Day: June 19, 2015

အိုင်တီလုပ်ငန်း စတင် တည်ထောင်မည့်သူများ အတွက် ထောက်ပံ့ပေးရန်စီစဉ်

အိုင်တီလုပ်ငန်း စတင် တည်ထောင်မည့်သူများ အတွက် ထောက်ပံ့ပေးရန် အစီအစဉ် တစ်ရပ်ကို လက်ရှိ စတင် တည်ထောင်မည့် KanaungHub မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ “အဓိကကတော့ နည်းပညာကိုသုံးပြီး လုပ်ငန်းစမယ့် လုပ်ငန်းတစ်ခုဖြစ်ဖို့ လိုပါတယ်၊ ကုမ္ပဏီစပြီး တည်ထောင်မယ့်သူ၊ လုပ်ငန်း သေးသေးလေး လုပ်နေတဲ့ သူ ဖြစ်ဖို့ လိုပါတယ်၊ အဲဒီလိုလူတွေအတွက်ဒီ လုပ်ငန်း ပျိုးထောင် ပေးမယ့် အစီအစဉ် (Incubation Program) ကို ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ အစီအစဉ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ကိုရာဗီက ပြောသည်။ ယင်းအစီအစဉ်ကို ယခုနှစ်ကုန်ခန့်တွင် စတင်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ခွင့်ရသူများ အနေဖြင့် ရုံးခန်းများ၊ လိုအပ်သည်များကို အခမဲ့ ထောက်ပံ့ပေးသွားမည် […]

Read More

ITU Telecom World 2015 ပြိုင်ပွဲ မြန်မာ ပထမရရှိ

ITU Telecom World 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမ ရရှိခဲ့ကြောင်း သိရသည်။ အိဖြူဇင် (UMS Queen Company) မှ “School Administration Management Solutions (SAMS)” မှရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ကမ္ဘာ တစ်ဝန်းမှ တင်သွင်းသူပေါင်း (၁၆၆) ဦးရှိခဲ့ ကြောင်း၊ ၇.၅.၂၀၁၅. ရက်နေ့တွင် Shortlist Consideration (၄၁) ဦးကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းထဲမှ ၇.၅.၂၀၁၅ ရက်နေ့တွင် Final Shortlists ( ၂၈) ဦးရွေးချယ်ခဲ့ရာ မြန်မာ (၃) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ အိဖြူဇင် (UMS Queen Company) မှ […]

Read More

ICT နည်းပညာ Startup များလုပ်ငန်း လာရောက် လုပ်ကိုင်နိုင်မည့် KanaungHub စတင်ဖွင့် မည်

ICT နည်းပညာလုပ်ငန်းများ စတင်တည်ထောင်သူ Startup များ လုပ်ငန်း လာရောက်လုပ်ကိုင်နိုင်မည့် KanaungHub စတင် ဖွင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ KanaungHub ခေါ်လုပ်ငန်း ပျိုးထောင်ရေးနှင့် အရှိန်အဟုန်မြှင့်တင်ရေး ဌာနကို ဇွန်လ ၂၄ ရက်နေ့တွင် စတင်သွားမည် ဖြစ်ကြောင်း၊ စွန်ဦးတီထွင်မှု၊ ဆန်းသစ် တီထွင်မှုများကို အထောက်အပံ့ ပေးရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ Startup တွေကိုပံ့ပိုးပေးမယ့် စင်တာဖြစ်ပါတယ်၊ လုပ်ငန်း စတင် တည်ထောက်မယ့်သူတွေ အနေနဲ့ ဒီကိုလာပြီး ရုံးခန်းအဖြစ် အသုံးပြု နိုင်မယ်၊ ဒီမှာရှိတဲ့အိုင်တီဆိုင်ရာ ပညာရှင်တွေနဲ့တွေ့ ဆုံပြီး လုပ်ငန်းအတွက် လိုအပ်တာတွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်” ဟု KanaungHub မှ ဦးအောင်ကျော်မိုးက ပြောကြားသည်။ KanaungHub တွင် […]

Read More

အသစ်ထွက်မည့် iPhone တွင် Force Touch display နှင့် ပိုမိုခိုင်ခံ့သည့် အလူမီနီယံ ပါဝင်လာဖွယ်ရှိ

အသစ်ထွက်ပေါ်လာမည့် Apple ၏ iPhone တွင် Force Touch feature ပါဝင်လာဖွယ်ရှိကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူမှ ပြောကြားလိုက်သည်။ iPhone အသစ်တွင် Force Touch display ပါဝင်လာမည် ဖြစ်သောကြောင့် အဆိုပါထုတ်ကုန်သစ်သည် ယခင်ထက် ၀.၂ မီလီမီတာ ပိုထူလာနိုင်ကြောင်း ၎င်းက ဆိုခဲ့သည်။ Force Touch သည် သုံးစွဲသူက display ပေါ်တွင် နှိပ်လိုက်သည့် ဖိအားကို သိရှိနိုင်သောကြောင့် screen ကိုနှိပ်သည့် အားအပေါ်မူတည်ကာ ကွဲပြားခြားနားသော feature များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် Apple သည် လက်ရှိတွင် Apple Watch Sport တွင် အသုံးပြုထားသည့် […]

Read More

အရွယ်သေးငယ်သည့် ဒေါ်လာ ၁၄၀ တန် ကွန်ပျူတာကို ဇူလိုင်လတွင် ရောင်းချမည်

Microsoft သည် Windows 8.1 ဖြင့် သုံးနိုင်မည့် အရွယ်သေးငယ်သော ကွန်ပျူတာ တစ်မျိုးအတွက် အိန္ဒိယ gadget ကုမ္ပဏီ iBall နှင့် ပူးပေါင်းခဲ့သည်။ Splendo ဟုခေါ်သည့် အိတ်ကပ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော အဆိုပါ ကွန်ပျူတာသည် HDMI မှတဆင့် တီဗွီများနှင့် monitor များဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ၎င်းတွင် Intel Atom quad-core ပရိုဆက်ဆာနှင့် 2GB RAM ပါဝင်ပြီး သိုလှောင်မှုပမာဏ 32GB ထောက်ပံ့ပေးထားသည်။ ထို့အပြင် MicroSDXC card slot တစ်ခုအပြင် USB နှင့် Micro USB port များလည်း ပါဝင်သည်။ ကြိုးမဲ့စနစ်အဖြစ် Bluetooth 4.0 […]

Read More

ဘက်ထရီလဲလှယ်နိုင်သည့် စမတ်စကူတာကို ထိုင်ဝမ်တွင် စတင်ရောင်းချမည်

ဘက်ထရီလဲလှယ်နိုင်သည့် စမတ်စကူတာတစ်မျိုးကို ထိုင်ဝမ်တွင် အမေရိကန်ဒေါ်လာ ၄,၁၄၀ (စတာလင်ပေါင် ၂,၆၀၀) ဖြင့် စတင်ရောင်းချမည်ဟု သိရသည်။ Gogoro ကုမ္ပဏီမှ ထုတ်လုပ်သည့် စမတ်စကူတာကို တိုင်ပေမြို့တွင် ဇွန်လ ၂၇ ရက်မှ စတင်ကာ ကြိုတင်မှာယူနိုင်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။ စမတ်စကူတာ စီးနင်းသူများသည် တိုင်ပေရှိ Gogoro အားသွင်းရုံများတွင် ဘက်ထရီများကို လဲလှယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ခိုးမှုအာမခံ တစ်နှစ်၊ အခမဲ့ ပြုပြင်ထိန်းသိမ်းမှု နှစ်နှစ်နှင့် ဘက်ထရီအားသွင်းရုံများတွင် အကန့်အသတ်မရှိ သုံးစွဲမှု နှစ်နှစ်တို့ကိုလည်း ထောက်ပံ့ပေးသွားမည်ဟု သိရသည်။ ဘက်ထရီနှစ်ခုဖြင့် အလွယ်တကူ လဲလှယ်မောင်းနှင်နိုင်သော နည်းပညာမြင့် စမတ်စကူတာများသည် မိုင် ၆၀ ( ၉၇ ကီလိုမီတာ) အထိ စီးနင်းနိုင်မည် ဖြစ်သည်။ […]

Read More

Parse

Parse ဆိုသည်မှာ တစ်စုံတစ်ခုကို စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ပိုင်းခြားစိတ်ဖြာခြင်း ဖြစ်သည်။ ဘာသာစကားတွင် parse သည် ဆက်စပ်မှုနှင့် အဓိပ္ပာယ်ကို နားလည်စေရန်အတွက် စကားလုံးများနှင့် စကားစုများကို မတူညီသော အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် အင်္ဂလိပ်ဘာသာကို လေ့လာလိုက်စားသူများသည် တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းကို ကတ္တားနှင့် ဝါစကအပြင် စကားစုများ၊ အထူးပြုပုဒ်များ စသည်တို့ကို ပိုင်းခြားရလေ့ရှိသည်။ ယေဘုယျ အဓိပ္ပာယ်တွင် parse သည် တစ်စုံတစ်ယောက်က ရေးသားထားသည်များ သို့မဟုတ် နှုတ်ဖြင့်ပြောကြားမှုများကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ ကွန်ပျူတာအသုံးအနှုန်းတွင် parse သည် ကွန်ပျူတာ ဘာသာစကားတစ်ခုကို ကွန်ပျူတာအတွက် အသုံးတည့်စေမည့် အစိတ်အပိုင်းများအဖြစ် ပိုင်းခြားခြင်း ဖြစ်သည်။ Program compiler တစ်ခုရှိ parser သည် […]

Read More

Nissan GT-R ရဲ့ ပြိုင်ဘက် Lexus RC F ဆိုတာ ဒီလိုမျိုးတွေ ရှိတယ် …

ဟုတ်ပါတယ်၊ မော်ဒယ်ကတော့ နှစ်ယောက်စီး Coupe တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ စွမ်းဆောင်ရည်လို အပိုင်းကအစ အဖက်ဖက်က ကောင်းမွန်တာကြောင့် ဈေးကွက်မှာ လူကြိုက် များတာ တွေ့နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် Coupe လောကမှာ ပြိုင်ဘက်တွေ ဈေးကွက်ယှဉ် ပြိုင်စရာများပေမယ့် ကျွန်တော်ကတော့ အာရှထုတ်မော်ဒယ် ဖြစ်တာကြောင့် ဥရောပမော်ဒယ်တွေနဲ့ နှိုင်းစာမပြောဘဲ အာရှထုတ် မော်ဒယ် အချင်းချင်းဖြစ်တဲ့ Nissan ရဲ့ GT-R မော်ဒယ်က RC F ရဲ့ ပြိုင်ဘက်လို့ ဆိုလိုက်ချင်ပါတယ်။ ဒါပေမဲ့ မော်ဒယ်တစ်ခုချင်းစီက အားသာချက် တစ်ချက်စီရှိနေတာ တွေ့ရသလို ဈေးကွက်မှာလည်း လူကြိုက်များမှုအပိုင်းက တစ်ပိုင်းစီ ဖြစ်နေတာကြောင့် ပြိုင်ဘက်အနေအထား လောက်ပဲပြောပါတော့မယ်၊ အကျယ် တဝင့်တော့ နှိုင်းစာမပြတော့ပါဘူး။ ကောင်းပါပြီ၊ ဒါဆိုကျွန်တော်တို့ ဆက်ပြီးတော့ RC […]

Read More

Material Task Killer

Android OS အသုံးပြုထားသည့် မိုဘိုင်းဖုန်းနှင့် Tablet များတွင် ထည့်သွင်းအသုံးပြုနိုင်မည့် App တစ်ခု ဖြစ်သည်။ အဆိုပါ App သည် Task Killer App တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအတွင်းမှ App များ၏ လုပ်ငန်းလုပ်ဆောင်မှုများကို ရပ်တန့်ပေးနိုင်မည်ဖြစ်သည်။ Material Task Killer App ကို Play Store တွင် ယခင်က ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ အသုံးပြု ခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်ကန့်သတ်၍ အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ Android Version 2.3.3 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။  

Read More

iBootsUp for Mac

Mac OS အတွင်းမှ Junk File များကို ရှာဖွေရှင်းလင်းပေးပြီး Mac OS စနစ်အတွင်းတွင် အလုပ်လုပ်ဆောင်မှု နှေးကွေးခြင်းကို မဖြစ်စေရန်အတွက် ဆောင်ရွက်ပေးနိုင် သည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ထို့ပြင် Hard Disk ၏ လုပ်ငန်းလုပ်ဆောင်မှုကို ပိုမိုတိုးတက်စေရန်အတွက် စီစဉ်ပေးနိုင်သည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.95 MB ခန့် ရှိမည်ဖြစ်သည်။ Mac OS Version 10.6 မှ 10.10 အထိ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Mac OS အသုံးပြုသည့် ကွန်ပျူ တာများအတွက် System Utilities ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ […]

Read More