီးများသို့ ကူးပြောင်း တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ပြည်တွင်းရှိ အချို့သော ပြည်တွင်းရှိ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ College နှင့် Institute အချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါသည်။ Strategy First Institute Strategy First Institute ကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၌ စတင် တည်ထောင်ခဲ့သည်။ ဈေးကွက်ပညာ (Marketing)၊ အမှတ်တံဆိပ် စီမံခန့်ခွဲခြင်း (Brand Management)၊ မဟာဗျူဟာပိုင်း ဆိုင်ရာများ (Strategy) […]

Read More

BTEC မှချီးမြှင့်သော Level 5 HND in Business ဘာသာရပ်တွင် Pearson Medallion Award ဆုကိုရရှိခဲ့သော မခင်စန္ဒာလှမြင့်၏ Student Life

ဒီအပတ်မှာတော့ BTEC မှချီးမြှင့်တဲ့ Level 5 HND in Business ဘာသာရပ်မှာ Pearson Medallion Award ဆုကိုရရှိခဲ့တဲ့ မခင်စန္ဒာလှမြင့်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အမည်နဲ့ လက်ရှိတက်ရောက်နေတဲ့ကျောင်းကို သိပါရစေ။ ညီမနာမည် မခင်စန္ဒာလှမြင့်ဖြစ်ပါတယ်။ ညီမလက်ရှိ တက်ရောက်နေတာကတော့ Myanmar Imperial College မှာ Bachelor of Management ကိုတက်ရောက်နေပါတယ်။ ဒီဘာသာရပ်ကို ဘာကြောင့်ရွေးချယ်ခဲ့သလဲ။ ညီမက အထက်တန်းကို ISM မှာပြီးခဲ့တာဆိုတော့ အဲဒီမှာကမြန်မာကျောင်းလိုမျိုး Bio, Eco ရွေးဖို့မလိုဘူး။ ညှပ်တက်လို့ရတယ်။ Eco ဘာသာယူနေပြီးတော့ Engineering ကိုလည်း တက်လို့ရတယ်။ အဲဒီတော့ ညီမက နှစ်ခုစလုံးကိုယူခဲ့တယ်။ နိုင်ငံခြားသွားရမှာ မသေချာလို့၊ ပြီးတော့ […]

Read More

လမ်းလျှောက် စကားပြောစက်များနှင့် Repeater များကို ခွင့်ပြုချက် မရဘဲ အသုံးမပြုရန် ထပ်မံကြေညာ

လိုင်စင်ရယူပြီးမှ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေး ပစ္စည်းများ (လမ်းလျှောက် စကားပြောစက် (Walkie-Talkie) များနှင့် Repeater များ အပါအဝင်) ကို ခွင့်ပြုချက်နှင့် လိုင်စင် ရယူခြင်း မပြုဘဲ အသုံးပြု ခြင်း မပြုရန် ကြေညာထားသည်။ မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတို့ကို ခွင့်ပြုချက်နှင့် လိုင်စင်ရယူခြင်း မပြုဘဲ ဆောင်ရွက်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းမပြုရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာထားခြင်း ဖြစ်သည်။ မည်သူမဆို လိုင်စင် ထုတ်ပေးခြင်း ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၃၊ နည်း ဥပဒေခွဲ (က)၊ ဇယား (၂) အရ ပြန်လည် ထုတ်လွှင့်နိုင်သည့် ရေဒီယိုစက်ပစ္စည်းများတွင် အပါအ၀င်ဖြစ်သော လမ်းလျှောက် စကားပြောစက် (Walkie-Talkie […]

Read More

အလိုအလျောက် မောင်းနှင်နိုင်သည့် ထရပ်ကားကို Daimler မှ ပထမဆုံးအကြိမ် စမ်းသပ်

မော်တော်ကားများ ထုတ်လုပ်သည့် Daimler ကုမ္ပဏီသည် အလိုအလျောက် မောင်းနှင်နိုင်သော Highway Pilot စနစ်သုံး Mercedes-Benz Actros လုပ်ငန်းသုံး ထရပ်ကားကို ဂျာမနီနိုင်ငံရှိ အများပြည်သူသုံး လမ်းမ Autobahn 8 တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြခဲ့သည်။ ထိုသို့စမ်းသပ်ခဲ့ရာတွင် ၎င်းထရပ်ကားကို အန္တရာယ်မကျရောက်စေရန် အဖွဲ့သားများက စောင့်ကြည့်ခဲ့ရသည်။ အလိုအလျောက် မောင်းနှင်နိုင်သည့် Mercedes-Benz Actros ထရပ်ကားသည် ရေဒါအမျိုးမျိုး ပေါင်းစပ် အသုံးပြု၍ အဝေးပြေးလမ်းမပေါ်တွင် ကောင်းစွာ ထိန်းကျောင်း မောင်းနှင်နိုင်ခဲ့သည်။ ထို့အပြင် အဆိုပါထရပ်ကားတွင် စတူရီယိုကင်မရာများနှင့် အခြေအနေအမျိုးမျိုးတွင် လုံခြုံစွာ ထိန်းကျောင်းမောင်းနှင်နိုင်မည့် စနစ်များစွာလည်း ထည့်သွင်းထားသည်။ Daimler ၏ စမ်းသပ်မှုအရ ၎င်းနည်းပညာသည် ပြင်ပလောကအတွင်းရှိ မည်သည့်ယာဉ်နှင့်မဆို သဟဇာတဖြစ်ကြောင်း ဗီဒီယိုတွင် ပြသခဲ့သည်။ […]

Read More

League of Legends ၏ 5.18 Patch ထွက်ရှိ

ကမ္ဘာပ်ါတွင် လူဆော့အများဆုံး MOBA ဂိမ်းဖြစ်ပြီး နေ့စဉ်ကစားသူ ၂၇ သန်း ကျော်ရှိသော League of Legends ဂိမ်း၏ 2015 update (5.18 Patch) အခွေထွက်ရှိလာကြောင်း သိရသည်။ LoL ဂိမ်းတွင် ကစားသူအနေဖြင့် ပုံစံကွဲပြားသော game modes မျိုးစုံတွင် ကစားနိုင်မည် ဖြစ်ပြီး ပုံမှန် 5 vs 5 မြေပုံများအပြင် ၁၂ ယောက်တစ်ပြိုင်တည်း ကစားနိုင်မည့် Hexakill mode နှင့် Champions အသစ်များဖြစ်သော Gnar, the Missing Link၊ Azir, the Emperor of the Sands နှင့် Rek’Sai, the Void Burrower […]

Read More

Patreon ဝက်ဘ်ဆိုက်၏ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Patreon ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရအပြီး 15 gigabytes ခန့်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း သိရသည်။ Patreon သည် အနုပညာရှင်များက ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် အနုပညာလက်ရာ သို့မဟုတ် ပညာဖြင့် ရံပုံငွေရှာဖွေနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ Patreon ကို တေးဂီတပညာရှင် ဂျက်ကွန်တီနှင့် developer ဆမ်ရမ်တို့က ပူးတွဲတည်ထောင်ခဲ့သည်။ Patreon ဝက်ဘ်ဆိုက်တွင် ငွေကြေးလှူဒါန်းသူ ၂,၃၃၀,၃၈၂ ၏ တစ်ကိုယ်ရေ အချက်အလက်များမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်၌ အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အကြွေးဝယ်ကတ် အသေးစိတ် အချက်အလက်များမှာ ခိုးယူခြင်းမခံခဲ့ရ ကြောင်း အမှုဆောင်အရာရှိချုပ် ဂျက်ကွန်တီက ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ဆာဗာမှာ အကြွေးဝယ်ကတ်နံပါတ် […]

Read More

နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲအတွက် လုပ်ငန်းအကြိုရှင်းလင်းတင်ပြပွဲ

Myan Auto မှ ၂၀၁၅ ခုနှစ် မြန်မာ့အကောင်းဆုံး ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲအတွက် လုပ်ငန်းအကြို ရှင်းလင်းတင်ပြပွဲကို စက်တင်ဘာလ ၃၀ ရက်က UMFCCI ဆန်စပါးအသင်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More