Day: September 21, 2015

HTC Desire 826

အားသာချက် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သည်။ Screen အရည်အသွေး ကောင်းမွန်ပြီး ကင်မရာအသုံးပြု စနစ်များနှင့် OS ပိုင်းတို့တွင်လည်း မြင့်မားသည်။ ကွန်ရက်ပိုင်းတွင် GSM ကွန်ရက်စနစ်အပြင် CDMA ကွန်ရက်စနစ်အတွက်လည်း အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။ အားနည်းချက် ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ မြင့်မားသော်လည်း OS ၏မှတ်ဉာဏ် အသုံးပြုမှုအပိုင်း မြင့်မားခြင်းနှင့် Sense Version မြင့်မားခြင်းကြောင့် မှတ်ဉာဏ်ထက်ဝက်ခန့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဒီဇီုင်း ပုံစံဒီဇိုင်းမှာ ရှေ့မှထွက်ခဲ့သော 816 နှင့် ကွာခြားမည်ဖြစ်သည်။ ရှေ့ဘက်မျက်နှာပြင် ပုံစံပိုင်းသည် 816 နှင့်လုံးဝကွဲပြား နေမည်ဖြစ်ပြီး အနားထောင့်လေးဘက်သည် အနည်းငယ် ဝန်းဝိုင်းသော်လည်း တည်ငြိမ်သော ပုံစံဒီဇိုင်းမျိုး ရှိသည်။ […]

Read More

iPhone 6S အလေးချိန် တိုးလာခြင်းမှာ အလူမီနီယမ်သတ္တုစပ်ကြောင့် မဟုတ်ဟုဆို

iPhone 6S သည် iPhone 6 ထက် အနည်းငယ် အလေးချိန်ပိုများသည်။ အလေးချိန်ပြောင်းလဲမှုမှာ သိသာခြင်း မရှိသော်လည်း iPhone 6S နှင့် 6S Plus တို့သည် ယခင်မော်ဒယ်များထက် ၁၁ ရာခိုင်နှုန်း  အလေးချိန်ပိုမို များပြားသည်။ မျိုးဆက်သစ် iPhone များ၏ အလေးချိန်မှာ အသစ်ပါဝင်လာသည့် အလူမီနီယမ် သတ္တုစပ်ကြောင့် မဟုတ်ပေ။ Apple ၏စိတ်ကြိုက် ပြုလုပ်ထားသော အလူမီနီယမ် သတ္တုစပ်သည် မည်သည့်အရာဖြင့် ဖန်တီးထားကြောင်း မသိရသော်လည်း 7000-series သတ္တုစပ်များသည်  iPhone 6 တွင် အသုံးပြုထားသော 6000-series ထက်သိပ်သည်းဆ အနည်းငယ်သာရှိသည်။ Apple ၏ဖော်ပြချက်အရ 6S Plus တွင် အသုံးပြုထားသော အလူမီနီယမ်သည် ယခင်မျိုးဆက်မှ […]

Read More

ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung အမှတ်တံဆိပ် ရောင်းအား အကောင်းဆုံး ဖြစ်လာ

မြန်မာနိုင်ငံတွင် စမတ်ဖုန်း သုံးစွဲသည့် အရေအတွက်မှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် ရှိလာပြီးနောက် ယခုတစ်ပတ် ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung  အမှတ်တံဆိပ် မိုဘိုင်း ထုတ်ကုန်များက ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းဈေးကွက်မှ စုံစမ်းသိရသည်။ ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် Samsung အမှတ်တံဆိပ်၏ Galaxy Note 5,  Galaxy  S6 နှင့် A8 မော်ဒယ်များ ဝင်ရောက် လာပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း၌ Huawei အမှတ်တံဆိပ်၏ ရှေ့သို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း မိုဘိုင်းဖုန်း ဈေးကွက် စောင့်ကြည့် လေ့လာသူများက သုံးသပ် ပြောကြားကြသည်။ “ Samsung နဲ့ Huawei ကတော့ […]

Read More

IFA 2015 ပြပွဲအတွင်း စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်များ

NeatoBotvac Connected Robot Vaccum IFA ကုန်စည်ပြပွဲတွင် ကယ်လီဖိုးနီယား အခြေစိုက် Neato robotics ကုမ္ပဏီသည် Wi-Fi နှင့်ချိတ်ဆက် အသုံးပြုနိုင်သည့် ဖုန်စုပ်စက် ကိုပြသခဲ့သည်။ အဆိုပါ ဖုန်စုပ်စက်ကို ယခုနှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၆၉၉ ဖြင့်တင်ပို့ ရောင်းချသွားမည်။ အဆိုပါ Botvac ဖုန်စုပ်စက်တွင် ဘက်ထရီသက်တမ်း ကောင်းမွန်စေရန် lithium ion ဘက်ထရီကို အသုံးပြုနိုင်ပြီး စမတ်ဖုန်းဖြင့် ထိန်းချုပ်တွဲဖက် အသုံးပြုနိုင်သော app လည်း ထုတ်လုပ်ပေးထားသည်။ ၎င်းဖုန်စုပ်စက်တွင် ကာကွယ်မှုပေးနိုင်သော ဆန်ခါကဲ့သို့ filter ဒီဇိုင်းကို ထည့်သွင်းပေးထားသည်။ Samsung UBD-K8500 HD Blu-ray player Samsung UBD-K8500 သည်သာမန် Blu-ray စက်နှင့် နှိုင်းယှဉ်လျှင် […]

Read More

IFA 2015

နှစ်စဉ်ပြုလုပ်နေကျ IFA (InternationaleFunkausstellung) 2015 ပွဲကို စက်တင်ဘာလ ၄ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။ အဆိုပါ IFA ပွဲသည် ဂျာမနီနိုင်ငံတွင် ပြုလုပ်သော သက်တမ်းရင့် စက်မှုပြပွဲများအနက် တစ်ခုဖြစ်သည်။ ၎င်းပြပွဲကို ၁၉၂၄ နှင့် ၁၉၃၉ ခုနှစ်အတွင်း နှစ်စဉ်ကျင်းပလာခဲ့သည်။ ထို့နောက် ၁၉၅၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိတိုင် နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပသော ပြပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် နှစ်စဉ်စက်တင်ဘာလတိုင်းတွင် ပုံမှန်ကျင်းပခဲ့သည်။ IFA ပြပွဲတွင် ပါဝင်သူများအနေဖြင့် နောက်ဆုံးပေါ်ထုတ်ကုန်နှင့် တိုးတက်မှုရှိသော နည်းပညာများကို အများပြည်သူ တွေ့မြင်နိုင်စေရန် တင်ပြနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ရှည်လျားသည့် သမိုင်းကြောင်းအတွင်း ကမ္ဘာပေါ်ရှိ ဆန်းသစ်တီထွင်မှုအရှိဆုံး […]

Read More

Myanmar Water 2015 ပြပွဲ အခမ်းအနား

Myanmar Water 2015 ပြပွဲကိုတော့ စက်တင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်အထိ Myanmar Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Asus Chromebook Flip C100

USD – 229 အသေးစိတ်ဖော်ပြချက် Asus Chromebook Flip C100 တွင် Google ၏ Chrome OS အသုံးပြုထားသည်။ ဈေးနှုန်းသက်သာသော ကွန်ပျူတာအများစုတွင် သုံးစွဲသူများ ပြုလုပ်လိုသည့် လုပ်ဆောင်ချက်များစွာအတွက် Chrome OS ကို အသုံးပြုထားသည်။ Asus ၏ C100 သည် ပါးလွှာပေါ့ပါးသည့် အလူမီနီယမ်ဖြင့် ဖန်တီးထားသည်။ ၎င်း၏မျက်နှာပြင် အရွယ်အစားမှာ ၁၀.၁ လက်မ touchscreen ဖြစ်သည်။  C100  တွင် ၃၆၀ ဒီဂရီလှည့်လည်ပြီး tablet အဖြစ် အသုံးပြုနိုင်သော ပတ္တာတစ်ခု ပါဝင်သည်။  C100 တွင်  Intel Celeron ပရိုဆက်ဆာအစား တရုတ်ချစ်ပ်ကုမ္ပဏီ Rockship မှ ARM […]

Read More

PSB Academy မှပေးအပ်သည့် 2014-2015 Leadership Award ဆုရရှိခဲ့သော မောင်စိုးမင်းထက်၏ Student Life

ဒီအပတ်မှာတော့ PSB Academy မှပေးအပ်တဲ့ 2014-2015 Leadership Award ဆုကိုရရှိခဲ့တဲ့ မောင်စိုးမင်းထက် (Denny) ရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ တက်ရောက်နေတဲ့ ကျောင်းရဲ့အကြောင်းပြောပြပေးပါ။ ကျွန်တော်က PSB Academy (Singapore) မှာကျောင်းတက်နေတာပါ။ PSB Academy (Singapore)  က Private Education School တစ်ခုဖြစ်ပြီး ကျောင်း သူ၊ ကျောင်းသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်တဲ့ စီးပွားရေးနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေနဲ့ ဆက်နွှယ်တဲ့ Courses အမျိုးမျိုးကို သင်ကြားပေးပါတယ်။ ပြီးတော့ PSB Academy (Singapore) က Private Education နဲ့ပတ်သက်ရင် စင်ကာပူမှာ နံပါတ်တစ်ဖြစ်တော့ Diploma ပြီးလို့ […]

Read More

ဒုတိယအကြိမ် တောင်ငူဘားကမ့်

ဘားကမ့်အမည် – တောင်ငူ ဘားကမ့် ကျင်းပမည့်နေ့ရက် – စက် တင်ဘာ ၂၇ ၊ ၂၈ ကျင်းပမည့်နေရာ – တောင်ငူမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပြုလုပ်သည့် အကြိမ် – ဒုတိယအကြိမ် အဓိက ကူညီပံ့ပိုးသူ – Telenor ဦးစီးကျင်းပသည့် အဖွဲ့အစည်း – ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်း ပေးအပ်မည့် လက်ဆောင် – တီရှပ် စာရင်းပေးသွင်းနိုင်သည့် နေရာ – //barcamptoungoo.doatten d.com ဒုတိယ အကြိမ်မြောက် တောင်ငူဘားကမ့်ကို ယခုလ (စက်တင်ဘာ) ၂၇ ရက်နှင့် ၂၈ ရက်တို့၌ ကျင်းပမည် ဖြစ်သည်။ […]

Read More