Day: July 8, 2015

Telenor Youth Forum အတွက် မြန်မာနိုင်ငံကိုယ်စားပြု ၂ ဦး ခေါ်ယူ

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် Telenor Youth Forum အတွက် လျှောက်လွှာများ စတင်ခေါ်ယူကြောင်း Telenor Myanmar မှ ကြေညာထားသည်။ Telenor တည်ရှိရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူငယ်ခေါင်းဆောင်များအား စုဝေး၍ လူငယ်များနှင့် ဒီဂျစ်တယ်ခေတ် မျိုးဆက်သစ်များကို အထောက်အကူပြုပေးသော ကဏ္ဍတစ်ခုဖြစ်စေရန် Youth Form ကို ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။ ပါဝင်ယှဉ်ပြိုင်လိုသူများသည် ဆန်းသစ်သော အတွေးအမြင်များနှင့် ခိုင်မာသော ဆုံးဖြတ်ချက်ရှိရန် လိုအပ်ပြီး အသက် ၂၈ နှစ်ထက် မကျော်သူများ ဖြစ်ရမည်ဟု သိရသည်။ အင်္ဂလိပ်စာ နားလည်တတ်ကျွမ်းခြင်းနှင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး၏ လူထုအပေါ်သက်ရောက်မှုများကို သိရှိနားလည်ထားရန် လိုအပ်သည်ဟု Telenor က […]

Read More

ဂိမ်းညှို့ချက် ပြင်းလာတဲ့ msi

တရုတ်(တိုင်ပေ)မှာ ၃၅ ကြိမ်မြောက် ကျင်းပတဲ့ Computex 2015 ပွဲမှာ ပီစီဂိမ်းလောကအတွက် ရှေ့ဆုံးက ဦးဆောင်နေတဲ့ msi ကုမ္ပဏီက ပစ္စည်းသစ်တွေကို ညှို့ချက်ပြင်းပြင်းနဲ့ ခင်းကျင်းပြသခဲ့တယ်။ Msi (Micro-Star International) ကုမ္ပဏီကြီးက ၁၉၈၆ ခုနှစ်ကတည်းက တိုင်ပေမှာ အခြေစိုက်တည်ရှိခဲ့ပြီး ကွန်ပျူတာ Hardware နဲ့ အိမ်သုံးကုန် အီလက် ထရွန်နစ် ပစ္စည်းများကို ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်တယ်။ ကိုယ်တိုင်ပီစီကွန်ပျူတာ တပ်ဆင်သူတွေနဲ့ အသင့်သုံး တပ်ဆင်ရောင်းချ ခဲ့သူတွေ အနေနဲ့ msi အမှတ်တံဆိပ်ကို မရင်းနှီးသူ မရှိသလောက်ဖြစ်တယ်။ စတင်တည်ထောင်စဉ် ကာလကတည်းက Motherboard များနဲ့ Video Card ဆိုတဲ့ Graphic Card တွေကို ထုတ်လုပ်ရောင်းချခဲ့လို့ Desktop ကွန်ပျူတာ […]

Read More

Ubuntu OS တွင် Gnome Box အား ထည့်သွင်း အသုံးပြုခြင်း

Linux အခြေခံထားသည့် Opearting System တစ်ခုဖြစ်သည့် Ubuntu OS ပေါ်တွင် Virtual Machine ကိုထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ Virtual Machine တစ်ခုကို အလွယ်တကူနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Gnome Box  ဟာ Virtual  Machine တစ်ခု တည်ဆောက်ရန်အ တွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Gnome Boxကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက်Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို […]

Read More

ရေငုပ်သဘောင်္ကို ရှာဖွေပေးမည့် အဝေးထိန်း သဘောင်္ကို အမေရိကန်ရေတပ် စမ်းသပ်လျက်ရှိ

လတ်တလောတွင် အမေရိကန် ရေတပ်သည် ရန်သူရေငုပ် သဘောင်္များကို အလိုအလျောက် ခြေရာခံပေးနိုင်စွမ်းရှိသော အဝေးထိန်း သဘောင်္တစ်ခုကို စမ်းသပ်လျက်ရှိသည်။ အဆိုပါ စစ်ဘက်သုံးရေငုပ် သဘောင်္များကို ခြေရာခံမည့် အဝေးထိန်းယာဉ်(ACTUV) စီမံကိန်းကို DARPA (Denfense Advanced Research Projects Agency) က စတင်ခဲ့ပြီး မျိုးဆက်သစ် အသံတိတ် ရန်သူဒီဇယ် ရေငုပ်သဘောင်္များကို ခြေရာခံရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဒီဇယ်ရေငုပ် သဘောင်္များသည် ဈေးနှုန်းသက်သာသောကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုမှု တစ်ဟုန်ထိုး မြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်များအတွင်း ရုရှားက ကမ္ဘာ့အသံအငြိမ်ဆုံး ရေငုပ်သဘောင်္ကို မိတ်ဆက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရေငုပ်သဘောင်္များကို ခြေရာခံသည့် တာဝန်များ ထမ်းဆောင်ရန် ACTUV စီမံကိန်းသည် အဓိက ရည်မှန်းချက် ၃ ခုပြီးမြောက်စေရန် […]

Read More

အော်တိုကြိုးဖုန်းများအတွက် ဈေးနှုန်း လျှော့ချပေးရန် MPT စီစဉ်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အော်တိုကြိုးဖုန်း အသုံးပြုသူ ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းတို့၏ အော်တိုကြိုးဖုန်း အသုံးပြုသူများအတွက် ရောင်းချသည့်ဈေးနှုန်းကို ပြင်ဆင်လျှော့ချသွားရန် အစီအစဉ်များရှိသည်ဟု သိရသည်။ အော်တိုကြိုးဖုန်းများအတွက် ဝန်ဆောင်မှုများ မြှင့်တင်နေသည့်အပြင် တပ်ဆင်ခဈေးနှုန်းကိုလည်း လျှော့ချပေးရန် အစီအစဉ်များ ရှိနေသည်ဟု KDDI မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Takashi NAGASHIMA က ပြောသည်။ ထို့အပြင် ဘဏ်များကဲ့သို့သော လုပ်ငန်းကြီးများအတွက် အချင်းချင်းချိတ်ဆက်နိုင်သည့် အော်တိုတယ်လီ ဖုန်းများကိုလည်း မိတ်ဆက် ပေးသွားရန်ရှိသည်ဟု ၎င်းကဆိုသည်။ ၂၀၁၄ ခုနှစ်စာရင်းဇယားများအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ အော်တိုကြိုးဖုန်း အသုံးပြုသူ အရေအတွက်သည် ၅ သိန်းကျော်ရှိပြီး လက်ရှိ အချိန်၌ အော်တိုကြိုးဖုန်း အသုံးပြုသူ အရေအတွက်ကို အတိအကျ […]

Read More

Samsung Galaxy Tab A 8.0

တန်ဖိုး – ကန်ဒေါ်လာ ၁၉၉ အားသာချက် Premium App တွေထည့်သွင်းပေးထားပြီး ဈေးနှုန်းပိုင်းလည်း မျှတအောင် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး microSD Card ကို 128GB အထိ ထည့်သွင်းအသုံးပြုနိုင်စေရန် စီစဉ်ပေး ထားတဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ အားနည်းချက် အသံပိုင်းမှာ စပီကာတစ်လုံးတည်း အသုံးပြုထားတဲ့အတွက် အသံပိုင်းမှာ အနည်းငယ် အားရ ဖွယ် ရှိမှာမဟုတ်သလို ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့အတွက် ဈေးပေါတယ်လို့ ခံစားမှု ရှိစေမှာဖြစ်ပါတယ်။ သုံးသပ်ချက် ဈေးနှုန်းမျှတပြီး ၈ လက်မ အရွယ်အစားရှိတဲ့ tablet တစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေ စိတ်တိုင်းကျစေမယ့် tablet တစ်လုံးလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရ မှာဖြစ်ပြီး […]

Read More

iPhone မှ contact list များကို Windows 8 တွင် CSV ဖိုင်ဖြင့် သိမ်းဆည်းခြင်း

iPhone အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ ဖုန်းအတွင်းမှာရှိတဲ့ contact cist များကို Windows 8 အတွင်း Export ပြုလုပ်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Windows 8 အသုံးပြုထားတဲ့ PC မှာ contact list ကို CSV ဖိုင်နဲ့ သိမ်းဆည်းမယ်ဆိုရင် iTunes နဲ့ ချိတ်ဆက်ပြီး ပြုလုပ်ရပါမယ်။ iTunes ကို PC မှာ ဖွင့်လိုက်ပါ။ ကွန်ပျူတာနဲ့ iPhone ကို ချိတ်ဆက်ပြီး iPhone icon ကို ရွေးရပေးရပါမယ်။ iPhone icon ကိုရွေးပြီးရင် Back Up Now ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Backup လုပ်ပြီးရင် iPhone အတွင်းမှ […]

Read More

(၁၅) ကြိမ်မြောက် မိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ နှစ်စဉ်ကျင်းပလျက်ရှိသည့် မိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော်ကို (၁၅) ကြိမ်မြောက်အဖြစ် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းတိုက်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံဓာတ်ပုံအသင်းကနေပြီး ဒီမိုးရာသီ Digital Camera နှင့် အပိုပစ္စည်း ဈေးရောင်းပွဲတော်ကို ကျင်းပလာတာ အခုအကြိမ်ဆိုရင် (၁၅) ကြိမ်မြောက် ရှိပါပြီ။ ဈေးရောင်းပွဲကို ဇူလိုင် ၁၈ ကနေ ၂၀ ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး ပြုလုပ်မဲ့နေရာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းတိုက်မှာပဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမှာ Canon, Nikon, Sony, Panasonic နဲ့ Fujifilm အစရှိတဲ့ ကင်မရာ ကုမ္ပဏီကြီးတွေအပြင် […]

Read More

mobile payment (m-payment)

Mobile payment (m-payment) ဆိုသည်မှာ မိုဘိုင်းထုတ်ကုန်တစ်ခုနှင့် point-of-sale (POS) အရောင်းအဝယ် ပြုလုပ်ခြင်း သို့မဟုတ် လက်ခံခြင်း ဖြစ်သည်။ Mobile payment များသည် သုံးစွဲသူများအတွက် အဆင်ပြေစေရုံသာမက လုံခြုံမှုအပိုင်းတွင်လည်း စိတ်ချရသောကြောင့် လူကြိုက်များလျက်ရှိသည်။ ၎င်းနည်းလမ်းကို အသုံးပြုသည့်အခါတွင် သုံးစွဲသူ၏ မိုဘိုင်းထုတ်ကုန်သည် security token တစ်ခု ဖြစ်လာပြီး အရောင်းအဝယ် တစ်ခုချင်းစီအတွက် random code တစ်ခုကို ထုတ်ပေးမည်ဖြစ်သည်။ အသုံးပြုသည့် နည်းပညာအပေါ် မူတည်ပြီး token ကို over-the-air (OTA) မှ ထုတ်လွှင့်ပေးသလို သုံးစွဲသူက keyboard ဖြစ် manual ရိုက်ထည့်ပြီး ထည့်သွင်းနိုင်သည်။ သုံးစွဲသူများက mobile payment ကို အသုံးပြုသည့်အခါတွင် ကုန်သည်နှင့် […]

Read More

သေနတ်ပုံစံ iPhone case သည် လက်နက်အစစ်နှင့် မှားယွင်းနိုင်ကြောင်း အမေရိကန် ရဲတပ်ဖွဲ့များ သတိပေး

ပစ္စတိုသေနတ်နှင့် အလွန်ဆင်တူသော iPhone case သည် တကယ့်လက်နက် အနေဖြင့် အလွယ်တကူ မှားယွင်းယူဆနိုင်သည့်အတွက် ဝယ်ယူအသုံးပြုခြင်း မပြုရန် အမေရိကန် ရဲတပ်ဖွဲ့များက သတိပေး အကြံပြုခဲ့သည်။ အမေရိကန်ရှိ ရဲတပ်ဖွဲ့အချို့သည့် အထက်ပါ iPhone case ကြောင့် မရေရာ မသေချာသော သံသယဝင်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်များက သတိပေးမှုများ ပြုလုပ်ခဲ့သည်။ အနက်ရောင်၊ အဖြူရောင်နှင့် ပန်းရောင်ဖြင့် ရရှိနိုင်သည့် အဆိုပါ iPhone case များကို နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်ထားပြီး အများစုမှာ အာရှမှ တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း ဆိုသည်။ နယူးယောက်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဂျူဒစ်ဟယ်ရစ်ဆန်ကလည်း ၎င်း iPhone case များကို ဝယ်ယူခြင်း မပြုရန် Twitter မှတစ်ဆင့် […]

Read More