Day: October 2, 2015

Windows 10 တွင် OneDrive အား Uninstall ပြုလုပ်ခြင်း

သင်ဟာအခြားသော Cloud Storage service များဖြစ်တဲ့ Dropbox, Google Drive အစရှိတဲ့ Cloud Storage service တွေကို အသုံးပြုနေတာကြောင့် Windows 10 မှာ Default ပါဝင်လာတဲ့ OneDrive Cloud Storage ကို အသုံးမပြုချင်ဘူးဆိုရင် Uninstall ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ OneDrive Cloud Storage Service ကို Uninstall ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Windows 10 ပေါ်ကနေ OneDrive ကို Uninstall ပြုလုပ်ဖို့အတွက် Command Prompt ကိုအသုံးပြုရပါမယ်။ အဆိုပါ Command Prompt ပေါ်ကနေ OneDrive ကို […]

Read More

Facebook တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်

Facebook သုံးစွဲသူများအနေနဲ့ လူမှုရေးမီဒီယာမှာတင်တဲ့ post တွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Facebook post တစ်ခုကြောင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရခြင်းမှ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက လှုမှုရေးမီဒီယာ သုံးစွဲသူတွေ အနေနဲ့ privacy setting အနည်းငယ်သာ အသုံးပြုနေကြတာကို သတိပေးထားပါတယ်။ ဒါကြောင့် လှုမှုရေးမီဒီယာ သုံးစွဲသူတွေ သတိပြုနိုင်ဖို့ Facebook မှာလုံးဝ မတင်သင့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြသွားပါမယ်။ ဒီအချက်တွေက Facebook သုံးစွဲသူနဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာပါ။ (၁၀) အိမ်အပြင်ထွက်မည့် အကြောင်း Facebook သုံးစွဲသူတွေဟာ အားလပ်ရက် ခရီးထွက်ခြင်း ဒါမှမဟုတ် ညဘက် အပြင်ထွက်ခြင်းစတဲ့ အိမ်ကနေ အပြင်ထွက်မယ့်အချိန်ကို လူတွေသိစေမယ့် […]

Read More

Expreian လုံခြုံရေးစနစ် ချိုးဖောက်ခံရပြီးနောက် T-Mobile သုံးစွဲသူ ၁၅ သန်း၏ အချက်အလက်များ ပေါက်ကြားခဲ့

ဟက်ကာတစ်ဦးသည် T-Mobile ၏ credit application သုံးစွဲသူ ၁၅ သန်း၏ အချက်အလက်များကို ရယူခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ လုံခြုံရေးစနစ် ပေါက်ကြားမှုသည် T-Mobile ၏ credit application လုပ်ဆောင်ချက်များကို စစ်ဆေးဆောင်ရွက်သည့် Experian ကုမ္ပဏီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း T-Mobile အမှုဆောင်အရာရှိချုပ် ဂျွန်လက်ဂရီက ပြောကြားခဲ့သည်။ Experian North America ကမူ ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုမှာ ထိန်းချုပ်ခံခဲ့ရသော်လည်း လုပ်ငန်းတစ်ခုလုံးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း ဆိုခဲ့သည်။ Experian North America ၏ မိခင်ကုမ္ပဏီဖြစ်သော Experian သည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် အခြေစိုက်သည်။ “ယခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ဟက်ကာက […]

Read More

Windows 10 Login Screen တွင် Custom Message ထည့်သွင်းခြင်း

Windows 10 အသုံးပြုသည့် Laptop များ မတော်တဆ မေ့ကျန် ပျောက်ဆုံးခဲ့တဲ့အခါမှာ အဆိုပါ Laptop ကို ကောက်ရမိသူများ မိမိထံကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် Windows 10 Login Screen မှာ Custom Message ကိုထည့်သွင်းထားနိုင်ပါတယ်။ အဆိုပါ Custom Message မှာ ပျောက်ဆုံး သွားတဲ့ Laptop ကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် မိမိထံ ဆက်သွယ်ရမယ့် လိပ်စာများ ဖုန်းနံပါတ်များ ကို ထည့်သွင်း ထားနိုင်ပါတယ်။ Windows 10 Login Screen မှာ Custom Message ထည့်သွင်းမယ်ဆိုရင် Registry ကနေ သွားရောက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပထမဆုံး Run box ကို ဖွင့်လိုက်ပါ။ […]

Read More

Crossover ဈေးကွက်အတွက် Buick Encore ကိုလည်း စောင့်ကြည့်ရမယ် …

ဟုတ်ပါတယ်၊ အရင်တုန်းက အမေရိကန် အခြေစိုက် ကားကုမ္ပဏီတွေကနေ မော်ဒယ်တွေကို ထုတ်လုပ်ပြီဆိုရင် သူတို့ အတွက် အကြမ်းခံနိုင်ရည်၊ ကားရဲ့ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ မော်ဒယ်မျိုးကို ထုတ်လုပ်တတ်တာ တွေ့ရသလို တစ်ဖက်ကလည်း အကြီးစားတန်းဝင် မော်ဒယ်တွေကိုပဲ ထုတ်လုပ်တာများပေမယ့် အခု နောက်ပိုင်းမှာတော့ သူတို့လည်း Crossover လို့ခေါ်တဲ့ အရွယ်တော်အနေအထား SUV ကားလောကဘက်ကို ခြေဦးလှည့်လာတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ လိုက်ပါစီးနင်းနိုင်တဲ့ ခရီးသည် အရေအတွက် အတူတူလောက်ပဲ ဖြစ်ပေမယ့် အတွင်းခန်း အနေအထားနည်းနည်း ကွဲတာကလွဲလို့ Crossover မော်ဒယ်တွေအနေနဲ့က ဆီစားလည်း သက်သာတယ်၊ ထုတ်လုပ်မှုစရိတ်လည်း သက်သာတယ်၊ ဆွဲဆောင်မှုရှိအောင်လည်း ထုတ်လုပ်နိုင်တယ်၊ ဈေးကွက်ကလည်း ကြိုက်တယ်၊ ဒီအချက်တွေနဲ့ပဲ အဲဒီလို Crossover တွေဘက်ကို လှည့်လာကြတာဖြစ်ပြီး Buick ရဲ့ […]

Read More

နောက်မှဝင်ရောက်လာမည့် အော်ပရေတာ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အားသာချက်ရှိမည် ဟုဆို

နောက်မှဝင်ရောက်လာမည့် အော်ပရေတာအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အားသာချက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ဆီမှာ နောက်မှ ဝင်လာတဲ့သူအတွက် အားသာချက်ရှိတယ်။ Telenor, Ooredoo ဝင်တဲ့အချိန်မှာ ဒီထက်ပိုပြီး ခက်ခဲခဲ့တာပါ။ တာဝါဆောက်ဖို့ အတွက် အခက်အခဲ ရှိတယ်။ ဖိုက်ဘာချဖို့ အခက်အခဲရှိခဲ့တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအခက်အခဲတွေကို ပါဝင်ခဲ့ရတာပဲ။ တစ်နှစ်အချိန်ယူပြီးတော့ အခက်အခဲက လျော့သွားပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘက်က ခွင့်ပြုချက်ပေးနေတာလည်း မြန်သွားပြီ။ အခုလောလောဆယ် ဖြစ်နေတာကတော့ ကျွန်တော်တို့နဲ့လည်း မဆိုင်၊ သူတို့နဲ့လည်း မပတ်သက်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်နေတယ်။ မုန်တိုင်းတို့၊ မြေပြိုတာတို့ကလွဲလို့ ကျန်တာ တော်တော် များများတော့ လွယ်ကူလာပါပြီ” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင် က ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေး […]

Read More

Pocket Projector

iPhone 4,4S ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည့် Pocket Projector ဖြစ်သည်။ ချိတ်ဆက်အသုံးပြုမည့် ဖုန်းများကို Pocket Projector တွင် တပ်ဆင်လိုက်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ မြင်ကွင်းအကျယ် လက်မ ၅၀ အထိ ရမည်ဖြစ်ပြီး 2100 mAh ဘက်ထရီကို ထည့်သွင်း အသုံးပြုထားသည်။ Made in china အမျိုးအစားဖြစ်ပြီး တန်ဖိုးမှာ ၇ဝ,ဝဝဝ ကျပ်ဖြစ်သည်။ Ko Beno (IT,Mobile, Game Sale & Service Center ဖုန်း ၃၈၀၅၃၆၊ ၃၈၉၀၃၁ နှင့် ၀၉၈၆၂၂၇၄၄  ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Malwarebytes Anti-Malware

Malwarebytes Anti-Malware ဆိုသည့် ဆော့ဖ်ဝဲသည် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာများအတွင်းတွင် Malware များ၊ Trojan များ အစရှိသည်တို့ကို ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Operating System ၏ နောက်ကွယ်တွင် အမြဲစောင့်ကြည့်ပေးနေမည်ဖြစ်ပြီး Malware များ၊ Trojan များကို တွေ့ရှိပါက ဖယ်ရှား ရှင်းလင်းပေးနိုင်မည် ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.7MB ခန့်သာ ရှိမည်ဖြစ်သည်။ Mac OS X 10.7 မှ 10.10 အထိ ထည့်သွင်း ဖော်ပြနိုင်မည် ဖြစ်သည်။ အခမဲ့ download […]

Read More

Videoshop

Videoshop ဆိုသည့် app သည် iPhone, iPad တို့ပေါ်မှနေ၍ Video file များကို ပြင်ဆင်တည်းဖြတ်နိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် Filter များ၊ Effect များစွာကို ထည့်သွင်းပေးထားပြီး Sound Effect များ ပြုလုပ်နိုင်ရန်အတွက်ပါ စီစဉ်ပေးထားသည့် app တစ်ခု ဖြစ်သည်။ Videoshop app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ […]

Read More

Ooredoo က အင်တာနက် အသုံးပြုခများကို ဈေးနှုန်းပြောင်းလဲ

Ooredoo သည် လက်ရှိအချိန်၌ မိုဘိုင်းဖုန်း ငွေဖြည့်သွင်းခြင်းကို ၅၀ ရာခိုင်နှုန်း ပရိုမိုရှင်းပေးအပ် လိုက်သည့် နောက်ပိုင်း ၎င်းတို့၏ အင်တာနက်အသုံးပြုခ Plan များကို ဈေးနှုန်းမြှင့်တင်လိုက်သည်ဟု သိရသည်။ တစ်လတာအတွင်း အသုံးပြုရသည့် 1GB Plan ကို ယခင်က ၆,၉၀၀ ကျပ် သတ်မှတ်ထားရာမှ ယခုအခါ ၈,၀၀၀ ကျပ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး 2GB Plan အတွက် ယခင်က ၁၂,၉၀၀ ကျပ် သတ်မှတ်ထားရာမှ ယခုအခါ ၁၅,၀၀၀ ကျပ် သတ်မှတ်လိုက်သည်ဟု သိရသည်။ အလားတူ 5GB Plan အတွက် ယခင်က ၂၉,၉၀၀ ကျပ် သတ်မှတ်ထားရာမှ ယခုအခါ ၂၅,၀၀၀ ကျပ် အဖြစ်သို့ ပြောင်းလဲသတ်မှတ်လိုက်သည်ဟု သိရသည်။ […]

Read More