Day: June 25, 2015

စတုတ္ထအကြိမ်မြောက် မြန်မာ့အပြည်ပြည် ဆိုင်ရာ ချည်မျှင်နှင့် အထည်အလိပ် ဆိုင်ရာ စက်ပစ္စည်းပြပွ

စတုတ္ထအကြိမ်မြောက် ထပ်မံကျင်းပပြုလုပ်မည့် မြန်မာ့အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ် ဆိုင်ရာစက်ပစ္စည်းပြပွဲကို ဇွန်လ ၂၆ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲအား ဟောင်ကောင်ရှိ YORKERS TRADE & MARKETING SERVICE CO.,LTD မှ ဦးစီးဆောင်ရွက်ကာ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း MGMA နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ၎င်းပြပွဲတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ၎င်းတို့၏စက်ပစ္စည်းများအား ခင်းကျင်းပြသမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၇၅ ခန်းခန့်ရှိမည်ဖြစ်ကာ နည်းပညာ အသစ်အဆန်းများလည်း […]

Read More

အိန္ဒိယဘက်မှ ဖိုက်ဘာဆက်ကြောင်း သွယ်တန်းရန် စဉ်းစားနေ

ပြည်တွင်းသို့ သွယ်တန်းထားသော ဖိုက်ဘာဆက်ကြောင်းများသည် အများအားဖြင့် ထိုင်းနိုင်ငံဘက်မှဖြစ်ကြပြီး ယခုအခါ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor က ဖိုက်ဘာဆက်ကြောင်းသစ်ကို အိန္ဒိယနိုင်ငံဘက်မှ သွယ်တန်းရန် စဉ်းစားနေသည်ဟု သိရသည်။ အသစ်ဝင်ရောက်လာသော ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်ကြသည့် Ooredoo နှင့် Telenor တို့သည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းများ အဖြစ် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာဆက်ကြောင်းများကို သွယ်တန်းပြီးစီးခဲ့ပြီ ဖြစ်သော်လည်း လိုအပ်ချက်အရ Telenor အနေဖြင့် အိန္ဒိယနိုင်ငံမှ ထပ်မံသွယ်တန်းရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ “တစ်လိုင်းထဲက တည်ငြိမ်မှုနည်းတော့ အိန္ဒိယဘက်ကနေ လိုင်းတစ်လိုင်း သွယ်တန်းဖို့ စီစဉ်နေတယ်။ အဲဒါက ဒီနှစ်ထဲလည်း ဖြစ်ချင်ဖြစ် မယ်၊ နောက်နှစ်မှ လည်း ဖြစ်နိုင်တယ်” ဟု Telenor မှ […]

Read More

ဒီဇိုင်းပိုင်း ဆန်းသစ်ထားသော Keyboardion Model 01

ထုတ်ကုန်သစ်များ ထုတ်လုပ်ရန် ရန်ပုံငွေစုဆောင်းပေးသော Kickstarter ဝက်ဘ်ဆိုက်တွင် သဘာဝသစ်သားနှင့် LED မီးသီးအသုံးပြု၍ ဖန်တီးထားသော Keyboardion Model 01 ပေါ်ထွက်လာသည်။ Model 01 သည် မေပယ်အပင်၏ သစ်မာသားဖြင့် လိပ်ပြာပုံသဏ္ဍာန် ပြုလုပ်ထားသော keyboard တစ်ခုဖြစ်သည်။ အဆိုပါ keyboard သည် လုပ်ဆောင်ချက်များစွာ ပါဝင်သော ခေတ်သစ်အနုပညာ လက်ရာတစ်ခုကဲ့သို့ ဒီဇိုင်းထုတ်ထားသည်။ စာရိုက်သူ အများစုအနေဖြင့် နာရီအနည်းငယ်အတွင်း key ပုံစံသစ်များကို လိုက်လျောညီထွေ ဖြစ်လာမည်ဖြစ်သော်လည်း ကျွမ်းကျင်စွာ အသုံးပြုလိုပါက တစ်လ သို့မဟုတ် နှစ်လခန့် အချိန်ယူရန် လိုအပ်ကြောင်း Keyboardion က ထုတ်ပြန်ခဲ့သည်။ ၎င်း keyboard ကိုဝယ်ယူမည့် သူများအနေဖြင့် ကန်ဒေါ်လာ ၂၉၉ ကျသင့်မည်ဖြစ်ပြီး ၂၀၁၆ […]

Read More

iPhone တွင် app များပိတ်ခြင်းဖြင့် ဘက်ထရီစွမ်းအင် ချွေတာခြင်း မပြုနိုင်ဟုဆို

iPhone အသုံးပြုလျက်ရှိသော လူအများစုသည် ၎င်းတို့အသုံးပြုခဲ့သော app များအားလုံး ပိတ်ထားပါက ဘက်ထရီစွမ်းအင် ချွေတာနိုင်သည်ဟု မှတ်ယူလျက်ရှိကြောင်း၊ သို့သော်လည်း ထိုအယူအဆမှာ မမှန်ကန်ကြောင်း Business Insider ကဖော်ပြခဲ့သည်။ iPhone သုံးစွဲသူများစွာသည် ဘက်ထရီစွမ်းအင်ကို ချွေတာနိုင်ရန် switcher မှတစ်ဆင့် app အား ပြန်လည်မဖွင့်မီအထိ ဖယ်ရှားထားလေ့ရှိသည်။ သုံးစွဲသူများအနေဖြင့် ယခင်ဖွင့်ခဲ့သော app များသည် လှုပ်ရှားမှုမရှိသော ပုံရိပ်သာဖြစ်ကြောင်း အထူးသဖြင့် iPhone သည်သုံးစွဲသူများကို recent app များ၏ရုပ်ပုံဆိုင်ရာ စာရင်းများကို ပြသပေးခြင်းဖြစ်ကြောင်း Business Insider မှ ပြောကြားခဲ့သည်။ iPhone တွင် အသုံးပြုထားသော မိုဘိုင်း operating system iOS သည် app များကို […]

Read More

Ubuntu OS ပေါ်တွင် USB Drive ကို Encrypt ပြုလုပ်ခြင်း

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ မိမိရဲ့ USB Drive ထဲက အချက်အလက်တွေကို အခြားသူတွေ အလွယ်တကူနဲ့ ဝင်ရောက် အသုံးမပြု နိုင်စေဖို့အတွက် ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ USB Drive ထဲက အချက်အလက်တွေကို လုံခြုံစိတ်ချစွာနဲ့ ထိန်းသိမ်းထားနိုင်ဖို့အတွက် Ubuntu OS ပေါ်ကနေ Device ကို Encrypt ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်ကနေ USB Drive ကို Encrypt ပြုလုပ်ဖို့အတွက်  Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntuရဲ့ […]

Read More

WeChat app ကို ပြည်တွင်း၌ တရားဝင်မိတ်ဆက်

လူမူဆက်သွယ်ရေး app များထဲမှ တစ်ခုဖြစ်သော WeChat ကို ဇွန်လ ၂၃ ရက်က မြန်မာနိုင်ငံတွင် တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် WeChat app နောက်ခံကုမ္ပဏီ Tencent ၏ Vice President of International Business Group ဖြစ်သူ Poshu Yeung မှ “ကြီးထွားလာတဲ့ အသုံးပြုသူတွေအတွက် အသုံးပြုမှု အတွေ့အကြုံ ပိုပြီးကျယ်ပြန့်ကောင်းမွန်စေရန် ကျွန်တော်တို့ရဲ့ platforms တွေကို ပြည်တွင်းမှုပြုပြီး အသုံးဝင်အောင် အမြဲဖန်တီးလုပ်ဆောင်နေပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက အသက်အရွယ် ပေါင်းစုံလူတွေ၊ မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အသုံးပြုလာကြပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၂၀၁၁ ခုနစ်မှစ၍ WeChat သည် လစဉ်အသုံးပြုသူပေါင်း […]

Read More

Victoria University College မှ ဘာသာရပ်ရွေးချယ်မှု အကြံပြု ဟောပြောပွဲကျင်းပ

Victoria University College မှ ဘာသာရပ်ရွေးချယ်မှု အကြံပြု ဟောပြောပွဲကို  ဇွန်လ ၁၅ ရက် နေ့ မွန်းလွဲ ၁ နာရီမှ  ၃ နာရီ အထိ Sule Shangri-La Hotel Ballroom-1 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Firefox Browser တွင် Bookmark များကို Backup ပြုလုပ်ထားခြင်း

Firefox အသုံးပြုသူတွေ အနေနဲ့  ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ ထည့်သွင်းထားတဲ့ Bookmark တွေပျက်စီး ပျောက်ဆုံးမှုကနေ ကာကွယ်နိုင်ဖို့အတွက် email account နဲ့ Sync ပြုလုပ်ပြီး Bookmark တွေကို Backup ပြုလုပ်ကာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုနေကျ ဝက်ဘ်ဆိုက် လိပ်စာတွေကို Bookmark ပြုလုပ်ပြီး စုစည်းထားသူတွေအနေနဲ့ ကိုယ်ရဲ့ Bookmark တွေကို မည်သည့်နေရာကမဆို အသုံးပြုနိုင်အောင် Bookmark တွေကို ကိုယ့်ရဲ့ email account မှာ ချိတ်ဆက်ထားပြီး Sync ပြုလုပ်ကာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ Sync လုပ်ပြီး သိမ်းဆည်းဖို့အတွက် Firefox ရဲ့ Menu Bar ထဲက Tools Menu အောက်မှာ Sync ဆိုတာကို […]

Read More

Microsoft Office app များကို Android စမတ်ဖုန်းများတွင် အခမဲ့သုံးစွဲနိုင်

Word, PowerPoint နှင့် Excel ပါဝင်သည့် Office apps ကို Google ၏ Android mobile operating system အသုံးပြု စမတ်ဖုန်းများတွင် အခမဲ့သုံးစွဲနိုင်ပြီဟု Microsoft မှ ကြေညာခဲ့သည်။ Microsoft သည် ဖေဖော်ဝါရီလက Android tablet များအတွက် Office suite ကို ပထမဦးဆုံး မိတ်ဆက်ကြေညာခဲ့ပြီးနောက် မေလတွင် စမတ်ဖုန်းအတွက် preview version များကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ app များသည် Apple ၏ iPad နှင့် iPhone များအတွက် ပြုလုပ်ထားသည့် ဆော့ဖ်ဝဲဒီဇိုင်းနှင့် အလွန်တူညီပြီး ဖုန်းမှတဆင့် Word document များကို ပြင်ဆင်နိုင်သလို၊ PowerPoint […]

Read More

ဒေါ်လာ ၁၃၀ တန် Windows ကွန်ပျူတာကို Lenovo မိတ်ဆက်

HDMI မှတစ်ဆင့် မည်သည့် display နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်မည့် ဒေါ်လာ ၁၃၀ တန် Ideacenter Stick 300 ကို Lenovo က မိတ်ဆက်ပေးခဲ့သည်။ HDMI port တွင် တပ်ဆင်အသုံးပြုနိုင်မည့် အဆိုပါ ကွန်ပျူတာများကို Intel Baytrail Z3735F CPU, 2GB RAM နှင့် 32GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းတွင် Windows 8.1 ကို အသုံးပြုထားပြီး built-in speaker နှင့် SD Card reader တစ်ခု ပါဝင်သည်။ Memory stick အရွယ်ရှိ Windows ကွန်ပျူတာများကို TV အပါအဝင် HDMI port […]

Read More