Day: August 28, 2015

တစ်ရက်တည်းတွင် Facebook သုံးစွဲသူ တစ်ဘီလီယံရှိခဲ့ကြောင်း Facebook ကြေညာ

နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော Facebook သည် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး တစ်ရက်တည်းတွင် အသုံးပြုသူ တစ်ဘီလီယံရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို တနင်္လာနေ့တွင် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က Facebook post တစ်ခုဖြင့် ရေးသား ဖော်ပြခဲ့ပြီး တစ်နေ့တည်းတွင် ကမ္ဘာပေါ်ရှိ လူ ၇ ဦးအနက် တစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် ချိတ်ဆက်ရန် Facebook ကို အသုံးပြုခဲ့ကြောင်း ဆိုခဲ့သည်။ လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေ ၁.၅ ဘီလီယံကို ပိုင်ဆိုင်ထားသည်။ Twitter ကို လစဉ်သုံးစွဲသူ ဦးရေမှာ ၃၁၆ သန်း ဖြစ်သည်။ Facebook ကို သုံးစွဲသူဦးရေသည် ပုံမှန်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ၏ […]

Read More

microblogging

Microblogging ဆိုသည်မှာ အမည်စာရင်းသွင်းပြီး သုံးစွဲသူများက ဝန်ဆောင်မှု၏ အခြားသုံးစွဲသူများထံ message တိုများ ပေးပို့နိုင်သော ဝက်ဘ်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ Micropost များသည် ဝက်ဘ်ဆိုက်တစ်ခုတွင် အများမြင်တွေ့စေရန် ပြုလုပ်ထားနိုင်သလို သုံးစွဲသူများ၏ သီးသန့်အဖွဲ့တစ်ခုထံသို့လည်း ဖြန့်ဝေနိုင်သည်။ အမည်စာရင်းသွင်းပြီး သုံးစွဲသူများက microblog post များကို အွန်လိုင်းတွင် ဖတ်ရှုနိုင်သလို desktop ထံသို့ instant message အနေဖြင့် လည်းကောင်း၊ မိုဘိုင်းထုတ်ကုန်တစ်ခုထံသို့ SMS text message တစ်ခု အနေဖြင့်လည်းကောင်း ပေးပို့ရန် တောင်းဆိုနိုင်သည်။ Microblogging ရှိ post များသည် အက္ခရာ အလုံးရေ ၁၄၀ မှ ၂၀၀ အတွင်းသာရှိပြီး ဆဲလ်ဖုန်းများအပါအဝင် အမျိုးမျိုးသော ထုတ်ကုန်များဖြင့် ရေးသားခြင်း၊ လက်ခံခြင်းတို့ကို […]

Read More

အဝေးပြေးယာဉ်လိုင်း လက်မှတ်များကို App မှ ဝယ်ယူနိုင်ရန်ဆောင်ရွက်

ယာဉ်လိုင်းလက်မှတ်များကို Application မှ ဝယ်ယူနိုင်ရန် Green Tickets မှ ဆောင်ရွက်လိုက်သည်။ အဝေးပြေးယာဉ်လိုင်း လက်မှတ်များကို Mobile Application မှ တိုက်ရိုက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ လက်မှတ်ဝယ်ယူခြင်း အတွက် ငွေပေးချေခြင်းများကို MPU Card, Visa Card, Master Card, i-banking , mobile banking များဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “App ကို Play Store မှာ ရယူနိုင်ပါတယ်။ မိုဘိုင်းဖုန်းဆိုင်တချို့မှာလည်း ဖြန့်ထားပြီးပါပြီ” ဟု Green Tickets မှ တာဝန်ရှိသူက ပြောသည်။ မိမိ ကြိုက်နှစ်သက်ရာ ယာဉ်လိုင်း၊ အချိန်၊ ဈေးနှုန်းနှင့် ခုံနံပါတ်များကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း […]

Read More

MPT ၏ ADSL အထူးဝန်ဆောင်မှု အချို့ နှစ်စဉ်ကြေး အခမဲ့ သတ်မှတ်ထားဟုဆို

MPT ၏ ADSL အထူးဝန်ဆောင်မှုအချို့ နှစ်စဉ်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ MPT အနေဖြင့် ADSL အထူးဝန်ဆောင်မှုများတွင် Static IP Adress, ဖုန်းနံပါတ်ပြောင်းလဲခြင်း (သက်ဆိုင်ရာ အိတ်ချိန်း၊ အိတ်ချိန်း ပြောင်းလဲခြင်း) တို့အတွက် နှစ် စဉ်ကြေး မကောက်ခံကြောင်း တွေ့ရသည်။ Static IP Adress တွင် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်၊ သက်ဆိုင်ရာ အိတ်ချိန်းမှ ဖုန်းနံပါတ်ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင် ငါးသောင်းကျပ်၊ အိတ်ချိန်းပြောင်းလဲပြီး ဖုန်းနံပါတ် ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင်ခ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း နှစ်စဉ်ကြေး မကောက်ခံကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာထားသည်။ အဆိုပါ ဝန်ဆောင်မှုများတွင် အီးမေးလ်အကောင့် ထပ်ဖွင့်ခြင်းများအတွက် အကောင့် […]

Read More

Microsoft စမတ်ဖုန်းသစ်များ၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါက်ကြား ထွက်ပေါ်လာ

Microsoft သည် အောက်တိုဘာလတွင် ဟန်းဆက်သစ်များကို မိတ်ဆက်ကြေညာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို အဆိုပါ ဟန်းဆက်သစ်များ၏ ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။ ၎င်းဓာတ်ပုံများသည် Microsoft မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအဖြစ် Twitter ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ပထမဦးဆုံး သတင်းပေါက်ကြားမှုသည် Neowin ဆိုက်မှ Microsoft သတင်းထောက်တစ်ဦး ဖြစ်သည့် ဘရက်ဒ်ဆမ်စ်ထံမှ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဓာတ်ပုံတွင် Cityman ဟု ဖော်ပြခဲ့သည်။ ထို့နောက် သတင်းအချက်အလက်များနှင့် ထုတ်ကုန်များ ပေါက်ကြားမှုတွင် အားထားရသည့် ရင်းမြစ်ဖြစ်သော အီဗန်ဘလပ်စ်က Talkman ဟုခေါ်သော ထုတ်ကုန်တစ်မျိုး၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။ Microsoft ကမူ ဓာတ်ပုံများနှင့် ပတ်သက်၍ အတည်ပြု ပြောကြားထားခြင်း မရှိသေးသောကြောင့် […]

Read More

ခေါက်သိမ်းနိုင်သော iPhone ကီးဘုတ်တစ်မျိုးကို LG မိတ်ဆက်

LG သည် Rolly Keyboard ဟုခေါ်သော ခေါက်သိမ်းထားနိုင်သော ကီးဘုတ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ Rolly သည် လက်တော့ပ်ကီးဘုတ်အရွယ် ဖြစ်ပြီး Bluetooth မှတစ်ဆင့် ထုတ်ကုန်နှစ်ခုနှင့် တစ်ပြိုင်နက် ချိတ်ဆက်နိုင်သည်။ Rolly ကို ထင်ရှားစွာ မြင်တွေ့အသုံးပြုနိုင်မည့် ခလုတ်များဖြင့် ပြုလုပ်ထားပြီး မိုဘိုင်းထုတ်ကုန်များအတွက် stand တစ်ခုကို ထည့်သွင်းပေးထားကြောင်း LG ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Rolly Keyboard ကို Bluetooth 3.0 နှင့် အထက် ထုတ်ကုန်များနှင့် ချိတ်ဆက်နိုင်ပြီး auto-pairing feature ကို ထောက်ပံ့ပေးထားသည်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ထုတ်ကုန်နှစ်မျိုးအကြား ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းကို iPhone နှင့် Android ဖုန်းများအပြင် ကီးဘုတ်နှင့် အသုံးပြုရန် လိုအပ်သော […]

Read More

iPhone သစ် မိတ်ဆက်ပွဲကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်

Apple သည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် ပွဲတစ်ခု၌ iPhone သစ်နှင့် အဆင့်မြှင့်ထားသည့် Apple TV set-top box တို့ကို မိတ်ဆက်ပြသသွားဖွယ်ရှိသည်။ အဆိုပါ ပွဲကို စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ၎င်းပွဲသည် ကုမ္ပဏီက iPhone 6 နှင့် iPhone 6 Plus တို့ကို မိတ်ဆက်ပေးခဲ့ပြီး တစ်နှစ်အတိတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ဖုန်းနှစ်မျိုးသည် Apple ၏ အရောင်းရဆုံး ထုတ်ကုန်များ ဖြစ်လာခဲ့ပြီး ကုမ္ပဏီကိုလည်း ကမ္ဘာ့အကျိုးအမြတ် အရရှိဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်စေခဲ့သည်။ လက်ရှိတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone ထံမှ ရရှိခြင်း ဖြစ်သည်။ […]

Read More

တစ်နှစ်အတွင်း ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူ ၇ သန်းခန့်ရှိလာ

ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထားသော မြန်မာ့ဆက်သွယ်ရေလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုနေသူ အရေအတွက် ၇ သန်းခန့် ရှိလာပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ သတင်းရရှိသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်းက စတင်ဝန်ဆောင်မှုပေးခဲ့သည့် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုနေသူဦးရေသည် တစ်နှစ်အတွင်း ရရှိခဲ့ခြင်းဖြစ်ပြီး လစဉ်သုံးစွဲသူ အရေအတွက်မှာ ပျမ်းမျှအားဖြင့် လေးသိန်းမှ ငါးသိန်းဝန်းကျင် ရှိနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ အသုံးပြုခ နှုန်းထားများ ပြောင်းလဲထားသည့် ဆွေသဟာ ဝန်ဆောင်မှုအား နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် အပြိုင်အဆိုင် ဈေးကွက်အတွင်း ရောင်းချနေခြင်း ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များကို သုံးစွဲနေသူဦးရေ ၁၄ သန်းကျော် ရှိလာပြီဖြစ်ပြီး ဆွေသဟာ ဝန်ဆောင်မှုကို […]

Read More

လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာ၌ ပါဝင်နိုင်ရန် အမျိုးသား အများပိုင်ကုမ္ပဏီ ၁၇ ခု အဆိုပြုလွှá

အစိုးရ၏ မူဝါဒအရ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၌ ပါဝင်နိုင်ရန် အမျိုးသားအများပိုင် ကုမ္ပဏီ ၁၇ ခုတို့က အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်ဟု သိရသည်။ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီမှ ဦးဆောင်သူအနေဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး ဖိတ်ခေါ်ထားသော အမျိုးသားအများပိုင် ကုမ္ပဏီများသည် ရှယ်ယာရှင်များအဖြစ် ပူးပေါင်းပါဝင်ကြရမည်ဟု သိရသည်။ “အထူးလုပ်ငန်း ကုမ္ပဏီအတွက် အဖွဲ့ပေါင်း ၁၇ ခုက အဆိုပြုလွှာ လာတင်ကြတယ်။ ဘယ်အဖွဲ့တွေ ရွေးမယ်ဆိုတာ စိစစ်နေဆဲပဲ” ဟု အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရေးနှင့် တင်ဒါစိစစ် ရွေးချယ်ရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ဆက်သွယ်ရေး အော်ပရေတာလေးခုထားရှိမည်ဟု တရားဝင်ကြေညာထားပြီး လက်ရှိအချိန်၌ ပြည်ပမှ […]

Read More

အဆင့်မြင့် ဇိမ်ခံတန်းဝင် အသေးစား SUV 2015 Dodge Durango

ကားဈေးကွက်က မထင်ရဘဲနဲ့ SUV ကားတွေ ခေတ်ကောင်းတဲ့ဘက်ကို လှည့်လာတာတစ်ခုကတော့ ထူးဆန်းနေပါတယ်။ တကယ်တမ်းဆိုရင်တော့ မြို့တွင်း သုံးအနေနဲ့ပဲ ဖြစ်ဖြစ်၊ ပွဲတက်အနေနဲ့ပဲ ဖြစ်ဖြစ် ကြည့်ကောင်းတယ်ဆိုတဲ့ မော်ဒယ်က ဆီဒင်တွေပါ။ ဒါပေမဲ့ SUV ဆိုတဲ့ နေရာမှာလည်း ကိုယ်ထည်ပိုင်း သေးသေး၊ ဝန်လည်း ပေါ့ပေါ့၊ စွမ်းဆောင်ရည်လည်း မဆိုးတဲ့ မော်ဒယ်တွေဖြစ်တဲ့ Crossover တွေ ခေတ်စားလာတာ ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေက ပုံမှန်ဆိုရင် အင်ဂျင်စနစ်အကြီးစားတွေ တပ်ဆင်ထားမှာ ဖြစ်ပေမယ့် Crossover ဆိုတဲ့ မော်ဒယ်တွေကတော့ အင်ဂျင်အလတ်စား ဒါမှမဟုတ်ရင် Turbo လို စနစ်တွေ ကူထားတဲ့ အင်ဂျင်အသေးစားစနစ်တွေကို တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည်လည်း မဆိုးသလို ဆီစားလည်း သက်သာတာကြောင့်၊ နောက်ဆုံး လမ်းကြောင်းစုံမှာလည်း မောင်းနှင် နိုင်မှာဖြစ်လို့ […]

Read More