Day: September 28, 2015

စမတ်နာရီ ထုတ်ကုန်သစ်တစ်မျိုးကို Pebble မိတ်ဆက်

စမတ်နာရီ ထုတ်ကုန်သစ်တစ်မျိုးကို Pebble Time နှင့် Pebble Time Steel စမတ်ဖုန်းများကြောင့် လူသိများလာသည့် Pebble ကုမ္ပဏီသည် ဒိုင်ခွက်လုံးဝန်းသော ပုံသဏ္ဌန်ဖြင့် ပထမဆုံး ထုတ်လုပ်ထားသော Pebble Time Round စမတ်နာရီကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်နာရီ၏ အထူမှာ ၇.၅ မီလီမီတာထူပြီး အလေးချိန်မှာ ၂၈ ဂရမ်ရှိသည်။ ထို့ကြောင့် Pebble Time Round သည် Apple Watch နှိုင်းယှဉ်လျှင် အလေးချိန် ထက်ဝက်ခန့် သက်သာသလို စတီးလ်လက်ပတ် ပါဝင်သည့် ၄၂ မီလီမီတာ မော်ဒယ်ထက် အလေးချိန် ၁၀၀ ဂရမ်သက်သာသည်။ Pebble Time Round စမတ်နာရီအတွက် လက်ပတ်များမှာ ၁၄ မီလီမီတာသို့မဟုတ် […]

Read More

Gmail တွင် လူတစ်ဦးချင်း block ပြုလုပ်နိုင်သည့် feature ကို Google မိတ်ဆက်

Google သည် သုံးစွဲသူ များအနေဖြင့် မမြင်တွေ့လိုသည့် လူများမှပေးပို့သော message များကို Gmail inbox အတွင်း မမြင်တွေ့နိုင်စေရန် ပြုလုပ်ထားနိုင်မည့် black sender feature ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ feauture သည် Gmail ဝက်ဘ်ဆိုက်ပေါ်တွင် စတင်ပါဝင်လာမည်ဖြစ်ပြီး လာမည့်ရက်သတ္တ တစ်ပတ်အတွင်း Android တွင် ပါဝင်လာမည် ဖြစ်သည်။ လက်ရှိတွင် သုံးစွဲသူသည် Gmail အတွင်း spam အဖြစ် အီးမေးလ်ကို တိုင်ကြားနိုင်သော်လည်း ၎င်းလုပ်ဆောင်ချက်ကို တစ်ကြိမ်ထက် ပိုမိုလုပ်ဆောင် ရမည့်အပြင် ခလုတ်တစ်ချက် နှိပ်သည့်ထက် လွယ်ကူမှုမရှိပေ။ “တစ်ခါတစ်လေမှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ လူဆီကမေးလ် ရလေ့ရှိပါတယ်။ အဲ့လိုမဖြစ်ဖို့ မျှော်လင့်ရတာပါပဲ။ ဒါပေမဲ့ ဖြစ်လာချိန်မှာတော့ ဒီလူဆီက […]

Read More

Sony Xperia M5

အားသာချက် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU နှင့် မှတ်ဉာဏ် ထောက်ပံ့နိုင်မှု အပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ကင်မရာ ပိုင်းတွင်လည်း Mega Pixel မြင့်မားသော ကင်မရာကို အသုံးပြုထားသောကြောင့် ဓာတ်ပုံအတွက်လည်း ကောင်းမွန်သည့်အပြင် ရေစိုခံ၊ အကြမ်းခံ ဖုန်းအမျိုးအစား ဖြစ်သည့်အတွက် နေရာမရွေး အသုံးပြုနိုင်မည်ဖြစ်ပြီး ပါဝါသုံးစွဲမှု အတွက်လည်း ကောင်းမွန်သော Power Saving စနစ်ပါဝင်သည်။ အားနည်းချက် ပြည်တွင်းတွင် အသုံးပြုရန်အတွက် မြန်မာစာတစ်ပါတည်း မပါဝင်သောကြောင့် ထပ်မံထည့်သွင်း အသုံးပြုရမည်ဖြစ်ပြီး ဖုန်းလုပ်ဆောင်ချက်များ များပြားပါက ဖုန်းနွေးလာမှု မြန်မည်ဖြစ်သည်။ ဒီဇီုင်း လှပသေသပ်သော ပုံစံဒီဇိုင်းမျိုး ဖွဲ့စည်းထားပြီး လေးထောင့်ဆန်သော ပုံစံမျိုးရှိသည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး […]

Read More

ထမင်းစားခန်းနှင့် သက်ဆိုင်သော အင်္ဂလိပ်စာဝေါဟာရများ

ထမင်းစားခန်းဆိုတဲ့ အတွက် မဖြစ်မနေရှိနေမှာကတော့ Dinner Table (ထမင်းစားစားပွဲ) လို့ခေါ်တဲ့ မိသားစုတွေ စုဝေးစားသောက်ရာ နေရာပါပဲ။  ညစာအတွက် Soup (စွတ်ပြုတ်ရည်) ရှိနေမယ်။ မနက်စာ အတွက် cereal ရှိနေမယ်ဆိုရင် Bowl (ပန်းကန်လုံး) ထဲမှာထည့်စား ကြရပါမယ်။ စွတ်ပြုတ်သောက်တဲ့အခါမှတော့ Soup Spoon (စွတ်ပြုတ်ရည် သောက်တဲ့ဇွန်း)  ကိုသုံးရပါမယ်။  စွတ်ပြုတ်သောက်တဲ့ဇွန်းဟာ Dessert Spoon (အချိုပွဲစားတဲ့ဇွန်း) ထက်ပိုဝိုင်းပြီး စောက်ပိုနက်ပါ တယ်။ စွတ်ပြုတ်သောက်တဲ့ ပန်းကန်လုံးကလည်း Cereal Bowl (cereal စားတဲ့ပန်းကန်လုံး) ထက် ပိုပြီးစောက်နက်ပါတယ်။ ညနေစာစားတဲ့အခါမှာတော့ Plate (ထမင်းစားပန်းကန်ပြား) နဲ့ ထည့်စားရပါတယ်။ ထမင်းစားပွဲရဲ့အလယ်မှာ Salad Bowl ရှိတတ်ပါတယ်။ Breakfast (မနက်စာ) ကို […]

Read More

မလေးရှားနိုင်ငံ Taylor’s University တွင် Canadian Pre-University Program ကို တက်ရောက်နေသော မောင်စည်သူအောင်၏ Student Life

မလေးရှားနိုင်ငံ Taylor’s University တွင် Canadian Pre-University Program ကို တက်ရောက်နေသော မောင်စည်သူအောင်၏ Student Life ဒီအပတ်မှာတော့ မလေးရှားနိုင်ငံ Taylor’s University မှာ Canadian Pre-University Program ကိုတက်ရောက်နေတဲ့ မောင်စည်သူအောင်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ နောက်ဆုံးအောင်မြင်ခဲ့တဲ့ ပညာအရည်အချင်းကို ပြောပြပေးပါ။ ကျွန်တော်က Pride International School မှာ ၂၀၁၃ ခုနှစ်က တက်ခဲ့ပြီး iGCSE စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိတက်ရောက်နေတဲ့ ကျောင်းအမည်၊ ဘာသာရပ်အတန်းကို ပြောပြပေးပါ။ အခု Taylor’s ရဲ့ Canadian Pre-University မှာ English, Bio, Chemistry, Advance Function […]

Read More

Post Graduate Diploma in Software Development (ဒုတိယအပတ်စဉ်) သင်တန်းသားများခေါ်ယူ

အိန္ဒိယသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ ပူးပေါင်း၍ မြန်မာသတင်း အချက်အလက်နည်းပညာ တက္ကသိုလ်၏ Post Graduate Diploma in Software  Development  (PGDSD) သင်တန်းကို ၂၀၁၅ ခုနှစ်  အောက်တိုဘာလ ၂၃ ရက်မှစတင်ကာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။  အဆိုပါသင်တန်းအား  အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး လုပ်ငန်းခွင်၏လိုအပ်ချက်များကို လေ့လာဆန်းစစ်၍ သင်ရိုးရေးဆွဲ ကာ မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့်  International  Institute  of  Information Technology, Bangalore (IIIT-B) တို့ပူးပေါင်း၍ ကျွမ်းကျင်သော တာဝန်ခံပါမောက္ခများမှ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းအား နိုင်ငံတကာမှ ဦးဆောင် ကုမ္ပဏီများတွင် အလုပ်ခွင်ဝင်ရန် အသင့်ဖြစ်သော Software Developer များဖြစ်စေရန်ရည်ရွယ်၍  problem solving, […]

Read More

Microsoft က အိန္ဒိယရှိ ကျေးရွာ ၅ သိန်းထံ ဈေးသက်သည့် broadband နည်းပညာ ထောက်ပံ့မည်

Digital India အစီအစဉ်တွင် ပူးပေါင်းပါဝင်သည့် အနေဖြင့် Microsoft က အိန္ဒိယနိုင်ငံရှိ ကျေးရွာ ၅ သိန်းထံ ဈေးသက်သာသော broadband နည်းပညာကို ထောက်ပံ့မည်ဟု ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် စက်ယာ နာဒယ်လာက ပြောကြားလိုက်သည်။ အမေရိကန်သို့ အလည်အပတ် ရောက်ရှိနေသည့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဂုဏ်ပြုညစာစားပွဲတွင် နာဒယ်လာက Microsoft အနေဖြင့် အိန္ဒိယအစိုးရနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၅၀၀,၀၀၀ ထံ ဈေးသက်သာသော broandband ချိတ်ဆက်မှုကို ထောက်ပံ့ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ Microsoft ကဲ့သို့ပင် Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းကလည်း အိန္ဒိယရှိ ရထားဘူတာ ၄၀၀ ထံ အများသုံး Wi-Fi ထောက်ပံ့ပေးရန် […]

Read More

သမ္မတခရီးစဉ် ပုံရိပ်မြှင့်တင်ရန်အတွက် တားမြစ်ထားသော လူမှုရေးမီဒီယာကို တရုတ်အသုံးပြု

တရုတ်သမ္မတ ရှီကျင်းပင်သည် ၎င်းချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ကာ Facebook တွင် မှတ်ပုံတင်မှု ပြုလုပ်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်၏ တရားဝင် အမေရိကန်ခရီးစဉ်ကို ထောက်ခံအားပေးသည့် Xi’s US Visit စာမျက်နှာသည် Facbook တွင် verify ပြုလုပ်ကာ ပေါ်ထွက်လာခဲ့သည်။ အဆိုပါ စာမျက်နှာတွင် ရှီကျင်းပင်၏ အမေရိကန်ခရီးစဉ်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများအပြင် status များ ပြည့်နှက်လျက်ရှိသည်။ တရုတ်သမ္မတ ရှီကျင်းပင်အနေဖြင့် စက်တင်ဘာလလယ်တွင် အမေရိကန်သို့ သွားရောက်ရာတွင် လူအများ၏ စိတ်ဝင်စားမှု ရယူနိုင်ခဲ့ကာ Xi’s US Visit ဟု အမည်ရသည့် စာမျက်နှာတွင် like သန်းပေါင်းများစွာ ရောက်ရှိလာသည်။ ထို့အပြင် ‪#‎XiUSAVisit‬ ဖြင့်လည်း လူမှုရေးမီဒီယာအတွင်း ရေပန်းစားသည့် […]

Read More

ရန်ကုန်မြို့တွင် Google DevFest 2015 ကို ပထမဆုံးပြုလုပ်မည်

Google နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့စမ်းသပ်ချက်များကို ဆွေးနွေးပြုလုပ်နိုင်မည့် Google DevFest 2015 Yangon ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် Google နည်းပညာနှင့်ပတ်သက်၍ အကြီးဆုံး ဆွေးနွေးပွဲဖြစ်လာမည့် အဆိုပါ Developer Conference တွင် ပြည်တွင်း အိုင်စီတီနယ်ပယ်မှ လူငယ်ကွန်ပျူတာ ပညာရှင်များက Google ၏ နည်းပညာများကို အဓိကထား ဆွေးနွေးဟောပြော သွားကြမည်ဖြစ်သည်။ ကွန်ပျူတာသုံး မြန်မာဘာသာနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည့် Google DevFest 2015 Yangon ကို မြန်မာနိုင်ငံရှိ Google Developer Group (GDG) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ နည်းပညာကို […]

Read More