Day: June 27, 2015

Video Cache View

Video Cache View သည် အွန်လိုင်းပေါ်တွင် ကြည့်ထားသည့် Video File များကို Browser Cache အသုံးပြု၍ ပြည်လည်ရှာဖွေပြီး Hard Disk ထဲတွင် သိမ်းဆည်းပေးနိုင်မည့် ဆော့ဖ်ဝဲ တစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Internet Explorer နှင့် Mozilla Firefox Brower တို့ပေါ်တွင် အခြေခံ၍ ဗီဒီယိုဖိုင်များကို ရှာဖွေပေးနိုင်မည်ဖြစ်သည်။ အခမဲ့ရရှိနိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 173.17KB ခန့်သာရှိမည်ဖြစ်ပြီး Windows 2000 မှ Windows 7 အထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

နိုင်ငံခြားဘဏ်လုပ်ငန်း ငါးခုက မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွင် ကန်ဒေါ်လာ ၈၅

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းဆက်သွယ်ရေး တည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှရန် အတွက် DBS, ING, OCBC, Standard Chartered နှင့် Sumitomo Mitsui အစရှိသည့် နိုင်ငံခြားဘဏ် လုပ်ငန်း ငါးခုက အမေရိကန်ဒေါ်လာ ၈၅ သန်းကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် PAMEL (Pan Asia Majestic Eagle Limited) အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်မှုကဏ္ဍတွင် အထက်ပါ နိုင်ငံခြား ဘဏ်လုပ်ငန်းများနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဒေသတွင်း ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်မှ စုံစမ်းသိရှိရသည်။ လွတ်လပ်သည့် မြန်မာဆက်သွယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် PAMEL သည် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် အတွက် […]

Read More

မိုဘိုင်းဖုန်း အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များ ပြန်လည်ပေးအပ်ရန် လိုအပ်လာမည်ဟုဆို

ဈေးကွက်အတွင်း ကိုယ်ရေး အချက်အလက်များ လိုအပ်ခြင်းမရှိဘဲ လွယ်ကူစွာ ဝယ်ယူ အသုံးပြုနေကြသည့် မိုဘိုင်းဖုန်း SIM ကတ်များသည် တစ်ချိန်၌ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်လာမည်ဟု သိရသည်။ “SIM ကတ်တွေ Register လုပ်တာကို မတင်းကျပ်ထားဘူး ဆိုတာ တိုးတက်မှုကို အဟန့်အတား မဖြစ်စေချင်တာကြောင့်ပါ။ တစ်ချိန်ကျရင်တော့ ဒါတွေကပြန် ပြီးတော့ လုပ်ကို လုပ်ရပါလိမ့်မယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေမှူးချုပ် ဦးစိုးသိန်းက ပြောသည်။ အချက်အလက် ပေးသွင်းထားခြင်းမရှိသော SIM ကတ်များသည် အချက်အလက် ပြန်လည် တောင်းခံသည့် အခါ ဖြည့်သွင်းပေးခြင်း မရှိခဲ့ပါက လိုင်းပိတ်သိမ်းခြင်းများနှင့် ကြုံတွေ့နိုင် သည်ဟု ဦးစိုးသိန်းက ဆိုသည်။ “ဒီလိုမလုပ်ခင်မှာတော့ ကြိုတင်ပညာပေးရေး လုပ်ငန်းတွေကို […]

Read More

Android OS တွင် Adblock Plus ကို Config ပြုလုပ်ခြင်း

သင်ဟာမကြာခဏ Android OS အသုံးပြုထားတဲ့ Smart Phone ပေါ်ကနေ Web Browser တွေကို အသုံးပြုပါသလား။ ဒီလို Smart Phone ပေါ်ကနေ Web Browser တွေကို အသုံးပြုတဲ့အခါမှာ တစ်ခါတစ်လေ မလိုအပ်တဲ့ ကြော်ငြာတွေဟာ ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာမှာ တွေ့ရတတ်ပါတယ်။ ဒီလိုမျိုး ကြော်ငြာတွေကို ဖယ်ရှားနိုင်ဖို့အတွက် Adblock Plus ဆိုတဲ့ App ကိုအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ Adblock ကတော့ PC ပေါ်မှာဆိုရင်လည်း Firefox Browser မှာလူသုံးများတဲ့ Add-on တစ်ခုအနေနဲ့ ရှိမှာဖြစ်ပြီး၊ Mobile Phone Platform အတွက်တော့ Adblock Pls ဆိုပြီး App တစ်ခုအနေနဲ့ ထုတ်လုပ်ပေး ထားပါတယ်။ […]

Read More