Day: August 10, 2015

လာမည့်နှစ်တွင် MPT 3G ကွန်ရက်အား တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ၇၀ ရာခိုင်နှုန်းအထိ ဖြန့်ကျá€

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၎င်းတို့၏ 3G ကွန်ရက်ကို လာမည့် ၂၀၁၆ ခုနှစ် အတွင်း၌ နိုင်ငံအနှံ့ ၇၀ ရာခိုင်နှုန်း အထိ ဖြန့်ကျက်နိုင်ရန် အတွက် ဆောင်ရွက် သွားရန် ဆုံးဖြတ်ထား ကြောင်း အဆိုပါလုပ်ငန်း၏ ဒုတိယအမှု ဆောင်အရာရှိချုပ် ဦးခင်မောင်ထွန်းက ပြောကြားသည်။ ယခုလက်ရှိအချိန်တွင် MPT အနေဖြင့် တိုင်းဒေသကြီး တစ်ခုချင်းစီ၌ မိုဘိုင်းဆက်သွယ်ရေး နှင့် အင်တာနက်ချိတ်ဆက်မှုများ ပိုမို ကောင်းမွန်လာစေရန်နှင့် ဆင်းမ် ကတ်များ ရောင်းချနေခြင်းတို့အား  လုပ်ဆောင်နေခြင်း ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆောင်ရွက်နေသည့် 3G ကွန်ရက်ဖြန့်ကျက်မှုအား လာမည့် ၂၀၁၆ မှသာ ၇၀ ရာခိုင်နှုန်း အထိ ပြီးစီးရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ဂျပန်ဆက်သွယ်ရေး […]

Read More

ခရီးထွက်နေစဉ် iPhone ကိုအားသွင်းနိုင်သည့် အလွန်ပါးလွှာသော ဆိုလာ Charger

Yolk ကုမ္ပဏီသည် iPhone 6 ထက် ပိုမိုပါးလွှာပေါ့ပါးသော Solar Paper ဟုအမည်ရသော နေရောင်ခြည် စွမ်းအင်သုံး charger သစ်တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။ အဆိုပါ charger သည်သာမန် outlet ဖြင့် အားသွင်းခြင်းထက် ပိုမိုမြန်ဆန်သည်။ ၎င်းထုတ်ကုန်တွင် ပါဝင်သော ဆိုလာပြားများသည် စာအုပ်အတွင်းသို့ လျိုထည့်ထားနိုင်သလို ကျောပိုးအိတ်တွင်လည်း ချိတ်ထားနိုင်ကာ လမ်းလျှောက်နေစဉ်လည်း အားသွင်းနိုင်သည်။ “ကျွန်တော်တို့ ရည်ရွယ်ချက်က လူတွေရဲ့ နေ့စဉ်ဘဝမှာ Solar Paper ကိုထိရောက်စွာ အသုံးပြုနိုင်ဖို့ပါ။ လူတွေ ကောင်းကင်ထဲက အရင်းအမြစ်ကို အခွန်အခပေးစရာမလိုဘဲ အခမဲ့ အကန့်အသတ်မရှိ သုံးနိုင်ဖို့ ကူညီပေးမှာပါ” ဟု Yolk ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒီဇိုင်နာဖြစ်သူ ဆန်အွန်ချန်းက ပြောကြားခဲ့သည်။ အဆိုပါ charger […]

Read More

iPhone အားသွင်းနိုင်သော ဂျင်းဘောင်းဘီ

Joe’s Jeans ကုမ္ပဏီမှ #Hello jean ဟုအမည်ရသော ဂျင်းဘောင်းဘီတွင် powerbank ထည့်သွင်းရန် အထူးပြုလုပ်ထားသော အိတ်တစ်ခု ပါဝင်လာပြီး iPhone 5, 5S သို့မဟုတ် 6 (iPhone 6 plus နှင့်အသုံးပြု၍ မရ) တို့ကို အားသွင်းနိုင်သည်။ ၎င်းအမျိုးသမီးဝတ် ဂျင်းဘောင်းဘီ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၈၉ ဖြစ်သည်။ အဆိုပါ အိတ်ကပ်အတွင်း ထည့်သွင်းနိုင်သည့် battery pack မှာကန်ဒေါ်လာ ၄၉ ရှိပြီး ၎င်းဘက်ထရီနှင့် ဂျင်းဘောင်းဘီ၏ ချုပ်ရိုးအတွင်း ထည့်သွင်းထားသော USB ကြိုးနှင့် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် ဂျင်းဘောင်းဘီ ဝတ်ဆင်သူများသည် iPhone ကိုနောက်ဘက် အိတ်ကပ်အတွင်း ထည့်သွင်း၍ အားသွင်းနိုင်မည် ဖြစ်သည်။ ၎င်းဂျင်းဘောင်းဘီကို […]

Read More

XOLO One

အားသာချက် တန်ဖိုးနည်းဖုန်း အမျိုးအစားတစ်ခု ဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုပေးထားသော CPU, GPU အစရှိသော Hardware ပိုင်းများတွင် ကောင်းမွန်သည်။ Screen မှာလည်း ကြည်လင်ကောင်းမွန်သော Screen အမျိုးအစားဖြစ်ပြီး OS Version မြင့်မားသော ဖုန်းဖြစ်သည်။ အွန်လိုင်းအသုံးပြုခြင်းအတွက် Google ဝန်ဆောင်မှု စနစ်များ ပါဝင်သည်။ အားနည်းချက် ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ နည်းသောကြောင့် မှတ်ဉာဏ်များများ အသုံးပြုလို သူများအနေနှင့် Micro SD Card ကို ထည့်သွင်းအသုံးပြု ရမည်ဖြစ်သည်။ ဒီဇီုင်း ပုံစံဒီဇိုင်းမှာ အနားထောင့်လေးဘက် အနည်းငယ်ဝိုင်းသော ပုံစံမျိုးရှိနေပြီး အရွယ်အစားမှာ လက်ထဲတွင် ကိုင်တွယ်အသုံးပြုချိန်၌ လက်နှင့်အံဝင်ခွင်ကျ ရှိနေသော အရွယ်အစားမျိုးဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ် အစားမှာ အထက်အောက်အမြင့် ၁၂.၈ […]

Read More

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ရန်ပုံငွေဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များအသင်း(PPAM) မှ ဦးဆောင်၍ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူ ထောင်ရေးအတွက် အလင်း (The Light) ဓာတ်ပုံပြပွဲကို သြဂုတ်လ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရန် ကုန်မြို့ရှိ ဒဂုံစင်တာ ၂ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းမှ ဝါရင့်ဓာတ်ပုံပညာရှင်များက တစ်ဦးလျှင် စိတ်ကြိုက်ဓာတ်ပုံ (ဘောင်အပါ) ၁၀×၁၄လက်မ အရွယ် ၃ ပုံနှုန်း ပါဝင်လှူဒါန်းရန် တိုက်တွန်းနှိုးဆော် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲ ကျင်းပနေစဉ် အတွင်း နာမည်ကျော် သရုပ်ဆာင် အနုပညာရှင်များမှ ပူးပေါင်း ပါဝင်ပြီး ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေ အတွက် အလှူငွေများ လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ […]

Read More

ဘက်ထရီ အပူလွန်ကဲပြီး မီးလောင်နိုင်သောကြောင့် Shield tablet များကို Nvidia ပြန်လည်သိမ်းဆည်း

Nvidia မှ ရောင်းချခဲ့သော Shield tablet အများအပြားကို ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ဂျန်ဆွန်ဟွမ်က ပြောကြားလိုက်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရောင်းချခဲ့သော ၈ လက်မ Shield tablet များတွင် ပါဝင်သော ဘက်ထရီက အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားနိုင်ကြောင်း၊ ပြန်လည်သိမ်းဆည်းမည့် ထုတ်ကုန်များတွင် Shield Android TV set-top box နှင့် Shield portable ဂိမ်းစက်တို့ မပါဝင်ကြောင်း Nvidia မှ ပြောကြားခဲ့သည်။ Code အမည် B01 ဟုခေါ်သော ဘက်ထရီ ပါဝင်သည့် tablet များသည် ပြန်လည်သိမ်းဆည်းမည့် စာရင်းတွင် မပါဝင်သော်လည်း Y01 […]

Read More

Windows 10 Activate ကို စစ်ဆေးနိုင်မည့် နည်းလမ်းများ

ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်လုပ်ဖြန့်ချိပေးခဲ့တဲ့ Windows 10 ကို ယခုအခါမှာ လူအများ ထည့်သွင်း သုံးစွဲလာနေကြပါပြီ။ မိမိထည့်သွင်း အသုံးပြုတဲ့ Windows 10 ကို Microsoft က တစ်ခါတည်း Activate ထည့်သွင်းပေးထားပါတယ်။ Windows 7 သို့မဟုတ် Windows 8 တို့ကနေ Upgrade ပြုလုပ်သူများကတော့ ယခင် ကိုယ်အသုံးပြုခဲ့တဲ့ Windows Version ဟာ Activate မဖြစ်ထားဘူးဆိုရင် Windows 10 ကို ထည့်သွင်းပြီးတာနဲ့ Activate ဖြစ်၊ မဖြစ်ကို စစ်ဆေးနိုင်ရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း စစ်ဆေးနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ System ကနေ စစ်ဆေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ System ကို ဖွင့်ရန်အတွက် […]

Read More

အိတ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော WalkCar

ဂျပန်ကုမ္ပဏီတစ်ခုသည် ကျောပိုးအိတ်တွင်ထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်စေမည့် ကားတစ်မျိုးကို ဖန်တီးခဲ့သည်။ အဆိုပါ ကားကို တီထွင်ဖန်တီးသူများကမူ ၎င်းသည် အိတ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော ကမ္ဘာ့ပထမဦးဆုံးကား ဖြစ်ကြောင်း ဆိုသည်။ လစ်သီယမ် ဘက်ထရီဖြင့် မောင်းနှင်နိုင်မည့် WalkCar ကို အလူမီနီယံဖြင့် ပြုလုပ်ထားပြီး အရွယ်အစားမှာ laptop တစ်လုံးအရွယ်ခန့်သာရှိကာ အလေးချိန်မှာ ၂ ကီလိုဂရမ်မှ ၃ ကီလိုဂရမ်အတွင်းသာ ရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။ ၎င်းကို Cocoa Motors ရှိ အသက် ၂၆ နှစ်အရွယ် ဂျပန်အင်ဂျင်နီယာ ကုနိအာကို ဆာအီတိုနှင့် ၎င်း၏အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်ပြီး အလေးချိန် ၁၂၀ ကီလိုဂရမ်ရှိသော အရာများကို သယ်ဆောင်နိုင်ကြောင်း သိရသည်။ WalkCar […]

Read More

Firefox တွင် အန္တရာယ်ရှိသော ဝက်ဘ်ကြော်ငြာများကို အသုံးပြုပြီး ဖိုင်များ ခိုးယူနိုင်သည့် အားနည်းá

တိုက်ခိုက်မှုအတွက် သဲလွန်စ မကျန်ရှိဘဲ သုံးစွဲသူများ၏ ကွန်ပျူတာများမှ တစ်ဆင့် ဖိုင်များကို ခိုးယူနိုင်သော အားနည်းချက်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Firefox နောက်ဆုံးဗားရှင်းကို အသုံးပြုရန် Mozilla က တိုက်တွန်းပြောကြားခဲ့သည်။ Mozilla ၏ blog post တစ်ခုတွင် ပြောကြားချက်အရ ရုရှား သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် တွေ့ရှိခဲ့သော ကြော်ငြာသည် Firefox ၏ အားနည်းချက်တစ်ခုကို အသုံးချကာ သုံးစွဲသူ၏ ကွန်ပျူမှ ဖိုင်များကို ရှာဖွေပြီး ယူကရိန်းရှိ ဆာဗာတစ်ခုထံ အချက်အလက်များ ပေးပို့ကြောင်း သိရသည်။ အဆိုပါ အားနည်းချက်သည် Windows နှင့် Linux သုံးစွဲသူများတွင် သက်ရောက်မှုရှိပြီး Mac သုံးစွဲသူများကမူ ပစ်မှတ်ထားခြင်း မခံရကြောင်း၊ သို့သော်လည်း Mac သုံးစွဲသူများအနေဖြင့် ဟက်ကာများ၏ ပစ်မှတ်မှ […]

Read More