Day: July 3, 2015

CamStudio

ကွန်ပျူ တာမျက်နှာပြင်တွင် ပြုလုပ်သည့်အရာများကို Record ပြုလုပ်ထားနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် ရုပ်ပုံများကိုသာမက အသံပိုင်းကိုလည်း Record ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် Record ပြုလုပ်ထားသည့် ဖိုင်များကိုလည်း Effect များ အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားသလို၊ SWF နှင့် AVI Format များဖြင့်လည်း ပြန်လည် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 633.69KB ခန့်သာရှိမည် ဖြစ်သည်။ Windows 95 မှ 7 အထိ ထည့်သွင်း အသုံးပြုနိုင်မည့်ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Chrome Browser တွင် ADB ကို ထည့်သွင်းအသုံးပြုခြင်း

ADB ဆိုတာကတော့ Android OS တွေမှာမရှိမဖြစ် ဆက်သွယ်အသုံးပြုရမယ့် Deburg တစ်ခု ဖြစ်ပါတယ်။ ADB ကို Chrome Browser ကနေထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ Chrome Browser ကနေ အလွယ်တကူ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Chrome Browser ရဲ့ Web Store မှာ developer tool ပေါင်းများစွာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ Chrome Browser ကနေ ADB ကို ထည့်သွင်းဖို့ အတွက်ဆိုရင် https://goo.gl/VeiIm0 ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကိုသွားရမှာ ဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက် လိပ်စာကို Chrome Browser ကနေ ဖွင့်ရမှာဖြစ်ပြီး ဖော်ပြပါ လိပ်စာကို ရောက်ရင် […]

Read More

OnePlus 2 စမတ်ဖုန်းတွင် USB-C port ပါဝင်လာမည်ဟု OnePlus ကုမ္ပဏီပြောကြား

စမတ်ဖုန်း ထုတ်လုပ်သော OnePlus ကုမ္ပဏီသည် OnePlus 2 စမတ်ဖုန်းတွင် USB-C cable ထောက်ပံ့မှု ပေးရန် စီစဉ်လျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် OnePlus သည် ယခင်က ထုတ်ကုန်သစ်၏ အသေးစိတ် အချက်များကို တစ်ပါတည်း ထုတ်ပြန်ခဲ့သော်လည်း ယခုအခါတွင် USB-C port နှင့်ပတ်သက်သည့် အချက်အလက်ကိုသာ ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ စွမ်းအင်ချိတ်ဆက်မှုပေးတဲ့ အပိုင်းမှာ ဦးဆောင်လိုပါတယ်”ဟု OnePlus က Twitter တွင်ရေးသားခဲ့သည်။ Samsung Galaxy Note 5 တွင်လည်း USB-C port ပါဝင်လာဖွယ်ရှိကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းစမတ်ဖုန်း ထွက်ရှိရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ထို့ကြောင့် OnePlus2 သည် USB-C […]

Read More

Line ၌ သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့၏ အမူအရာ စတစ်ကာများ စတင်အသုံးပြုနိုင်

Line ၌ သရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့၏ အမူအရာ စတစ်ကာများ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Line Myanmar မှသိရသည်။ မြန်မာနိုင်ငံတွင် Line အသုံးပြုမှု တိုးတက်လာပြီး မြန်မာ သရုပ်ဖော် စတစ်ကာများကို နှစ်ကြိမ် ထုတ်ဝေပြီးဖြစ်ကြောင်း Line မှ Business Development Manager ကိုစောဇော်မျိုးထူးက ပြောသည်။ “ဒီစတစ်ကာလေးတွေက တခြား Application မှာ မရှိတဲ့ အတွက်ကြောင့် သုံးစွဲသူတွေအတွက် အားလုံး စိတ်ကို အပြောင်းအလဲဖြစ်စေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ပြီးတော့ ပိုပြီးတော့ကြိုက်ကြလိမ့်မယ် လို့မျှော်လင့်ပါတယ်” ဟု သရုပ်ဆောင်အောင်ရဲလင်း က ပြောသည်။ Line မှာ မက်ဆေ့ခ်ျများ ပေးပို့ခြင်း၊ Voice call, video call […]

Read More

စမတ်နာရီ ဈေးကွက်သို့ ဝင်ရောက်မည်ဟု Casio ကြေညာ

လှပသည့် ဒီဂျစ်တယ်နာရီများကို ထုတ်လုပ်သော ဂျပန်ကုမ္ပဏီ Casio သည် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်နာရီကို အနာဂတ်တွင် ထုတ်လုပ်သွားမည်ဟု ကြေညာခဲ့သည်။ Casio သည် ပထမဦးဆုံး ဒီဂျစ်တယ်နာရီကို ဖြန့်ချိပြီး နှစ်ပေါင်း လေးဆယ်ကျော်အကြာတွင် Apple နှင့် အခြားနည်းပညာ ကုမ္ပဏီများ၏ စမတ်နာရီများထက် ပိုကောင်းသော စမတ်နာရီများကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ရဲ့ စမတ်နာရီကို အပြစ်ဆိုစရာမရှိတဲ့ နာရီတစ်ခုဖြစ်အောင် ကြိုးပမ်းနေပါတယ်။ အလွယ်တကူ ပျက်စီးနိုင်ခြင်း မရှိဘဲ ဝတ်ထားတဲ့အခါ သက်သောင့်သက်သာရှိတဲ့ နာရီမျိုးပေါ့” ဟု Casio ကုမ္ပဏီ၏ ဥက္ကဋ္ဌသစ် ကာဇူဟီရို ကာရှိအိုက ပြောကြားခဲ့သည်။ ဆက်လက်ပြီး စမတ်နာရီ ဖွံ့ဖြိုးတိုးတက်မှုအတွက် လေးနှစ်ကြာ […]

Read More

ဘာသာစကား မျိုးကွဲပေါင်း ၂ဝ ပါဝင်သော COMET Language Learning tablet ပြည်တွင်းဈေးကွက် ဝင်ရောက်

ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဘာသာစကား လေ့လာနေသူများ၊ Tourist Guide များအတွက် အသုံးဝင်ဆုံးသော မြန်မာဘာသာ သင်ကြားရေး အပါအဝင် ဘာသာစကားမျိုးကွဲပေါင်း ၂ဝ ပါဝင်သည့် ဘာသာစကားနှင့် ကျောင်းသင်ပညာသင်ကြားရေး အထောက်အကူပြု COMET အမှတ်တံဆိပ် Language Learning tablet တစ်မျိုး ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။ COMET Language Learning tablet သည် အခြေခံပညာမူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသင်ပညာရေးကို ကူညီပံ့ပိုးပေးနိုင်သည့်အပြင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့် အရာရှိများအတွက် Reference ပြုလုပ်နိုင်သည့် professional အဘိဓာန်မျိုးစုံ ပါဝင်ကြောင်း သိရသည်။ COMET Language Learning tablet သည် မြန်မာ၊ အင်္ဂလိပ်၊ […]

Read More

Censorware

Censorware ဆိုသည်မှာ မလိုလားအပ်သော ဝက်ဘ်ဆိုက်များနှင့် အကြောင်းအရာများကို စစ်ထုတ်ပေးသော ဆော့ဖ်ဝဲကို ခေါ်ဆိုသည်။ ဥပမာအနေဖြင့် Cybersitter, N2H2, Netnanny, Surfwatch နှင့် Wisechoice တို့မှာ censorware များ ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲ အမျိုးအစားသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တိကျသေချာသော အချက်အလက်များ ပေးပို့၊ လက်ခံခြင်းနှင့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွင် အသုံးပြုခြင်းကို တားဆီးပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ American Civil Liberties Union (ACLU) နှင့် Electronic Privacy Information Center (EPIC) ကဲ့သို့သော အဖွဲ့အစည်းများက အဆိုပါ censorware အသုံးပြုခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် ကွဲလွဲဆန့်ကျန်ကြောင်း ဆိုခဲ့ကြသည်။ Censorware […]

Read More

Ubuntu ဖြင့် သုံးနိုင်မည့် Intel Compute Stick ကို ဒေါ်လာ ၁၁၀ ဖြင့် ရောင်းချမည်

Ubuntu အသုံးပြုထားသည့် Intel Compute Stick ကို ဒေါ်လာ ၁၁၀ ဝန်းကျင်ဖြင့် လာမည့် ရက်သတ္တပတ်အတွင်း ရောင်းချမည်ဟု Canonical မှ ကြေညာလိုက်သည်။ Intel Compute Stick သည် HDMI dongle တစ်ခုဖြစ်ပြီး တီဗွီ သို့မဟုတ် မော်နီတာတွင် တပ်ဆင်ရုံဖြင့် PC ကဲ့သို့ အသုံးပြုနိုင်စေမည် ဖြစ်သည်။ ၎င်း stick တွင် Ubuntu 14.04 LTS 64-bit ဗားရှင်းကို ထည့်သွင်းထားပြီး Intel Atom 1.3GHz quad-core processor, 1GB RAM နှင့် 8GB on-board storage ကို အသုံးပြုထားသည်။ အပိုဆောင်း သိုလှောင်မှုအတွက် microSD […]

Read More

Ubuntu 14.04 64 bit တွင် Chrome Browser ထည့်သွင်းခြင်း

Ubuntu Software Center မှာ Google Chrome Browser ပါဝင်ခြင်း မရှိတဲ့အတွက် Google Chrome Browser ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ Chrome Browser နဲ့ပတ်သက်တဲ့ Package တွေကို Download လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ Ubuntu 14.04 64 bit သုံးစွဲသူများ အနေနဲ့ Chrome Browser ကို Terminal ကနေ ထည့်သွင်းမယ်ဆိုရင် Terminal မှာ wget https://dl.google.com/…/google-chrome-stable_current_amd64.… ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး ပထမဆုံး Chrome Browser ရဲ့ deb ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ wget ဆိုတာကတော့ […]

Read More

V8 အင်ဂျင်တပ် Luxury မော်ဒယ် Mercedes-Benz CLS-Class

မော်ဒယ်အနေနဲ့ကတော့ ဇိမ်ခံကားတန်းဝင်အောင် ဖန်တီးထားတာဆိုတော့ အင်ဂျင်အကြီးစား စနစ်ကို ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီးထုတ်လုပ်ထားတာ မှန်ပေမယ့် ကျွန်တော့်အမြင်မှာတော့ V6 အနေနဲ့တင်မဟုတ်ဘဲ အခုလို V8 အင်ဂျင်လောက်ထိအောင် ရွေးချယ်နိုင်စေတဲ့ တစ်ချက်က တော်တော်လေးကို သဘောကျမိတာပါ။ S-Class လောက် ရုပ်ထွက် မလှဘူးလို့ ဆိုနိုင်ပေမယ့် အခု မော်ဒယ်က Sport ဆန်ဆန် ဖန်တီးထားတဲ့ ပုံစံလေးတွေက နှစ်သက်စရာ ကောင်းလှပါတယ်။ ထားပါတော့၊ ကျွန်တော်တို့ အနေနဲ့တော့ မော်ဒယ်က Mercedes ရဲ့ မော်ဒယ်တွေထဲမှာတော့ နည်းနည်းများ ဆန်းချင်နေမလား မပြောတတ်ပေမယ့် အသေးစိတ် အချက်လေးတွေကို ကြည့်လိုက်ရင်တော့ ရင်းနှီးနေပြီးသား Feature တွေကိုပါ ပါဝင်အောင် ထည့်သွင်းထုတ်လုပ်ထားတဲ့ တစ်ချက်ကတော့ အကြိုက်တွေ့မှာ သေချာ ပါတယ်၊ ကောင်းပါပြီ၊ ကျွန်တော်တို့ […]

Read More