Day: June 17, 2015

ယူကေတွင် ပညာသင်ယူမည့်သူများအတွက် သိမှတ်စရာ သုတများ – ငွေရေးကြေးရေး စီမံခန့်ခွဲရေး

နိုင်ငံခြားမှာ ကျောင်းသွား တက်မယ် ဆိုလိုက်တာနဲ့ ငွေကြေးကုန်ကျ စရိတ်ဆိုတာက အရေးကြီးဆုံးသောက ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယူကေမှာ ပညာ သင်ကြားရတာဟာ ကုန်ကျတဲ့ငွေကြေးနဲ့ ထိုက်တန်မှု ရှိတယ်ဆိုတာ ဦးစွာသိဖို့ကောင်းပါတယ်။ ဒါပေမဲ့  ယူကေသင်တန်းတစ်ခုခုကနေ ကိုယ့် အတွက် ကုန်ကျတဲ့ ငွေကြေးနဲ့ထိုက်တန်အောင် ဘယ်လိုအကောင်းဆုံး ပြန်ယူမှာလဲ။ ယူကေကျောင်းသားဘဝမှာ ကုန်ကျမယ့်ငွေကြေးကိုရော ဘယ်လို အကောင်းဆုံး ပြင်ဆင်မှာလဲ။ ကျောင်းသားရေးရာအကြံ ပေး၊ အလွတ်တမ်းစာရေးဆရာ၊ National Association of Student Money Advisers ခေါ် NASMA ရဲ့ ဘဏ္ဍာရေးတတ်နိုင်မှုနှင့် စစ်တမ်းဘုတ်အဖွဲ့ Financial Capabilityand Research Board ရဲ့ အသင်းဝင်လည်းဖြစ်ပြီး သင်တန်းနည်းပြ တစ်ဦးလည်းဖြစ်ကာ နိုင်ငံတကာက ကျောင်း သားတွေနဲ့ နေ့စဉ်ထိတွေ့ […]

Read More

၂၀၁၅ ခုနှစ်အတွက် The Honda Young Engineer and Scientist ဆုကို မြန်မာကျောင်းသားများ လျှောက်ထားနိုင်

Honda Foundation နှင့် Myanmar Association of Japan Alumni (MAJA ) တို့မှ ပူးပေါင်း ပေးအပ်သော The Honda Young Engineer and Scientist’s  Award ကို မြန်မာ ကျောင်းသားများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုမှာ ပညာသင် ထောက်ပံ့ကြေးဆုဖြစ်ပြီး  လာရောက် လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများ ထဲမှ နှစ်ဦးကို ရွေးချယ်ကာ ပညာသင် ထောက်ပံ့ကြေး အဖြစ် ကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်မည် ဖြစ်သည်။ ၎င်းဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ) စသည့် တက္ကသိုလ်များတွင် […]

Read More

Android Device အား လုံခြုံစိတ်ချစွာ Reset ပြုလုပ်နည်း

Android Device တစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် Reset ပြုလုပ်ကြရမှာပါ။ ကိုယ်အသုံးပြုနေတဲ့ ဖုန်းကို ပြန်ရောင်းမယ့် အခါမှာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပေးတဲ့အခါမှာပဲဖြစ်ဖြစ် Reset ပြုလုပ်ပြီးမှ ပေးကြမှာဖြစ်ပါတယ်။ ဒီနေရာမှာပုံမှန် Factory Reset ပြုလုပ်ပြီး အခြားသူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် နောက်ထပ်အသုံးပြု သူတွေဟာ သင့်ရဲ့ဓာတ်ပုံတွေ၊ စာတွေနဲ့အခြားသော ဖိုင်များကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီနည်းလမ်းဟာ တကယ်တော့ ကျွမ်းကျင်သည့် ပညာရှင်တစ်ဦး၏ လက်ထဲသို့ သင့်ရဲ့ Factory Reset ပြုလုပ်ပြီးသား Android Device ကို ပေးလိုက်တယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အဆင့်မှာ မရှိသေးပါဘူး။ Recovery Tool တစ်ခုခုနဲ့ ရှာဖွေပြီးသင့်ရဲ့ Data တွေကို ပြန်လည်ရှာဖွေ နိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Android […]

Read More

စမတ်ဖုန်း သို့မဟုတ် tablet များကို Wi-Fi router များဖြင့် အားသွင်းနိုင်ရန် သုတေသီများ စမ်းသပ်ခဲ့

ဝါရှင်တန် တက္ကသိုလ်ရှိ သုတေသီများသည် Apple iPhone နှင့် Android ဟန်းဆက်များ အပါအဝင် ထုတ်ကုန်များစွာကို Wi-Fi router ဖြင့် အားသွင်းပေးနိုင်သည့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ Wi-Fi router များသည် ၂၈ ပေအကွာအဝေးရှိ ထုတ်ကုန်၏ ဘက်ထရီများကို အားသွင်းပေး နိုင်သည့်အပြင် အင်တာနက် အသုံးပြုခွင့်လည်း ရရှိမည် ဖြစ်သည်။ သို့ရာတွင် ၎င်းနည်းပညာကို အများပြည်သူသို့ ဖြန့်ချိရာတွင် စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။ အဆိုပါ နည်းပညာကို ဖန်တီးရန် router နှင့် အာရုံခံစနစ်အချို့ လိုအပ်မည်ဖြစ်သည်။ အာရုံခံစနစ်များသည် router မှဘက်ထရီများကို အားသွင်းရန် DC power အတွင်းသို့ ပေးပို့သော RF စွမ်းအင်ကို အသွင်ပြောင်း […]

Read More

မြို့ပြနေထိုင်မှုပုံစံ တိုးတက်လာစေရန် ဖန်တီးပေးမည့် Sidewalk Labs ကို Google စတင်

Google သည် စွမ်းအင်အသုံးပြုမှု လျှော့ချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးများ ပိုမိုထိရောက်စေခြင်း စသည့်ပြဿနာများကို တာဝန်ယူဖြေရှင်းရန် Sidewalk Labs ကို တည်ထောင်ခဲ့သည်။ အဆိုပါ startup ကုမ္ပဏီသည် သယ်ယူပို့ဆောင်ရေးကို ထိရောက်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်းကဲ့သို့ မြို့ပြနေထိုင်မှုအတွင်း နည်းပညာ တိုးတက်အောင် လုပ်ဆောင်ရန် အာရုံစိုက်လုပ်ကိုင်သွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီကို နယူးယောက်မြို့တွင် အခြေစိုက်မည်ဖြစ်ပြီး Bloomberg အမှုဆောင် အရာရှိချုပ်ဟောင်းနှင့် နယူးယောက်မြို့ တည်ဆောက်ခြင်းနှင့် စီးပွားတိုးတက်ရေးဆိုင်ရာ လက်ထောက်မြို့တော်ဝန် ဒန်ဒေါ့တာအော့ဖ်က ဦးဆောင်သွားမည် ဖြစ်သည်။ Sidewalk Labs သည် ထုတ်ကုန်နှင့် platform ကဲ့သို့ နည်းပညာ တိုးတက်လာစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်သွားမည်ဖြစ်သလို အခြားကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက် သွားဖွယ်ရှိသည်။ […]

Read More

Colorfly G808

တန်ဖိုး- ကျပ် ၁၃၀,၀၀၀ အားသာချက် SIM Card Slot ပါဝင်တာကြောင့် သယ်ဆောင်ရ လွယ်ကူပြီး အင်တာနက်ကို သွားလေရာသုံးစွဲ သူတွေအတွက်ကတော့ စိတ်တိုင်းကျစေမယ့် Tablet တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် CPU ပိုင်းမှာလည်း Octa Core Processor ကို အသုံးပြုထားတာကြောင့် လုပ်ငန်းလုပ်ဆောင်မှု များမှာလည်း ကောင်းမွန်မှာကို တွေ့ရမှာ ဖြစ်ပါတယ်။ အားနည်းချက်  ဈေးနှုန်းမျှတတဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် ထူးခြားတဲ့ Feature တွေ ထပ်မံပါဝင် လာတာကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ သုံးသပ်ချက် Colorfly G808 ဟာ ဒီဇိုင်းပိုင်းသပ်ရပ်လှပသလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်အောင် ပြုလုပ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Game ကစားတာကို နှစ်သက်တဲ့ သူများအတွက်လည်း သင့်တော်တဲ့ Tablet […]

Read More

ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် KMD တို့ ပူးပေါင်း၍ Web Development နှင့် Network Communication Dipolma သင်တန်းများ ဖွင့်လှစ်á

ပြည်တွင်း၊ ပြည်ပ၌ Web Developer တစ်ယောက် သို့မဟုတ် Network ပညာရှင်တစ်ယောက် အနေဖြင့် အသက်မွေးဝမ်းကျောင်းပြု ရပ်တည်လိုသူများ အတွက် လိုအပ်သော ပညာရပ်များကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ နားလည်တတ်ကျွမ်းစေရန် သင်ကြားပေးမည့် Web Development နှင့် Network Communication သင်တန်းများကို ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၊ ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် KMD တို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Web Development Diploma သင်တန်းတွင် ဝက်ဘ်ဆိုက်များ ဖန်တီးရေးသားရာတွင် သိသင့်သိထိုက်သော နည်းပညာများ၊ စီးပွားရေး လုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ System Analyst တစ်ယောက် လုပ်ဆောင်ရမည့် […]

Read More

Smartphone film festival ကျင်းပမည်

Smartphone film festival ကို Yangonheartz မှ သြဂုတ်လအတွင်း ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ Smartphone ကိုင်ဆောင်သူများ၏ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုစွမ်းရည်ကို ထုတ်ဖော်ပြသရန် ကျင်းပခြင်းဖြစ်သည်ဟု Yangonheartz က သတင်း ထုတ်ပြန်ထားသည်။ အသုံးပြုမှုနှုန်း မြင့်တက်လာသည့် Smartphone ကင်မရာများကို အသုံးချ၍ movie clip ပေးပို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး movie clip များ၏ ကြာမြင့်ချိန်မှာ ၅ မိနစ်မှ ၁၀ မိနစ်အထိ ဖြစ်သည်ဟု သိရသည်။ ပြိုင်ပွဲနှင့် ပတ်သက်၍ ဆုအမျိုးအစား သုံးမျိုး ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေနှင့် ပတ်သက်၍ စီစဉ်သူများက ကြေညာထားခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ထက်ဝက်ကျော်သည် Smartphone များကို […]

Read More

ပြင်ဦးလွင်တွင် နိုင်ငံတကာပညာရေးပြပွဲ ကျင်းပ ပြုလုပ်မည်

မန္တလေးမြို့ Future Link Education Provider (မန္တလေး) နှင့် MIBT Computer (ပြင်ဦးလွင်) တို့ပူးပေါင်း၍ နိုင်ငံတကာ ကျောင်းများသို့ သွားရောက် ပညာ သင်ကြားလိုသော ကျောင်းသားများ အတွက် နိုင်ငံတကာ ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ပြင်ဦးလွင်ရှိ Royal Diamond Hall တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။ SIM, KAPALN, JCU, MDIS, PSB, SAA, RAFFLES,SHMS, IHTTI, CESAR RITZ, CULINARY ART ACADEMY, DEMY HIM စသောကျောင်းများမှ တာဝန်ရှိသူများ […]

Read More

CDMA 800 နှင့် CDMA 450 ဖုန်းများ ထပ်ဆောင်း ဝန်ဆောင်မှုအချို့ အသုံးပြု၍ရမည် မဟုတ်

CDMA 800 MHz ဖုန်း နှင့် CDMA 450 MHz ဖုန်းများတွင် ထပ်ဆောင်း ဝန်ဆောင်မှုအချို့ အသုံးပြု၍ ရမည် မဟုတ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများဖြစ်သည့် GSM, WCDMA, CDMA 800, CDMA 450 ဖုန်းများ အတွက် ထပ်ဆောင်း ဝန်ဆောင်မှုများ ကို ဆောင်ရွက်ပေးထားသော်လည်း အချို့ဖုန်းများတွင်မူ ဝန်ဆောင်မှု အားလုံး အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။ Call Waiting, Call Forwarding, Voice Mail, Missed Call Alert, CBRT, SMS စသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားသော်လည်း အဆိုပါ ဝန်ဆောင်မှုအားလုံးကို GSM, WCDMA ဖုန်းများတွင်သာ […]

Read More