Day: September 11, 2015

Ubuntu OS တွင် ဂီတလေ့ကျင့်ခန်း ဆော့ဖ်ဝဲများ ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲသူတွေနေနဲ့ မိမိကွန်ပျူတာဖြင့် တွဲဖက်ပြီး ဂီတလေ့ကျင့်ခန်းတွေကို ပြုလုပ်ချင်တယ်ဆိုရင် ဂီတနဲ့သက်ဆိုင်တဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ ဂီတသင်္ကေတတွေနဲ့ ဂီတနဲ့ပတ်သက်တဲ့ သင်ခန်းစာ ဆော့ဖ်ဝဲတွေကို အသုံးပြုမယ်ဆိုရင် အမျိုးအစားများစွာ ရှိပါတယ်။ အဆိုပါအထဲက လူအသုံးပြုမှုများတဲ့ ဆော့ဖ်ဝဲတွေ ထည့်သွင်းပုံကို ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲတွေကို ထည့်သွင်းရန်အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို […]

Read More

iOS နှင့် Android အတွက် Pokemon Go ဂိမ်းကို Nintendo ဖန်တီးနေ

Nintendo သည် Google developer ဟောင်းများဖြင့် ဖွဲ့စည်းထားသော Niantic အဖွဲ့နှင့် ပူးပေါင်းကာ စမတ်ဖုန်းများအတွက် တည်နေရာအခြေခံ Pokemon ဂိမ်းသစ်တစ်မျိုးကို ဖန်တီးလျက်ရှိသည်။ Pokiemon Go သည် ကစားသူများက GPS အကူအညီဖြင့် virtual Pokemon ကို ရှာဖွေကာ တိုက်ခိုက်ရမည့် ဂိမ်းဖြစ်သည်။ Nintendo သည် Pokemon Go Plus ဟုခေါ်သော ဂိမ်းကစားရာတွင် တွဲဖက်အသုံးပြုနိုင်မည့် ထုတ်ကုန်တစ်ခုကိုလည်း ဖန်တီးလျက်ရှိသည်။ စမတ်နာရီကဲ့သို့ လက်တွင် ပတ်ထားနိုင်သော ၎င်းထုတ်ကုန်သည် ဂိမ်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်မည် ဖြစ်ပြီး ကစားသူက ဖုန်းကို တစ်နေကုန် ကြည့်နေစရာ မလိုရန်အတွက် ကူညီပေးမည် ဖြစ်သည်။ Bluetooth မှတဆင့် ဂိမ်းကစားသူ၏ စမတ်ဖုန်းနှင့် […]

Read More

ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကျင်းပမည်

ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို Myanmar Satellite Forum မှ အသိပညာ ဝေမျှသွားမှာဖြစ်ပါတယ်။ ပြောင်းလဲ လာတဲ့ နည်းပညာတိုးတက်မှုတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ အခမ်းအနား၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr.Rupert Owen က ပြောသည်။ CommuniCast Myanmar အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို […]

Read More

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ Call Center ဖုန်းနံပါတ်များပြောင်းလဲ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ Call Center ဖုန်းနံပါတ်များ ပြောင်းလဲလိုက် ကြောင်းသိရသည်။ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၊ အဆင်မပြေမှုများနှင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများအတွက် ဆက်သွယ် သတင်းပေး ဆောင်ရွက်လိုပါက ယခင်ထုတ်ပြန် ကြေညာထားသည့် Call Center ဖုန်းနံပါတ်များအစား ယခုပြောင်းလဲလိုက်သည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာသည်။ ယခင် Call Center ဖုန်းနံပါတ်များမှာ (၁) ၀၁-၂၁၅၁၄၆၊ (၂) ၀၁-၂၁၅၁၄၇၊ (၃) ၀၁-၂၁၅၁၄၈၊ (၄) ၀၁-၂၁၅၁၄၉၊ (၅) ၀၁-၂၁၅၁၆၆၆ တို့ဖြစ်သည်။ ပြင်ဆင်ပြောင်းလဲသည့် ဖုန်းနံပါတ်များမှာ (၁) ၀၁-၂၃၀၂၂၈၅၊ (၂) ၀၁-၂၃၀၂၂၈၆၊ (၃) ၀၁-၂၃၀၂၂၇ ၊ (၄) ၀၁-၂၃၀၂၂၈၉၊ […]

Read More

Xiaomi Redmi Note 2 Prime ပြည်တွင်းဈေးကွက်ဝင်

Xiaomi Redmi Note 2 Prime စမတ်ဖုန်းအား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ “Xiaomi Redmi Note 2 Prime က မြင်ကွင်းအကျယ် ၅.၅ လက်မပါ။ CPU က 2.2 GHz Octa-core အမျိုးအစားနဲ့ RAM 2GB၊ သိုလှောင်မှုအတွက် 32GB ပါဝင်ပါတယ်။ ကင်မရာ 13 Megapixel အမျိုးအစားနဲ့ လာတာပါ။ ရှေ့ကင်မရာကတော့ 5 Megapixel ရှိပါတယ်။ အခုလောလောဆယ် အရောင်ကတော့ တစ်ရောင်ပဲရှိပါတယ်။ အဖြူရောင်ပါ” ဟု MS Mobile Store မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ Xiaomi Redmi Note 2 Prime သည် […]

Read More

တစ်နိုင်ငံလုံး၌ Ooredoo ဆက်သွယ်ရေးကွန်ရက် ၅၂ ရာခိုင်နှုန်းအထိ ဖြန့်ကြက်ပြီးဖြစ်

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ကာတာနိုင်ငံအခြေစိုက် Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်များအား တစ်နိုင်ငံလုံးလူဦးရေ၏ ၅၂ ရာခိုင်နှုန်းကို ဖြန့်ကြက်ပြီးစီးပြီးဖြစ်ကြောင်း ယခုလ ဒုတိယပတ်တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ကာတာဆက်သွယ်ရေး ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုတွင် နေထိုင်သည့် စုစုပေါင်းလူဦးရေ၏ ၅၂ ရာခိုင်နှုန်းအား ကွန်ရက်လွှမ်းခြုံ ပြီးစီးသွားခြင်းဖြစ်ကြောင်း လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ ဒေါ်သီရိကြာညိုက ဆိုသည်။ Ooredoo Myanmar သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၄၆ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅ မြို့နယ်တို့ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ […]

Read More

မြန်မာဘာသာကျွမ်းကျင်သူများ တိုးချဲ့ခန့်ထားပေးရန် Facebook သို့ အသိပေး ပြောကြားထားဟု ဦးရဲထွဋ်ဆá

လူမှုကွန်ရက်ပေါ်တွင် အမုန်းစကား ရေးသားဖြန့်ဝေမှု ပြုလုပ်သူများကို စိစစ်ဖြုတ်ချမှုများ ပြုလုပ်ရန်နှင့် အသိပညာပေးမှုများ ပြုလုပ်ရန်အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူများကို တိုးချဲ့တာဝန်ပေးရန် Facebook သို့ အသိပေး ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရရှိသူ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ “အစိုးရ အပါအ၀င် Facebook သုံးစွဲသူတိုင်းက အမုန်းစကားဖြစ်စေတယ်။ ညစ်ညမ်းတယ်လို့ ယူဆရင် Facebook ကို သတင်းပို့လို့ရပါတယ်။ Facebook အဖွဲ့က စိစစ်ပြီး သူတို့စံအရ အမုန်းစကားဖြစ်တယ်၊ ညစ်ညမ်းတယ်လို့ သတ်မှတ်ရင် သူတို့ကပဲ ဆက်ပြီး ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ကတော့ Facebook ကို သူ့ဆီမှာ မြန်မာ ဘာသာစကား ကျွမ်းကျင်သူတွေ တိုးချဲ့တာဝန်ပေးဖို့ ပြောတာပဲရှိပါတယ်” ဟု […]

Read More

Untethered iOS 9 jailbreak ပြုလုပ်နည်း YouTube တွင် ထွက်ပေါ်လာ

လူသိများသော iOS ဟက်ကာ “iH8snow” သည် မဖြန့်ချိရသေးသော iOS 9 အတွက် ပထမဆုံး untethered jailbreak ပြုလုပ်နည်းကို YouTube ဗီဒီယိုသစ် တစ်ခုဖြင့် ပြသခဲ့သည်။ အဆိုပါ ဗီဒီယိုသစ်တွင် လာမည့်ဗုဒ္ဓဟူးနေ့၌ public အနေဖြင့် ဖြန့်ချိမည့် iOS 9 ၏ GM build အသုံးပြုထားသော iPhone 5 ဖြင့် ပြသခဲ့သည်။ iH8snow ကမူ အဆိုပါနည်းလမ်းအနေဖြင့် iOS 9.1 beta တွင် အလုပ်လုပ်သော်လည်း ၎င်းဆော့ဖ်ဝဲကို ဖြန့်ချိရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အထက်ပါ ဗီဒီယိုက untethered iOS 9 jailbreak တစ်ခု ဖန်တီးရန် ဖြစ်နိုင်ခြေရှိသည်ကို […]

Read More

Infinity Blade III

တိုက်ခိုက်ရေးဂိမ်းကို ကြိုက်နှစ်သက်သူများအတွက် စိတ်တိုင်းကျစေမည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် ဓားကိုရအောင် တိုက်ခိုက်၍ ရယူရမည်ဖြစ်သည်။ သတ္တဝါဆန်းများနှင့် တိုက်ခိုက်၍ Level မြင့်လာအောင် ကစားရမည်ဖြစ်ပြီး item များရအောင် ရှာဖွေကစားရမည် ဖြစ်သည်။ အဆိုပါဂိမ်းကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၆.၉၉ ပေးသွင်းမှသာ ကစားနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Easy Find for Mac

Mac OS အတွင်းရှိ ဖိုင်များကို ရှာဖွေနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲသည် ဖိုင်များ၊ ဖိုဒါများကို အလျင်အမြန် ရှာဖွေနိုင်စေရန်အတွက် စီစဉ်ဖန်တီးပေးထားသည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ ဖိုင်များကို စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ပြီး ရှာဖွေသည့် ရလဒ်များကို ဖော်ပြပေးနိုင်မည် ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.76MB ခန့်သာ ရှိမည်ဖြစ်သည်။ Mac OS X version 10.5 မှ 10.10 အထိ ထည့်သွင်း အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲအမျိုးအစားတစ်ခု ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More