Day: September 1, 2015

Apple အမှုဆောင် အရာရှိချုပ်ဟောင်း ဂျွန်စကူလီ တည်ထောင်သည့် ကုမ္ပဏီမှစမတ်ဖုန်းသစ်များ မိတ်ဆက်

Apple ၏အမှုဆောင် အရာရှိချုပ် ဂျွန်စကူလီနှင့် Ammunition ဒီဇိုင်းတည်ထောင်သူ ရောလတ်ဘရန်နာတို့ တွဲဖက်တည်ထောင်ထားသည့် Obi Worldphone ကုမ္ပဏီမှ ဈေးနှုန်းသင့်တင့်သော စမတ်ဖုန်း ၂ မျိုးကို မိတ်ဆက်ခဲ့သည်။ Obi Worldphone ၏ဖုန်းသစ် ၂ မျိုးမှာ SF1 နှင့် SJ1.5 တို့ဖြစ်ပြီး ၎င်းစမတ်ဖုန်းများကို ကန်ဒေါ်လာ ၁၉၉ နှင့် ၁၂၉ မှစတင်၍ အသီးသီးရောင်းချ ပေးသွားမည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းများကို အောက်တိုဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ပြီး အာရှရှိ ဖွံ့ဖြိုးဆဲ ဈေးကွက်များမှ ၂၅ နှစ်အောက် လူငယ်များအတွက် ရည်ရွယ်၍ ရောင်းချသွားမည် ဖြစ်သည်။ Obi Worldphone တွင် Qualcomm နှင့် MediaTek ပရိုဆက်ဆာ၊ Sony […]

Read More

ဆိုရှယ်မီဒီယာနှင့် ပရဟိတစိတ်ဓာတ်

မြန်မာနိုင်ငံရဲ့ ဒေသအများစု မှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးခံခဲ့ရတဲ့ သဘာဝဘေး အန္တရာယ်ကြီးအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မိတ်ဆွေတွေနဲ့ အတူ စုပေါင်း လုပ်ကိုင်နိုင်ခဲ့တဲ့ အပေါ် မဆွေမွန်ချိုဆိုတဲ့ သူမတစ်ယောက် တစိမ့်စိမ့်တွေးပြီး ကျေနပ်နေပါတယ်။ ရေလွှမ်းမိုးခံခဲ့ရလို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေခဲ့တဲ့ ဒေသက ရာနဲ့ချီ တဲ့လူတွေ အတွက် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အတွက် သူမ ကျေးဇူးတင်တဲ့ အရာတွေမှာ  Facebook လူမှုကွန်ရက်နဲ့ မြန် မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဆက်သွယ်ရေး ကဏ္ဍတွေက ထိပ်ဆုံးက ပါဝင်နေတယ်လို့ ဆိုလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်တဲ့ ရေလွှမ်းမိုးမှုတွေ ဆက်တိုက် […]

Read More

တစ်ကြိမ်တည်းဖြင့် အရာဝတ္ထု ၁၀ မျိုးဖန်တီးနိုင်သည့် 3D Printer

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) သည် တစ်ကြိမ်တည်းဖြင့် အရာဝတ္ထု ၁၀ မျိုး ထုတ်လုပ် ဖန်တီးနိုင်သော 3D printer တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ 3D printer ကို MIT ၏ ကွန်ပျူတာသိပ္ပံနှင့် ဉာဏ်ရည်အတု ပြုလုပ်ရာ ဓာတ်ခွဲခန်း (CSAIL) မှ ထုတ်ကုန်ကို စမ်းသပ်ပြသနေသည့် မှတ်တမ်းဗွီဒီယိုကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ 3D printer သည် ဈေးနှုန်းသက်သာပြီး ယခင် လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နိုင်သည့် printer များထက် သုံးစွဲရလွယ်ကူမည် ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် CSAIL သည် SIGGRAPH ကွန်ပျူတာဖြင့် ရုပ်ပုံများ ဖန်တီးခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း […]

Read More

Windows Registry Editor

Windows Registry Editor (regedit) ဆိုသည်မှာ Windows operating system ရှိ graphical tool တစ်ခု ဖြစ်ပြီး ၎င်းသည် အခွင့်ရှိသည့် သုံးစွဲသူများက Windows registry ကို ကြည့်ရှုပြီး ပြောင်းလဲမှုပြုလုပ်စေနိုင်သည်။ Windows Registry Editor ကို ကျွမ်းကျင်သူများနှင့် administrator များကသာ အသုံးပြုသင့်ပြီး ပြောင်းလဲမှုများ မပြုလုပ်မီတွင် registry ကို backup အမြဲ ပြုလုပ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုတစ်ခုက မှားယွင်းသွားသည့်အခါ ကွန်ပျူတာ၏ operating system လုပ်ဆောင်ချက် ရပ်ဆိုင်းသွားနိုင်ခြင်းကြောင့် ဖြစ်သည်။

Read More

Jailbreak လုပ်ထားသည့် iPhone များမှ Apple account login နှစ်သိန်းကျော် ခိုးယူသည့် malware ရှာဖွေတွေ့ရှိ

KeyRaider ဟုခေါ်သော အသစ်ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည့် malware သည် jailbreak လုပ်ထားသော iPhone များမှ Apple account login ၂၂၅,၀၀၀ ကျော်ကို ခိုးယူခဲ့ကြောင်း သိရသည်။ သုံးစွဲသူများသည် ၎င်းတို့၏ Apple account များကို အသုံးပြုကာ အခွင့်မရှိသော ဝယ်ယူမှုများနှင့် ကြုံတွေ့ခဲ့ကြပြီး အချို့မှာ ransom ကြောင့် iPhone များကို disable ပြုလုပ်ခံရခြင်းနှင့် ကြုံတွေ့ခဲ့ကြသည်။ အဆိုပါ malware ကို Palo Alto Networks နှင့် တရုတ်အခြေစိုက် WeipTech မှ လုံခြုံရေးသုတေသီများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း လုံခြုံရေးသုတေသီများ၏ အဆိုအရ KeyRaider သည် တရုတ်ရှိ third-party Cydia […]

Read More

Gear S2 စမတ်နာရီကို Samsung မိတ်ဆက်

Samsung သည် စမတ်နာရီဈေးကွက်တွင် ပြိုင်ဆိုင်မှု ပိုမိုပြုလုပ်နိုင်ရန်အတွက် စမတ်နာရီသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gear S2 စမတ်နာရီကို ဘာလင်မြို့တွင် ကျင်းပမည့် IFA လူသုံးကုန် အီလက်ထရွန်နစ်ပြပွဲ မတိုင်မီ Samsung က မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စမတ်နာရီကို လုံးဝိုင်းသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး ၁.၂ လက်မ touchscreen ကို အသုံးပြုထားသည်။ ၎င်းဒီဇိုင်းသည် app များအသုံးပြုခြင်းနှင့် notification တို့အတွက် ပိုမိုရှင်းလင်းတိကျစွာဖြင့် ဖော်ပြပေးနိုင်မည်ဟု Samsung မှ ပြောကြားခဲ့သည်။ သို့သော် Gear S2 ၏ ဈေးနှုန်းကို Samsung မှ ဖော်ပြခဲ့ခြင်း မရှိပေ။ ၎င်းစမတ်နာရီသည် အထူ လက်မဝက်ခန့်သာရှိပြီး S2 နှင့် […]

Read More

Android Wear စမတ်နာရီများကို iPhone နှင့် တွဲဖက် အသုံးပြုနိုင်မည်

နာမည်ကျော် search engine ကုမ္ပဏီကြီးဖြစ်သော Google သည် Android Wear အသုံးပြုထားသည့် စမတ်နာရီများကို Apple ၏ iPhone နှင့် တွဲဖက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ အဆိုပါ အပြောင်းအလဲသည် Google ၏ စမတ်နာရီများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်သည်။ ယခုကြေညာချက် မတိုင်မီက Samsung, Motorola နှင့် LG တို့မှ ထုတ်လုပ်သော Android Wear စမတ်နာရီများကို Android စမတ်ဖုန်းများဖြင့်သာ တွဲဖက်အသုံးပြုနိုင်ခဲ့သည်။ အဆိုပါ စမတ်နာရီများကို iPhone သုံးစွဲသူများ အသုံးပြုနိုင်ခြင်းကြောင့် Google က သုံးစွဲသူအများအပြားကို ယခင်ထက် ပိုမိုရရှိနိုင်မည့် အလားအလာရှိနေသည်။ Apple သည် ပြီးခဲ့သည့် […]

Read More

Aurel Vlaicu The Gyrocopter

TI5 တစ်လျှောက်လုံးမှာ 100%  Pick/ Ban Rate ရှိခဲ့ပြီး Teamfight Meta နဲ့ အံဝင်ခွင်ကျဖြစ်ခဲ့ရတဲ့ Range Agility Hero တစ်ကောင်ဖြစ်သော Gyrocopter ဟာ Damage Output အမြောက်အမြား ထုတ်နိုင်တဲ့ Carry တစ်ကောင်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Ability တွေဟာ အစ၊ အလယ်၊ အဆုံးအသုံးဝင်တဲ့အပြင် Illusion, Summon Unit, Long Range Caster hero တွေ အားလုံးကို ငယ်နိုင်ဖြစ်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လက်ရှိ Meta မှာ Pro ကြိုက်များရခြင်းပဲ ဖြစ်ပါတယ်။ Public Matchmaking တွေမှာတော့ နံပါတ် ၂၃ နေရာမြောက် […]

Read More

CB-MPU Credit ကတ် စတင် အသုံးပြုနိုင်

CB-MPU Credit Card အား စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သမ၀ါယမဘဏ်၏ အမှုဆောင် ဒုတိယ ဥက္ကဌ ဦးကျော်လင်းကပြောသည်။ “ကတ်အမျိုးအစား သုံးမျိုး ထုတ်ဝေပးသွားမှာဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ အမျိုးအစားကို လျှောက်ထား အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။ Classic Card , Gold Card , Platinum Card ၃ မျိုး ထုတ်ဝေမည် ဖြစ်ကြောင်း၊ အသက် ၂၁ နှစ်ပြည့်ပြီးသူ တိုင်း CB Bank (ရုံးချုပ်)နှင့် CB Bank ၏ ဘဏ်ခွဲများ အားလုံးတွင် လျှောက် ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ကတ်ကို MPU အမှတ်တံဆိပ်ပါရှိသော နေရာများဖြစ်သည့် ဈေးဝယ်စင်တာများ၊ ဓာတ်ဆီဆိုင်များ ၊ စားသောက်ဆိုင်များ […]

Read More

I0bit Uninstaller

http://goo.gl/Du3D84  ဆော့ဖ်ဝဲအမျိုးအစား – Utilities ဗားရှင်း – 5.0.3.171     ဖိုင်အရွယ်အစား – 10.44 MB အသုံးပြုနိုင်သည့် OS – Windows 2000/XP/Vista/7/8 I0bit Uninstaller ဆော့ဖ်ဝဲမှာ ကွန်ပျူ တာအတွင်းမှ ဆော့ဖ်ဝဲများ၊ Plug-in များကို ဖယ်ရှားရှင်းလင်း ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲအနေဖြင့် Malicious များကို စောင့်ကြည့်နေပြီး ဝင်ရောက်မှုရှိခဲ့ပါကလည်း ဖယ်ရှားရှင်းလင်းနိုင်စေရန်အတွက် စီစဉ်ပေးထား ပါတယ်။ ဆော့ဖ်ဝဲကို အခမဲ့ အနေဖြင့်သာမက အခကြေးငွေပေးချေပြီး သုံးစွဲနိုင်တဲ့ Pro version အနေဖြင့်ပါ ထုတ်လုပ်ပေးထားပါတယ်။ Pro version တွင် Windows 10 မှ Default […]

Read More