Day: June 24, 2015

မြန်မာနိုင်ငံနှင့် အာဆီယံ လေးနိုင်ငံကြား အပြန်အလှန် ဆက်သွယ်နိုင်မည့် Internet Exchange များအား ယခု နှá€

ASEAN Master Plan 2015 တွင် ထည့်သွင်းထားသော သဘောတူညီချက်များအနက်မှ တစ်ခုဖြစ်သည့် Internet Exchange များ တည်ဆောက်မည့် စီမံကိန်းကို ယခုနှစ်အတွင်း စတင်သွားရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။ မြန်မာနိုင်ငံ၏ အိုင်စီတီအသုံးချမှုနှင့် အင်တာနက် သုံးစွဲနိုင်မှု ယခုလက်ရှိထက် ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ရည်ရွယ်ပြီး အဆိုပါ Internet Exchange များကို တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း တို့တွင်လည်း အိုင်စီတီ အသုံးချမှု အားနည်းနေဆဲဖြစ်ပြီး အဆိုပါ နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် Internet Exchange များ တည်ဆောက်ခြင်းဖြင့် ဒေသတွင်း နိုင်ငံအချင်းချင်း ဆက်သွယ်ရေး၊ […]

Read More

နိုင်ငံတော်အတွင်း ဂြိုဟ်တု သုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုနိုင်ေá

နိုင်ငံတော်အတွင်း ဂြိုဟ်တုသုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။ ဇွန်လ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာဂြိုဟ်တုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ICT ကဏ္ဍမှ ဆက်သွယ်ရေးတစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍတော်တော်များများမှာ ဂြိုဟ်တုနည်းပညာဖြင့် ချိတ်ဆက်အသုံးပြုနေကြပြီ ဖြစ်ကြာင်း၊ ဂြိုဟ်တုတစ်ခုကို ဝယ်ယူရုံနှင့် မပြီးသေးဘဲ နည်းပညာပါ လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ တစ်ချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်သည့် အဆင့်ထိ ရောက်ရှိစေရေးကို မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည် ဟုသိရသည်။ ယခုလုပ်မည့် အစီအစဉ်မှာ လုပ်ငန်းများအား အဆင့်လိုက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး […]

Read More

Myanmar Telephone Directory & Official Yellow Pages Application ထွက်ရှိ

စမတ်ဖုန်းတွင် အင်တာနက်ဖွင့်စရာမလိုပဲ မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် လမ်းညွှန်ချက်များ အားလုံးကိုသိရှိစေနိုင်မည့် Myanmar Telephone Directory & Official Yellow Pages Application ထွက်ရှိလာကြောင်း သိရသည်။ Android တွင်အသုံးပြုနိုင်သည့် Myanmar Telephone Directory app အကြောင်းကိုရှင်းပြရာတွင်  “ကျွန်တော်တို့ အခုထုတ်ထားတဲ့ Application ရဲ့ Version က 5.5 ပါ။ ကျွန်တော်တို့ ဒီထဲမှာ သုံးစွဲသူတွေအနေနဲ့ အခက်အခဲမရှိအောင် မြို့အလိုက်၊ လုပ်ငန်း အလိုက် သပ်သပ်စီထည့်သွင်းပေးထားပါတယ်။ ဥပမာ ကျွန်တော်တို့ ဆေးရုံကိုရှာချင်တယ်ဆိုပါစို့။ ရန်ကုန်ကလား၊ မန္တလေးကလား၊ နေပြည်တော်ကလား တခြားမြို့တွေကလား၊ ရန်ကုန်ကဆိုရင် ရန်ကုန်မှာ ရှိသမျှဆေးရုံတွေရဲ့ နာမည်နဲ့လိပ်စာတွေ အကုန်ကျလာမှာဖြစ်ပြီး ဖုန်းနံပါတ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။  ကျွန်တော်တို့  Application  […]

Read More

Virtual reality ထုတ်ကုန်များ ထုတ်လုပ်ရန် Valve နှင့် Microsoft ပူးပေါင်း

Microsoft သည် Valve ကုမ္ပဏီနှင့်အတူ virtual system များကို ထောက်ပံ့မှုပေးရန် အကျိုးတူ ပူးပေါင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်ခဲ့သည့် E3 ဗွီဒီယို ဂိမ်းကွန်ဖရင့် Xbox သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် Microsoft သည် Oculus Rift headset နှင့် Xbox ဂိမ်းခလုတ် တစ်ခုပါဝင်သည့် bundle ကို ထုတ်လုပ်ရန် Oculus နှင့်ပူးပေါင်းခဲ့သေးသည်။ Microsfot အနေဖြင့် Oculus, Valve နှင့်ကိုယ်ပိုင် HoloLens VR headset များကို ထောက်ပံ့ပေးရန် ကြိုးပမ်းလျက်ရှိသည်။ Microsoft သည် ကုမ္ပဏီများမှ virtual reality ထုတ်ကုန်များ ဈေးကွက်သို့ […]

Read More

ကနေဒါအစိုးရ ဝက်ဘ်ဆိုက်များ ဆိုက်ဘာ တိုက်ခိုက်ခံရ

ကနေဒါအစိုးရ ဝက်ဘ်ဆိုက်များသည် ဆိုက်ဘာတိုက်ခိုက်မှုအတွင်း နာရီပေါင်းများစွာ offline ဖြစ်သွားခဲ့ပြီးနောက် ပြန်လည်အသုံးပြုခွင့် ရခဲ့ကြောင်း သိရသည်။ အစိုးရ server များသည် ဆိုက်ဘာတိုက်ခိုက် ခံရမှုကြောင့် အထိနာခဲ့ကြောင်း ပါလီမန်အမတ်နှင့် ဘဏ္ဍာရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ တိုနီကလီးမင့် ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် အချက်အလက်များစွာ ပေါက်ကြားခဲ့ကြောင်းကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတိုက်ခိုက်မှုအတွက် Anonymous ဟက်ကာအဖွဲ့တွင် တာဝန်ရှိကြောင်း ပြောဆိုထားသော ဗွီဒီယိုတစ်ခုသည်လည်း အွန်လိုင်းတွင် ထွက်ပေါ်လာသည်။ အစိုးရအနေဖြင့် ဝန်ဆောင်မှုများ ပြန်လည်လုပ်ဆောင် နိုင်ရန်အပြင် တိုက်ခိုက်မှု၏ အရင်းအမြစ်ကို ရှာဖွေရန် အားသွန်ခွန်စိုက် လုပ်ကိုင်နေကြောင်း ကလီးမင့်က ပြောဆိုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် Dynamic Denial of Service (DDoS) တိုက်ခိုက်မှု ဖြစ်ကြောင်း […]

Read More

နည်းပညာအသုံးပြု၍ အိမ်ခြေမဲ့များကို အစားအသောက်လှူဒါန်းခြင်း (သို့မဟုတ်) Feeding Forward

နေ့လည်စာတစ်နပ်က ကိုမယ်အာမက်၏ ဘဝကို ပြောင်းလဲစေခဲ့သည်။ အချိန်က ၂၀၁၁ခုနှစ်။ သူမအနေဖြင့် ရေတပ် ဆေးဘက်ဆိုင်ရာသင်တန်းမှ ပြန်လည်ရောက်ရှိခဲ့ပြီး ဘွဲ့ရယူရန် ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိသည်။ ဆောင်းဦးရာသီတစ်ရက်တွင် တက္ကသိုလ်နယ်မြေအနီး၌ လမ်းလျှောက်နေစဉ် သူမအနားကို အိမ်ခြေမဲ့အမျိုးသားတစ်ဦး ချဉ်းကပ်လာသည်။ ထိုအမျိုးသားက ဗိုက်ဆာနေသောကြောင့် အစားအသောက်ဝယ်ရန်အတွက် ငွေကြေး အနည်းငယ် စွန့်ကြဲပါဆိုပြီး အာဟတ်ထံကတောင်းသည်။ အာမက်သည် ၎င်းကို ငွေကြေးထောက်ပံ့ခြင်းအစား သူမနှင့်အတူ နေ့လည်စာ စားရန် ဖိတ်သည်။ သူတို့နှစ်ဦး နေ့လည်စာ စားကြပြီး အိမ်ခြေမဲ့အမျိုးသားက ၎င်း၏အကြောင်းကို ပြောပြပါသည်။ သူသည် အီရတ်မှ လတ်တလော ပြန်ရောက်လာသော စစ်သားတစ်ဦးဖြစ်ပြီး ကံဆိုးရှာသူတစ်ဦးဖြစ်ကြောင်း သိရသည်။ “သူဟာ နယ်မြေနှစ်ခုမှာ စစ်မှုထမ်းပြီးနောက်မှာ ပြန်လာခဲ့ပါတယ်။ သူဟာ အသက် ၂၆နှစ်ပဲရှိသေးပြီး လမ်းဘေးမှာ […]

Read More

မြောက်ကိုရီးယားတွင် Instagram အသုံးပြုခွင့် ပိတ်ပင်ထားဟုဆို

နိုင်ငံအတွင်းရှိ ပြည်သူများ၏ ဘဝကို ဖော်ပြသော ဂျာနယ်လစ်များနှင့် နိုင်ငံခြားသားများကို တားဆီးရန်အတွက် Instagram အသုံးပြုခွင့်ကို မြောက်ကိုရီးယားက ပိတ်ပင်ထားကြောင်း သိရသည်။ Koryolink 3G ကွန်ရက်မှ Instagram ကို အသုံးပြုသူများသည် “နာမည်ပျက်စာရင်းသွင်းထားသောကြောင့် ဝက်ဘ်ဆိုက်ကို ချိတ်ဆက်နိုင်ခြင်း မရှိ” ဟူသော သတိပေးချက်ကို တွေ့မြင်ခဲ့ရကြောင်း အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံဝေမျှသည့် app ကို အချို့သော မိုဘိုင်းထုတ်ကုန်များတွင် အသုံးပြု၍ ရနေဆဲဖြစ်သော်လည်း 3G ကွန်ရက်ဖြင့် ချိတ်ဆက်ထားသော အခြားထုတ်ကုန်များတွင် ဓာတ်ပုံများ တင်ခြင်းနှင့် သုံးစွဲသူများ၏ profile များကို ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ခြင်း မရှိကြောင်း အေပီမှ ဆိုခဲ့သည်။ ထို့အပြင် Instagram ကို LAN ချိတ်ဆက်မှုဖြင့် desktop […]

Read More

Cherry Mobile မှ Android One ဖုန်းမိတ်ဆက်

Cherry Mobile မှ Android One ဖုန်းမိတ်ဆက်ပွဲကို ဇွန်လ ၂၃ ရက်နေ့က Peperoni Pizzeria, Union Business Center (UBC), 1st Floor, Annex B,  နတ်မောက်လမ်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Android One ဖုန်းတွင် MTK 6582M Quad core 1.3GHz Processor နှင့် Ram 1GB ထည့်သွင်း အသုံးပြုထားပါတယ်။ စကရင်ကတော့ ၄.၅ လက်မ အရွယ်အစားရှိပြီး Android 5.1 Lollipop OS ကို ထည့်သွင်း အသုံးပြုထားပါတယ်။ ရောင်းချပေးမယ့်ဈေးနှုန်းကတော့ ၁၀၉,ဝဝဝ ကျပ်ဖြစ်ပါတယ်။

Read More

စာပို့တိုက်ဥပဒေသစ်ကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိ

စာပို့တိုက်ဥပဒေသစ်ကို ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် ရေးဆွဲလျက် ရှိကြောင်း သိရသည်။ လက်ရှိ စာပို့တိုက်ဥပဒေသည် ခေတ်ကာလဈေးကွက် အခြေအနေကို ကောင်းစွာလွှမ်းခြုံနိုင်ခြင်း မရှိတော့ဘဲ လက်ရှိအခြေအနေ အထိ စာပို့တိုက်ကဏ္ဍတွင် ထိရောက်သည့် စာတိုက်မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်၍ စာပို့တိုက်ဝန်ဆောင်မှုများကို စနစ်တကျ ထိန်းကွပ်ပေးသည့် ဥပဒေနှင့် နည်းဥပဒေများ မရှိခဲ့သည့် အတွက် စာပို့တိုက်ဥပဒေသစ်ကို ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် နယ်သာလန်နိုင်ငံတွင် စာပို့တိုက် အတိုင်ပင်ခံနှစ်ဦးတို့မှ ရေးဆွဲလျက်ရှိကြောင်း ဇွန်လ ၁၆ ရက်က နေ ပြည်တော်တွင် ကျင်းပခဲ့သည့် စာပို့တိုက်ဥပဒေ ရေးဆွဲရေးနှင့် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စာပို့တိုက်ဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အတိုင်း […]

Read More

iOS 8.3 ကို Jailbreak ပြုလုပ်ခြင်း

iOS 8.3 အတွက် Jailbreak ထွက်ပေါ်လာပြီဖြစ်ပါတယ်။ iOS 8.3 ကို Jailbreak ပြုလုပ်ဖို့အတွက် TaiG v2.0 ကို အသုံးပြုရမှာဖြစ်ပါတယ်။ iOS 8.3 အတွက် Jailbreak ဟာ Windows Operating System အတွက်သာ ထွက်ရှိသေးမှာဖြစ်ပါတယ်။ iOS 8.3 ကို Jailbreak ပြုလုပ်ဖို့အတွက် TaiG v2.0 ကို ဒီနေရာမှာ download ပြုလုပ်ပါ။ iOS 8.3 ကို Jailbreak ပြုလုပ်မယ်ဆိုရင် အရေးအကြီးဆုံးကတော့ လက်ရှိ အသုံးပြုနေတဲ့ iTunes ကို အဆင့်နိမ့်ပေးထားရမှာဖြစ်ပါတယ်။ iTunes Version ဗားရှင်းအနိမ့်ကို ရယူရန်အတွက် အောက်ဖော်ပြပါ Download Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။ […]

Read More