Day: August 1, 2015

BurnforFree DVD Burning

Blu-ray Disk နှင့် CD, DVD အစရှိသည်တို့ကို Burning ပြုလုပ်ပေးနိုင်မည့် အခမဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ Burnforfree DVD Burning ဆော့ဖ်ဝဲသည် ISO ဖိုင်များကိုလည်း Burn နိုင်စေရန်အတွက် စီစဉ်ပေးထားပြီး၊ သုံးစွဲရလွယ်ကူမည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အခမဲ့ ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.28MB ခန့်သာ ရှိမည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို Windows 98 မှ Windows 8 အထိ ထည့်သွင်းသုံးစွဲနိုင်ရန် စီစဉ်ပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

iCloud ပေါ်ရှိ Contacts များအား Android ဖုန်းပေါ်သို့ ရွှေ့ပြောင်းအသုံးပြုခြင်း

iCloud ဆိုတာကတော့ iDevice တွေမှာ အသုံးပြုတဲ့ အွန်လိုင်း Backup စနစ်တစ်ခု ဖြစ်ပါတယ်။ iDevice တွေပေါ်ကနေ iCloud မှာ မှတ်သားထားတဲ့ Contacts တွေကို အခြား Android ဖုန်းတစ်ခုပေါ်ကို ပြောင်းလဲရွှေ့ပြောင်း အသုံးပြုဖို့နိုင်ဖို့အတွက် ပြုလုပ်မယ့် နည်းလမ်းဖြစ်ပါတယ်။ iCloud ပေါ်မှာ ရှိနေတဲ့ Contacts တွေကို အလွယ်တကူ ရယူအသုံးပြု နိုင်ဖို့အတွက်  ကွန်ပျူတာမှာ ပြုလုပ်ခြင်းဟာ  အဆင်အပြေဆုံးပါပဲ။ iPhone ကနေ အခြား Android ဖုန်းတစ်ခုကို ပြောင်းလဲအသုံးပြုမယ့် အချိန်မှာဆိုရင်လည်း ဒီနည်းလမ်းနဲ့ Contacts တွေကို ရွှေ့ပြောင်း ပြုလုပ်လို့ ရနိုင်ပါတယ်။  Apple Device Contacts တွေကို Android ဖုန်းပေါ်ကို ပြောင်းလဲအသုံးပြုတဲ့ အခါမှာ […]

Read More