Day: September 15, 2015

၃၅ မိနစ်အတွင်း ၀ မှ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည့် Quick Charge 3.0 ကို Qualcomm မိတ်ဆက်

Qualcomm ၏ နောက်ဆုံးပေါ် SoC များတွင် Quick Charge 3.0 ဟုခေါ်သော အားသွင်းစနစ်သစ် ပါဝင်လာမည် ဖြစ်သည်။ အဆိုပါ အားသွင်းစနစ်သစ်သည် လာမည့်နှစ်တွင် တင်ပို့ရောင်းချမည့် Snapdragon 820, 620, 618, 617 နှင့် 430 တို့တွင် ပါဝင်လာမည် ဖြစ်သည်။ ၎င်းသည် ၃၅ မိနစ်အတွင်း ဖုန်းဘက်ထရီကို ၀ မှ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မည် ဖြစ်သည်။ ၎င်းအားသွင်းစနစ်သစ်သည် Quick Charge 2.0 နှင့် နှိုင်းယှဉ်လျှင် ၂၇ ရာခိုင်နှုန်း ပိုမိုလျင်မြန်စွာ အားသွင်းပေးနိုင်ပြီး စွမ်းအင်အလဟဿ ဖြစ်မှုကို ၄၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း Qualcomm မှ ပြောကြားခဲ့သည်။ Qualcomm […]

Read More

HTC Desire 826 ဖုန်းအမျိုးအစားသစ် ပြည်တွင်းဈေးကွက်ဝင်

Screen, CPU နှင့် ကင်မရာစနစ်များ မြင့်မားကောင်းမွန်သည့် HTC ဖုန်းအမျိုးအစား သစ်တစ်ခုဖြစ်သော Desire 826 ဈေးကွက် သို့ဝင်ရောက် လာပြီဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းသည် GSM  နှင့် CDMA ကွန်ရက်နှစ်မျိုးတွင် အသုံးပြုနိုင်သော ဖုန်းအမျိုးအစားဖြစ်ပြီး ယခင်ထွက်ခဲ့သော Desire 816 ကဲ့သို့ပင် GSM 2G/3G နှင့် CDMA 800MHz စနစ်နှစ်မျိုး အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Screen မှာ Super LCD3 Screen အမျိုးအစားဖြစ်ပြီး မြင်ကွင်းအရွယ်အစား ၅.၅ လက်မ၊ နောက်ကင်မရာ 13 Mega Pixel နှင့် ရှေ့ကင်မရာ 4 Ultra Pixel တို့ပါဝင်မည် ဖြစ်သည်။ ”မှတ်ဉာဏ်ကတော့ Internal […]

Read More

အလွန်မြန်ဆန်သော 5G ကြိုးမဲ့စနစ်ကို စမ်းသပ်ရန် Verizon စီစဉ်

Verizon ဆက်သွယ်ရေး ကုမ္ပဏီသည် လာမည့် ၁၂ လအတွင်း 5G သို့မဟုတ် ပဉ္စမမြောက် မျိုးဆက်ဟု အမည်ရသော နည်းပညာကို ပြင်ပပတ်ဝန်းကျင်တွင် စမ်းသပ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် နည်းပညာ ဖန်တီးသူ အကြီးအကဲ ရော်ဂျာဂါနာနီမှ အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်း 5G နည်းပညာကို ၂၀၁၇ ခုနှစ်တွင် စတင်၍ စီးပွားဖြစ် လုပ်ငန်းတစ်ခုအဖြစ် အဆင့်တစ်ခု၌ အသုံးပြုရန် ရည်မှန်းထားကြောင်း ဂါနာနီကပြောကြားခဲ့သည်။ ထိုရည်မှန်းချက်သည် ၂၀၂၀ ခုနှစ်တွင် ဆက်သွယ်ရေးလုပ်ငန်း၌ 5G နည်းပညာစတင် အသုံးပြုရန် လျာထားသော အချိန်ထက် အနည်းငယ်စောလျက် ရှိသည်။ Verizon ၏ စမ်းသပ်မှုများအရ လက်ရှိအသုံးပြုနေသော 4G ကွန်ရက်ထက် အဆ ၃၀ […]

Read More

e-Government နှင့် Cyber Security တို့အား အဓိက ဆောင်ရွက်နေ

e-Government နှင့် Cyber Security တို့အား အဓိကထား ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ပြည်တော်စုဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။ ယနေ့ ကျင်းပသော Myanmar Connect 2015 အခမ်းအနားတွင် ပြောကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အဓိကကျ အရေးပါသော နည်းပညာဆိုင်ရာများကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍအတွက် အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေ၊ အခြေခံ အဆောက်အအုံတွေ၊ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ လိုအပ်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ပြည်တွင်း၌ ICT Eco System ဖွံ့ဖြိုးရေးမှာလည်း အရေးကြီးသော အချက်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ […]

Read More

နီပေါနိုင်ငံထုတ် မိုဘိုင်းဟန်းဆက် တစ်မျိုးကို ရန်ကုန်မြို့၌ စတင်ဖြန့်ဖြူးမည်

နီပေါနိုင်ငံအခြေစိုက် Colors Mobile အမည်ရှိ ဟန်းဆက်အသစ်တစ်မျိုးကို ရန်ကုန်မြို့၌ အောက်တိုဘာလ ပထမအပတ်အတွင်း စတင်ဖြန့်ချိ သွားမည်ဟု ဒေသတွင်း အရောင်းမန်နေဂျာဖြစ်သူ ကိုအောင်က ပြောသည်။ အဆိုပါ ဟန်းဆက်အသစ်တစ်မျိုးကို မတ်လအတွင်း မန္တလေးမြို့၌ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့၌ ဆက်လက်ဖြန့်ချိသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ တင်သွင်းဖြန့်ချိမည့် ဟန်းဆက်များသည် ဈေးနှုန်းနိမ့် ဟန်းဆက်များဖြစ်ပြီး ငွေကျပ် ၁ သောင်းခွဲမှ ငွေကျပ် ၁ သိန်း ၇ သောင်းခွဲအတွင်းသာ တည်ရှိသည်ဟု သိရသည်။ “နိုဝင်ဘာလလောက်မှာတော့ High Class ဟန်းဆက်တွေ တင်သွင်းသွားဖို့ရှိတယ်။ အဲဒါတွေကလည်း ဈေးနှုန်းအနေနဲ့ ၂ သိန်းလောက်ပဲ ရှိပါမယ်” ဟု ကိုအောင်က ဆိုသည်။ အဆိုပါဟန်းဆက်များသည် မန္တလေးမြို့၌ လစဉ် အလုံးရေ ၁ […]

Read More

Apple TV တွင် နာမည်ကျော် VLC media player ကို အသုံးပြုနိုင်မည်

Apple TV အတွက် VLC app တစ်ခုကို ဖန်တီးနေကြောင်း နာမည်ကျော် VLC media player ကို ပြုလုပ်သည့် VideoLAN မှ ပြောကြားလိုက်သည်။ “နောက်ဆုံးမှာတော့ tvOS သစ်အတွက် VLCKit တည်ဆောက်မယ့် code အချို့ကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။ အခုအချိန်က အရမ်းကို စောနေပေမယ့်လည်း ကျွန်တော်တို့က video playback ကို ပိုင်ဆိုင်နေပါပြီ” ဟု VideoLAN မှ ဂျင်းဘပ်တစ္စတီကမ့်က blog post တစ်ခုတွင် ရေးသားခဲ့သည်။ ကမ့်သည် VideoLAN ၏ ဥက္ကဋ္ဌဖြစ်သလို VLC ၏ developer များကို ဦးဆောင်နေသူ တစ်ဦး ဖြစ်သည်။ VLC သည် အခမဲ့နှင့် open-source […]

Read More

iPhone 6S အလေးချိန်တိုးလာခြင်းမှာ 7000-series အလူမီနီယံသတ္တုစပ်ကြောင့် မဟုတ်ဟုဆို

iPhone 6S နှင့် 6S Plus သည် ယခင် iPhone 6 နှင့် 6 Plus ထက် အလေးချိန် ပိုမိုလာခဲ့သော်လည်း ထိုကဲ့သို့ အလေးချိန်တိုးလာခြင်းမှာ 7000-series အလူမီနီယံသတ္တုစပ်ကြောင့် မဟုတ်ကြောင်း သိရသည်။ 6S Plus တွင် အသုံးပြုထားသည့် အလူမီနီယံသည် ယခင်အမျိုးအစားတွင် အသုံးပြုထားသော အလူမီနီယံထက် ၂ ဂရမ်သာ ပိုမိုကြောင်းနှင့် 6S တွင် အသုံးပြုထားသည့် အလူမီနီယံ၏ အလေးချိန်သည် iPhone 6 ထက် ၁ ဂရမ် လျော့နည်းကြောင်း Apple မှ ပြောကြားခဲ့သောကြောင့် အလူမီနီယံသတ္တုစပ်သစ်က iPhone အသစ်များ အလေးချိန် တိုးလာခြင်း၏ အဓိက အကြောင်းအရင်း မဟုတ်ပေ။ iPhone […]

Read More

Apple Watch နှင့် iPhone ကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Pod Pro

Apple Watch နှင့် iPhone ကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Pod Pro ဟုခေါ်သော battery pack ကို Nomad က မိတ်ဆက်ကြေညာခဲ့သည်။ Pod Pro တွင် ၂၄ စင်တီမီတာ Lightning အားသွင်းကြိုးတစ်ခု ပါဝင်ပြီး Apple Watch ကို အားသွင်းရာတွင်လည်း powermat အသွင်ဖြင့် အသုံးပြုနိုင်သည်။ ၎င်းတွင် 6000mAh lithium-ion ဘက်ထရီတစ်ခု ပါဝင်ပြီး ထုတ်ကုန်များအား နှစ်ကြိမ်စီ အားသွင်းပေးနိုင်သည်။ Pod Pro ၏ လက်လီရောင်းဈေးမှာ ၉၉.၉၉ ဒေါ်လာဖြစ်ပြီး ကြိုတင်မှာယူပါက ၇၉.၉၉ ဒေါ်လာဖြင့် ရရှိနိုင်သည်။ ၎င်းကို အောက်တိုဘာ ၃၀ ရက်တွင် တင်ပို့ရောင်းချမည် ဖြစ်သည်။ […]

Read More

click rate

ဝက်ဘ်ကြော်ငြာတွင် click rate သည် HTML စာမျက်နှာတစ်ခုပေါ်ရှိ ကြော်ငြာတစ်ခုကို နှိပ်သော အကြိမ် အရေအတွက်နှင့် စာမျက်နှာတစ်ခုနှင့်အတူ အဆိုပါ ကြော်ငြာကို download ပြုလုပ်သော အရေအတွက်၏ ရာခိုင်နှုန်းတစ်ခု ဖြစ်သည်။ အကယ်၍ လူ ၁၀ ဦးလျှင် တစ်ဦးက ကြော်ငြာပါဝင်သည့် စာမျက်နှာကို download ပြုလုပ်ခဲ့လျှင် သက်ဆိုင်ရာ စာမျက်နှာတစ်ခုပေါ်ရှိ ကြော်ငြာတစ်ခု၏ click rate မှာ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

Read More

ကွန်ပျူတာများက ကျောင်းသားကျောင်းသူများ၏ ရလဒ်ကို တိုးတက်ကောင်းမွန်စေခြင်းမရှိဟု OECD ပြောကြာ

ကျောင်းသုံး ကွန်ပျူတာများနှင့် စာသင်ခန်း နည်းပညာများအတွက် ရင်းနှီးမြှုပ်နှံမှုများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေခြင်း မရှိကြောင်း OECD ၏ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတစ်ရပ်တွင် ပြောကြားခဲ့သည်။ အဆိုပါ လေ့လာချက်တွင် ကျောင်းများ၌ ကွန်ပျူတာများကို မကြာခဏ အသုံးပြုခြင်းသည် ရလဒ်ကျဆင်းမှုနှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။ OECD ၏ ပညာရေးဒါရိုက်တာ အင်ဒရီစ် ရှလိုင်ချာက ကျောင်းသုံးနည်းပညာသည် လွဲမှားသည့် မျှော်လင့်ချက်များ ပိုမိုဖြစ်ပေါ်စေကြောင်း ဆိုခဲ့သည်။ ကျောင်းသားကျောင်းသူများ အပြုအမူများနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်ဖြစ်သူ တွမ်ဘန်းနက်က ဆရာများသည် ကျောင်းသုံးကွန်ပျူတာများကြောင့် အံ့အားသင့်ခဲ့ကြကြောင်း ဆိုခဲ့သည်။ OECD ၏ အစီရင်ခံစာတွင် ကျောင်းသုံး နည်းပညာသည် နိုင်ငံပေါင်း ၇၀ ကျော်ခန့် ပါဝင်သော PISA ကဲ့သို့ နိုင်ငံတကာ စာမေးပွဲရလဒ်များ၌ […]

Read More