Day: August 27, 2015

Standard Chartered ဘဏ်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် ပညာရေး အစီအစဉ်ကို မြန်မာနိုင်ငံ တစ်ဝန်á

ဗြိတိသျှကောင်စီ၏ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ်မှ အသေးစားနှင့်အလတ်စားလုပ် ငန်းများအတွက် ပညာရေးအစီအစဉ် (MSME) ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရန် ကြေညာချက် တစ်ရပ်ကို သြဂုတ်လ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ Education for Entrepreneurs (E4E) ခေါ် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ်ကို Standard Chartered ဘဏ်က Pricewaterhouse-Coopers ၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဤပညာရေးအစီအစဉ်၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်း ဦးဆောင်သူများအား မိမိတာဝန်ယူဦးဆောင် နေသော ကုမ္ပဏီ၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက် စွာစီမံခန့်ခွဲနိုင်ရန်၊ ဘဏ္ဍာရေးနှင့် စီးပွားရေး အသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာ နားလည် တတ်ကျွမ်းစေရန်ဖြစ်သည်။ ဤအစီအစဉ်ကို မြန်မာနိုင်ငံ ၌ ၂၀၁၄ […]

Read More

ဆွေသဟာဝန်ဆောင်မှုတွင် ၅၅ မိနစ် အခမဲ့ ပြောဆိုခွင့် ရရှိမည့် အစီအစဉ်ကို MPT က ရက်ပေါင်း ၃၀ ကျော်ေá

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုအား တစ်နာရီစာ ဖုန်းခေါ်ဆိုမှုအတွက် ပထမ ငါးမိနစ်စာသာ ကုန်ကျမည့် အစီအစဉ်ကို ယခုလ ၂၈ တွင် စတင် သွားမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်းက သတင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလျှော့ချသည့် ဝန်ဆောင်မှုသည် နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အကျုံးဝင်မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ MPT ၏ ဆွေသဟာဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခသက်သာစေမည့် အဆိုပါအစီအစဉ်သည် မိနစ် ၆၀ […]

Read More

Windows 7 Opreating System 32 bit မှ 64 bit သို့ Upgrade ပြုလုပ်ခြင်း

တစ်ခါတစ်ရံမှာ Windows Opearting System အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware ဟာ 64bit ကို အထောက်အပံ့ပေးပေမယ့် 32 bit Operating System ကိုသာ ထည့်သွင်းမိတာမျိုး ရှိကြမှာပါ။ ဒီလိုအခြေအနေမျိုးမှာ 32 bit Operating System ကနေ 64 bit Opearting System ကို Format မပြုလုပ်ဘဲ Upgrade ပြုလုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း အလွယ်တကူနဲ့ Upgrade ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး လိုအပ်မှာကတော့ Windows 64 bit Operating System DVD အချပ်ကို DVD Drive ထဲ ထည့်ထားလိုက်ပါ။ ပြီးသွားရင် ကွန်ပျူတာကို Restart […]

Read More

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။ BeeTalk မှတစ်ဆင့် work.com.mm ၏ အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ အတွေးအမြင်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ work.com.mm ၏ လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ BeeTalk ID: workMM ကို Follow လုပ်ထားခြင်းဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ Follow လုပ်ထားသူပေါင်း ငါးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။ BeeTalk မှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဝင်ရောက်လာသည့် လူမှုကွန်ရက် ဆက်သွယ်ရေး Social Application တစ်ခု ဖြစ်သည်။ BeeTalk ကို လက်ရှိအချိန်တွင် […]

Read More

OPPO Mirror 5 အား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်

OPPO မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Mirrow 5 စမတ်ဖုန်းအား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါစမတ်ဖုန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလဆန်းတွင် ပြည်တွင်း၌ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းကတော့ စက်တင်ဘာ လဆန်းလောက်ဆို ပြည်တွင်းကို ရောက်ပါပြီ။ ရောင်းချမဲ့ ဈေးနှုန်းကတော့ ၂၇၉,ဝဝဝ ကျပ် ဝန်းကျင်ပါ။ သူ့ရဲ့ထူးခြားချက်က ဒီဇိုင်းပိုင်းမှာ ဆိုရင် ကျောဘက်ကာဗာက စိန်ပုံသဏာန်မျိုး ဖန်တီးထားတာပါ။ ကာဗာကပေါ်မှာ ပါဝင်တဲ့ စိန်အကွက်ဒီဇိုင်းက တကယ့်စိန်ရဲ့ အကွက်လိုမျိုး ရောင်ပြန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်” ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ Mirror 5 စမတ်ဖုန်းအား စိန်ပွင့်ပုံစံ ထူးခြားသော မျက်နှာပြင်နည်းပညာဖြင့် […]

Read More

CarsDB.com ၏ ဝန်ဆောင်မှုများနှင့် iOS Application အသစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

CarsDB.com မှ ဝန်ဆောင်မှုများအား ရှင်းလင်းတင်ဆက်ခြင်းနှင့် iOS Application အသစ်မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ Central Hotel ၌ သြဂုတ်လ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် CarsDB.com မှ CEO ဖြစ်သူ ကိုဝေယံလင်းမှ ဝန်ဆောင်မှုများဖြစ်သည့် အခမဲ့ ဝန်ဆောင်မှုများ၊ Premium Dealers နှင့် Premium Cars ဝန်ဆောင်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး CTO ဖြစ်သူ ကိုမြတ်မင်းဟန်မှ အသစ်ထုတ်လုပ်လိုက်သော iOS Application အသုံးပြုပုံများနှင့် Feature များကို မိတ်ဆက် ရှင်းလင်းတင်ပြခဲ့သည်။ “ကျွန်တော်တို့ CarsDB.com က မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ လူသုံးအများဆုံး ကားအရောင်းအဝယ် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ လစဉ် ဝင်ရောက်ကြည့်ရှုသူဦးရေ ၁၂၀,၀၀၀ […]

Read More

Siri နှင့် ယှဉ်ပြိုင်မည့် M ဝန်ဆောင်မှုသစ်ကို Facebook စမ်းသပ်

ကမ္ဘာ့ လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ၏ messaging app ဖြစ်သော Facebook Messenger တွင် Siri နှင့် Cortana တို့ဖြင့် ယှဉ်ပြိုင်မည့် M ဟုခေါ်သော ဝန်ဆောင်မှုသစ်ကို စတင်စမ်းသပ် ထည့်သွင်းခဲ့သည်။ M သည် သုံးစွဲသူများက ကလေးငယ်များအတွက် လက်ဆောင်ရှာဖွေခြင်းမှအစ သူငယ်ချင်းမွေးနေ့အတွက် ပန်းစည်းမှာယူခြင်းအထိ အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။ “M က ပစ္စည်းတွေ ဝယ်ယူပေးနိုင်သလို ကိုယ်ချစ်ခင်နှစ်သက်တဲ့သူဆီကိုလည်း လက်ဆောင်တွေ ပေးပို့နိုင်ပါတယ်။ စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာတာ၊ ခရီးသွားလာဖို့အတွက် ကြိုတင်ပြင်ဆင်တာ၊ အချိန်းအချက် ပြုလုပ်တာတွေအပြင် အခြားလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်” ဟု Facebook ၏ messaging ဌာနမှ […]

Read More

Ooredoo က BINDEZ နှင့် ပူးပေါင်း၍ Tha Din Application ကိုမိတ်ဆက်

ပြည်တွင်းရှိ ထူထောင်ကာစ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် BINDEZ နှင့် ပူးပေါင်း၍ Ooredoo သည် Tha Din အမည်ရှိ Mobile Application တစ်ခုကို မိတ်ဆက်လိုက်သည်ဟု သိရသည်။ BINDEZ သည် ဒီဂျစ်တယ်စနစ် ထွန်းကားရေးကို လုပ်ဆောင်ရာတွင် အလားအလာကောင်းများရှိသည့် ထူထောင်ကာစ နည်းပညာကုမ္ပဏီ ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။ Beta Version အနေဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သော Tha Din Application ကို လက်ရှိအချိန်၌ Google Play တွင် ရယူနိုင်ပြီဖြစ်ပြီး အဆိုပါ Tha Din Application က Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သတင်းအချက်အလက်များ ရှာဖွေရေးကို […]

Read More

ညစာစားချိန်တွင် စမတ်ဖုန်းအသုံးပြုခြင်းကို လူတိုင်းနီးပါး မနှစ်သက်ကြောင်း စစ်တမ်းတစ်ခု ဖေá

မိသားစုနှင့် ညစာစားချိန်တွင် စမတ်ဖုန်း အသုံးပြုခြင်းကို လူတိုင်းနီးပါးက မနှစ်မြို့ကြောင်း Pew Research Center မှ ကောက်ယူခဲ့သော စစ်တမ်းသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။ အဆိုပါ စစ်တမ်းအရ ဖြေကြားသူ ၈၈ ရာခိုင်နှုန်းက ညစာစားချိန်တွင် စမတ်ဖုန်း အသုံးပြုခြင်းကို မနှစ်သက်ကြောင်း ဖြေကြားခဲ့ပြီး၊ ၉၄ ရာခိုင်နှုန်းက အစည်းအဝေးများတွင် စမတ်ဖုန်းအသုံးပြုခြင်းက သင့်လျော်ခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။ ရုပ်ရှင်ရုံများတွင် စမတ်ဖုန်းကို အသုံးမပြုသင့်ကြောင်း ဖြေကြားသူ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာရေးအခမ်းအနားများတွင် စမတ်ဖုန်း မသုံးသင့်ကြောင်း ဖြေကြားသူ ၉၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ဖြေကြားသူ စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းကမူ လူမှုပတ်ဝန်းကျင်တွင် ဖုန်းအသုံးပြုခြင်းသည် စကားစမြည်ပြောဆိုခြင်းကို ထိခိုက်စေနိုင်ကြောင်း ဆိုခဲ့သည်။ သို့သော်လည်း လူအများသည် ၎င်းတို့၏ […]

Read More

Edutainment

Edutainment သည် ဝေါဟာရသစ်တစ်ခု ဖြစ်ပြီး လုပ်ငန်းတစ်ခု သို့မဟုတ် တယ်လီဗွီးရှင်း အစီအစဉ်တစ်ခုနှင့် ဝက်ဘ်ဆိုက်တစ်ခု ကဲ့သို့သော တင်ဆက်မှုတွင် ပညာရေးနှင့် ဖျော်ဖြေရေးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ကလေးငယ်များအတွက် အလွန်ထိရောက်ပြီး အသိပညာတိုးစေမည့် တီဗွီအစီအစဉ်များမှာ Sesame Street, The Electric Company, Mr. Rogers တို့ဖြစ်သည်။ Edutainment အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်များတွင် Learn2.com နှင့် HowStuffWorks.com တို့ ပါဝင်သည်။

Read More