Day: June 23, 2015

Telenor ကွန်ရက်ကို တောင်ကြီး၌ စတင်မိတ်ဆက်

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor သည် ၎င်းတို့၏ ကွန်ရက်ကို တောင်ကြီးမြို့၌ တရားဝင် စတင်ဖွင့်လှစ်လိုက်သည်ဟု သိရသည်။ ရှမ်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်ကို တောင်ကြီးမြို့ မှစတင်၍ Telenor က မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ တာဝါတိုင် ၄၅ တိုင်ရှိသည်ဟု သိရသည်။ “ဒီမှာ တာဝါတိုင် တစ်တိုင်တည်းနဲ့ စတင်စမ်းသပ်နေကတည်းက လူတွေဟာ SIM ကတ်တွေကို တခြားနေရာကနေ သယ်ဆောင်လာပြီးတော့ သုံးနေကြပြီ။ တာဝါတိုင်က လက်ရှိအချိန်အထိ လုံလောက်မှုရှိလားဆိုတော့ မလုံလောက်သေးဘူး။ အသုံးပြုနေရင်းနဲ့ ဆက်လက်တိုးချဲ့သွားရမှာ” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် Telenor လက်လီအရောင်းဆိုင်ပေါင်း ၉၀၀ ကျော်ရှိပြီး တောင်ကြီးမြို့၌ လက်လီအရောင်းဆိုင်ပေါင်း ၆၀၀ ရှိသည်။ တာဝါတိုင် […]

Read More

LG G Pad 7.0

တန်ဖိုး – ကန်ဒေါ်လာ ၁၂၄.၉၉ (Wi-Fi) ကန်ဒေါ်လာ ၁၅၀ (4G) အားသာချက် ကိုင်ဆောင်ရ လွယ်ကူစေရန် ဒီဇိုင်းပြုလုပ်ထားပြီး၊ ဈေးနှုန်းကလည်း သက်သာသဖြင့် Budget Tablet ကို အသုံးပြုလို သူများအတွက် သင့်တော်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ SIM Card ထည့်သွင်းပြီး 4G Network အသုံးပြုနိုင်တဲ့ Tablet နှင့် WiFi Only Tablet ဆိုပြီး နှစ်သက်ရာ ရွေးချယ်ဝယ်ယူ နိုင်ရန် ထုတ်လုပ်ပေးထားပါတယ်။ အားနည်းချက် Wi-Fi Model မှာတော့ Internal Storage ဟာ 8GB သာ ပါဝင်မှာဖြစ်ပြီး၊ အနောက်ဘက် စပီကာကို ချိန်းတဲ့အခါမှာ Screen respond ဟာ […]

Read More

Google ၏ 60Tbps ပစိဖိတ် ကေဘယ်ကြိုးသွယ်တန်းမှု ဂျပန်နိုင်ငံတွင် စတင်

ပစိဖိတ်သမုဒ္ဒရာအတွင်း FASTER ဟုခေါ်သော Google ၏ မြန်နှုန်းမြင့် ကေဘယ်ချိတ်ဆက်မှုအတွက် အရေးအပါဆုံး ခြေလှမ်းတစ်ရပ်ကို ဂျပန်နိုင်ငံရှိ ပင်လယ်ကမ်းခြေတစ်ခုတွင် စတင်လိုက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံနှင့် အမေရိကန် အနောက်ဘက်ကမ်းခြေ အော်ရီဂွန်ဖြင့် ချိတ်ဆက်ထားသော ကီလိုမီတာ ၉,၀၀၀ ရှည်လျားသည့် FASTER ကေဘယ်သည် မြန်နှုန်းအမြင့်ဆုံး 60 terabytes per second (Tbps) ရရှိမည် ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် အဆိုပါ စီမံကိန်းတွင် Google အပြင် ဂျပန်မှ KDDI, စင်ကာပူမှ SingTel, မလေးရှားမှ Global Transit နှင့် တရုတ်မှ China Mobile International, China Telecom Global တို့က […]

Read More

DRC စက်ရုပ်ပြိုင်ပွဲ ပထမဆုရ တောင်ကိုရီးယားအဖွဲ့

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပိုမိုနာမြို့ရဲ့ Fairplex ကွင်းကြီးမှာ ဇွန်လ ၅ ရက် ၆ ရက် နေ့များမှာနောက်ဆုံး ဗိုလ်လုပွဲအဖြစ် ကျင်းပခဲ့တဲ့ DRC (DARPA Robotics Challenge) ကယ်ဆယ်ရေး အသုံးချ စက်ရုပ်စိန်ခေါ် ပြိုင်ပွဲကြီး ပြီးစီးသွားခဲ့ပါပြီ။ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ပြိုင်ပွဲကို စတင်စေခဲ့ပြီး ၃၃ လအကြာ ၂၀၁၅ ခုနှစ် ဇွန်လမှာ နောက်ဆုံးဗိုလ်လုပွဲ လုပ်ရမယ်ဆိုတဲ့ ရှည်လျားစွာ စောင့်စားကြည့်ရှု ကြရတဲ့ပြိုင်ပွဲကြီး ဖြစ်တယ်။ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ ပါဝင်ယှဉ် ပြိုင်ခဲ့တယ်။ DRC ကယ်ဆယ်ရေး အသုံးချ စက်ရုပ်စိန်ခေါ် ပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံ DARPA (Defense Advanced Research Projects […]

Read More

စမတ်မျက်မှန် ထုတ်လုပ်သည့် Recon ကုမ္ပဏီကို Intel ဝယ်ယူ

Intel သည် ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်များကို အရှိန်မြှင့် ထုတ်လုပ်နိုင်ရန် တစ်ဦးတည်းပိုင် ကနေဒါကုမ္ပဏီ Recon Instruments ကိုဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြောင်းအပြင် ကုမ္ပဏီနှစ်ခုအကြား သဘောတူညီချက်များကိုမူ မထုတ်ပြန်ခဲ့ပေ။ Recon သည် Google Glass ကဲ့သို့ လုပ်ဆောင်ချက်များ ပါဝင်သော အားကစားနှင့် ကြံ့ခိုင်ရေး မျက်မှန်များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ Recon မှထုတ်လုပ်သော ကန်ဒေါ်လာ ၇၀၀ ရှိ Jet မျက်မှန်သည် အပြေးလေ့ကျင့်ခန်းများ ပြုလုပ်စဉ် လုပ်ဆောင်ချက် ကိန်းဂဏန်းနှင့် လမ်းကြောင်းများကို display ကပြသ ပေးမည်ဖြစ်သလို text  နှင့် သတိပေးချက်များပေးရန် စမတ်ဖုန်းနှင့် ချိတ်ဆက်ထားနိုင်သည်။ ထို့အပြင်၎င်းတွင် ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးနိုင်ရန် […]

Read More

ဗွီဒီယို streaming ဆိုက် iQiyi တွင် အခကြေးငွေ ပေးကြည့်ရှုသူ ၅ သန်း အထိရှိလာ

Baidu မှပိုင်ဆိုင်သော ဗွီဒီယို streaming ဆိုက် iQiyi တွင် အခကြေးငွေ ပေးသွင်းကြည့်ရှုသူ ၅ သန်းအထိ ရှိလာကြောင်း သိရသည်။ အဆိုပါ အခကြေးငွေဖြင့် ကြည့်ရှုသော နှုန်းသည် သုံးစွဲသူ သန်း ၅၀၀ ကြားတွင် အလွန်နည်းပါးသော ပမာဏဖြစ်ကြောင်း၊ ဆက်လက်ပြီး တိုးတက်လာ နိုင်သေးကြောင်း iQiyi ၏အကြီးတန်း ဒုဥက္ကဋ္ဌ ယန်ရှောင်ဟွေက ပြောကြားခဲ့သည်။ ထို့အပြင် iQiyi သည် တရုတ်နိုင်ငံတွင် လစဉ်အခကြေးငွေ ပေးသွင်းကြည့်ရှုသူ အများဆုံး ဗွီဒီယို streaming ဆိုက်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဗွီဒီယိုကြည့်ရှုမှုနှုန်း အများဆုံးရှိသော ထိပ်တန်း ဝက်ဘ်ဆိုက်ဖြစ်သော Youku Tudou ကုမ္ပဏီသည် နေ့စဉ်သုံးစွဲသူ သန်း ၁၅၀ ရှိပြီး […]

Read More

Internetwork Design Intensive Training သင်တန်း ပညာဒါန ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Singapore Intel-Micron Joint Company, Enterprise Data Center Experience၊ Compus LAN Wireless and Wired Experiences၊ VoIP and Video Communication System Experiences၊ Virtualization Experiences အစရှိသည့် နိုင်ငံတကာ ICT လုပ်ငန်း အတွေ့အကြုံရှိ ဆရာစည်သူအောင်ခိုင်မှ ကိုင်တိုင် သင်ကြားပို့ချမည့် Internetwork Design Intensive Training သင်တန်းကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ကွန်ပျူတာပညာရှင် အသင်း၊ မန္တလေးရုံး၌ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ပညာဒါန […]

Read More

iPhone screen တွင် virtual Home ခလုတ်ထည့်သွင်းရန် Apple လုပ်ဆောင်နေ

Apple သည် iPhone ၏ physical Home ခလုတ်ကို ဖယ်ရှားပြီး display တွင် virtual Home ခလုတ်ဖြင့် အစားထိုး ပြောင်းလဲမည့် နည်းပညာကို လုပ်ဆောင်နေကြောင်း DigiTimes မှ ဖော်ပြခဲ့သည်။ Apple သည် iPhone အတွက် touch and display driver integration (TDDI) single-chip နည်းပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်နေကြောင်း ထိုင်ဝမ်၏ IC ဒီဇိုင်းနယ်ပယ်မှ ရင်းမြစ်များက ဆိုခဲ့သည်။ TDDI single-chip နည်းပညာတွင် လက်ဗွေအာရုံခံစနစ်များ ပေါင်းစပ်ပါဝင်ကြောင်း၊ ၎င်းသည် အနာဂတ် iPhone များကို ပိုမိုပါးလွှာပြီး ဘေးဘောင်အလွန်သေးငယ်သော display များဖြင့် မြင်တွေ့ရနိုင်သလို Home ခလုတ် […]

Read More

OPPO Neo 5

အားနည်းချက် ဘေးဘောင်လိုင်းက ပလပ်စတစ်ကို အသုံးပြုထားတဲ့အတွက် ချောမွေ့တဲ့အပြင် ကျောဘက်ကိုလည်း မှန်တစ်ထပ်နဲ့ ထပ်မံဖုန်းအုပ် ထားတဲ့အတွက် ဖုန်းကိုကိုင်တွယ် အသုံးပြုတဲ့အခါမျိုးမှာ အနည်းငယ်လေးတဲ့ ဖုန်းအလေးချိန်ကြောင့် မတော်တဆ လက်ကနေ လျောကျနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကွန်ရက် GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro SIM တစ်ကတ်နဲ့ Nano Sim တစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual SIM ဖုန်းအမျိုးအစားပါ။ ဒီဇီုင်း ကိုယ်ထည် ဖွဲ့စည်းမှုကတော့ လေးထောင့်ဆန်ဆန် ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှု ပုံစံမျိုးဖြစ်ပြီး ဘေးဘောင်လိုင်းကို သီးခြားအရောင် ထည့်သွင်းထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နောက်ကျောဘက် ကာဗာကို မှန်တစ်ထပ်နဲ့ ဖုံးအုပ်ထားပြီး ရှေ့ဘက်မျက်နှာပြင်ကိုတော့ ကုပ်ရာခြစ်ရာတွေ မထင်နိုင်တဲ့ Scratch resistant Dragontrail […]

Read More

Dota 2 Reborn အကြိမ်ကြိမ် download လုပ်နေသည့် ပြဿနာကို ဖြေရှင်းခြင်း

Valve က စမ်းသပ်ဗားရှင်းအဖြစ် ဖြန့်ချိထားတဲ့ Dota 2 Reborn ကို Download ပြုလုပ်တဲ့သူတွေ အနေနဲ့ Download ပြီးသွားတဲ့ အခါမျိုးမှာ မရပ်သေးဘဲ ထပ်မံပြီး Download ပြုလုပ်တဲ့ ပြဿနာကို ကြုံတွေ့ရတဲ့ သူများအတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Dota 2 Reborn ကို exe ဖိုင်အသုံးပြုပြီး တိုက်ရိုက် Run နိုင်မှာဖြစ်ပါတယ်။ Dota 2 Reborn ကို Download ပြုလုပ်တဲ့အခါမှာ Download ပြီးသွားရင် နောက်တစ်ကြိမ် ထပ်မံ Download ပြုလုပ်ပါက အဆိုပါ Download ပြုလုပ်မှုကို ရပ်ထားလိုက်ပါ။ ပြီးသွားရင် Drive C: ထဲကိုဝင်ပြီး Steam Folder ရှိရာလမ်းကြောင်းကို […]

Read More