Day: September 14, 2015

OPPO Mirror 5

Device Support – OPPO Price – 279,000 Ks အားသာချက် ဒီဇိုင်းပိုင်း အသားပေး ထုတ်လုပ်ထားသော ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်း၏ပုံစံဒီဇိုင်းနှင့် နောက်ဘက် ကာဗာပိုင်းများတွင် လှပသေသပ်သည့် ပုံစံမျိုးရှိသည်။ တန်ဖိုးသင့် အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU စနစ်များ ကောင်းမွန်သည့်အပြင် ဖုန်းအားအလွယ်တကူ ဖွင့်ပိတ်ပြုလုပ် အသုံးပြုနိုင်သော Gesture Sensor စနစ်များနှင့် ကင်မရာအသုံးပြု စနစ်များတွင်လည်း ကောင်းမွန်သည်။ အားနည်းချက် လှပသေသပ်သော ဖွဲ့စည်းမှုမျိုးနှင့် နောက်ဘက်ကာဗာမှာ လှပမှုရှိနေသော်လည်း ပြောင်လက်ချောမွေ့သောကြောင့် လက်ရာများ၊ ဆီများ အလွယ်တကူ ထင်ကျန်နိုင်မည် ဖြစ်သည်။ ဒီဇိုင်း လေးထောင့်ဆန်သော ပုံစံဒီဇိုင်းမျိုး ပြုလုပ်ထားပြီး ဖုန်းကိုယ်ထည်၏ ဘေးဘောင်အား သတ္တုကိုယ်ထည်ဖြင့် […]

Read More

Android ထုတ်ကုန် ၂၁ ရာခိုင်နှုန်းမှာ Lollipop ကို အသုံးပြုလျက်ရှိဟုဆို

Android ထုတ်ကုန်များ၏ ၂၁ ရာခိုင်နှုန်းသည် Lollipop ကို အသုံးပြုကြကြောင်း Google မှ android platform အညွှန်းကိန်းနှင့်တကွကို Android Developers Dashboard ဝက်ဘ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ဖော်ပြထားသော ကိန်းဂဏန်းများအရ မေလတွင် Android 5.0 ကိုအသုံးပြုသည့် ထုတ်ကုန် ၁၅.၉ ရာခိုင်နှုန်းနှင့် Android 5.1 ကို အသုံးပြုသည့် ထုတ်ကုန် ၅.၁ ရာခိုင်နှုန်းရှိကာ စုစုပေါင်း ၂၁ ရာခိုင်နှုန်းရှိသည်။ ထိုပမာဏသည် သေးငယ်သော်လည်း သြဂုတ်လ အစောပိုင်းတွင် Android Lollipop ကိုသုံးစွဲသူ ၁၈ ရာခိုင်နှုန်းရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။ Android  Lollipop သုံးစွဲသည့်ပမာဏကို  တနလာင်္နေ့တွင် ကုန်ဆုံးမည့် ၇ ရက်တစ်ပတ်အတွင်း Google Play […]

Read More

Raspberry Pi ဖြင့်တွဲဖက် အသုံးပြုနိုင်မည့် touchscreen ထွက်ရှိလာ

Raspberry Pi ကွန်ပျူတာအတွက် ထုတ်လုပ်ထားသော မျက်နှာပြင်အရွယ် ၇ လက်မရှိ touchscreen ကို Pi ဖြင့် တွဲဖက်၍ tablet အဖြစ် အသုံးပြုနိုင်သည်။ ၎င်း touchscreen သည် နောက်ဆုံးပေါ် Raspbian OS အတွင်း on-screen keyboard ထောက်ပံ့မှုကို အသုံးပြုနိုင်သည်။ ၎င်း display တန်ဖိုးမှာ ၄၈ ပေါင်ဖြစ်ပြီး ယူကေအခြေစိုက် Inelco Hunter မှထုတ်လုပ်ထားသည်။ အဆိုပါ touchscreen 60fps ဖြင့် RGB 800×480 panel အပြင် မြင်ကွင်းရှုထောင့် ၇၀ ဒီဂရီမှ ကြည့်ရှုနိုင်သလို တစ်ပြိုင်နက်တည်း လက်ဆယ်ချောင်း ထိတွေ့အသုံးပြု နိုင်သည်။ Touchscreen မှ ချိတ်ဆက်မှု ၂ခု […]

Read More

Apple iPhone 6S နှင့် 6S Plus အကြောင်း သိကောင်းစရာ (၁၀) ချက်

Apple ရဲ့ iPhone သစ်များက ထွက်ပေါ်လို့ လာခဲ့ပါပြီ။ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ Bill Graham Civic Auditorium မှာ ပြုလုပ်ခဲ့တဲ့ Hey Siri ပွဲမှာ iPhone 6S နဲ့ 6S Plus ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းသစ်တွေနဲ့ ပတ်သက်ပြီး Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က “သူတို့နဲ့ ရင်းနှီးနေသလို ခံစားရနေပေမယ့် ကျွန်တော်တို့က ဒီ iPhone တွေနဲ့ ပတ်သက်ပြီး အရာအားလုံးကို ပြောင်းလဲထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Apple ရဲ့ နောက်ဆုံးပေါ် iPhone မှာ ပါဝင်လာတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးသိထားဖို့ လိုအပ်တဲ့အချက် (၁၀) ချက်ကို […]

Read More

Open World Action ဂိမ်းသစ် Mad Max ထွက်ရှိ

Warner Bros. Interactive Entertainment မှ ဖြန့်ချိသော Open World Action ဂိမ်းသစ် Mad Max မှာ PC, PlayStation 4 နှင့် Xbox One ဂိမ်းစက်များအတွက် ထွက်ရှိလာကြောင်း သိရသည်။ Action နှင့် Shooting gameplay အပြင် Driving gameplay ကို ပေါင်းစပ်ထားသော ဂိမ်းဖြစ်ပြီး Wasteland အတွင်း နယ်မြေတစ်ခုမှတစ်ခုသို့ သွားလာချိန်တွင် Magnum Opus အမည်ရလက်နက်များ တပ်ဆင်ထားသည့် ကားကို အသုံးပြုကာ သွားလာနိုင်မည့် vehicular combat အသားပေးဂိမ်းဖြစ်သောကြောင့် Twisted Metal နှင့် Gas Guzzlers  ကဲ့သို့ ဂိမ်းများ၏ ပရိသတ်များလည်း သဘောကျမည်ဟု […]

Read More

2 in 1 Solar battery pack

အရွယ်အစား သေးငယ်သော်လည်း စွမ်းဆောင်ရည်မြင့်မားသည့် နေရောင်ခြည်စွမ်းအင်သုံး Battery Charger pack ဖြစ်သည်။ Long Lasting High Capacity Powerbank ဟု အမည်ရပြီး မျက်နှာပြင်တစ်ဖက်တွင် အားသွင်း Solar cell များပါဝင်ကာ ကျန်တစ်ဖက်တွင် LED မီးလုံး ၂၀ ပါဝင်သည်။ လက်ကိုင်ဖုန်း တစ်လုံးအရွယ်အစားသာရှိပြီး အရေးပေါ်သုံး မီးအိမ်အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။  အဖြူရောင်အလင်းပြင်းအား ကောင်းကောင်းကို ရရှိနိုင်မည်ဟု သိရသည်။ လျှပ်စစ်မီးမရှိသော နေရာ၊ ခရီးသွားနေသော အချိန်မျိုးတွင်  ဖုန်း၊ MP3/MP4, GPS စသည့် DC 5V သုံးပစ္စည်းများကို အားပြန်သွင်းပေးနိုင်မည် ဖြစ်သည်။ AC ဖြင့်လည်း အားပြန်သွင်းနိုင်ပြီး Adaptor ခံကာ အသုံးပြုနိုင်သလို ကွန်ပျူ […]

Read More

Panoramic Selfie ပါဝင်သော Lenovo VIBE Series Smartphone သစ်မိတ်ဆက်

လူအများနှင့် Group ရိုက်ကူးလျှင် အလွယ်တကူ ရိုက်ကူးနိုင်မည့် ကမ္ဘာ့ပထမဦးဆုံး Panoramic Selfie ပါဝင်သော Lenovo VIBE Series Smartphone သစ်ဖြစ်သည့် VIBE Shot မိတ်ဆက်ခြင်း အခမ်းအနားကို KMD နှင့် Lenovo တို့ပူးပေါင်း၍ စက်တင်ဘာလ ၁၁ ရက်၊ ညနေ ၆ နာရီက Sule Shamgri-La Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် Lenovo VIBE Shot Smartphone နှင့်အတူ အခြားနောက်ဆုံးထွက် မော်ဒယ်များဖြစ်သော Lenovo A6000, Lenovo A7000, Lenovo S60 နှင့် Lenovo VIBE X2 Smartphone များကိုလည်း မိတ်ဆက်ရှင်းလင်း ပြသပေးခဲ့သည်။

Read More

Panoramic Selfie ပါဝင်သော Lenovo VIBE Shot Smartphone သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်

လူအများနှင့် Group ရိုက်ကူးလျှင် အလွယ်တကူ ရိုက်ကူးနိုင်မည့် ကမ္ဘာ့ပထမဦးဆုံး Panoramic Selfie ပါဝင်သော Lenovo VIBE Shot Smartphone သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်လာကြောင်း သိရသည်။ Lenovo VIBE Shot Smartphone သည် တိကျပြတ်သားသည့် ဓာတ်ပုံများကို လျှပ်တစ်ပြက်အတွင်း ဖမ်းယူရိုက်ကူးနိုင်မည့် Shutter ခလုတ် ပါဝင်မည်ဖြစ်သည်။ ဖုန်းတွင် အသင့်တွဲဖက်ပါဝင်သော infrared auto-focusing (AF) နည်းပညာသည်လည်း သာမန် စမတ်ဖုန်းကင်မရာများတွင် ပါဝင်သည့် Autofocus များထက် နှစ်ဆ ကောင်းမွန်သော ဓာတ်ပုံဖမ်းယူမှုများကို စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်။ Tri-color LED Flash ဖြင့် သဘာဝကျသော ဓာတ်ပုံအရောင်အသွေးကို ရယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့ပြင် ဓာတ်ပုံရိုက်ကူးသည့်အခါတွင် […]

Read More