Day: August 7, 2015

Macrium Reflect Free

Macrium Reflect ဆော့ဖ်ဝဲသည် Backup ဆော့ဖ်ဝဲအမျိုးအစားတစ်ခုဖြစ်ပြီး Disk Clone, Disk Image အစရှိသည်တို့ကိုပါ ပြုလုပ်ပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Backup ပြုလုပ်ခြင်းကို Schedule ဖြင့် ပြုလုပ်နိုင်ရန်အတွက်လည်း စီစဉ်ထားသည်။ Download ပြုလုပ်လိုသူများအနေနှင့် အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့်ဖိုင်အရွယ်အစားမှာ 3.38MB ခန့်ရှိမည်ဖြစ်သည်။ Windows XP မှ Windows 10 အထိ ထည့်သွင်းအသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

အသုံးပြုသူကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်သော O2O ကံစမ်းမဲ အစီအစဉ်များကို နှစ်လ တစ်ကြိမ် ပြုလုပ်á

ဂျပန်စတိုင် ကံစမ်းမဲအစီအစဉ်ကို အခြေခံပြုလုပ်ထားသော Quick Draw Application မှ အသုံးပြုသူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး O2O (Online to Offline) ကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်သော အခမဲ့ ကံစမ်းမဲ အစီအစဉ်များကို ယခုနှစ်အတွင်း နှစ်လတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “အခုတစ်ကြိမ်က ၄ ကြိမ်မြောက် ဆုပေးတာပါ။ အခုအစီအစဉ်မှာတော့ ကံထူးရှင် ၆ ယောက်ကို ဆုချီးမြှင့်ပေးမယ်။ ပြီးရင် ပွဲကို လာတဲ့သူတိုင်းကိုလည်း ဗလာမပါ ကံစမ်းမဲတွေ ဖောက်ပေးသွားမှာပါ။ ကံစမ်းမဲ ဖောက်ပေးမဲ့ ပစ္စည်းတွေကတော့ အစုံပါပဲ။ ဖုန်းပါမယ်၊ ကင်မရာပါမယ်၊ ရေမွှေး၊ Memory Stick ၊ Power Bank စတဲ့ စုစုပေါင်း ဆုမဲတစ်ထောင်ကျော်ကို မဲဖောက်ပေးသွားမှာ။ […]

Read More

မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကို á

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ၏ ခက်ခဲသော ရုန်းကန်မှုများကို ရိုက်ကူးပုံဖော်ထားသည့် ခိုလှုံရာဖွေရှာခြင်း (In Search of Shelter) Documentary ဇာတ်ကားကို အွန်လိုင်းပေါ်တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ် ဖြစ်သည်။ အဆိုပါ ခိုလှုံရာဖွေရှာခြင်း ဇာတ်ကားကို https://www.engagemedia.org/…/vid…/In-Search-of-Shelter/view တွင် ကြည့်ရှုနိုင်ပြီး အဆိုပါ ဇာတ်ကားနှင့်အတူ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ ရွှေ့ပြောင်းလုပ်သားများ၏ ဒုက္ခသည်ဇာတ်လမ်းတို မှတ်တမ်းရုပ်ရှင်များကိုလည်း မြန်မာ စာတန်းထိုးဖြင့်ပင် ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ခိုလှုံရာဖွေရှာခြင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို Mon Refugee Organization မှ မြန်မာဒါရိုက်တာ Nai Thy Wonna က အလုပ်သမားအခွင့်အရေး ပညာပေးဗီဒီယိုစီးရီး Crossroad အတွက်၂၀၁၄ ခုနှစ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဇာတ်လမ်းတွင် UNHCR မှ […]

Read More

MPT ဆင်းမ်ကတ်အသစ်ကို ဝယ်ယူသူများ ဆွေသဟာ အစီအစဉ်ကို သီးသန့် လျှောက်ထားရန် မလိုတော့ဘဲ အလိုအလျေá

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ဆွေသဟာ အစီအစဉ်ကို သီးသန့်လျှောက်ထားရန် မလိုအပ်တော့ဘဲ အလိုအလျောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းက ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ ဖုန်းဆင်းမ်ကတ် အသစ်များကို စတင်သုံးစွဲသူများသည် ဆွေသဟာဝန်ဆောင်မှုအား အလိုအလျောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ပြီး GSM နှင့် WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ MPT ၏ GSM/WCDMA ဆင်းမ်ကတ် သုံးစွဲသူများအနေဖြင့် ယခင်က ဆွေသဟာဝန်ဆောင်မှုကို ရယူရန်အတွက် အခမဲ့ စာတိုပေးပို့ကာ လျှောက်ထားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အသစ်ပြောင်းလဲထားသည့် နည်းပညာသစ်ဖြင့် အခမဲ့ စာတိုပေးပို့ရန်မလိုတော့ဘဲ အလိုအလျောက် ရရှိနိုင်မည်ဖြစ်သည်။ ယခုလက်ရှိ အခြေခံ ဖုန်းခေါ်စနစ်ကို သုံးစွဲနေသူများသည် ဆွေသဟာဝန်ဆောင်မှုကို […]

Read More

Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဝင်ရောက်

Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung Galaxy A8 စမတ်ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Galaxy A8 စမတ်ဖုန်းသည် အထူ ဝ.၂၃ လက်မ (၅.၉ မီလီမီတာ) သာရှိသည့်အပြင် အလေးချိန် ၁၅၁ ဂရမ်ရှိသော ပါးလွှာပေါ့ပါးသည့် ဖုန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။ “Galaxy A8 ကို လှပသပ်ရပ်ပြီး အနုစိတ်ကျတဲ့ လုံးပြည့်သတ္တု ကိုယ်ထည်၊ အလွန်ပါးလွှာသေသပ်တဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် အဆင့်မြင့်နဲ့ အကောင်းဆုံး Hardware စနစ်၊ ကင်မရာ စနစ်တွေကို ထိတွေ့ခံစားနိုင်ဖို့ အတွက် ဖန်တီးထားပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Galaxy A8 က သုံးစွဲသူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေကို အဆင်ပြေစေရန်အတွက် […]

Read More

ပြည်တွင်းမှာလည်း ရလာနိုင်တဲ့ Ford Explorer SUV

ဟုတ်ပါတယ်၊ ကျွန်တော်တို့ ပြည်တွင်းမှာလည်း မော်တော်ကားတွေ တော်တော်ကို စုံစုံလင်လင် တွေ့လာ၊ မြင်လာ၊ ဝယ်ယူလာနိုင်ပြီလို့ ဆိုရမှာပါ။ အခုလည်း ကျွန်တော်တို့ Explorer မော်ဒယ်အကြောင်းကို နည်းနည်းလောက် ကြည့်ရအောင်ပါ။ အမေရိကန်အခြေစိုက် Ford ရဲ့ လမ်းကြမ်းမောင်း ဇိမ်ခံတန်းဝင်မော်ဒယ်လို့ ဆိုနိုင်မယ့် Explorer က ပြည်တွင်း ဈေးကွက်အတွက်လည်း ဝယ်ယူလာနိုင်သလို သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေး ပိုင်းတွေက စိတ်ဝင်စား စရာ တော်တော်လေး ကောင်းနေတာပါ။ အထူးသဖြင့်တော့ တည်ဆောက်မှုအပိုင်းမှာ ကိုယ်ထည်ကို လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး ရရှိနိုင်အောင်နဲ့ တစ်ဆက်တည်း ရေရှည်စိတ်ချနိုင်မှုအတွက်ပါ အလေးပေးတည်ဆောက်ထားတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ နိဒါန်းတိုတိုနဲ့ လိုရင်းကို ဆက်လိုက်ရ အောင်ပါ။ အားသာချက် အကြမ်းခံ မော်ဒယ်အနေနဲ့ […]

Read More

Quick Draw Application ၏ ကံစမ်းမဲ ဖွင့်ပွဲအခမ်းအနား

လေးကြိမ်မြောက် Quick Draw Application ၏ ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကိုတော့ ဇူလိုင်လ ၃၁ ရက်က Junction Square Aqua Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Fully Auto Washing Machine

အရွယ်အစားကြီးစောင်၊ ခြင်ထောင်နှင့် အဝတ်အထည်များကို ၁၀ ကီလိုဂရမ်အထိ ထည့်သွင်းလျှော်ဖွပ်နိုင်မည့် TURBO DRUM အသုံးပြုထားသော LG အမှတ်တံဆိပ် အရွယ်အစားကြီး FULLY AUTO အဝတ်လျှော်စက် (တစ်ကန်) ဖြစ်သည်။ ရေစားသက်သာသော WATER DETERGENT AUTO WATER LEVEL စနစ်ပါရှိသည့် အမျိုးအစားဖြစ်သည်။ လျှော်ကန်မှာ STAINLESS STEEL TUB အမျိုးအစားဖြစ်သည့်အတွက် သံချေးတက်ခြင်းမှ ကင်းဝေးစေမည် ဖြစ်သည်။ မီးပျက် ပြီးပြန်လာချိန်တွင် အလိုအလျောက် ပြန်လည်လျှော်ဖွပ်ပေးသော AUTO RESTART စနစ်ပါဝင်သည်။ PROGRAM ရှစ်မျိုးဖြင့် စိတ်ကြိုက်ရွေးချယ် လျှော် ဖွပ်နိုင်မည် ဖြစ်သည်။ AIR DRY SYSTEM ပါရှိသောကြောင့် အဝတ်များကို အခြောက်နီးပါး […]

Read More

Outdoor LED Flood Light

အိမ်၊ ရုံး၊ ကျောင်းနှင့် လုပ်ငန်းခွင်များတွင် မီးပျက်သွားသည့်အခါ အလင်းအားကောင်းစွာဖြင့် မြင်ရအောင် လုပ်ဆောင်ပေးမည့် Outdoor LED Flood Light ဖြစ်သည်။ Output Power 30 W ရှိပြီး Brightness မှာ Lumens 2400 ရှိမည်ဖြစ်သည်။ နာရီငါးသောင်း အသုံးပြုနိုင်သောLED မီးသီး ၂၄ လုံးကို အသုံးပြုထားသည်။ ရိုးရိုးမီးအိမ်အနေဖြင့် ဆိုပါက အဖြူရောင် (Warm White) အလင်းရောင် ထွက်မည်ဖြစ်သည်။ LED မီး ၄ လုံးမှလည်း  အရေးပေါ် Signal မီး အပြာ၊ အနီနှစ်မျိုးကို ထွက်ပေးနိုင်မည်ဖြစ်သည်။ အလင်းအားကိုလည်း နှစ်ဆင့်ညှိပေးနိုင်မည်ဖြစ်သည်။ ကားများ၏ Cigarette Lighter မှ လည်း ချိတ်ဆက် […]

Read More

Twister

Twister ဆိုသည့် app သည် ၃၆၀ ဒီဂရီ လှည့်ပတ်၍ ဓာတ်ပုံရိုက်နိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် ဓာတ်ပုံသာမက Video များကိုလည်း ရိုက်ကူးနိုင်မည်ဖြစ်ပြီး အခြားသော Camera နှင့် ပတ်သက်သည့် Feature ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More