Day: August 6, 2015

အမျိုးသားများက အမျိုးသမီးများထက် မိုဘိုင်းဖုန်း ပိုမိုပိုင်ဆိုင်

မြန်မာနိုင်ငံတွင် အမှန်တကယ်အသုံးပြုသော ဖုန်းကတ်ပိုင်ဆိုင်မှု အချိုးအစားသည် အမျိုးသားများ၌ ၄၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၌ ၃၂ ရာခိုင်နှုန်းရှိကြောင်း LIRNE asia နှင့် MIDO တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ သိရသည်။ စစ်တမ်းအရ အမျိုးသားနှင့် အမျိုးသမီး မိုဘိုင်းဖုန်းပိုင်ဆိုင်မှုသည် များစွာ ကွာဟခြင်းမရှိခဲ့သော်လည်း ၃၃ ရာခိုင်နှုန်းသော အမျိုးသားတို့သည် စစ်တမ်းကောက်ယူသည့်နေ့ နာရီအနည်းငယ်က ဖုန်းခေါ်ဆိုခဲ့ကြောင်း ဖြေဆိုထားပြီး ၂၅ ရာခိုင်နှုန်းသော အမျိုးသမီးများသည်လည်း အလားတူခေါ်ဆိုမှုပြုခဲ့သည်ဟု သိရသည်။ မိုဘိုင်ဖုန်းပိုင်ဆိုင်မှုနှင့် မိုဘိုင်းဖုန်းခေါ်ဆိုမှုတို့ အဓိကအားဖြင့် အမျိုးသား၊ အမျိုးသမီးအနေဖြင့် ကွာခြင်းမဟုတ်ဘဲ ဆင်းရဲ၊ ချမ်းသာမှုနှင့် အဓိကသက်ဆိုင်သည်ဟု စစ်တမ်းကဖော်ပြထားပြီး မိုဘိုင်းဖုန်း လုံးဝသုံးစွဲခြင်းမရှိသူသည် အမျိုးသမီး ၃၃ ရာခိုင်နှုန်းရှိပြီး အမျိုးသားအနေဖြင့် ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ […]

Read More

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်များအား ပြသသည့် UCSY Product Show 2015 အား ပထမဆုံးအကြိမ်အဖြစ် အဆိုပါ တက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ ဖန်တီးမှုစွမ်းရည်များအား ကြည့်ရှုလေ့လာနိုင်မည့် အဆိုပါပြပွဲတွင် Web Application, Web Design, Mobile Application နှင့် Game Application များ ပါဝင်မည်ဖြစ်သည်။ ကျောင်းသားများ သည် အဆိုပါ နည်းပညာထုတ်ကုန်ပြပွဲတွင် ပြသမည့် Application များအား အချိန်နှစ်လကြာ ဖန်တီးရေးဆွဲထားကြခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းထုတ် နည်းပညာထုတ်ကုန်များကို ထုတ်လုပ်ထားသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသည် အဆိုပါပြပွဲတွင် ရရှိလာသည့် ငွေကြေးများကို မြန်မာနိုင်ငံ အတွင်းမှ ရေဘေး သင့်ဒေသများရှိ ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း […]

Read More

ကယ်ဆယ်ရေးဌာနတိုင်းတွင် နိုင်ငံခြားသို့ အခမဲ့ ခေါ်ဆိုမြှုပုလုပ်နိုင်ရန် YTalk စီစဉ်

ကယ်ဆယ်ရေးဌာနတိုင်းတွင် နိုင်ငံခြားသို့ အခမဲ့ခေါ်ဆိုမြှုပုလုပ်နိုင်ရန် YTalk မှစီစဉ်ထားကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးဌာနတိုင်းတွင် နိုင်ငံခြားမှ မိသားစုများအား အသိပေးနိုင်ရန် အခမဲ့ခေါ်ဆိုမှုများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။ ” YTalk မှ ကယ်ဆယ်ရေးဌာနတိုင်းမှာ နိုင်ငံခြားမှ မိသားစုတွေကို အသိပေးနိုင်အောင် free call တွေ ပြုလုပ်ပေးချင်လို့ပါ၊ နိုင်ငံရပ်ခြားမှာရှိတဲ့ မိသားစုတွေ အရမ်းကို စိတ်ပူနေကြတဲ့အချိန် ဒီကလူတွေ ဖုန်းဆက်ဖို့ အခက်အခဲတွေကို တတ်နိုင်သလောက်လေး ကူပေးချင်လို့ပါ။ အဲဒီနေရာတွေ သွားရောက်ဖို့ volunteer တွေလည်း လိုအပ်နေပါတယ်၊ ကူညီပေးကြပါ” ဟု YTalk ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ထားသည်။ ကနဦးအနေဖြင့် မလေးရှားနှင့်စင်ကာပူ နိုင်ငံရောက်နေသူများ၏ မိသားစုများ အများဆုံးရောက်ရှိရာ နေရာကိုစာရင်းလုပ်ကာ ဆက်သွယ်နိုင်ရန် ဆောင်ရွက် […]

Read More

ပြည်တွင်းအိုင်စီတီနယ်ပယ်သို့ ဝင်ရောက်ရန် မလေးရှားနည်းပညာ ကုမ္ပဏီတစ်ခု လာရောက်လေ့လာ

မလေးရှား နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော SKALI Group Enterprise Web ကုမ္ပဏီမှ ကိုယ်စားလှယ် အဖွဲ့သည် ပြည်တွင်း အိုင်စီတီ နယ်ပယ်သို့ ဝင်ရောက်ရန် အတွက် လာရောက် လေ့လာမှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ သိရသည်။ SKALI Group Enterprise Web ကုမ္ပဏီသည် Malaysian External Trade Development Corporation(MATRADE) အဖွဲ့အစည်း၏ အဖွဲ့ဝင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ နည်းပညာ ဆိုင်ရာ လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ချိတ်ဆက်၍ လေ့လာနေခြင်း ဖြစ်သည်။ SKALI Group Enterprise Web ကုမ္ပဏီသည် Data Center လုပ်ငန်းနှင့် Application ဝန်ဆောင်မှု လုပ်ငန်းများကို […]

Read More

CB Bank ၏ Mobile Banking ကိုအသုံးပြု၍ ရေဘေးအတွက်လှူဒါန်းနိုင်

CB Bank သည် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့မိတ်ဆက်ခဲ့သည့် Mobile Banking ဝန်ဆောင်မှု၌ Donation for Myanmar Flood ဟူသော လုပ်ဆောင်မှုတစ်ခုကို ထည့်သွင်းခဲ့ပြီး ရေဘေး အတွက် အလှူငွေများ ထည့်သွင်းနိုင်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။ ယခုလ ၃ ရက်မှစတင်၍ Donation for Myanmar Flood လုပ်ဆောင်မှုကို ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုကို အသုံးပြု၍ နေ့စဉ်နေ့တိုင်း ငွေလွှဲ Transaction ပေါင်း ၂၀၀ ခန့်သည် ရေဘေးအတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်ဟု CB Bank မှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးဇေယျာမင်းအောင်က ပြောသည်။ “ဘဏ်အကောင့်ကို အခြေခံပြီး ဖွင့်လှစ်ထားတဲ့ Mobile Banking အသုံးပြုသူတွေအနေနဲ့ လှူဒါန်းနိုင်အောင် […]

Read More

runlevel

Runlevel ဆိုသည်မှာ Unix နှင့် Unix အခြေခံ operating system တစ်ခုတွင် လည်ပတ်လုပ်ဆောင်သည့် အခြေအနေတစ်ခုကို ခေါ်ဆိုသည်။ Runlevel များကို 0 မှ 6 အထိ ခွဲဝေသတ်မှတ်နိုင်သည်။ Runlevel များသည် OS boot တက်ပြီးနောက် လည်ပတ်လုပ်ဆောင်မည့် program များကို ဆုံးဖြတ်ပေးသည်။ Runlevel ကို boot တက်ပြီးသည်နောက် စက်၏ အခြေအနေဟု ခေါ်ဆိုနိုင်သည်။ Systems administrator များသည် ၎င်းတို့၏ လိုအပ်ချက်များအလိုက် စနစ်တစ်ခု၏ runlevel ကို default သတ်မှတ်ထားနိုင်သည်။ သို့မဟုတ် runlevel command ကို အသုံးပြုကာ စက်၏ လက်ရှိ runlevel ကို ရှာဖွေပြီး […]

Read More

Touch ID ထက် Android လက်ဗွေစနစ်ကို ချိုးဖောက်တိုက်ခိုက်မှု ပိုမိုလွယ်ကူဟုဆို

လုံခြုံရေးသုတေသီများဖြစ်သော ဒေါင်ဝေနှင့် ယုလောင်ကျန်းတို့သည် Android fingerprint framework ရှိ အားနည်းချက်အချို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုံခြုံရေးသုတေသီ နှစ်ဦးသည် ၎င်းအားနည်းချက်ရှိသော ဖုန်းများရှိ လက်ဗွေများကို အဝေးမှ ရယူကာ fingerprint sensor spying တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခြင်း၊ လက်ဗွေဖြင့် ငွေပေးချေမှုစနစ်ကို ရှောင်လွှဲနိုင်သော malware နှင့် backdoor တိုက်ခိုက်မှုများ အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြောင်း ဆိုသည်။ ၎င်းအားနည်းချက်များသည် HTC One Max နှင့် Samsung Galaxy S5 တွင် တွေ့ရှိခဲ့သ်ာလည်း iPhone နှင့် အခြား Touch ID ထုတ်ကုန်များတွင် မတွေ့ရှိကြောင်း အထက်ပါ သုတေသီများက ပြောကြားခဲ့သည်။ အားနည်းချက်ရှိသော […]

Read More

Third-party software များမလိုဘဲ Windows ပေါ်တွင် Hotspot တစ်ခုဖန်တီးခြင်း

Windows Operating System အသုံးပြုသူများ မိမိ၏ Laptop သို့မဟုတ် PC ပေါ်ကနေ Hotspot တစ်ခုကို ဖန်တီးပြုလုပ်ချင်တယ်ဆိုရင် အခြား Third party ဆော့ဖ်ဝဲများကိုအသုံးပြုရန်မလိုအပ်ဘဲ Netsh command ကို အသုံးပြုပြီး Hotspot တစ်ခုကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ Netsh ဟာ Windows NT ပေါ်မှာ အခြေခံထားတဲ့ Microsoft ရဲ့ Network command တစ်ခုဖြစ်တဲ့ အတွက် Windows NT ကိုအခြေခံ ပြီး ထုတ်လုပ်ထားတဲ့ Operating System တွေမှာ အဆိုပါ command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 ကနေ Windows 10 အထိ Hotspot တစ်ခုကိုဖန်တီးပြုလုပ်ချင်တယ်ဆိုရင် […]

Read More

ရေဘးသင့်ပြည်သူများအတွက် SMS မှပေးပို့ လှူဒါန်းမှုတွင် Ooredoo Myanmar က ဆတူလိုက်ပါလှူဒါန်းမည်

Ooredoo Myanmar က ၎င်းတို့၏ မိုဘိုင်းဖုန်း ဝန်ဆောင်မှုမှတစ်ဆင့် ငွေသားလှူဒါန်းနိုင်မည့် အစီအစဉ်တွင် လှူဒါန်းသူတစ်ဦးချင်းစီနှင့် လိုက်ပါ၍ ဆတူ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ ကာတာဆက်သွယ်ရေးကုမ္ပဏီ၏ Code နံပါတ် ၄၅၄၈ သို့ မိမိလှူဒါန်းလိုသည့် ငွေပမာဏကို ရိုက်ထည့်ပြီး လှူဒါန်းနိုင်မည့် အစီအစဉ်တွင် မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးက တစ်ဆယ်ကျပ်လှူပါက Ooredoo Myanmar က တစ်ဆယ်ကျပ် လိုက်ပါလှူဒါန်းမည်ဖြစ်ပြီး တစ်ထောင်ကျပ် လှူဒါန်းပါက ထပ်မံ၍ တစ်ထောင်ကျပ် လိုက်လံ လှူဒါန်းမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ SMS ဖြင့် လှူဒါန်းမှုအစီအစဉ်တွင် နောက်ဆုံးလက်ခံရရှိသော ငွေပမာဏတန်ဖိုးအတိုင်း Ooredoo Myanmar က ဆတူလိုက်လံ လှူဒါန်း သွားမည် ဖြစ်သည်။ Ooredoo Myanmar ၏ […]

Read More

ဂိမ်းဝါသနာ ရှင်များအတွက် ဆဋ္ဌမမျိုးဆက် Skylake CPU ကို Intel မိတ်ဆက်

ချစ်ပ်ကုမ္ပဏီကြီးဖြစ်သော Intel သည် ဆဋ္ဌမမျိုးဆက် Skylake desktop processor များအဖြစ် quad-core အမျိုးအစား နှစ်ခုကို မိတ်ဆက်ပြသခဲ့သည်။ Core i7-6700K နှင့် i5-6600K တို့သည် 14-nanometer ချစ်ပ်များ ဖြစ်သည်။ Core i7-6700K ကို 4.0GHz ဖြင့် ရရှိနိုင်ပြီး i5-6600K မှာ 3.5GHz ဖြစ်သည်။ တန်ဖိုးမှာ i7-6700K အတွက် ၃၅၀ ဒေါ်လာဖြစ်ပြီး i5-6600K အတွက် ၂၄၃ ဒေါ်လာ ဖြစ်သည်။ ထို့အပြင် Intel သည် ချစ်ပ်များအတွက် platform သစ်ဖြစ်သော Z170 chipset ကိုလည်း ပွဲထုတ်မိတ်ဆက်ခဲ့သည်။ Haswell-E ကဲ့သို့ပင် Skylake အမျိုးအစားများသည် DDR4 […]

Read More