Day: July 28, 2015

သင်ဂရုစိုက်ကြောင်းပြသနိုင်မည့် အင်္ဂလိပ်ဘာသာအသုံးအနှုန်းများ

ဘဝတွင် ပြီးပြည့်စုံသော စကားလုံးလေးများက အရာရာကိုပြောင်းလဲသွားစေနိုင်သည့် ထူးခြားသည့်ဖြစ်ရပ်များနှင့်ပြည့်နှက်နေပါသည်။ အချို့ အခြေအနေများသည် အလွန်ပင်သိမ်မွေ့လွန်းသည့်အခြေအနေမျိုးဖြစ်လေ့ရှိပြီး ထိုအခြေအနေများအတွက် ကျွန်ုပ်တို့သည် နှစ်သိမ့်မှုနှင့် စာနာမှုပေးနိုင်သော စကားလုံးများကို   ရှာဖွေရလေ့ရှိပါသည်။ အခြား ကိစ္စရပ်များကတော့ ကျွန်ုပ်တို့အတွက်အရေးပါသည့် တစ်စုံတစ်ယောက်ကို ချီးကျူးဂုဏ်ပြုရသည့် အချိန်ကာလများဖြစ်ပါသည်။ ဘ၀၏ ထူးခြားပြီးလေးနက်သည့်အခြေအနေများအတွက် အသုံးဝင်သည့်ခံစားချက်များကို ဖော်ပြသည့် ဝါကျများကို စုစည်းတင်ပြလိုက်ရပါသည်။ မင်္ဂလာဆောင်များ အကယ်၍များ သူငယ်ချင်း ၂ ယောက်က ကြိုးချင်းထားကြိုးချင်းငြိ၍ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုပါက ထိုကိစ္စသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ သင်သည် မင်္ဂလာဆောင်ပဲ သွားသွား (သို့မဟုတ်) စာရေး၍ပဲဂုဏ်ပြုပြု “I wish you the best of happiness in the years to come”  (နောက်လာမည့်နှစ်များတွင် […]

Read More

အခြေခံပညာအထက်တန်းပြီးသူများ မကာအို အစိုးရ တက္ကသိုလ်များသို့ လျှောက်ထားနိုင်

မြန်မာနိုင်ငံအတွင်းရှိ အထက်တန်းကျောင်းပြီးသူများနှင့် ကောလိပ်ကျောင်းသား၊  ကျောင်းသူများအား မကာအိုအစိုးရတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားရန်အတွက် မကာအိုမြန်မာ ချစ်ကြည်ရေးအသင်း (Macau Myanmar Friendship Association) မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏  “One  Belt  One Road” မူဝါဒအကောင်အထည်ဖော်မှုနှင့်အတူ မကာအိုမြန်မာချစ်ကြည်ရေးအသင်း (Macau Myanmar  Friendship  Association) သည် မြန်မာနိုင်ငံတော်အစိုးရကို အထောက်အကူပြုကာဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အတွက် မကာအိုအစိုးရမှ ပညာသင်ဆုငွေလျှောက်ထားနိုင်သည့်အပြင် မကာအိုအစိုးရတက္ကသိုလ်တွင်  စာရင်းသွင်းပညာသင်ယူနိုင်သည်။ တစ်နှစ်ပတ်လုံး၏ ကျောင်းစရိတ်နှင့် လူနေမှုကုန်ကျစရိတ်ကို မကာအိုအစိုးရက ထောက်ပံ့ပေးမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ မှ ၂၆ ရက်အထိ မကာအိုမြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Jose Wong၊ ဒုညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူး Mr.Tim […]

Read More

Virtual Reality ထုတ်ကုန် ဈေးကွက်တွင်းသို့ Nokia ဝင်ရောက်ဖွယ် ရှိဟုဆို

Nokia ကုမ္ပဏီသည် လာမည့် ရက်သတ္တပတ်အတွင်း လော့စ်အိန်ဂျလိစ်မြို့၌ VR platform တစ်ခုကို မိတ်ဆက်ဖွယ်ရှိကြောင်း Recode က ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ VR platform နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိရသေးပေ။ Nokia အနေဖြင့် VR ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါက အလားအလာရှိသော ဈေးကွက်သို့ ဝင်ရောက်လာသော နာမည်ကျော် ကုမ္ပဏီများအနက် တစ်ခုဖြစ်လာမည် ဖြစ်သည်။ အခြားကမ္ဘာတစ်ခုသို့ ပို့ဆောင်ပေး နိုင်သကဲ့သို့ ခံစားစေမည့် VR နည်းပညာသည် Facebook, Sony, Samsun, HTC နှင့် Valve ကဲ့သို့ ကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ကုမ္ပဏီအများအပြားက VR နည်းပညာသည် နည်းပညာ နယ်ပယ်အတွင်း ရေပန်းစားလာမည့် အလားအလာ တစ်ခုအဖြစ် […]

Read More

Xbox One ဂိမ်းစက်ကို mouse ဖြင့် တွဲဖက်အသုံးပြု နိုင်တော့မည်

မကြာမီတွင် Xbox One ဂိမ်းစက်ကို mouse နှင့် keyboard ဖြင့် ချိတ်ဆက်၍ ဂိမ်းများကစား နိုင်တော့မည် ဖြစ်ကြောင်း Microsoft ၏အမှုဆောင် ဖီးလ်စပင်ဆာ Twitter တွင်ပြောကြားခဲ့သည်။ Xbox အကြီးအကဲ ဖီးလ်စပင်ဆာကို Twitter ပေါ်တွင် Windows ထုတ်ကုန်များကို Xbox သို့ stream ပြုလုပ်၍ ဂိမ်းများကစားနိုင်ဖွယ် ရှိမရှိ မေးမြန်းခဲ့ကြသည်။ အဆိုပါ မေးခွန်းကို ဖီးလ်စပင်ဆာက ၎င်းကဲ့သို့ ပြုလုပ်ရန် keyboard နှင့် mouse ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သလို ထိုသို့ဖြစ်ပေါ်လာရန် ကြာမြင့်ဖွယ် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။ Microsoft အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် Windows လုပ်ငန်းများစွာ၏ အစိတ်အပိုင်း များစွာကို […]

Read More

အိုင်စီတီစီးတီရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့် ရောင်းချရန်စီစဉ်

အသစ်တည်ဆောက်မည့် အိုင်စီတီစီးတီးစီမံကိန်းရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားရန် လက်ရှိအနေအထားအရ စဉ်းစားထားသည်ဟု အဆိုပါစီမံကိန်း၌ ပါဝင် ပတ်သက်နေသူတစ်ဦးက ပြောသည်။ အိုင်စီတီစီးတီး စီမံကိန်းသည် အိုင်စီတီနယ်ပယ်အတွက် ဒုတိယကြိမ်မြောက် အကြီးမားဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အတွင်း တည်ဆောက်သွားမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့နှင့် မနီးမဝေး တည်နေရာ၌ အိုင်စီတီစီးတီးတစ်ခု ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဦးဆောင် လုပ်ကိုင်ရမည်ဖြစ်ပြီး မြေနေရာ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဟု သိရသည်။ မြေဧကအနေဖြင့် နိုင်ငံတော်သမ္မတက ဧက ၅၀၀ သတ်မှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်၌ ဧက ၃၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မြန်မာနိုင်ငံ […]

Read More

Intel 80386

386 နှင့် i386 ဟူ၍လည်း လူသိများကြသော Intel 80386 ဆိုသည်မှာ ၁၉၈၅ ခုနှစ် အောက်တိုဘာလတွင် မိတ်ဆက်ပေးခဲ့သော တတိယမျိုးဆက် Intel x86 microprocessor ဖြစ်သည်။ Intel ၏ 8086 နှင့် 80286 နောက်တွင် 386 ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ နောက်တွင် 80486 ထွက်ပေါ်လာခဲ့သည်။ 80386 ကို math coprocessor တစ်ခုမပါဝင်သော ဈေးသက်သာသည့် ဗားရှင်းတစ်မျိုးဖြစ်သည့် 386SX အပါအဝင် နောက်ဆက်တွဲဗားရှင်းများဖြင့်လည်း ဖြန့်ချိခဲ့သည်။ အချို့သော 386 processor များတွင် 32-bit ကို အသုံးပြုသည့်အခါ ကွန်ပျူတာစနစ် အလုပ်မလုပ်တော့သည့် အားနည်းချက်တစ်ခု ရှိခဲ့သည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Intel […]

Read More

Telenor အသုံးပြုသူအရေအတွက် ၉.၅ သန်းရှိ ဟုဆို

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Telenor ၏ မိုဘိုင်း ဖုန်းဝန်ဆောင်မှုကို လူဦးရေ ၉.၅ သန်းခန့် ဝင်ရောက်အသုံးပြုနေကြသည်ဟု အဆိုပါ ဆက်သွယ်ရေး အော်ပရေတာက သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေလအကုန်၌ အသုံးပြုသူ အရေအတွက် ၆.၄ သန်းသာ ရှိခဲ့သော Telenor သည် ယခုနှစ် ဇွန်လသို့ ရောက်ရှိလာသည့်အခါ အသုံးပြုသူ အရေအတွက် ၉.၅ သန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။ “အသုံးပြုသူအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းက အင်တာနက် Data စနစ်ကို သုံးနေကြတယ်။ ဒါက Telenor အတွက်တော့ အံ့သြစရာပါပဲ” ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။ ယခုနှစ်အစပိုင်း၌ […]

Read More

Windows တွင် Driver Update ကို Disable ပြုလုပ်ခြင်း

Windows Opearting System အသုံးပြုထားတဲ့ ကွန်ပျူတာတစ်လုံးမှာ Hardware တစ်ခုခုကို အသစ်တပ် ဆင်လိုက်တယ်ဆိုရင် Windows Update ပြုလုပ်တဲ့အချိန်တိုင်းမှာ အဆိုပါ device ရဲ့ driver ကို အလို အလျောက် update install ပြုလုပ်ဖို့ အတွက် အမြဲတမ်း ပြုလုပ်နေပါလိမ့်မယ်။ ဒီလိုမျိုး driver တွေကို အလိုအလျောက် update ပြုလုပ်ခြင်းက တားဆီးပိတ်ပင်ချင်တယ်ဆိုရင် အောက်ဖော် ပြပါ နည်းလမ်း ၂မျိုးနဲ့ auto update ကို disable ပြုလုပ်ထားနိုင်ပါတယ်။ ပထမ နည်းလမ်းကတော့ System ထဲကနေ သွားပြင်ရပါမယ်။ Windows 8 အသုံးပြုသူများအတွက် Win + X key ကို နှိပ်ပြီး […]

Read More

အွန်လိုင်းမှ လုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုများကို မြို့နယ်များအားလုံး အတွက် လျှောá

အွန်လိုင်းမှ လုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုများကို မြို့နယ်များအားလုံးအတွက် လျှောက် ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ယခုအခါ ရန်ကုန်မြို့တွင်း မြို့နယ်များအားလုံးအတွက် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။ လုပ်ငန်းဆိုင်ရာ လိုင်စင်များ အွန်လိုင်းမှ လျှောက်ထားမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်အချို့၌ စတင်ခဲ့ပြီး တိုးချဲ့လာခဲ့ရာ လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ်များအားလုံးမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော လိုင်စင်လျှောက်လွှာများမှာ သက်တမ်းတိုးလိုင်စင်များ၊ လုပ်ငန်းလိပ်စာပြောင်း လိုင်စင်လျှောက်လွှာ၊ လုပ်ငန်းအချက် အလက်ပြောင်း လိုင်စင်လျှောက်လွှာ၊ လုပ်ငန်းလိုင်စင် မိတ္တုလျှောက်လွှာ၊ လုပ်ငန်းပိတ်သိမ်းကြောင်း လိုင်စင်လျှောက်လွှာ စသည်တို့ကို လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် လုပ်ငန်းလိုင်စင်၊ အစားအသောက်လိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ယာဉ်ဖြင့် […]

Read More

OxygenOS အသုံးပြုထားသော OnePlus 2 ကို အိန္ဒိယတွင် စတင်မိတ်ဆက်

တရုတ်ဟန်းဆက်ကုမ္ပဏီ OnePlus သည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဟန်းဆက်ဖြစ်သော OnePlus 2 ကို ကမ္ဘာ့ပထမဦးဆုံး VR ပွဲတွင် မိတ်ဆက်ပေးခဲ့သည်။ OnePlus 2 ကို 16GB, 64GB အမျိုးအစားဖြင့် ရရှိနိုင်ပြီး တန်ဖိုးမှာ ရူပီး ၂၂,၉၉၉ နှင့် ရူပီး ၂၄,၉၉၉ ဖြစ်သည်။ ၎င်းစမတ်ဖုန်းတွင် ၅.၅ လက်မ full HD (1920x1080p) IPS LCD In-Cell display ပါဝင်ပြီး နောက်ဆုံးပေါ် Android Lollipop 5.1 ကို အခြေခံထားသည့် OxygenOS ကို အသုံးပြုထားသည်။ OnePlus 2 သည် OnePlus ၏ ကိုယ်ပိုင် operating system […]

Read More