Day: July 16, 2015

တန်ဖိုးသင့် ဖုန်းအမျိုးအစား OPPO A11W ဈေးကွက် ဝင်ရောက်လာ

ဈေနှုန်းသင့်တင့်ကာ နည်းပညာပိုင်း ကောင်းမွန်သော OPPO A11W ဖုန်းအမျိုးအစားသစ်တစ်ခု ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ပြီး အဆိုပါဖုန်းမှာ ဈေးနှုန်း သင့်တင့်သောဖုန်း အမျိုးအစားတစ်ခု ဖြစ်သော်လည်း Sensor စနစ်ပိုင်းများ ကောင်းမွန်ကြောင်း သိရသည်။ ၎င်းဖုန်းတွင် Quad-core 1.3 GHz Cortex-A7 CPU နှင့် ဂရပ်ဖစ်ပိုင်းတွက် Mali-400MP2 GPU စနစ်များထောက်ပံ့ ပါဝင်လာမည်ဖြစ်သည်။ Sensor ပိုင်းတွင်လည်း နည်းပညာမြင့် OPPO ဖုန်းများတွင် ပါဝင်သော Screen Off Gesture စနစ်၊ Screen On  Gesture စနစ်၊ Smart Call အစရှိတဲ့ Motion Gesture စနစ်များ ပြည့်စုံစွာအသုံးပြုနိုင်မည်ဖြစ်သည်။  ဖုန်းတွင်  Internal   Memory 4GB နှင့် […]

Read More

ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုအရေအတွက် လေးသန်းနှစ်သိန်း ကိုးသောင်းရှိပြီး Android

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက်မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး Facebook အသုံးပြုသူ၏ ရာခိုင်နှုန်းအများစုမှာ မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် အသုံးပြုကြခြင်း ဖြစ်သည်။ ကွန်ပျူတာများမှတစ်ဆင့် အဆိုပါ လူမှုကွန်ရက်ကို အသုံးပြုသူအရေအတွက်မှာ လေးသိန်းတစ်သောင်း (၄၁၀,၀၀၀) ရှိသည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် Facebook အသုံးပြုသူများအနက် Android OS ပေါ်တွင် အသုံးပြုသူ အရေအတွက်မှာ လေးသန်းတစ်သိန်း […]

Read More

China Mobile ၏ 4G သုံးစွဲသူဦးရေ သန်း ၂၀၀ နီးပါးရှိလာ

China Mobile ၏ 4G သုံးစွဲသူဦးရေသည် သန်း ၂၀၀ ပြည့်ရန် နီးကပ်လာပြီ ဖြစ်ကြောင်း China Mobile ဒုဥက္ကဋ္ဌ လီဟွေဒီက Mobile World Congress တွင် ကြေညာပြောကြားခဲ့သည်။ China Mobile တွင် 4G အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် 4G node ၉၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ကမ္ဘာပေါ်ရှိ 4G node စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့ကြောင်း လီက ပြောကြားခဲ့သည်။ 4G သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ ဝင်ငွေမြင့်တက်လာရန် ကုမ္ပဏီမှ မျှော်မှန်းထားကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ ထို့အပြင် China Mobile အနေဖြင့် 5G […]

Read More

၂၀၁၅ ခုနှစ်ပထမလေးလ မိုဘိုင်းဖုန်း အသုံးပြုမှု ဖွံ့ဖြိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်

မိုဘိုင်းဖုန်းအသုံးပြုမှု ဖွံ့ဖြိုးလာခြင်းတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာ၌ ထိပ်တန်းမှရပ်တည်နေသော နိုင်ငံများအဖြစ် ပါဝင်နေကြောင်း Ericsson Myanmar မှ သတင်းထုတ်ပြန်သည်။ “လက်ရှိ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေမှာ သုံးနေကြတဲ့ ဟန်းဆက်တွေရဲ့ ၂၅ ရာခိုင်နှုန်းက စမတ်ဖုန်းတွေပါ၊ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အဲဒီဒေသတွင်းမှာ ၂၀၂၀ မရောက်ခင် စမတ်ဖုန်းသုံးစွဲမှုက သုံးဆလောက် မြင့်မားလာပြီး သန်း ၈၀၀ လောက်ထိ ရှိသွားမယ်လို့ ယူဆပါတယ်” ဟု Ericsson ၏ အရှေ့တောင် အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများဆိုင်ရာ တာဝန်ရှိသူ Sam Saba က ပြောသည်။ စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ […]

Huawei Nexus ဖုန်းတွင် ၅.၇ လက်မ screen နှင့် လက်ဗွေဖတ်စနစ် ပါဝင်လာဖွယ်ရှိ

Huawei မှ ထုတ်လုပ်မည့် Google Nexus ဖုန်းသစ်နှင့် ပတ်သက်သော အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။ သတင်းများအရ Google သည် screen အရွယ်ကြီးမားသော Nexus ဖုန်းသစ် နှစ်မျိုးကို ဖြန့်ချိသွားဖွယ်ရှိကြောင်း၊ ပထမတစ်မျိုးမှာ LG Electronics မှ ဖန်တီးထားသော Nexus ဖုန်းဖြစ်ပြီး ကျန်တစ်မျိုးမှာ တရုတ်အခြေစိုက် Huawei မှ ထုတ်လုပ်မည့် Nexus ဖုန်းဖြစ်ကြောင်း သိရသည်။ ထို့နောက်တွင် Huawei Nexus နှင့် ပတ်သက်သော အချက်အလက်များသည် ဖုန်းနှင့်ပတ်သက်၍ လျှို့ဝှက်သတင်းများကို ဖွင့်ချရာတွင် နာမည်ကျော်လူသိများသည့် Evan Blass ခေါ် @evleaks ထံမှ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏အဆိုအရ Huawei Nexus တွင် 2560×1440 pixel […]

Read More

8MP ကင်မရာနှင့် 64-bit A8 CPU ပါဝင်သော iPod touch သစ် ကို Apple မိတ်ဆက်

Aple သည် 64-bit A8 CPU ပါဝင်သော iPod touch ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့သည်။ အရှေ့ဘက်နှင့် ကျောဘက် ကင်မရာများကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီး ကျောဘက်ကင်မရာကို 8-megapixels ဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။ အသစ်ထွက်ရှိသည့် iPod touch ကို 128GB အမျိုးအစားဖြင့်ပါ ရရှိနိုင်သည်။ တန်ဖိုးမှာ 128GB အတွက် ၃၉၉ ဒေါ်လာဖြစ်ပြီး ကျန်အမျိုးအစားများ၏ တန်ဖိုးမှာ ယခင်အတိုင်း မပြောင်းလဲဘဲ 16GB အတွက် ၁၉၉ ဒေါ်လာ၊ 32GB အတွက် ၂၄၉ ဒေါ်လာနှင့် 64GB အတွက် ၂၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။ အရောင်သစ်များအနေဖြင့် ရွှေရောင်၊ ပန်းရောင်၊ အပြာရောင်တို့ဖြင့် ရရှိနိုင်သည်။ ထို့အပြင် […]

Read More

Samsung ၏ အပါးလွှာဆုံး စမတ်ဖုန်းကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ

Samsung သည် ကုမ္ပဏီ၏ အပါးလွှာဆုံး စမတ်ဖုန်းဖြစ်သော Galaxy A8 ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်။ အထူ ၀.၂၃ လက်မ (၅.၉ မီလီမီတာ) သာရှိသည့် Galaxy A8 ၏ အလေးချိန်သည် ၅.၃ အောင်စ (၁၅၁ ဂရမ်) သာရှိသည်။ ၎င်းဖုန်းကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၅.၇ လက်မ 1920×1080 pixel OLED screen ကို အသုံးပြုထားသည်။ ၎င်းစမတ်ဖုန်းသည် အလွန်ပါးလွှာသလို ပါဝင်သည့် feature များကလည်း သုံးစွဲသူများကို ဆွဲဆောင်မှုရှိသည်။ Galaxy A8 တွင် 1GHz eight-core Qualcomm Snapdragon 615 ပရိုဆက်ဆာ၊ ကျောဘက်တွင် 16-megapixel ကင်မရာနှင့် […]

Apple ID ကို ကွန်ပျူတာများမှ Deauthorize ပြုလုပ်ခြင်း

Apple ID ကို အသုံးပြုသူများအနေနဲ့ မိမိရဲ့ ID ကို မတူညီတဲ့ ကွန်ပျူတာ ငါးလုံးထက်ပိုပြီး ထည့်သွင်း သုံးစွဲခွင့်ရရှိမှာ မဟုတ်ပါဘူး။ Apple ID တစ်ခုကို ကွန်ပျူတာ တစ်လုံးမှာ Authorize ပြုလုပ်ပြီး ထည့်သွင်း ပြုခဲ့တဲ့အချိန်မှာ အဆိုပါ ကွန်ပျူတာကနေ အသုံးမပြုတော့ဘူးဆိုရင် Deauthorize ပြုလုပ်ပေးရပါမယ်။ တကယ်လို့ မပြုလုပ်ခဲ့ဘူးဆိုရင် နောက်ထပ်ကွန်ပျူတာ တစ်လုံးမှာထည့်သွင်းပါက အဆိုပါ ကွန်ပျူတာကို ဒုတိယ တစ်လုံးအဖြစ် သတ်မှတ်သွားပါလိမ့်မယ်။ ဒီလိုမျိုး ကွန်ပျူတာတွေမှာ Deauthorize မပြုလုပ်ဘဲ Authorize ပြုလုပ်ပြီး အသုံးပြုနေမယ်ဆိုရင် ကွန်ပျူတာ ငါးလုံး ပြည့်သွားတဲ့အခါမှာ အဆိုပါ ID ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် Authorize ပြုလုပ်ခဲ့တဲ့ […]

Read More