Day: August 26, 2015

Ubuntu OS ပေါ်တွင် Libre Office 5.0 အား ထည့်သွင်းခြင်း

ပြီးခဲ့တဲ့အပတ်က Final version ထုတ်လုပ်ဖြန့်ချိပေးထားတဲ့ Libre Office 5.0 ကို Ubuntu OS 15.04, 14.04, 12.04 အစရှိတာတွေနဲ့ Linux Mint, Luna, Freya အစရှိတဲ့ OS တွေပေါ်မှာ ထည့်သွင်းအသုံးပြု လိုသူများအနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Libre Office 5.0 ကိုထည့်သွင်းရန်အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Pa-ckage တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T […]

Read More

ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းရန် ရှန်ဟိုင်းစက်ရုံကို HTC ရောင်းချမည်

ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သည့် HTC ကုမ္ပဏီသည် ဘဏ္ဍာရေး အခက်အခဲကြောင့် ရှန်ဟိုင်းအခြေစိုက် စက်ရုံကို ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။ HTC သည် ၂၀၁၅ ခုနှစ် ဒုတိယ သုံးလပတ်အတွက် ပြန်လှန်သုံးသပ်ရာတွင် ကန်ဒေါ်လာ ၂၅၇ သန်းမှ ၂၉၁ သန်းအထိ ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားခဲ့သည်။ အဆိုပါ ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် HTC အနေဖြင့် ရှန်ဟိုင်းအခြေစိုက် စက်ရုံကို ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။ ၎င်းစက်ရုံကို ရောင်းချရန် ဒေသတွင်း တရုတ်ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးမှု ပြုလုပ်ရှိကြောင်း သိရသည်။ HTC သည် အင်အား ကောင်းမွန်သော မိုဘိုင်းဈေးကွက်တွင် လိုက်လျောညီထွေ ဖြစ်စေပြီး စရိတ်များ လျှော့ချရန်အတွက် နည်းဗျူဟာမြောက် အစိတ်အပိုင်းအဖြစ် စက်ရုံကို ရောင်းချခြင်းဖြစ်ကြောင်း […]

Read More

ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက်

Intel ၏အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျသည် Intel Developer Forum ကျင်းပရာ စင်မြင့်ပေါ်တွင် မိန့်ခွန်း ပြောကြားပြီးနောက် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ပင့်ကူသဏ္ဍာန် စက်ရုပ်သည် မည်သည့်အတွက် ထုတ်လုပ်ထားခြင်း မသိရကြောင်း Venturebeat ကဖော်ပြခဲ့သည်။ ၎င်းစက်ရုပ်နှင့်ပတ်သက်၍ “ဒီပင့်ကူ (စက်ရုပ်) တွေကြောင့် ကမ္ဘာကြီးပျက်စီး သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ကာဇန်နစ်ခ်ျက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ကာဇန်နစ်ခ်ျသည် အဆိုပါ စက်ရုပ်များကို စင်ပေါ်တွင် ထိန်းချုပ်၍ ကခုန်စေခဲ့ကြောင်း သိရသည်။ Intel အနေဖြင့် ယခင်ကလည်း စက်ရုပ်များကို မိတ်ဆက်ခဲ့ဖူးပြီး ယခုအခါတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်အနေဖြင့် စက်ရုပ်များစွာကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကာဇန်နစ်ခ်ျသည် လက်အမူအရာများ အသုံးပြု၍ […]

Read More

အင်တာနက်အခြေပြု တစ်ပိုင်တစ်နိုင် အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ပြိုင်ဆိုင်မှု ပြင်းထနá

Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများသည် ယခုနှစ်အတွင်း၌ ပိုမိုပြင်း ထန်လာကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်း သိရသည်။ အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အခြေခံ၍ လုပ်ကိုင် လာကြသော အဆိုပါ အွန်လိုင်း စီးပွားရေး လုပ်ငန်းအရေအတွက်သည် ယခုလက်ရှိအချိန်တွင် ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အင်တာနက် အချက်အလက်များနှင့် ပတ်သတ်၍ သုတေသန ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။ ထိုကဲ့သို့ အွန်လိုင်းစီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လာသူ အ များစုမှာ လူငယ်အရွယ်များနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြသည်ဟု သိရသည်။ ထို့အပြင် ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားရမ်းခနှင့် အိမ်ခြံမြေနှုန်း ထားများကြီးမြင့်မှုတို့ကြောင့် […]

Read More

Windows 10 တွင် ပါဝင်သည့် Built-in app များကို Uninstall ပြုလုပ်ခြင်း

Windows 10 အသုံးပြုသူများ Windows 10 မှာ ပါဝင်တဲ့ Built-in app တွေကို မလိုချင်တဲ့အခါမှာ အဆိုပါ app တွေကို Uninstall ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Windows 10 ရဲ့ PowerShell ကို အသုံးပြုရပါမယ်။ PowerShell ကို အသုံးပြုဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Windows PowerShell ဆိုတဲ့ Keyword ကို ရိုက်ထည့်ပြီး Right-click နှိပ်လိုက်ပါ။ Run as administrator ဆိုတာကို ရွေးချယ်ပြီး ဖော်ပြပါ command တွေကို ရိုက်ထည့်ကာ ဖြုတ်ချနိုင်ပါတယ်။ PowerShell ကို Command box တက်လာရင် Windows […]

Read More

Samsung Galaxy Tab S2

တန်ဖိုး – ကျပ် ၆၅၄,၀၀၀ အားသာချက် – ပုံမှန် Tablet များကဲ့သို့မဟုတ်ဘဲ ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ထားသလို မိမိ Tablet ကို အခြားသူများ အလွယ်တကူ ဝင်ရောက်အသုံးမပြုနိုင်စေရန်အတွက် Finger Print စနစ်ကို ထည့်သွင်းပေး ထားပါတယ်။ ဒါ့အပြင် Tablet တစ်ခုထဲ အသုံးပြုချင်သူများအတွက် မိုဘိုင်းဖုန်းပါ ခေါ်ဆိုနိုင်ရန်အတွက် GSM SIM card ထည့်သွင်းနိုင်ဖို့ SIM Slot ပါဝင်ပါတယ်။ အားနည်းချက် – Samsung Galaxy Tab S2 ဟာ Screen ပိုင်းကိုတော့ လုံလောက်တဲ့ ကာကွယ်မှုမျိုး ပေးထားတာကို တွေ့မြင်ရမှာမဟုတ်ပါဘူး။ သုံးသပ်ချက် – ဒီ Tablet ဟာ အပန်းဖြေ […]

Read More

Bluejacking

Bluejacking ဆိုသည်မှာ မိုဘိုင်းသုံးစွဲသူများ အကြား Bluetooth ကြိုးမဲ့စနစ်ချိတ်ဆက်မှုတစ်ခုကို အသုံးပြုကာ message များ ပေးပို့သည့် နည်းလမ်းဖြစ်သည်။ Bluetooth ပါဝင်သော မိုဘိုင်းဖုန်းများနှင့် PDA များကို သုံးစွဲသူများသည် ၁၀ မီတာအကွာအဝေးအတွင်းရှိ အခြားမည်သူနှင့်မဆို ဓာတ်ပုံများအပါအဝင် message များ ပေးပို့နိုင်သည်။ အဆိုပါ ချိတ်ဆက်မှုတွင် carrier ပါဝင်ပတ်သက်ခြင်း မရှိသလို အခကြေးငွေလည်း မလိုပေ။ Bluetooth ကို အမျိုးမျိုးသော ထုတ်ကုန်များအကြား ကြိုးမဲ့စနစ်ဆက်သွယ်မှု ပြုလုပ်နိုင်ရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သုံးစွဲသူက ထုတ်ကုန်ကို ချိတ်ဆက်ခွင့်မရအောင် ပြုလုပ်ထားနိုင်သလို သတ်မှတ် အကွာအဝေးအတွင်းရှိ ထုတ်ကုန်အားလုံးမှ ချိတ်ဆက် အသုံးပြုနိုင်ရန် discoverable ပြုလုပ်ခြင်း၊ သီးခြား ထုတ်ကုန်တစ်ခုဖြင့် pair လုပ်က ချိတ်ဆက်အသုံးပြုခြင်းတို့ကို […]

Read More

Windows 10 စမတ်ဖုန်းအပါအဝင် စမတ်ဖုန်းသစ် သုံးမျိုးကို Archos မိတ်ဆက်

ပြင်သစ်စမတ်ဖုန်းကုမ္ပဏီ Archos သည် Archos 50 Cesium, Archos 50e Helium နှင့် Archos Diamond S ဟုခေါ်သော စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ပေးခဲ့သည်။ Archos 50 Cesium သည် Windows 10 အသုံးပြုထားသော စမတ်ဖုန်းဖြစ်ပြီး ၅ လက်မ 720p touchscreen ပါဝင်သည်။ ကျောဘက်တွင် LED flash နှင့် 8MP ကင်မရာ ပါဝင်ပြီး အရှေ့ဘက် ကင်မရာက 2MP ဖြစ်သည်။ 1GB RAM, 8GB storage နှင့် 2,100mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ 1.1GHz quad-core Qualcomm Snapdragon 210 ပရိုဆက်ဆာနှင့် […]

Read More

iPhone ကို တစ်ပတ်ခန့် အားပြန်သွင်းရန်မလိုဘဲ သုံးနိုင်မည့် အလွန်သေးငယ်သော fuel cell ကို ဗြိတိန်ကုမ္ပဏီá

ဖုန်းကို ညစဉ် အားသွင်းရခြင်းနှင့် အရွယ်ကြီးမားသော power pack များ သယ်ဆောင်ရခြင်းသည် မကြာမီ အဆုံးသတ်သွားဖွယ်ရှိသည်။ ဗြိတိန်ကုမ္ပဏီတစ်ခုသည် ဟိုက်ဒရိုဂျင် အသုံးပြုထားသော အလွန်သေးငယ်သည့် fuel cell ရှေ့ပြေးပုံစံကို iPhone 6 အတွက် ဖန်တီးခဲ့သည်။ ၎င်းသည် စွမ်းအင်အလွန်သုံးစွဲသော ဟန်းဆက်ကို အားပြန်သွင်းရန် မလိုဘဲ တစ်ပတ်အကြာ အသုံးပြုနိုင်စေမည်ဟု ဆိုသည်။ Intelligent Energy ကုမ္ပဏီသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် iPhone များအတွက် Apple နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ကြသော်လည်း အဆိုပါ ပြောကြားချက်အပေါ် ကုမ္ပဏီနှစ်ခုစလုံးမှ ထင်မြင်ချက်ပေးခဲ့ခြင်း မရှိပေ။ ၎င်းကုမ္ပဏီ၏ ပါးလွှာသည့် ရှေ့ပြေးပုံစံစနစ်တွင် ဘက်ထရီတစ်ခုနှင့်အတူ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ကာ စွမ်းအင်ဖန်တီးပေးနိုင်သော ထူးခြားသည့် […]

Read More

Ubisoft ၏ Horror ဂိမ်းသစ် Zombi

မူလက Nintendo Wii U အတွက် exclusive ဂိမ်းအဖြစ် Ubisoft မှဖြန့်ချိခဲ့သော ZombiU ဂိမ်းအား Zombi အမည်ဖြင့် PC, PS4 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ Zombi ဂိမ်းတွင်ကစားသူ အနေဖြင့် London မြို့အတွင်း ပေါ်ပေါက်နေသော Zombie Outbreak ကာလတွင် ပိတ်မိနေသည့် survivor တစ်ယောက်နေရာမှ ကစားရမည်ဖြစ်ပြီး အနီးကပ် melee လက်နက်များ အသားပေးအသုံးပြုကာ ဖုတ်ကောင်များဖြင့် ရင်ဆိုင်တိုက်ခိုက်ရမည့် Survival Horror အသားပေး First Person Action ဂိမ်းဖြစ်ကြောင်း သိရသည်။  Wii U တွင် ပါဝင်သော tablet အစား controller […]

Read More