Day: September 2, 2015

မှတ်ဉာဏ်ပမာဏ မြင့်မားသော ZenFone 2 စမတ်ဖုန်းသစ်ကို Asus မိတ်ဆက်

ယခင်မျိုးဆက်များထက် သိုလှောင်မှု မှတ်ဉာဏ်ပမာဏ ပိုမိုမြင့်မားပြီး Storage 256GB ထိ ပါဝင်လာမည်ဖြစ်သော ZenFone 2 စမတ်ဖုန်းကို Asus မှမိတ်ဆက်ခဲ့သည်။ တရုတ် (တိုင်ပေ) အီလက်ထရွန်းနစ် ကုမ္ပဏီ Asus ၏ Android စမတ်ဖုန်းတွင် ယခင်မျိုးဆက်ကဲ့သို့  ၅.၅ လက်မ မျက်နှာပြင်နှင့် 2.3 GHz Intel quad-core ပရိုဆက်ဆာ ပါဝင်လာသော်လည်း storage မှာမူ 256GB အထိ ပါဝင်လာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ပြုလုပ်ခဲ့သောပွဲတွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Asus သည် RAM 4GB နှင့် storage 256GB ပါဝင်သော ကန်ဒေါ်လာ ၂၄၄ တန်ဖိုးရှိ ZenFone 2 […]

Read More

နည်းပညာကို ခြုံလုံပါလိမ့်လေး

နည်းပညာ လောကသား တော်တော်များများက ၂၀၁၄ ခုနှစ် ကို “the year of wearable ” လို့သတ်မှတ် ပြောဆိုခဲ့ကြတယ်။ အမှန်တကယ်လည်း smartwatch တို့ health tracker တို့ အပြိုင်အဆိုင် ဈေးကွက်ဝင်ထုတ်လုပ် ရောင်းချခဲ့ကြတာကို တွေ့မြင်ခဲ့ ကြရပါတယ်။ ၂၀၁၅ ခုနှစ်ကို ရောက်တဲ့အခါ smartwatch နဲ့ trackers တို့ထက် ပိုပြီး မြှင့်တင် ဆောင်ရွက်ရင်း smart clothes ဆိုတဲ့ ကဏ္ဍသစ်အထိ တိုးချဲ့ဆောင်ရွက်လာတာကို တွေ့ကြရ ပြန်တယ်။ နည်းပညာကို လက်ပတ်တန်ဆာ အဆင့်ကနေ အဝတ်တန်ဆာ အဆင့်ကို ကူးပြောင်းသွားတာလို့ ပြောကြရမှာ ဖြစ်တယ်။ အဝတ်အစား ဒီဇိုင်းထွင်ပြီး ထုတ်လုပ်တဲ့ ပညာရှင်တွေက biometric အပိုင်းကို […]

Read More

Ubuntu OS တွင် Online Content Result များကို ဖယ်ရှားခြင်း

Ubuntu OS အသုံးပြုသူတွေအနေနဲ့ Dash ကိုမကြာခဏ အသုံးပြုပြီး ကိုယ်လိုချင်တဲ့ app တွေကို ရှာဖွေအသုံးပြုတဲ့ အခါမှာ မလိုလားအပ်တဲ့ Online content search result များ ဖော်ပြပေးတာကို တွေ့ရမှာပါ။ ဒီလိုမျိုး online content search result တွေ ကြောင့် မျက်စိရှုပ်ပြီး အလွယ်တကူ ရှာဖွေမရဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ကိုယ်ရှာဖွေတဲ့ result ကို တိတိကျကျရအောင် ပြုလုပ်နိုင်ပါတယ်။ Local search result နဲ့ Online content search result တွေ ရောထွေးနေရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ Terminal ကနေ ပြုလုပ်တာဖြစ်ပြီး နောက်တစ်မျိုးကတော့ GUI ကနေပြုလုပ်တဲ့ […]

Read More

Dinga Store ကို စတင်မိတ်ဆက်

ပြည်တွင်းရှိ Mobile Application များကို တစ်နေရာတည်း၌ စုစည်းရောင်းချပေးမည့် Dinga Store ကို ယခုတစ်ပတ်အတွင်း မိတ်ဆက်သွားမည်ဟု Technomation မှ စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်က ပြောသည်။ နိုင်ငံတကာ၌ အောင်မြင်နေသည့် Play Store အတိုင်း စီစဉ်ဖန်တီးထားခြင်းဖြစ်သည့် Dinga Stoer ၌ ပြည်တွင်းထုတ် Mobile Application များကို စုစည်း ရောင်းချ သွားမည်ဖြစ်ပြီး Developer များအနေဖြင့်လည်း Application များကို လွယ်ကူစွာရောင်းချနိုင်မည်ဟု သိရသည်။ “ငွေကြေးခွဲဝေမှုကတော့ နိုင်ငံတကာအတိုင်း Devloper က ၇၀ ရာခိုင်နှုန်းယူပြီးတော့ ကျွန်တော်တို့ က ၃၀ ရာခိုင်နှုန်း ယူပါတယ်။ Payment စနစ်တွေ ကတော့ ပေးလို့ရတဲ့ ဘယ် Payment […]

Read More

IFA နည်းပညာပြပွဲတွင် Skylake ပရိုဆက်ဆာများကို Intel မိတ်ဆက်

Intel သည် စွမ်းဆောင်ရည်မြင့် gaming ကွန်ပျူတာများမှ USB stick အရွယ် ကွန်ပျူတာများအထိ ရည်ရွယ်ထုတ်လုပ်ထားသော စီမံကိန်းလျှို့ဝှက်အမည် Skylake ဟုခေါ်သည့် နောက်ဆုံးပေါ် ပရိုဆက်ဆာများကို မိတ်ဆက်ပေးခဲ့သည်။ ဆဋ္ဌမမျိုးဆက် Core ပရိုဆက်ဆာများ၏ microarchitecture သစ်ကြောင့် စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနှင့် ဂရပ်ဖစ်စွမ်းဆောင်ရည်တို့ကို ပိုမိုကောင်းမွန်စေမည်ဟု Intel မှ ပြောကြားသည်။ ၎င်းချစ်ပ်များသည် 4K ဗီဒီယိုများကိုလည်း ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်အသစ် လိုအပ်သည့် သုံးစွဲသူများကို သိမ်းသွင်းစည်းရုံးရန် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိသည်။ Microsoft မှ ဖြန့်ချိခဲ့သော နောက်ဆုံးပေါ် operating system ဖြစ်သည့် Windows 10 သည် သုံးစွဲသူများအား အခမဲ့ […]

Read More

Telenor က တနင်္သာရီတိုင်းဒေသကြီးတွင် စတင်ဝန်ဆောင်မှုပေး

Telenor ကတနင်္သာရီတိုင်းဒေသကြီးတွင် စတင်ဝန်ဆောင်မှုပေးလိုက်ကြောင်း Telenor Myanmar မှ သိရသည်။ ထိုသို့တိုးချဲ့ခြင်းဖြင့် လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် Telenor ဝန်ဆောင်မှုများ ရရှိလာ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် စတင် ဝန်ဆောင်မှု ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ “ရန်ကုန်မှာဆိုရင် တာဝါတိုင် ၈၁၁ တိုင်ရှိနေပြီး မန္တလေးမှာ ၅၂၁ တိုင်ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။ လက်ရှိတွင် Telenor အနေဖြင့် တာဝါတိုင် ၂,၇၀၀ ကျော်ဖြင့် မြန်မာနိုင်ငံရှိ လူဦးရေထူထပ်သော နေရာ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ကုန်တွင် တာဝါတိုင် […]

Read More

လူမှုရေးမီဒီယာက ရေပန်းအစားဆုံး အွန်လိုင်းအသုံးပြုမှု ဖြစ်လာကြောင်း စစ်တမ်းတစ်ခုဖော်ပြ

လူမှုရေးမီဒီယာသည် ဖျော်ဖြေမှုကို ကျော်လွန်ကာ ယူကေ၏ လူကြိုက်အများဆုံး အွန်လိုင်းလှုပ်ရှားမှု ဖြစ်လာခဲ့ပြီး တစ်ရက်လျှင် ဝက်ဘ်ပေါ်၌ ကုန်ဆုံးသည့် ပျှမ်းမျှအချိန်မှာ ၂ နာရီနှင့် ၅၁ မိနစ်ဖြစ်ကြောင်း သိရသည်။ Reddit နှင့် Gawker Media ကဲ့သို့သော ဆိုက်များတွင် သုံးစွဲသည့်အချိန် အပါအဝင် လူမှုရေးမီဒီယာ သုံးစွဲမှုသည် စုစုပေါင်း အွန်လိုင်းသုံးစွဲချိန်၏ ၁၇ ရာခိုင်နှုန်းနီးပါးရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၁၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Internet Advertising Bureau (IAB) အဖွဲ့မှ ကောက်ယူခဲ့သော သုတေသန စစ်တမ်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ ကာလအပိုင်းအခြားတွင်ပင် တီဗီအစီအစဉ်များ ကြည့်ရှုခြင်း၊ YouTube ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် သီချင်းနားထောင်ခြင်း ကဲ့သို့သော ဖျော်ဖြေမှုများကို အွန်လိုင်းမှသုံးစွဲသည့် အချိန်သည် […]

Read More

၁၉၉၉ ခုနှစ်နောက်ပိုင်း လိုဂိုဒီဇိုင်း ပြောင်းလဲမှု အကြီးမားဆုံး ပြုလုပ်ခဲ့သည့် Google

Google သည် ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံး ပြောင်းလဲမှုအဖြစ် sans-serif သစ်နှင့် အရောင်ဖျော့သော လေးရောင်စပ် လိုဂိုသစ်ကို အင်္ဂါနေ့က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ဒီဇိုင်းသစ်ကို ကုမ္ပဏီ၏ ထုတ်ကုန်အားလုံးပေါ်တွင် မကြာမီ တွေ့မြင်ရမည် ဖြစ်ကြောင်း Google မှ ဆိုခဲ့သည်။ အသစ်ပြောင်းလဲထားသည့် လိုဂိုဒီဇိုင်းသစ်ကို Google ၏ ပင်မစာမျက်နှာတွင် လိုဂိုအဟောင်းကို ဖျက်ကာ အသစ်ကို ရေးဆွဲထားသော animation တစ်ခုဖြင့် မိတ်ဆက်ပေးခဲ့သည်။ “Google က ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ အများကြီး ပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာလည်း အသွင်အပြင်နဲ့ ခံစားမှုက တိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့က ပြောင်းလဲမှုတွေကို ထပ်လုပ်နိုင်ခဲ့ပါပြီ” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ယခုကဲ့သို့ […]

Read More

HP 2645 All in One Printer

HP Deskjet Ink-Advantage 2645 All in One Printer ကို Print, Scan, Copy နှင့် Fax အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အဖြူ အမည်းစာရွက် တစ်မိနစ်လျှင် ၇ မျက်နှာ Print Out ထွက်ရှိပြီး ရောင်စုံဖြင့် တစ်မိနစ်လျှင်လေးမျက်နှာ Print Out ထွက်ရှိမည်ဖြစ်သည်။ Print Resolution မှာ အဖြူ အမည်း 600×600 dpi ဖြစ်ပြီး ကာလာဖြင့် 4800×1200 dpi ဖြစ်သည်။ Scan အနေဖြင့် Flatbed/ADF အမျိုးအစားဖြစ်ပြီး စာရွက်အရွယ်အစား A4 (Both Flatbed & ADF) နှင့် Legal […]

Read More

Smart 3D Screen

ဈေးကွက်အတွင်းသို့ 3D Movies များ ကြည့်ရှုနိုင်သည့် Smart 3D Screen ဝင်ရာက်လာသည်။ 3D VR Cardboard ကဲ့သို့ပင် ရုပ်ရှင်များကို ရုပ်လုံးကြွကာ ပြသပေးနိုင်မည်ဖြစ်ပြီး ထူးခြားချက်အနေဖြင့် Cardboard ကဲ့သို့ နီးကပ်စွာ ကြည့်ရှုရန် မလိုသည့်အတွက် မျက်စိအညောင်းသက်သာစေ မည် ဖြစ်သည်။ ပုံမှန်မြင်နေကျ စကရင်ထက် သုံးဆချဲ့ကာ ကြည့်ရှုနိုင်ပြီး စကရင်အရွယ်အစား ၈ လက်မထိ ချဲ့ကာ ကြည့်ရှုနိုင်ဖြစ်သည်။ အလွယ် တကူ ခေါက်သိမ်းကာ သွားလေရာ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၈,၀၀၀ ကျပ်ဖြစ်ပြီး SMS Online Shopping ဖုန်း ၀၉၂၅၀၅၁၅၄၄၂ ၌  ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More