Day: July 10, 2015

Peerio for Mac

သူငယ်ချင်းအပေါင်းအသင်းများနှင့် ပြုလုပ်ထားသည့် Chat Record များကို အခြားသူများ အလွယ်တကူ မကြည့်ရှုနိုင်စေရန်အတွက် လုံခြုံမှုရှိအောင် ကာကွယ်ပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ ဖိုင်များကိုလည်း လုံခြုံစိတ်ချစွာဝေမျှနိုင်ရန်အတွက် စီစဉ်ပေးထားသည်။ Download ပြုလုပ်လိုသူများအနေနှင့် အခမဲ့ ရရယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစား 36.01MB ခန့်သာရှိမည်ဖြစ်သည်။ Mac OS Version 10.10 တွင်သာ ထည့်သွင်းသုံးစွဲနိုင်မည့် ဖြစ်ပြီး၊ Data များကို လုံခြုံစိတ်ချ စေရန်အတွက် Encrypt ပြုလုပ်မည့် နည်းပညာများ ထည့်သွင်းပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ Apple ၏ iPhone နှင့် iPad ထုတ်ကုန်များ တရားဝင် တင်á

Apple Inc. နည်းပညာကုမ္ပဏီ၏ တရားဝင်အသိအမှတ်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင် အရောင်းစင်တာ စတင်ဖွင့်လှစ်ခဲ့သည့် mDrive သည် iPhone နှင့် iPad များကို ပြည်တွင်းသို့ တင်သွင်းနိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်လိုင်စင်ကို ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ပြည်တွင်း၌ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ ဝင်ရောက်လာမည့် Apple ၏ iPhone နှင့် iPad ထုတ်ကုန်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး နောက်ဆက်တွဲ ပြုပြင်မှုများကိုလည်း တရားဝင် အသိအမှတ်ပြု ဆားဗစ်စင်တာတွင် ပြုပြင်နိုင်တော့မည်ဖြစ်သည်။ ယခုကဲ့သို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်ကို ရရှိလိုက်ခြင်းကြောင့် mDrive ၌ iPhone နှင့် iPad ထုတ်ကုန်များကို ဝယ်ယူသူများသည် Apple ၏ တရားဝင်ဆားဗစ်စင်တာတွင် ပြုပြင်နိုင်တော့မည် […]

Read More

အစိုးရရုံးဌာနများ၏ e-Government စနစ် အသုံးပြုနိုင်မှုကို ကမ္ဘာ့ဘဏ် အဖွဲ့အစည်း ထောက်ပံ့မှုပေးမည်ဟုဆို

ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အစိုးရရုံးဌာနများ e-Government စနစ်ကို လက်တွေ့စနစ်တကျ အသုံးပြုလာနိုင်စေရန် အတွက် ပံ့ပိုးမှုပေး သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စုံစမ်း သိရသည်။ မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ် အစိုးရလုပ်ငန်းများဖြစ်သော e-Government စီမံကိန်း အောင်မြင်ရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက အကူအညီပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။ ယခုလက်ရှိအချိန်တွင် အစိုးရရုံးဌာနအချို့သည် ၎င်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကွန်ပျူတာစနစ်သို့ ကူးပြောင်းလုပ်ဆောင်လာနေပြီ ဖြစ်သော်လည်း ကျန်ရုံးဌာနအများစုမှာမူ စာရွက်စာတမ်းများနှင့်သာ အဓိကလုပ်ဆောင်နေကြဆဲဖြစ်ကြောင်း နေပြည်တော် အစိုးရရုံးဌာနအချို့မှ စုံစမ်းသိရသည်။ ထို့အပြင် အများပြည်သူနှင့် ဆက်စပ်လုပ်ကိုင်နေရသည့် ရုံးဌာနများတွင် ယခုအချိန်အထိ စာရွက်စာတမ်းစနစ်ကိုသာ အဓိက အားပြုနေဆဲဖြစ်သောကြောင့် လုပ်ငန်းကြန့်ကြာခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေဆဲဖြစ်ခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း အထက်ပါရုံးဌာနများနှင့် လုပ်ကိုင်ဖူးသူအချို့ထံမှသိရသည်။ […]

Read More

M-Tech Distribution Showroom ဖွင့်လှစ်

M-Tech Distribution Showroom ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်က အဆိုပါ Showroom တည်ရှိရာ ဦးဝိစာရလမ်းရှိ Myanmar Culture Valley (MCV) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ Showroom တွင် အိမ်သုံး၊ ရုံးသုံးနှင့် စက်ရုံသုံး ပစ္စည်းများဖြစ်သော Network Cable, UPS, CCTV, Fire Alert, Finger Print များနှင့် အခြား လုပ်ငန်းသုံး ပစ္စည်းများစွာကို ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ “အစ်မတို့ ဒီ M-Tech Distribution Showroom အရောင်းဆိုင်ကို ပထမဦးဆုံးဖွင့်တာပါ။ ဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ Reseller တွေနဲ့ တိုက်ရိုက် ဝယ်ယူအသုံးပြုချင်တဲ့ Customer တွေ ရွေးချယ်ပြီး လိုအပ်တာ ဝယ်လို့ရအောင်ပါ။ […]

Read More

Linux Kernal 4.1.1 ကို Ubuntu OS တွင် Upgrade ပြုလုပ်ခြင်း

Ubuntu OS သုံးစွဲနေသူများ Linux Kernal Version 4.1.1 ကို upgrade ပြုလုပ်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Linux Kernal ကို upgrade ပြုလုပ်ဖို့အတွက် 32 bit နဲ့ 64 bit ထည့်သွင်းပုံတူမှာမဟုတ်သလို ဖိုင်ကလည်း 32 bit နှင့် 64 bit အတွက် ခွဲခြားထားပါတယ်။ ပထမဆုံး 32 bit အတွက် deb ဖိုင်ကို Download ပြုလုပ်ရမှာဖြစ်လို့ အောက်ဖော်ပြပါ command တွေကို copy ကူးပြီး Terminal မှာ ထည့်လိုက်ပါ။ wget kernel.ubuntu.com/…/linux-headers-4.1.1-040101_4.1.1-040101… wget kernel.ubuntu.com/…/linux-headers-4.1.1-040101-generic_4.1.… wget kernel.ubuntu.com/…/linux-image-4.1.1-040101-generic_4.1.1-… ရရှိလာတဲ့ […]

Read More

Bloatware

Bloatware ဆိုသည်မှာ မလိုလားအပ်သော software application များကို ကွန်ပျူတာအသစ်တစ်ခုတွင် ကြိုတင်ထည့်သွင်းထားခြင်းအတွက် ခေါ်ဆိုသည့် နာမည်ဖြစ်သည်။ ၎င်းအသုံးအနှုန်းကို programming တွင် အလွန်ခက်ခဲရှုပ်ထွေးသော ပရိုဂရမ်များအတွက်လည်း သုံးနှုန်းကြသည်။ မည်သည့် ကွန်ပျူတာထုတ်လုပ်ရောင်းချသူများက bloatware များ ထည့်သွင်းခြင်းနှင့် bloatware များအား မည်ကဲ့သို့ ဖယ်ရှားခြင်းတို့ကို NotebookReview.com ဖိုရမ်တွင် လေ့လာမေးမြန်းနိုင်သည်။

Read More

News Feed ကို ထိန်းချုပ်နိုင်မည့် See First feature သစ်ကို Facebook မိတ်ဆက်

နာမည်ကျော် လူမှုကွန်ရက်ကြီး ဖြစ်သော Facebook သည် သုံးစွဲသူများက News Feed ကို အကောင်းဆုံး ထိန်းချုပ် အသုံးပြုနိုင်စေမည့် feature သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ See First ဟုခေါ်သော feature သစ်သည် မိမိမြင်တွေ့လိုသော Facebook သူငယ်ချင်းများ၏ post များကို feed ၏ ထိပ်ဘက်ပိုင်းတွင် အမြဲတမ်း ဖော်ပြပေးမည် ဖြစ်သည်။ ၎င်း feature ကို လက်ရှိတွင် iOS ထုတ်ကုန်များတွင်သာ အသုံးပြုနိုင်သေးပြီး Android နှင့် desktop အတွက် မကြာခင်တွင် ဖြန့်ချိပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ See First feature ကို အသုံးပြုလိုသူများသည် iOS တွင် Facebook app […]

Read More

KFC စားသောက်ဆိုင်ဖွင့်ပွဲ အခမ်းအနား

KFC စားသောက်ဆိုင်ဖွင့်ပွဲ အခမ်းအနားကိုတော့ ဇွန်လ ၃ဝ ရက်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ KFC ဆိုင်သစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို KFC ဆိုင်စတင်ဖွင့်လှစ်တဲ့နေ့ တစ်ပတ်အကြာ ဇူလိုင်လ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Read More

Audi RS Q3 ဆိုတာက အဆင့်မြှင့်ထားတဲ့ စွမ်းဆောင်ရည်မြင့် SUV

အခု တစ်ပတ်မှာတော့ ကျွန်တော်က ဂျာမနီ အခြေစိုက် မော်တော်ကား ကုမ္ပဏီ Audi ရဲ့ Q3 မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တော့ Q3 ဆိုတာက အနေတော် အရွယ်အစားရှိတဲ့ SUV ဖြစ်ပြီးတော့ မြို့တွင်း၊ လမ်းကြမ်း အနေအထားတွေကိုပါ အကောင်းဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ် ဖြစ်ပေမယ့် Audi က သူ့ရဲ့ မော်ဒယ်ကို စွမ်းဆောင်ရည် မြင့်စေချင်တာကြောင့် RS Version ထဲ ထည့်သွင်းပြီး ထုတ်လုပ်ဖန်တီးလာတာ တွေ့ရတာပါ။ RS ဆိုတာကတော့ အဆင့်မြင့်မော်ဒယ်တွေကို ထုတ်လုပ်တဲ့အပိုင်း ဖြစ်ပြီးတော့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို သီးသန့်ထုတ်လုပ်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်ကအရင်က ထွက်ရှိထားတဲ့ Q3 တွေထက် စွမ်းဆောင်ရည်အပိုင်းမှာ သိသိသာသာ […]

Read More

Andriod Digital TV Receiver

Smart phone, tablet များဖြင့် တွဲဖက်ပြီး အခမဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းများကို အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်မည့် Andriod Digital TV Receiver ဖြစ်သည်။ OTG အထောက်အပံ့ ပေးသော Phone, tablet များတွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ DVB-T2 System ဖြင့် ထုတ်လွှင့်သော အခမဲ့ဒီဂျစ်တယ် ရုပ်သံများ အားလုံးကို ကြည်လင် ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိမိနှစ်သက်ရာ အစီစဉ်များကိုလည်း Recording  ပြုလုပ်ကာ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Portable Design ဖြစ်သည့်အတွက် သွားလေရာသို့ သယ် ဆောင်သွားနိုင်သလို နေရာဒေသမရွေး ကြည့်ရှုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၄၉,၈၀၀ ကျပ်ဖြစ်ပြီး [email protected] Computer […]

Read More