Day: June 16, 2015

iOS 9 နှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

Apple သည် ဇွန်လ ၈ ရက်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သော Worldwide Developer’s conference (WWDC) ၌ ကုမ္ပဏီ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သည့် iOS 9 ကို မိတ်ဆက်ကြေညာခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် အခမဲ့ ဖြန့်ချိမည့် အဆိုပါ iOS update တွင် သုံးစွဲသူ၏ privacy ကို စိုးရိမ်ရန် မလိုသည့် Proactive ကဲ့သို့သော feature သစ်များ ပါဝင်လာမည် ဖြစ်သည်။ ထို့အတွက်ကြောင့် Apple ၏ နောက်ဆုံးပေါ် iOS ဗားရှင်းအကြောင်း သိထားသင့်သည်များကို ဖော်ပြလိုက်ပါသည်။ iOS 9: Smarter Siri Apple သည် ၎င်း၏ […]

Read More

စိတ်အနှောင့်အယှက် ပေးသော account များကို block ရန် feature သစ်တစ်ခု Twitter ထည့်သွင်း

Twitter သည် လူမှုရေးကွန်ရက်ပေါ်ရှိ ရုန့်ရင်းကြမ်းတမ်းသော အပြုအမူများကို ပြုလုပ်သူများကို block ရန် feature သစ်တစ်ခုကို ပေါင်းစပ်ထည့်သွင်းခဲ့သည်။ ယခုအခါ သုံးစွဲသူများသည် တူညီသည့် account တစ်ခုတည်းက စိတ်အနှောင့်အယှက် ပြုလုပ်ခံရသူ အခြားသုံးစွဲသူများနှင့်အတူ block စာရင်းများ ဖန်တီးနိုင်ပြီဖြစ်သည်။ ထို့ကြောင့်သုံးစွဲသူများသည် တစ်ဦးချင်း  block  ပြုလုပ်နေခြင်းမှ တစ်ကြိမ်တည်းဖြင့် account အမျိုးမျိုးကို block ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနောက်ဆုံး update သည် လူမှုရေးကွန်ရက်အတွင်း mute နှင့် block tool များတိုးချဲ့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း Twitter အင်ဂျင်နီယာ ရှောင်ယန်ဇန်က blog post ကဖော်ပြခဲ့သည်။ သုံးစွဲသူများစွာအတွက် ၎င်း feature များသည် အသုံးဝင်သော်လည်း Twitter ပေါ်တွင် […]

Read More

ရေဒါအစား တီဗွီလှိုင်းများ အသုံးပြု၍ လေယာဉ်များ ခြေရာခံမည့် စမ်းသပ်မှုကို Nats ကုမ္ပဏီပြုလုပ်

လေကြောင်း ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့သည့် Nats ကုမ္ပဏီနှင့် ၎င်း၏စီးပွားတူများသည် ရေဒါအသုံးပြုခြင်းမှ ဈေးနှုန်းပိုမိုသက်သာသည့် တီဗွီလှိုင်းများဖြင့် လေယာဉ်များကို ခြေရာခံနိုင်သော စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ အဆိုပါ တီဗွီလှိုင်းများသည် ရေဒါနှင့်မတူညီဘဲ ရေဒီယိုလှိုင်းများ၏ မတူညီသော အစိတ်အပိုင်းကို အသုံးပြုပြီး ၎င်းလှိုင်းများမှာ ခိုင်မာတောင့်တင်းသော အရာများကို ခြေရာခံနိုင်စွမ်းရှိသည်။ ယခုစမ်းသပ်မှုတွင် အထူး receiver များကို အသုံးပြုခဲ့ပြီး တီဗွီလှိုင်းများသည် အမြင့်ပေ ၁၀,၀၀၀ တွင်ပျံသန်းလျက်ရှိသော လေယာဉ်ပေါင်း ၃၀ ကို တစ်ပြိုင်နက်တည်း ခြေရာခံနိုင်ကြောင်း  သုတေသီများက ပြောကြားခဲ့သော်လည်း စမ်းသပ်မှုများ ထပ်မံပြုလုပ် ရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောဆိုခဲ့သည်။ ရုပ်သံထုတ်လွှင့်သူများနှင့် အကြိုသဘောတူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း စမ်းသပ်မှုခံနိုင်ခြင်းနှင့် ဝန်ဆောင်မှု စံသတ်မှတ်ချက်များနှင့် ပတ်သက်သော မေးခွန်းများကို […]

Read More

အရွယ်ကြီးမားသော Surface Hub ကွန်ပျူတာ တစ်မျိုးကို Microsoft မိတ်ဆက်

Microsoft သည် လုပ်ငန်းဆိုင်ရာအတွက် အလွန်ကြီးမားသော touchscreen ကွန်ပျူတာတစ်မျိုး ဖြစ်သည့် ၈၄ လက်မအရွယ်ရှိ Surface Hub ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ကွန်ပျူတာ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၉,၉၉၉ ဖြစ်ပြီး ဇူလိုင်လ ၁ ရက်မှစ၍ ကြိုတင်မှာယူမှုများကို လက်ခံကာ စက်တင်ဘာလတွင် စတင်တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။ မျက်နှာပြင် အရွယ်အစား ၅၅ လက်မရှိသော touchscreen ကွန်ပျူတာကိုမူ ကန်ဒေါ်လာ ၆,၉၉၉ ဖြင့် လက်လီရောင်းချ ပေးသွားမည်ဖြစ်ကြောင်း Microsoft ကထုတ်ပြန်ခဲ့သည်။ Microsoft Surface Hub သည်လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်ရေး စိန်ခေါ်မှုများကို တာဝန်ယူနိုင်မည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ လုပ်ငန်းခွင်အတွင်း တစ်ဦးချင်း စွမ်းဆောင်ရည် တိုးတက်လာရန်  ဒီဇိုင်းထုတ်ထားသော ထုတ်ကုန်များစွာရှိကြောင်း၊ […]

Read More

Write Protect များကို Registry မှ ဖယ်ရှားရှင်းလင်းခြင်း

USB, SD Card အစရှိတာတွေမှာ ဖြစ်တတ်တဲ့ Write Protect ပြဿနာများကို Registry ကနေတစ်ဆင့် အလွယ်တကူနဲ့ ဖယ်ရှားရှင်းလင်း နိုင်မှာဖြစ်ပါတယ်။ Write Protect Button ပါဝင်တဲ့ USB Stick, SD Card တွေမှာ Write Protect ကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်ပေမယ့် ခလုတ်တွေ မပါဝင်တဲ့ Device တွေအတွက်ကတော့ Registry မှရှင်းလင်းမှသာ ရနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး Run Box ကနေ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Registry Editor ပွင့်လာမှာ ဖြစ်ပါတယ်။ Reigstry Editor ပွင့်လာပြီဆိုရင် ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။ Registry အတွင်း သွားရမယ့် […]

Read More

Play Store မှမဟုတ်သည့် App များကို Update ပြုလုပ်ခြင်း

Android OS အသုံးပြုသူတွေအနေနဲ့ App တွေကို Play Store, 1Mobile Market အစရှိသည်တို့မှ မဟုတ်ပဲ အခြားနေရာကနေ Download ပြုလုပ်ပြီးထည့်သွင်းထားတာမျိုးလည်း ရှိကြမှာပါ။ ဒီလိုအခြေ အနေမျိုးတွေမှာ အဆိုပါ App တွေကို Update ပြုလုပ်ဖို့ရာအတွက် တစ်ခါတစ်လေ အခက်အခဲရှိမှာဖြစ်ပါ တယ်။ အဆိုပါ Play Store မှ မဟုတ်တဲ့ App များကို Update ပြုလုပ်နိုင်ဖို့အတွက် ApkTrack ဆိုတဲ့ App ကို ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ApkTrack ဟာ App တွေကို အမြဲတမ်း စောင့်ကြည့်၍ Update ရပြီလား မရသေးဘူးလားဆိုတာတွေကို စောင့်ကြည့်ပေးနေမှာဖြစ်ပါတယ်။ ApkTrack ကို Download ပြုလုပ် ဖို့အတွက် […]

Read More

Xbox 360 ဂိမ်းအဟောင်းများကို Xbox One ဂိမ်းစက်တွင် ကစားနိုင်မည်

Xbox 360 ဂိမ်းအဟောင်းများကို Xbox One ဂိမ်းစက်တွင် ကစားနိုင်မည်ဟု Microsoft က E3 ဂိမ်းပြပွဲတွင် ကြေညာခဲ့သည်။ Xbox One ပိုင်ရှင်များသည် ၎င်းတို့ ပိုင်ဆိုင်ထားသည့် ဂိမ်းများကို ကစားနိုင်ရန်အတွက် အခကြေးငွေ ထပ်မံပေးဆောင်ရမည် မဟုတ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Microsoft သည် ဂိမ်းအဟောင်းများကို Xbox One တွင် ကစားနိုင်မည့် feature အား ခရစ္စမတ်ကာလတွင် ဖြန့်ချိသည့်အခါ၌ ဂိမ်း ၁၀၀ ခန့်ကို ကစားနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် နောက်ထပ် ဂိမ်းရာပေါင်းများစွာကို ကစားနိုင်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။ အဆိုပါ ဂိမ်းအဟောင်းများကို ကစားနိုင်သည့်အခါတွင် Xbox One ကစားသူ၏ games library ၌ အလိုအလျောက် ပေါ်လာမည်ဖြစ်ကြောင်း […]

Read More

Hyperdimension Neptunia Re;Birth2 – Sisters Generation

Hyperdimension game series ရဲ့ developer Idea Factory အနေနဲ့ အရင်က Play Station 3 နှင့် PlayStation Vita ဂိမ်းစက်တွေအတွက်သာ အဓိက ဖြန့်ချိခဲ့ပေမယ့် ၂၀၁၄ နှင့် ၂၀၁၅  အတွင်းမှာ PC အတွက်ပါ ဆက်တိုက်ဖြန့်ချိလာတာ တွေ့ရပါတယ်။ Idea Factory ဆိုတဲ့ နာမည်နဲ့လိုက်အောင် Hyperdimension ဂိမ်းတွေကို စက်ရုံကနေ ဆက်တိုက် ထုတ် သလို ဖြန့်ချိနိုင်ခဲ့သလို တစ်ဂိမ်းနဲ့ တစ်ဂိမ်း ပုံစံအရမ်း မဆင်ဘဲ ကွဲပြားနေအောင်လည်း Gameplay Idea  ကောင်း ကောင်းလေးတွေ ထည့်ခဲ့နိုင်တာတွေ့ရမှာပါ။ Hyperdimen-sion ဂိမ်းတွေကို JRPG ပရိသတ်တွေအဓိက သဘောကျတဲ့ အချက်ကတော့ ဂိမ်းစက်တွေကို ကိုယ်စားပြုတဲ့ […]

Read More

The Sage English Dictionary and Thesaurus (Free)

http://goo.gl/prt7Ga  ဆော့ဖ်ဝဲအမျိုးအစား – Educational Software ဗားရှင်း – 6.2.0.1802 ဖိုင်အရွယ်အစား – 28.45 MB အသုံးပြုနိုင်သည့် OS -Windows 2000/XP/Vista/7/8 The Sage English Dictionary ဆော့ဖ်ဝဲဟာ ပညာရေးအတွက် အထောက်အကူပြုတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာသူနေသူအတွက် အထောက်အပံ့ဖြစ်စေရန် အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်း ၅၀,၀၀၀ နှင့်အထက်၊ အသုံးပြုပုံ စကားလုံးပေါင်း ၇၀,၀၀၀ ကျော်နှင့် ပညာရပ်သုံးစကားလုံးပေါင်းများစွာကို ဖော်ပြပေးထားပါတယ်။ ဆော့ဖ်ဝဲ အသုံးပြုရန်အတွက် အင်တာနက် ချိတ်ဆက်ထားရန်မလိုအပ်ဘဲ  Offline အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Read More

LG DVD Player

ရုပ်ပုံများကို ဝေဝါခြင်း မရှိစေဘဲ သဘာဝအတိုင်း ကြည်လင်ပြတ်သားစေသည့် နည်းပညာကို အသုံးပြုထားသော LG အမှတ်တံဆိပ် DVD Player ဖြစ်သည်။ USB ဖြင့် ဆက်သွယ်၍ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ Power consumption မှာ 9 Watt  ဖြစ်ပြီး Power off consumption မှာ 0.43 Watt ဖြစ်သည်။ Dolby  HD စနစ်များအားလုံးကို ပေါင်းထည့်ပေးထားပြီး အာမခံတစ်နှစ် ပေးထားသည်။ တန်ဖိုးမှာ ၃၉,၅၀၀  ကျပ်ဝန်းကျင်ဖြစ်ပြီး ဖုန်း ၀၁-၃၇၉၉၅၄ နှင့် ၀၁-၃၇၉၉၅၅ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More