Day: September 30, 2015

uGet downloader အား Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS အသုံးပြုသူတွေအနေနဲ့ download ပြုလုပ်ရာတွင် စွမ်းအားပြည့် download ပြုလုပ်ပေးနိုင်မယ့် uGet downloader ဆော့ဖ်ဝဲဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ download ပြုလုပ် တဲ့ ဖိုင်တွေကိုစနစ်တကျရှိစေရန် အတွက် စီမံပေးနိုင်သလို၊ download ပြုလုပ်နေရင်း အကြောင်း အမျိုးမျိုးကြောင့် ခေတ္တရပ်နားထားပြီးမှ ပြန်လည် download ပြုလုပ်ရန် အတွက်လည်း resume feature ကို ထည့်သွင်းပေးထားပါတယ်။ uGet ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + […]

Read More

အမေရိကန်၏ အကြီးမားဆုံး အချက်အလက် ပေါက်ကြားမှုအဖြစ် လူပေါင်း ၅.၆ သန်း၏ လက်ဗွေများ ခိုးယူခံရ

အမေရိကန် ရှိဖက်ဒရယ်အစိုးရ၏ ဝန်ထမ်းစီမံခန့်ခွဲရုံး (OPM) ဟုအမည်ရသည့် လူ့စွမ်းအား အရင်းအမြစ်ဌာနမှ လက်ဗွေပေါင်း ၁.၁ သန်းခန့်သည် ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ခိုးယူခံခဲ့ရသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ အေဂျင်စီမှ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီးနောက် လက်ဗွေပေါင်း ၅.၆ သန်း ခိုးယူခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ လက်ဗွေ database တိုက်ခိုက်ခံရမှုတွင် ပါဝင်သည့် လက်ဗွေများသည် ဖက်ဒရယ် ဝန်ထမ်းဟောင်း/သစ်များ အပါအဝင် နောက်ကြောင်း ရာဇဝင်စစ်ဆေးရန် လျှောက်လွှာတင်ထားသူနှင့် ၎င်းတို့၏ ဆွေမျိုးများ ပါဝင်သည်။ ကျွမ်းကျင်ပညာရှင်၏ ခန့်မှန်းမှုအရ လက်ဗွေအချက်အလက်များ လွဲမှားစွာ အသုံးပြုနိုင်သည့် အရည်အချင်းသည် အကန့်အသတ်ရှိကြောင်း၊ အဆိုပါ ဖြစ်တန်ရာများသည် နည်းပညာနှင့်အတူ ပြောင်းလဲလာနိုင်ကြောင်း OPM မှ ထုတ်ပြန်ခဲ့သည်။ OPM အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် […]

Read More

မိုဘိုင်းဖုန်း Screen များအား Coating ဖြင့် ကာကွယ်ပေးမည့် Nano Liquid Glass Protector

မိုဘိုင်းဖုန်းများနှင့် Tablet များ၏ Screen များအား Screen ကာဗာ ကပ်ထားရန်မလိုအပ်ပဲ Coating တစ်ခုကဲ့သို့ သုတ်လိမ်းထားရုံဖြင့် ဖုန်း Screen ပွန်းရှခြင်းအား အကောင်းဆုံး ကာကွယ်ပေးထား နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနည်းလမ်းမှာ Screen ပေါ်တွင် ဓာတုဗေဒ နည်းစနစ်အရ ပြုလုပ်ထားသော ဆေးရည်အား သုတ်လိမ်းထားရုံဖြင့် ပွန်းရှခြင်းအား ကာကွယ်ပေးထားနိုင်မည့် စနစ်ဖြစ်သည်။ ၎င်းဆေးရည်မှာ Nano Liquid ဟုအမည်ရသော ဆေးရည်တစ်မျိုးဖြစ်ပြီး ယင်းဆေးရည်အား သုတ်လိမ်းထားရုံဖြင့် ပွန်းရှခြင်းများအား အကောင်းဆုံး ကာကွယ်ပေးထား နိုင်မည်ဖြစ်သည့်အပြင် ယင်းကဲ့သို့ ကာကွယ်ပေးထားမှု အတွက်လည်း အာမခံရရှိမည် ဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ ဒီ Nano Liquid ဆိုတဲ့ Glass Protector ကို စတင်ဖြန့်ချိနေပါပြီ။ ဒီဆေးရည်ဟာ […]

Read More

Linux botnet တစ်ခုက 150 Gbps ဖြင့် DDoS တိုက်ခိုက်မှုများ ပြုလုပ်နေ

Linux botnet တစ်ခုသည် distributed denial-of-service (DDoS) တိုက်ခိုက်မှုများကို 150 Gbps ကျော်ဖြင့် ပြုလုပ်နေကြောင်းနှင့် ၎င်းသည် သာမန်ကုမ္ပဏီတစ်ခု၏ အခြေခံအဆောက်အဦ၏ ခံနိုင်ရည်ထက် အဆပေါင်းများစွာ ပြင်းထန်ကြောင်း သိရသည်။ အဆိုပါ botnet ၏ နောက်ကွယ်ရှိ malware ကို XOR DDoS ဟုခေါ်ဆိုပြီး တိုက်ခိုက်သူများက ၎င်း malware ကို Wi-Fi router များနှင့် ကွန်ရက်ချိတ်ဆက်ထားသော သိုလှောင်မှုထုတ်ကုန်များ အပါအဝင် Linux စနစ်များတွင် ထည့်သွင်းကာ brute-force တိုက်ခိုက်မှုများကို အသုံးပြုပြီး SSH (Secure Shell) login အချက်အလက်များကို ရယူသည်။ ၎င်းအချက်အလက်များကို အားနည်းချက်ရှိသော စနစ်များသို့ ဝင်ရောက်ရာတွင် အသုံးပြုပြီး shell […]

Read More

MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်ရန် စီစဉ်

MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း MPT/KDDI/Sumitomo Corporation တို့၏ Joint Operation CEO ဖြစ်သူ Mr Takashi Nagashima က ပြောသည်။ MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ရန် စီစဉ်ထားပြီး နောက်ပိုင်း ရှိသင့်သောနေရာတိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ “မြို့နယ်တစ်ခုမှာ တစ်ဆိုင်စီလောက် ရှိသင့်တယ်” ဟု ဆက် လက်ပြောကြားသည်။ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်၌ ငါးဆိုင်၊ မန္တလေး၌ သုံးဆိုင်၊ နေပြည်တော်၌ နှစ်ဆိုင် ဖွင့်ရန် […]

Read More

အောက်တိုဘာလ ၁ ရက်မှစတင် လက်ရှိ ဖုန်းခေါ်ဆိုမှုများမှာ ကမ္ဘာ့အသက်သာဆုံး ဖုန်းခေါ်ဆိုမှုနှုန်းထား

အော်ပရေတာဈေးကွက် တစ်နှစ်ဝန်းကျင်သာ ရှိသေးသည့် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖုန်းခေါ်ဆိုမှုများမှာ ကမ္ဘာ့အသက်သာဆုံး ဖုန်းခေါ်ဆိုမှုနှုန်းထားများ၌ ပါဝင်ကြောင်း Ooredoo Myanmar ၏ CEO Mr.Rene Meza က ပြောကြားသည်။ “Regulator ကနေ ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ အော်ပရေတာအချင်းချင်းခေါ်ဆိုမှု ခေါ်တဲ့သူ၊ အများဆုံးအချိန်နဲ့ခေါ်တဲ့သူ၊ အနည်းဆုံးအချိန်ကို အများဆုံးနှစ်ဆယ်ကနေ အနည်းဆုံး ၁၅ ကျပ် ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒါက အော်ပရေတာ အချင်းချင်းတွေကြားထဲမှာ ခေါ်ဆိုမှု။ နောက်တစ်ခုကတော့ လက်လီဈေးကို ကြည့်မယ်ဆိုလို့ရှိရင် အခုချထားတဲ့ဈေးနှုန်းတွေက ကမ္ဘာနဲ့နှိုင်းစာမယ်ဆိုရင် အခုမှ တစ်နှစ်သားပဲရှိသေးတဲ့အတွက် Telecommunication ကဏ္ဍမှာ ဒီဈေးတွေက ကမ္ဘာပေါ်မှာ အသက်သာဆုံးဈေးမှာ ပါဝင်တယ်” ဟုပြောကြားသည်။ အော်ပရေတာများအနေဖြင့် အမြတ်အစွန်း ရရှိလာချိန်တွင် ယခုထက်ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်မည့်အပြင် ကွန်ရက်များကိုလည်း ပိုမိုချဲ့ထွင်လာနိုင်မည် […]

Read More

Mac OS X ပေါ်မှ Java အား Uninstall ပြုလုပ်ခြင်း

Java ကို Mac OS X ပေါ်ကနေ Uninstall ပြုလုပ်ချင် သူများအတွက် အောက်ဖော်ပြပါ အတိုင်း ပြုလုပ် နိုင်ပါတယ်။ Java မှာ လုံခြုံရေးဟာကွက် အနည်းအကျဉ်းရှိတာကြောင့် သုံးစွဲသူများ အနေနဲ့ Java ကို ဆက်လက်ထည့်သွင်း ထားခြင်းမရှိ လိုတဲ့အခါမှာ အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Mac OS ပေါ်မှာ ကနေ Java Runtime ကို Uninstall ပြုလုပ်ဖို့အတွက် Terminal ကိုဖွင့်လိုက်ပါ။ ပြီးသွားရင်ဖော်ပြပါ Command တွေကို Terminal ထဲကို Copy / Paste ပြုလုပ်ပြီး ထည့်သွင်းလိုက်ပါ။ အသုံးပြုရမယ့် Command တွေကတော့ – sudo rm -fr /Library/Internet\ […]

Read More

One M9+ Supreme Camera အမျိုးအစားကို HTC မိတ်ဆက်

ဧပြီလက ကမ္ဘာတစ်ဝန်းသို့ ပွဲထုတ်မိတ်ဆက်ခဲ့သော One M9+ ကို အဆင့်မြှင့်တင်ထားသည့် One M9+ Supreme Camera အမျိုးအစားအား HTC မှ တရားဝင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်တွင် 21MP ကင်မရာကို အသုံးပြုထားပြီး laser auto focus စနစ်ကို ထောက်ပံ့ပေးထားသည်။ အဆင့်မြှင့်ထားသည့် ကင်မရာမှလွဲ၍ ကျန်အစိတ်အပိုင်းများမှာ M9+ နှင့် တူညီသည်။ ထို့အတွက် ၎င်းကို ၅.၂ လက်မ QHD display နှင့် MediaTek MT6795T Helio X10 ပရိုဆက်ဆာအပြင် 3GB RAM ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Front-facing စပီကာများဖြင့် အသုံးပြုနိုင်ပြီး ဘက်ထရီက 2,840 mAh […]

Read More

2.1 Channel Bluetooth Speaker

AEK အမှတ်တံဆိပ် LT-259 မော်ဒယ် 2.1 Channel Bluetooth Speaker ဖြစ်သည်။ Bluetooth စနစ်ထောက်ပံ့ပါဝင်သည့်အတွက် Bluetooth စနစ်ပါဝင်သော စမတ်ဖုန်း၊ Tablet များဖြင့် တွဲဖက် အသုံးပြုနိုင်မည်ဖြစ်သည်။ စပီကာ၏ အထွက်ဗို့အား ၃၈ ဝပ် (R.M.S)ရှိသည်။ စပီကာစနစ်တွင် ၁၄ ဝပ် (R.M.S) အထွက်ဗို့အားရှိ ၅ လက်မအရွယ်အစား Subwoofer တစ်လုံး၊ အထွက်ဗို့အား ၁၂ ဝပ်ရှိသည့် ၃.၂ လက်မအရွယ်အစား Satllites နှစ်လုံး ပါဝင်မည်ဖြစ်သည်။ ဆူညံသံကိုလျှော့ချပေးသည့် Distortion စနစ်များလည်း ထောက်ပံ့ပါဝင်မည်ဖြစ်သည်။ အဆိုပါ 2.1 Channel Bluetooth စပီကာကို တန်ဖိုး ၄၀,၅ဝဝ ကျပ်ဝန်းကျင်ဖြင့် စူပါမားကတ်များ၊ အမြို့မြို့အနယ်အနယ်ရှိ အီလက်ထရွန်းနစ်ပစ္စည်းအရောင်းဆိုင်များ၌ […]

Read More

Samsung 32” HD Flat Smart TV

Samsung အမှတ်တံဆိပ် ၃၂ လက်မအရွယ် HD Flat Smart TV ဖြစ်သည်။ Wide Color Enhancer နည်းပညာကို အသုံးပြုထားပြီး လှုပ်ရှားမှု ပုံရိပ်များကို ထစ်ခြင်းမရှိစေသော Clear Motion Rate 100Hz နည်းပညာဖြင့် ဖွဲ့စည်းထားသည်။ Wireless Lan Built In ပါဝင်ပြီး Smart internet TV ဖြစ်သောကြောင့် Facebook, Youtube, Skype စသည်တို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။  Wifi Direct ပါဝင်သည့်အတွက် မိမိတို့၏ Smart Phone ဖြင့် ချိတ်ဆက်ပြီး Smart Phone အတွင်းရှိ Movies, Musics, Photos နှင့် Games များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ […]

Read More