Day: September 24, 2015

Ooredoo က ကြိုသုံးစနစ်ကို စတင်ခွင့်ပြု

ဖုန်းဘီလ်ပြတ်လပ်စဉ် ကြိုသုံးစနစ်ဖြင့် အသုံးပြုနိုင်စေရန် Ooredoo က စတင်ခွင့်ပြုလိုက်သည်ဟု သိရသည်။ စက်တင်ဘာလ ၂၄ ရက်မှစတင်၍ ကြိုသုံးစနစ်ကို အသုံးပြုခွင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကြိုသုံးငွေပမာဏမှာ ၈၀၀ ကျပ် ဖြစ်သည်ဟု သိရသည်။ ကြိုသုံးငွေ ၈၀၀ ကျပ်ကို ရယူရန်အတွက် *125# သို့ခေါ်ဆိုရမည်ဖြစ်ပြီး အဆိုပါကြိုသုံးငွေအတွက် ၀န်ဆောင်ခ ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ ကြိုသုံးငွေကို လက်ကျန်ငွေ ၂၀၀ အောက်တွင်သာရှိသော အသုံးပြုသူများ၊ မိုဘိုင်းဆင်းမ်ကတ်အတွင်းကို ယခင်က ငွေတစ်ကြိမ် ဖြည့်သွင်းဖူးသူများသာ ရရှိမည်ဖြစ်ပြီး ကြိုသုံးငွေကို ငွေဖြည့်ပြန်လည်ဖြည့်သွင်း၍ ပေးဆပ်ပြီးမှသာ ဒုတိယအကြိမ် ကြိုသုံးငွေကို ရရှိနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းအတွက် ဘီလ်ပြတ်လပ်နေစဉ် အရေးပေါ်အသုံးပြုနိုင်သည့် ကြိုသုံးငွေကို ဆက်သွယ်ရေး အော်ပရေတာများနက် Telenor က စတင် ဝန်ဆောင်မှု ပေးအပ်ထားပြီး […]

Read More

အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာ ဆန်းစစ်ရာတွင် ထွက်ပေါ်လာသည့် အဓိက အကြောင်းအရာ ငါးရပ်ရá€

အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ရာတွင် ထွက်ပေါ်လာသည့် အဓိကအကြောင်းအရာ ငါးရပ်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၊ ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်အခြေစိုက် Danish Institute for Human Rights (DIHR) တို့ပူးပေါင်းပြီး မြန်မာ့သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ၏ သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်းကို ထုတ်ပြန်လိုက်ရာ အဆိုပါ ထုတ်ပြန်ချက်အရ သိရခြင်းဖြစ်သည်။ ယင်းငါးရပ်မှာ (၁) မူဒါဒ၊ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ၌ လစ်ဟာနေမှုများ၊ (၂) ရယူသုံးစွဲနိုင်မှု၊ (၃) အွန်လိုင်းရှိ ဒီဂျစ်တယ်အန္တရာယ်များ၊ (၄) အော့ဖ်လိုင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ (၅) […]

Read More

Xiaomi လက်တော့ပ်များကို ၂၀၁၆ ခုနှစ်တွင် တင်ပို့ရောင်းချမည်

ကုမ္ပဏီအနေဖြင့် Xiaomi ၏ ပထမဦးဆုံး လက်တော့ပ်များကို တပ်ဆင်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် တင်ပို့ရောင်းချသွားဖွယ်ရှိကြောင်း Inventec ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ ရစ်ချတ်လီက ပြောကြားလိုက်သည်။ “စမတ်ဖုန်းသုံးစွဲသူ သန်း ၂၀၀ ကျော်ရှိတဲ့ Xiaomi ကုမ္ပဏီရဲ့ notebook ကွန်ပျူတာတွေကို တပ်ဆင်ရမယ့်အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က Xiaomi notebook ကွန်ပျူတာတွေ တင်ပို့ရောင်းချမှုကို လာမယ့်နှစ် ပထမ ဒါမှမဟုတ် ဒုတိယသုံးလပတ်မှာ စတင်သွားပါမယ်” ဟု လီက ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ကုမ္ပဏီအနေဖြင့် Xiaomi ဖုန်းများကဲ့သို့ပင် လက်တော့ပ်များကို ကွဲပြားခြားနားသည့် အသွင်ဖြင့် ဖန်တီးသွားမည်ဟု ဆိုခဲ့သည်။ လက်ရှိတွင် လက်တော့ပ်၏ ဈေးနှုန်းကို မကြေညာသေးသော်လည်း Xiaomi […]

Read More

Propak Myanmar 2015 ကျင်းပ

နိုင်ငံတကာ ပြု ပြင်ထုတ်ပိုးမှု နည်းပညာများဆိုင်ရာပြပွဲ Propak Myanmar 2015 အား ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ ယနေ့ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် Myanmar Industry Association မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကား ပြောကြားသွားခဲ့ပြီး အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြပွဲပြသသူပေါင်း ၁၇၀ ကျော်နှင့် တရုတ်၊ ပြင်သစ်၊ စင်ကာပူ၊ တရုတ် (တိုင်ပေ) နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံအလိုက်ပြသသည့် ပြခန်းကြီး ၅ ခု လာရောက်ပြသခဲ့ကြောင်း သိရသည်။ ၎င်းပြပွဲတွင် အဖျော်ယမကာဆိုင်ရာပစ္စည်း၊ နည်းပညာ၊ ကုန်ကြမ်းနှင့် ဝန်ဆောင်မှုများပါဝင်ပြီး ပလတ်စတစ်ဖြင့် ထုတ်ပိုးသည့် စက်ပစ္စည်းများနှင့် […]

Read More

Exynos 7420 ပရိုဆက်ဆာနှင့် ၅.၇ လက်မ screen ပါဝင်သည့် Meizu Pro 5

Meizu သည် တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Meizu Pro 5 စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။ Meizu Pro 5 တွင် ၅.၇ လက်မ Full HD Super AMOLED display နှင့် ကွေးညွှတ်ထားသော 2.5D ဖန်သားပြင်ကို အသုံးပြုထားသောကြောင့် screen ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် သေးငယ်သော bezel ဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်တွင် 21MP Sony IMX230 ကင်မရာကို တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 5MP selfie ကင်မရာပါဝင်သည်။ အတွင်းပိုင်းတွင် Samsung Galaxy S6, S6 Edge, S6 Edge Plus နှင့် Note 5 […]

Read More

Microsoft ဆော့ဖ်ဝဲများကို ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ တရားဝင် ဝယ်ယူအသုံးပြု

ပြည်တွင်းရှိ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုများ အနက် တစ်ခု အပါအဝင်ဖြစ်သော ကမ္ဘောဇကုမ္ပဏီများ အုပ်စုသည် Mircosoft ထံမှ နည်းပညာဆော့ဖ်ဝဲများကို တရားဝင် ဝယ်ယူ အသုံးပြုတော့မည်ဟု ကြေညာခဲ့သည်။ ပထမဦးဆုံးအနေဖြင့် ကမ္ဘောဇကုမ္ပဏီများအုပ်စုအနက် တစ်ခု အပါအဝင်ဖြစ်သော ကမ္ဘောဇဘဏ်လုပ်ငန်းရှိ ကွန်ပျူတာများကို Microsoft ဆော့ဖ်ဝဲများ တရားဝင် ထည့်သွင်း အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါပြောင်းလဲမှုကို ပြုလုပ်ရန် အချိန် တစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ဒုတိယအဆင့်၌ ကမ္ဘောဇကုမ္ပဏီများ လုပ်ငန်းစု အတွင်း ပါဝင်သည့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ အိမ် ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့၌ Microsoft ဆော့ဖ်ဝဲများကို တရားဝင် ဝယ်ယူအသုံးပြုသွားမည်ဟု သိရသည်။ […]

Read More

Digital Winners conference သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန် Bagan Innovation Technology ကို ရွေးချယ်

အောက်တိုဘာလတွင် နော်ဝေနိုင်ငံ၌ ကျင်းပမည့် Digital Winners conference ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရန် Wun Zin app ကို ရွေးချယ်ခဲ့ကြောင်း တယ်လီနောမြန်မာလီမိတက်မှ ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ရွေးချယ်ခံအဖွဲ့သည် တယ်လီနောအုပ်စု၏ အာရှတွင်ရှိသော အခြားရုံးများဖြစ်ကြသည့် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်းသစ်တီထွင်ထားသည့် App များနှင့် အကောင်းဆုံး App ဆုအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပညာရေးကဏ္ဍ ခေါင်းစဉ်အောက်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်တွင်း Developer များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖိတ်ခေါ်ပြိုင်ပွဲ၌ Bagan Innovation Technology (BiT) မှ Wun Zin app ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု တယ်လီနောမြန်မာမှ ပြောဆိုခဲ့သည်။ […]

Read More

Zero-Day Vulnerability

Zero day အားနည်းချက် ဆိုသည်မှာ ရောင်းချသည့်ကုမ္ပဏီက မသိရှိသော ဆော့ဖ်ဝဲရှိ အားနည်းချက်တစ်ခုကို ရည်ညွှန်းခေါ်ဆိုသည်။ အဆိုပါ လုံခြုံရေး အားနည်းချက်ကို ရောင်းချသည့်ကုမ္ပဏီက သိရှိပြီး အလျင်အမြန် ပြုပြင်ခြင်း မပြုမီ ဟက်ကာများက အသုံးချနိုင်သည်။ ထိုကဲ့သို့ အားနည်းချက်ကို အသုံးချပြီး တိုက်ခိုက်ခြင်းကို zero day တိုက်ခိုက်မှုဟု ခေါ်ဆိုသည်။ Zero day တိုက်ခိုက်မှုများတွင် malware နှင့် spyware ထည့်သွင်းခြင်းနှင့် အချက်အလက်များ ရယူရန်အတွက် သုံးစွဲသူ၏ ခွင့်ပြုချက်မရှိဘဲ ရယူခြင်းတို့ ပါဝင်သည်။ ဆော့ဖ်ဝဲရောင်းချသည့် ကုမ္ပဏီက အားနည်းချက်ကို ပြင်ဆင်ရန်အတွက် patch တစ်ခုကို ဖြန့်ချိရသည်။ ကုမ္ပဏီများသည် patch များကို ပုံမှန်ဖြန့်ချိပေးလေ့ရှိပြီး Microsoft ဆိုလျှင် လစဉ် ဒုတိယမြောက် […]

Read More

အသစ်ထွက်ပေါ်လာမည့် အော်ပရေတာ အပါအဝင် အော်ပရေတာ လေးခုလုံးအား ဝန်ကြီးဌာနမှ တစ်ပြေးညီ စောင့်ြá€

အသစ်ထွက်ပေါ်လာမည့် အော်ပရေတာ အပါအဝင် အော်ပရေတာလေးခုလုံးအား ဝန်ကြီးဌာနမှ တစ်ပြေးညီ စောင့်ကြည့်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြည်တွင်းပြည်ပ အော်ပရေတာအားလုံးအား တစ်ပြေးညီစောင့်ကြည့်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် လမ်းညွှန်မှု အတူတူ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင် က ပြောကြားသည်။ “ချပေးလိုက်တဲ့ လိုင်စင်အမျိုးအစားအရ အော်ပရေတာအားလုံးက လုပ်ပိုင်ခွင့်ရှိတာချင်း အတူတူပဲ။ အော်ပရေတာတစ်ခု လုပ်ခွင့်ရှိတာကို အခြားအော်ပရေတာကလည်း လုပ်ခွင့်ရှိတယ်။ ဆိုလိုတာက အော်ပရေတာလေးခုစလုံးက ဆက်သွယ်ရေးဥပဒေအရ လုပ်ခွင့်ရှိတဲ့လုပ်ငန်းတွေ အားလုံးကို သူတို့လုပ်ချင်ရင် လုပ်ခွင့်ရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့က လမ်းညွှန်တယ်၊ ကွပ်ကဲတယ်ဆိုတာလည်း အတူတူပဲ” ဟု ပြောကြားသည်။ လက်ရှိလေးခုမြောက် အော်ပရေတာကို ရွေးချယ်နေဆဲ ဖြစ်သည်။ အသစ်ခန့်အပ်မည်ဖြစ်သည့် လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာသည် အခြားသော […]

Read More

Io The Guardian Wisp

Kunkka စတင်ပါဝင်လာခဲ့တဲ့ v6.55 နောက်ပိုင်းထွက် Hero အသစ်တွေအားလုံးဟာ လူကြိုက်များလေ့ရှိပြီး အရင်က Hero အဟောင်းတွေထက် ပိုပြီး အသုံးပြုလို့ကောင်းတဲ့အတွက်ကြောင့် နောက်ထွက် Hero များဟာ Hero Pick Pool ထဲမှာ များပြားလေ့ရှိပါတယ်။ Hero အသစ်ဖြစ်ပေမယ့် Pure Support Role ဖြစ်နေတဲ့အတွက်ကြောင့် Public Match Making တွေမှာ တွေ့ရနည်းပါးပေမယ့် Professional အဆင့်မှာတော့ ဝှက်ဖဲတစ်ခုအနေနဲ့ အသုံးပြုလျက်ရှိတဲ့ Hero တစ်ကောင်ကတော့ Io The Guardian Wisp ပဲ ဖြစ်ပါတယ်။ Background Story ဖြစ်တည်မှုတိုင်းမှာ Io ရှိပါတယ်။ ရန်သူများအတွက်တော့  ဆိုးသွမ်းတဲ့ အဖျက်သမားလို့ သမုတ်ခံရပြီး သူကောင်းများအတွက်တော့ အလေးမြတ်ထားရတဲ့ တန်ခိုးကြီးမျက်လုံးတစ်လုံးအဖြစ် […]

Read More