Day: July 22, 2015

Ubuntu OS 14.04 တွင် Clip Grab အား ထည့်သွင်းခြင်း

ClipGrab ဆိုတာကတော့ Ubuntu OS ပေါ်ကနေ YouTube video ဖိုင်တွေကို download ပြုလုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ ClipGrab ကိုအသုံးပြုပြီး YouTube ပေါ်က video ဖိုင်တွေကို download ပြုလုပ်ပြီး off-line အနေနဲ့ ပြန်လည်ကြည့်ရှု နိုင်မှာပါ။ ClipGrab ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ClipGrabကိုUbuntu OS မှာ ထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl […]

Read More

မရှိမဖြစ်သော စကားလုံး "Get"

အင်္ဂလိပ်ဘာသာမှာ “Get” ဆိုတဲ့စကားလုံးတစ်လုံးကို ကောင်းကောင်းသုံးတတ်ရင် နေရာတကာမှာသုံးလို့ ရပါတယ်။ အင်္ဂလိပ်စကားပြောသူများအတွက် “Get” ဆိုတဲ့စကားလုံးသည် ဖြစ်ခြင်းပြကြိယာ (Verb to be) လောက်ပင် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီသင်ခန်းစာမှာ “Get” ကို နေရာအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးမှာ သုံးပုံ တွေကို ဖော်ပြထားပါတယ်။ ကြိယာ “get” အတွက် အများဆုံးအသုံးပြုသော ကြောင်းတူသံကွဲ စကားလုံးများ (synonyms)  မှာ receive, obtain နှင့် buy တို့ပဲဖြစ်ပါတယ်။ – I get the daily paper. (receive) (ကျွန်တော် နေ့စဉ်သတင်းစာကို ရရှိတယ်။) – Next month I will get my first raise […]

Read More

iPad အတွက် Logi iPad case များကို Logitech ထုတ်လုပ်

Logitech သည် iPad Air 2 နှင့် iPad Mini များအတွက် အကြမ်းခံနိုင်သော case များကို ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ case များသည် လူငယ်များစွာကို ဆွဲဆောင်နိုင်ရန် ကုမ္ပဏီက မျှော်လင့်လျက် ရှိသည်။ ကန်ဒေါ်လာ ၄၀ တန်ဖိုးရှိ Logi BLOK Protective Shell တွင် screen protector နှင့်အတူ iPad ကို ကာကွယ်နိုင်မည့် အခြေခံကာကွယ်မှုများ ပါဝင်သည်။ ထို့အတူ ကန်ဒေါ်လာ ၇၀ တန်  BLOK Protective Case တွင် မျက်နှာပြင်ကို အပြည့်အဝ ကာကွယ်နိုင်သလို လိုအပ်သည့်အတိုင်း ချိန်ညှိနိုင်သော stand တစ်ခု ပါဝင်သည်။ သို့သော်လည်း စိတ်ဝင်စားစရာ […]

Read More

Ubuntu OS တွင် Pulse Audio Equalizer ထည့်သွင်းခြင်း

Ubuntu OS ပေါ်ကနေ အသံအရည်အသွေးကောင်းကောင်း နားထောင်လိုသူများ အနေနဲ့ Pulse Audio Equalizer ဆိုတဲ့ ဆော့ဖ်ဝဲကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ Pulse Audio Equalizer ဟာ အသုံးပြုရတာ လွယ်ကူပြီး အသံကောင်းကောင်းကို ချိန်ညှိ နားထောင်လိုသူများအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခုလည်းဖြစ်ပါတယ်။ Plulse Audio Equalizer ကိုထည့်သွင်းချင်တယ်ဆိုရင် Terminal ကို Ctrl + Alt +T ကို နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးသွားရင် System ထဲကို Pulse Audio Equalizer ရဲ့ PPA ကို ထည့်သွင်းရမှာဖြစ်တဲ့အတွက် sudo add-apt-repository ppa:alex-wv/pulseaudio-equalizer-ppa ဆိုတဲ့ command ကို ထည့်သွင်းပေးရပါမယ်။ ပြီးသွားရင် update […]

Read More

Lenovo A3300-T Tablet

တန်ဖိုး – ကျပ် ၁၃၅,၀၀၀ အားသာချက် – SIM Card ထည့်သွင်း သုံးစွဲလို့ ရတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်တာကြောင့် ခရီးသွားလာ နေသူများအဖို့ အလွယ်တကူသယ်ယူပြီး အင်တာနက် အသုံးပြုနိုင်သလို ဈေးနှုန်းကလည်း သင့်တင့်မျှတတာ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အားနည်းချက် – ကင်မရာပိုင်းမှာ Megapixel နည်းပါးပြီး၊ တန်ဖိုးမျှတတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်တာ ကြောင့် ထူးခြားတဲ့ နည်းပညာပိုင်းတွေပါဝင်တာမျိုးကိုလည်းတွေ့မြင်ရမှာမဟုတ်ပါဘူး။ သုံးသပ်ချက် – ဒီဇိုင်းပိုင်းမှာ ကျစ်လစ်တဲ့ သွင်ပြင်နဲ့ ဖွဲ့စည်းထားတာကိုတွေ့မြင်ရပါမယ်။ Tablet ပေါ်ကနေ ဂိမ်းကစားတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ GPU ပါဝင်မှာဖြစ်ပြီး ဘက်ထရီပိုင်း ကလည်း ကောင်းမွန်တာကိုတွေ့မြင်ရပါလိမ့်မယ်။ အသေးစိတ်ဖော်ပြချက် – Quad Core Processor ကို […]

Read More

acceptable use policy (AUP)

Acceptable use policy (AUP) ဆိုသည်မှာ ကုမ္ပဏီကွန်ရက်တစ်ခု သို့မဟုတ် အင်တာနက်ကို အသုံးပြုရန်အတွက် သုံးစွဲသူတစ်ဦးက သဘောတူညီမှု ပြုလုပ်ရမည့် သတ်မှတ်ချက်များ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ အဆောက်အဦများတွင် ဝန်ထမ်းများ သို့မဟုတ် ကျောင်းသား ကျောင်းသူများသည် network ID တစ်ခုကို မရရှိမည့် သတ်မှတ်ချက်များကို သဘောတူ လက်ခံရမည် ဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် မှတ်ပုံတင်သည့်အခါတွင်လည်း စည်းကမ်းချက်များကို လိုက်နာစောင့်ထိန်းရန်အတွက် AUP တစ်ခုကို သဘောတူလက်ခံရမည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် ၎င်းတို့၏ account များကို ချိုးဖောက်ရန် ကြိုးပမ်းမှုများအား အစီရင်ခံတင်ပြခြင်းကိုလည်း ခွင့်ပြုရမည် ဖြစ်သည်။

Read More

MAB MasterCard စတင် အသုံးပြုနိုင်

မြန်မာ့ရှေ့ဆောင်ဘဏ်၏ MAB MasterCard Prepaid World Money Travel Card ကိုဇူလိုင်လ (၂၇) မှစတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကတ်မှာ အဓိကအားဖြင့် နိုင်ငံခြားသို့ အားလပ်ရက် ခရီးသွားသူများ၊ ကျောင်းသူကျောင်းသားများ၊ စီးပွားရေးသမားများနှင့် ဆေးကုသခံယူသူများ အတွက်ရည်ရွယ်၍ ထုတ်လုပ် ထားသော ကတ်ဖြစ် ကြောင်း သိရသည်။ “MasterCard ကို နိုင်ငံပေါင်း ၂၁၀ ကျော်ရဲ့ဘဏ်အဖွဲ့အစည်းတွေ၊ ကုန်သည် တွေ၊ အစိုးရပိုင်လုပ်ငန်းတွေ၊ စီးပွားရေး သမားတွေနဲ့ ဆက်သွယ်မှု ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်၊ Merchant ပေါင်း ၃၅ သန်းကျော်နဲ့ ၂.၁ သန်းသော ATM တွေမှာ ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Cards & Payments Department […]

Read More

ရွေ့လျားနေသော ဂျစ်ကားကို ကြားဖြတ် ထိန်းချုပ်နိုင်သည့် နည်းလမ်း ဟက်ကာနှစ်ဦး သရုပ်ပြသခဲ့

ကွန်ပျူတာလုံခြုံရေး သုတေသီနှစ်ဦးသည် ရွေ့လျားနေသော ချာရိုကီဂျစ်ကားကို ကား၏ ကြိုးမဲ့ဆက်သွယ်မှုစနစ်အား အသုံးပြုကာ ထိန်းချုပ်ပြသခဲ့ပြီးနောက် အင်တာနက်ချိတ်ဆက်ထားသော ကားများ၏ လုံခြုံမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။ သုတေသီများသည် ကား၏ ဆော့ဖ်ဝဲအတွင်းသို့ ချိုးဖောက်ဝင်ရောက်ကာ ကားအဲကွန်း၊ အသံစနစ်နှင့် အမြန်နှုန်းတို့ကို မိုင်ပေါင်းများစွာ အကွာအဝေးမှ laptop တစ်လုံးဖြင့် ထိန်းချုပ်ခဲ့ကြောင်း အဆိုပါ ဂျစ်ကားကို ပိုင်ဆိုင်သော Fiat Chrysler Automobiles ကားကုမ္ပဏီက ဆိုခဲ့သည်။ အဆိုပါ ဟက်ကာနှစ်ဦးအနက် တစ်ဦးသည် လက်ရှိတွင်Twitter အတွက် အလုပ်လုပ်နေသည့် NSA ဟက်ကာဟောင်း ချာလီမေလာ ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ IOActive သုတေသီ ခရစ္စဗယ်လာဆက် ဖြစ်ကြောင်း သိရသည်။ ၎င်းဟက်ကာနှစ်ဦးကမူ ကားကုမ္ပဏီများ၏ လစ်လျူရှုမှုများကို ထောက်ပြနိုင်ရန်အတွက် ယခုကဲ့သို့ သရုပ်ပြသရခြင်းဖြစ်ကြောင်း […]

Read More

GOG.com မှ မူရင်းဂိမ်းများ ဝယ်ယူနိုင်မည်

GOG.com မှ မူရင်းဂိမ်းများ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း GAME HIVE မှ သိရသည်။ “GOG.com ဝက်ဘ်ဆိုက်ဟာ အော်ရီဂျင်နယ်ဂိမ်းတွေကို Setup ဖြင့် ဂိမ်းတန်းသွင်းပြီးကစားနိုင်မယ့် DRM-Free ဂိမ်းတွေ ရဲ့ Digital Version တွေကို ရောင်းချပေးတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး အွန်လိုင်းမှ ဂိမ်းတွေကို ဝယ်ယူပြီး download ပြုလုပ်ပေးတဲ့ဆားဗစ်ကို Game Hive ဆိုင်မှ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဂိမ်းသွင်းရင်လည်း Setup ကနေတန်း သွင်းရုံပဲဖြစ်ပါတယ်။ GOG (Good Old Games) ၀က်ဘ်ဆိုက်ရဲ့ နောက်ထပ်ကောင်းတဲ့အချက် ကတော့ ၁၉၈၀ ကျော်ကပဲဖြစ်ဖြစ်၊ ၁၉၉၀ ကျော်ကပဲဖြစ်ဖြစ် ထွက်ထားတဲ့ ဂိမ်းဟောင်းတွေကိုရော နောက်ပိုင်းထွက်လာတဲ့ ဂိမ်းသစ်တွေကိုပါ Windows 7, 8 နှင့် […]

Read More

Stereo headset

စတိုင်ကျသေသပ်လှပသော ဂျပန်နိုင်ငံထုတ် ELECOM အမှတ်တံဆိပ် Stereo headset ဖြစ်သည်။ အသံကြည်လင်ပြတ်သားသလို ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို ဖယ်ရှားပေးနိုင်သောစနစ်လည်း ပါဝင်မည်ဖြစ်သည်။ နားအုပ်ပေါက်မှာ အကြီးဖြစ်သောကြောင့် နားကို နာကျင်ခြင်းမှကင်းဝေးစေမည် ဖြစ်သည်။ သီချင်းအပုဒ်ရေ ကျော်ခြင်း၊ အသံတိုးခြင်း၊ ကျယ်ခြင်းများကို  ပြုလုပ်နိုင်သလို ဖုန်းအဝင် call ကိုလည်း ပြန်လည်ခေါ်ဆိုနိုင် မည်ဖြစ်သည်။ ကြိုးရှုပ်နေပါကလည်း ကြိုးကို ဖြုတ်၍ သိမ်းထားနိုင်မည်ဖြစ်သည်။ Laptop ဖြင့် ချိတ်ဆက်၍လည်း သီချင်းနားထောင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ မိမိဦးခေါင်းနှင့် အဆင်ပြေသလို အတိုး၊အလျှော့ပြုလုပ်ကာ တပ်ဆင်အသုံးပြု နိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၄၂,ဝဝဝ ဝန်းကျင်ဖြစ်ပြီး CYBER PLUS ဖုန်း ၀၁-၂၂၁၇၉၂၊ ၀၉- ၇၃၀၅၆၄၈၃ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More