Day: July 11, 2015

မြန်မာနိုင်ငံတွင် အများဆုံး အသုံးပြုသော ဝက်ဘ်ဆိုက် ၁၀ ခုကို Opera မှထုတ်ပြန်

မြန်မာနိုင်ငံ၏ မိုဘိုင်းအင်တာနက် အသုံးပြုမှု အခြေအနေနှင့် အများဆုံး အသုံးပြုသော ဝက်ဘ်ဆိုက် ၁၀ ခုကို Opera Software မှ ထုတ်ပြန်လိုက်သည်။ Opera Mini အသုံးပြုသူများ၏ ၈၇ ရာခိုင်နှုန်း မှာ စမတ်ဖုန်း အသုံးပြုသူများဖြစ်ပြီး ၎င်းအနက် ၈၅ ရာခိုင်နှုန်းမှာ Android အသုံးပြုသူများဖြစ်ကြောင်း ဆိုသည်။ Opera Mini အသုံးပြုသူများ၏ web စာမျက်နှာ ဖတ်ရှုမှု ၁၀ မျက်နှာတွင် ၆ မျက်နှာမှာ Facebook.com ဖြစ်ပြီး မိုဘိုင်းအင်တာနက် သုံးစွဲချိန်များ၏ အများစုကို ဖေ့စ်ဘွတ် သုံးစွဲခြင်းဖြင့် ကုန်ဆုံးစေကာ Twitter မှာ ဒုတိယဖြစ်သည်ဟု ဆိုသည်။ Opera Mini အသုံးပြုသူများ၏ အသုံးများဆုံး Handsets ၁၀၀ […]

Read More

iOS Ads Remover for mac

Mac OS အသုံးပြုထားသည့် ကွန်ပျူ တာပေါ်မှနေ၍ iOS App များရှိ ကြော်ငြာများကို ဖယ်ရှားပေးနိုင်မည့် ဆော့ဖ်ဝဲဖြစ်သည်။ iOS Game App များ eBooks များတွင် ပါရှိလာတတ်သည့် ကြော်ငြာများကို ဖယ်ရှားပြီး အဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် ကူညီပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ Download ပြုလုပ်လိုပါက အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 10.54 MB ခန့်ရှိမည်ဖြစ်သည်။ Mac OS Version 10.6 မှ 10.10 အထိထည့်သွင်းအသုံးပြုနိုင်မည့် ဆော့ဖ်ဝဲဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Android ဖုန်းများတွင် ကီးဘုတ်အား Shortcut စနစ်ဖြင့်အသုံးပြုခြင်း

Android  ဖုန်းနဲ့ စာရိုက်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် စာရိုက်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Message ပို့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ Mail ပို့တဲ့အချိန် တွေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာ အဆင်ပြေလွယ်ကူ စေမှာပါ။ စတင်ပြီး လေ့လာကြည့်ကြပါ မယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ဖုန်းမှာ အဓိကလိုအပ်တာ ကတော့ Google Keyboard ဖြစ်ပါတယ်။ Google Keyboard မရှိတဲ့၊ မပါဝင်တဲ့ ဖုန်းတွေမှာဆိုရင် တော့ Google Keyboard ကို အရင်ဆုံး Download ပြုလုပ်ပြီး ထည့်သွင်းရပါ လိမ့်မယ်။ အခြားကီးဘုတ်တွေနဲ့ဆိုရင်တော့  Shortcut  စနစ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဖြစ်ပါတယ်။ Google Keyboard ကိုရရှိပြီ ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting ထဲကိုသွားပါ။ Setting […]

Read More