Day: July 13, 2015

LG G4

Device Support – LG Price – 739,000 Ks အားသာချက် ဖုန်းမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေ ကောင်းမွန်ပါတယ်။ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေကို အသုံးပြုနိုင်တဲ့အပြင် ကင်မရာ Resolution ကလည်း မြင့်မားပါတယ်။ မှတ်ဉာဏ်ပိုင်းမှာ မြင့်မားကောင်းမွန်တာ တွေ့ရတဲ့အပြင်  Screen Resolution ကလည်း မြင့်မားတဲ့အတွက် ကြည်လင်တောက်ပတဲ့ မြင်ကွင်းကို ခံစားနိုင်မှာပါ။ အားနည်းချက် ဖုန်းမှာအသုံးပြုထားတဲ့ Screen ဟာ Resolution အရမ်းမြင့်မားပြီး အရည်အသွေးကောင်းမွန်တဲ့ Screen ဖြစ်တဲ့အတွက် ပါဝါအသုံးပြုနှုန်းဟာ မြင့်မားပါတယ်။ ဖုန်းမှာထည့်သွင်းထားတဲ့ ဘက်ထရီဟာလည်း mAh မြင့်မားတဲ့ ဘက်ထရီဖြစ်ပေမယ့် Screen အရည်အသွေး မြင့်မားတာကြောင့် ဂိမ်းကစားခြင်းနဲ့ အင်တာနက် […]

Read More

အချက်အလက် ပေါက်ကြားမှုအပြီး tool များကို အသုံးမပြုကြရန် Hacking Team ကုမ္ပဏီ သတိပေး

ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Hacking Team သည် တိုက်ခိုက်ခံရမှုကြောင့် အချက်လက်ပမာဏ 400GB ရှိသော တစ်ကိုယ်ရေ အချက်အလက်များ ပေါက်ကြားခဲ့ပြီး အချက်အလက် ပေါက်ကြားမှုကို စစ်ဆေးလျက်ရှိသည်။ ထိုအချိန်အတွင်း သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ software ကို အသုံးမပြုကြရန် အကြံပေးခဲ့ကြောင်း သိရသည်။ Hacking Team သည် ဥပဒေဆိုင်ရာ အဖွဲ့အစည်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အေဂျင်စီများကို စောင့်ကြည့်လေ့လာရေး software များ ထောက်ပံ့နေသည့် လုံခြုံရေးကုမ္ပဏီ ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ပေါက်ကြားခဲ့သော အချက်အလက်များအပေါ် တွက်ချက်လျက်ရှိစဉ် ၎င်းတို့၏လုပ်ငန်းများ ဆိုင်းငံ့ထားရန် Hacking Team ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယခုအဖြစ်အပျက်သည် ဝန်ဆောင်မှုအတွင်း ကာလတိုဆိုင်းငံ့မှု တစ်ရပ်သာဖြစ်ကြောင်း၊ ဥပဒေ အာဏာပိုင်များက ကုမ္ပဏီပိုင် […]

Read More

Android OS မှာ Antivirus ဆိုတာ တကယ်လိုအပ်သလား

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ Android ဖုန်းများသည် ဈေးနှုန်းသက်သာမှု၊ အသုံးပြုရ လွယ်ကူမှုတို့ကြောင့် သုံးစွဲသူဦးရေ များပြားလာသည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်း၌ ပြည်ပ အော်ပရေတာများ စတင်ဝန်ဆောင်မှု ပေးလာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေသည်လည်း ယခင်ကထက် ပိုမိုများပြားလာသည်။  ဤသို့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသကဲ့သို့ မိုဘိုင်းဖုန်းများ၏ ကဏ္ဍသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်က မိုဘိုင်း ဖုန်းကို ဖုန်းပြောရန်လောက်သာ အသုံးပြုလာခဲ့ရာမှ ယခုအခါ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုကြည့်ရန်၊ ဂိမ်းကစားရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မှတ်သားရန် စသော နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာအထိ အသုံးပြုလာကြသည်။ ထိုသို့ အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်သားသိမ်းဆည်းသည့် နေရာဖြစ်လာခြင်းတို့ကြောင့် သုံးစွဲသူများ၏ privacy […]

Read More

ရန်ကုန်မြို့တွင် တစ်ဦးချင်း မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်လာပြီးနောက် အများပြည်သူသုံá

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် အရေအတွက်သည် သန်း ၂၀ ကျော်အထိ မြင့်တက်လာပြီးနောက် ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသော အများ ပြည်သူ သုံး တယ်လီဖုန်းရုံ (PCO) အရေအတွက်သည် သိသာစွာ လျော့နည်းလာပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ရန်ကုန်မြို့တွင်း၌ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဝန်းကျင်အထိ အများပြည်သူသုံး တယ်လီဖုန်းဆိုင်နှင့် ဖုန်းရုံအရေအတွက် တစ်ထောင်ကျော်ရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင်မူ  အဆမတန် လျော့နည်းသွားပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အချိန်ကာလ အထိ ရန်ကုန်မြို့တွင်း နေရာအနှံ့ အပြားတွင် ဖွင့်လှစ်ခဲ့သည့် အများပြည်သူသုံး တယ်လီဖုန်းရုံများ သည် ယခုလက်ရှိ အချိန်တွင် နေရာ အများစု၌ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပြီး တဖြည်းဖြည်းနှင့် ပိုမို လျော့နည်းလာမည် ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာန၏ […]

Read More

Cyberbullying အပေါ် သူတို့အမြင်

ကိုကမ္ဘာ့ဖျာ (Facebook သုံးစွဲသူ) မြန်မာ Facebook  ကွန်မြူနတီမှာတော့ သဘောထားမတိုက်ဆိုင်သူတွေ အချင်းချင်း Bully လုပ်လာကြတာ ခပ်စိပ်စိပ်မြင် လာရတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်ပါတယ် ခင်ဗျ။ အကြောင်းအရင်းကတော့ အစွန်းရောက်လွန်းတဲ့ အမြင်အတွေး၊ အယူအဆတွေကို သိပ်ဇောင်း ပေးလာကြတာကြောင့်လို့ ထင်ပါတယ်။ လူငယ် တစ်ဦးအနေနဲ့ ပြောရရင် အဖွဲ့အစည်းအလိုက်၊ လူပုဂ္ဂိုလ်အလိုက် Cyberbullying လုပ်ကြတာမျိုးကို မရှိစေချင်၊ မဖြစ်စေချင်တာကတော့ အသေအချာပါပဲ။ အဆိုးဆုံးကတော့ ဘာသာရေး၊ လူမျိုးအခြေခံတဲ့ Bully လုပ်မှုတွေပေါ့ဗျာ။ ဒါပေမယ့် ဒါတွေဟာ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အယူအဆ၊ အတွေးအခေါ်၊ အသိဉာဏ်နဲ့ သက်ဆိုင်နေတော့ကာ ချက်ချင်းထိန်းချုပ်နိုင်ဖို့ မမြင်နိုင်သေးပါဘူး။ တစ်ဦးချင်းရဲ့ အသိတရားရေချိန် တိုးမြင့်လာရင်တော့ အထိုက်အလျှောက် ထိန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ […]

Read More

Content curation

Content curation ဆိုသည်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု သို့မဟုတ် သီးခြား အကြောင်းအရာတစ်ခုနှင့် ဆက်စပ်သည့် အကြောင်းအရာများကို စုစည်းကာ အွန်လိုင်းတွင် ဖော်ပြခြင်းဖြစ်သည်။ စည်းကမ်းချက်အရ content curation ဆိုက်တစ်ခုသည် မူရင်း အကြောင်းအရာအချို့ကို ပြန်လည်ဖန်တီးကာ အပြည့်အစုံ ရေးသားချက်နှင့် ချိတ်ဆက်ကြသည်။ အချို့သော content curation ဆိုက်များကမူ မူရင်း အကြောင်းအရာ၊ ဘာသာပြန်ဆိုချက်နှင့် ထင်မြင်သုံးသပ်ချက်ကိုပါ ဖော်ပြကြသည်။ Content curation ကို အကောင်အထည်ဖော် ဆောင်ရွက်သူများနှင့် ဝန်ဆောင်မှုများကို curator ဟု ခေါ်ဆိုသည်။

Read More

Windows Administrator Account နာမည်ပြောင်းလဲခြင်း

ကွန်ပျူတာ အများစုမှာရှိတဲ့ Default Administrator နာမည်ဟာ ပုံစံတစ်မျိုးတည်းဖြစ်နေတာကြောင့် Hacker များ အနေနဲ့ Windows admin account ကို ဦးတည်ချက်ထားတယ်ဆိုရင် အလွယ်တကူ ရှာဖွေနိုင်သလို၊ Malware, Trojan နဲ့ Virus များကိုလည်း အဆိုပါ account ကို ဦးတည်ပြီးပေးပို့နိုင်ပါတယ်။ အကယ်၍ default ပါရှိတဲ့ Administrator ဆိုတဲ့ နာမည်ကို အခြား နာမည်ပြောင်းပေးထားမယ်ဆိုရင် target ကို ရှာဖွေဖို့အတွက် ပိုမိုအလုပ်ရှုပ်စေမှာပါ။ Windows Opearting System မှာပါရှိတဲ့ Administrator account ကို နာမည်ပြောင်းချင်တယ်ဆိုရင် နည်းလမ်း သုံးမျိုးနဲ့ ပြောင်းလဲနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ command prompt မှ ဝင်ရောက်ပြောင်းလဲတဲ့ နည်းလမ်းဖြစ်ပြီး၊ ဒုတိယ […]

Read More

Samsung Galaxy Tab A 9.7

USD  – 269 အားသာချက် Samsung Galaxy Tab A 9.7 သည် ပါးလွှာ ပေါ့ပါးကာ စတိုင်လ်ကျသည့် Tablet တစ်မျိုးဖြစ်သည်။ အဆိုပါTablet အတွင်း အခကြေးငွေပေးရသော app များ အခမဲ့ပါဝင်လာပြီး 128 GB အထိ ထည့်သွင်းနိုင်သော microSD slot လည်း ပါဝင်လာသည်။ အားနည်းချက် မျက်နှာပြင် အရွယ်အစား ၉.၇  လက်မရှိ Samsung Galaxy Tab A ၏ ရုပ်ထွက်အရည်အသွေးမှာ ပုံထွက်ကောင်းခြင်း  မရှိပေ။ ထို့အပြင် Samsung Galaxy Tab A တွင် ပုံမှန်တွေ့နေကျ spec များသာ ပါဝင်သည်။ ဘက်ထရီ Galaxy Tab […]

Read More

MLL 2015 ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား

Myanmar Lego League -2015  ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ ဇူလိုင်လ ၄ ရက်က အောင်မြေသာစည်အိမ်ယာရှိ Pride International School Myanmar (PISM) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More