Day: June 15, 2015

Android M နှင့်ပတ်သက်၍ သိထားသင့်သော အချက်များ

ပြီးခဲ့သည့်ရက်များ အတွင်း ဆန်ဖရန်စ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် Google I/O 2015 တွင် Android M developer previw ကိုမိတ်ဆက်ခဲ့သည်။ အဆိုပါ ကွန်ဖရင့်တွင် Android ဗားရှင်းသစ်အတွက် အခြေခံများကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း Google ထုတ်ကုန်ဆိုင်ရာ အကြီးတန်း ဒုဥက္ကဌဆန်း ဒါပီချိုင်းက ပြောကြားခဲ့သည်။ Android Lollipop တွင် အမြင်သစ်များကို မိတ်ဆက်ပေးနိုင်ခဲ့ရာAndroid M OS တွင် အမြင်မဆန်းသော်လည်း သုံးစွဲရာ၌ တည်ငြိမ်မှုနှင့် တိုးတက်မှု ရှိလာစေရန် ပြုလုပ်ပေးသွားမည် ဖြစ်သည်။ Google I/O ကွန်ဖရင့်တွင် ကုမ္ပဏီ၏ အင်ဂျင်နီယာဆိုင်ရာ ဒုဥက္ကဌဒေးဗစ်ဘာ့ခ်က Android M အဓိက feature ၆ ခုကို အကျဉ်းချုပ် […]

Read More

Singtech Sapphire Z550

မြင်ကွင်း Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး ပုံမှန် IPS qHD LCD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 540 x 960 Pixel ရှိပါတယ်။ ကွန်ရက် GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro SIM နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual SIM ဖုန်းအမျိုးအစားပါ။ အသေးစိတ်ဖော်ပြချက် အမြန်နှုန်း 1.3 GHz ရှိတဲ့ Quad-core CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက် GPU စနစ်သီးခြား မပါဝင်ဝင်တဲ့အတွက် ဖုန်းမှာ Built-in ပါဝင်တဲ့အတိုင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory […]

Read More

Mac OS X ဗားရှင်းသစ် El Capitan ကို Apple မိတ်ဆက်

Apple သည် Mac ၏ OS ကို Yosemite National Park ၏အမည်ပေးပြီးနောက် El Captian ဟုအမည်ရသော Mac OS X ဗားရှင်းသစ် တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ ယခု OS သစ်သည်  developer များအတွက် ဖြန့်ချိပေးခဲ့ခြင်းဖြစ်ပြီး Apple အနေဖြင့်လာမည့် စက်တင်ဘာလတွင် အခမဲ့ အဆင့်မြှင့်တင်မှုများ မပေးအပ်သေးချိန် ဇူလိုင်လတွင် beta ဗားရှင်းကို ကနဦး ဖြန့်ချိသွားမည် ဖြစ်သည်။ Apple ၏  software အင်ဂျင်နီယာဆိုင်ရာ အကြီးတန်းဒုဥက္ကဋ္ဌ ခရိတ်ဖက်ဒရီဂျီက El Captian မှသုံးစွဲသူများ ရရှိနိုင်မည့် အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းပြောကြားခဲ့ပြီး WWDC ပွဲတွင် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ […]

Read More

အချက်အလက်များ မတော်တဆ ဖျက်မိခြင်းကြောင့် A400M လေယာဉ် ပျက်ကျခဲ့ရဟုဆို

မကြာသေးမီက စပိန်နိုင်ငံတွင် စစ်တပ်ပိုင်လေယာဉ် ပျက်ကျခဲ့ရခြင်းမှာ အင်ဂျင်သုံးလုံးအား ထိန်းချုပ်သော ကွန်ပျူတာများမှ ဖိုင်များကို မတော်တဆ ဖျက်မိခြင်းကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ လေယာဉ်ကုမ္ပဏီ Airbus သည် A400M လေယာဉ် ပျက်ကျပြီးနောက် data log များအတွင်း မူမမှန်မှုများကို ရှာဖွေတွေ့ရှိခဲ့ပြီး software ချို့ယွင်းချက်ကြောင်း လေယာဉ်ပျက်ကျခဲ့ရကြောင်း သုံးသပ်ခဲ့ကြသည်။ ယခုအခါတွင် စပိန်ရှိစုံစမ်း စစ်ဆေးသူများက အင်ဂျင်တိုင်းတာမှုကို ဖော်ပြပေးသည့် ဖိုင်များကို မတော်တဆ ဖျက်မိခြင်းကြောင့် လေယာဉ် ပျက်ကျခဲ့ရကြောင်း ဖော်ပြလာကြသည်။ ထိုသို့ဖိုင်များ မှားယွင်းဖျက်မိခြင်းကြောင့် လေယာဉ်ပန်ကာများမှာ ဖြည်းညင်းစွာ လည်ပတ်တော့မည် ဖြစ်သည်။ လေယာဉ်သည် မေလ ၉ ရက်တွင် စမ်းသပ်မောင်းနှင်စဉ်အတွင်း ဆီးဗီလ်မြို့အနီးတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်၌ ပါဝင်သူ ၄ ဦးစလုံး […]

Read More

မြန်နှုန်းမြင့် data ကွန်ရက် တည်ဆောက်ရန် Apple ဖန်တီးနေ

Apple  သည်  iTunes  content နှင့်အခြား အချက်အလက်များအတွက် မြန်နှုန်းမြင့် ထောက်ပံ့မှုများ ပုံမှန်ပေးပြီး thirdparty ကွန်ရက် ထောက်ပံ့မှုများအပေါ် မှီခိုမှုလျှော့ချရန် ကိုယ်ပိုင်မြန်နှုန်းမြင့် data ကွန်ရက်တစ်ခု ဖန်တီးနေဖွယ်ရှိသည်။ သို့မှသာ Apple သည် ကိုယ်ပိုင် data ကွန်ရက်ကို ထိန်းချုပ်၍ cloud မှတစ်ဆင့် သုံးစွဲသူများသို့ တေးဂီတ၊ ဗွီဒီယိုများနှင့် အခြားဖျော်ဖြေမှုများကို လျင်မြန်စွာ ပေးပို့နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်ရက် အနည်းငယ်က Apple သည် အမည်မဖော်ပြသော မြို့များရှိ အမေရိကန် အချက်အလက် စင်တာကြီး ၄ ခုနှင့် အင်တာနက် hub များအား ချိတ်ဆက်ရန် ကွန်ရက်ပိုက်များ သို့မဟုတ် cable များကို ပိုမိုထိန်းချုပ်လိုကြောင်း Bloomberg က ၎င်းအစီအစဉ်ကို […]

Read More

HITACHI ကမြန်မာနိုင်ငံ အတွင်းရှိ တက္ကသိုလ်တစ်ခုနှင့် ပူးပေါင်း၍ ICT သင်ခန်းစာသစ်များ မိတ်ဆက် သင်ကြ

HITACHI ကမြန်မာနိုင်ငံ အတွင်းရှိတက္ကသိုလ် တစ်ခုနှင့်ပူးပေါင်း၍ ICT သင်ခန်းစာသစ်များ မိတ်ဆက် သင်ကြားပေးသွားမည်ဟု HITACHI မှ President &  COO Mr.Toshiaki Higashihara က နေပြည်တော်တွင်ကျင်းပသော HITACHI Social Innovation Forum 2105 Myanmar အခမ်းအနား မတိုင်မီ သတင်းစာ ဆရာများအား  ရှင်းလင်းပြောကြားသော  အစီအစဉ်တွင်ပြောကြားခဲ့သည်။ “HITACHI အနေနဲ့ Hitachi Laboratory အစီအစဉ်ကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ပွဲထုတ်ပါတော့မယ်။ ဟီတာချီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတွင်း တက္ကသိုလ်တစ်ခုနဲ့ပူးပေါင်းပြီး ကျောင်းမှာ ICT သင်ခန်းစာသစ် တွေကို စတင်မိတ်ဆက်သင်ကြား ပေးမှာဖြစ်ပါတယ်” ဟု Mr.ToshiakiHigashihara ကပြောသည်။ အဆိုပါအစီအစဉ်မှာ HITACHI မှဖန်တီးထားသော ICT နည်းပညာများမှတွေ့ရှိထားသည်များကို […]

Read More

သုံးစွဲသူ၏ နားရွက်ဖြင့် စမတ်ဖုန်းကို unlock လုပ်နိုင်မည့် စနစ်အတွက် Amazon မူပိုင်ခွင့်လျှောက်ထား

Amazon သည် နားရွက်ပုံစံအနေအထားကို သိမှတ်ကာ စမတ်ဖုန်းကို unlock လုပ်နိုင်မည့် စနစ်တစ်ခုကို မူပိုင်ခွင့်လျှောက်ထားခဲ့သည်။ ၎င်းမူပိုင်ခွင့်နှင့် ပတ်သက်၍ PatentYogi မှ YouTube တွင် ဗီဒီယိုတင်ကာ ရှင်းပြခဲ့ပြီး အဆိုပါ စနစ်သည် သုံးစွဲသူ၏ နားရွက်ပုံသဏ္ဍာန်ကို ဖုန်း၏ အရှေ့ဘက်ကင်မရာဖြင့် ဖမ်းယူကာ unlock လုပ်ပေးမည် ဖြစ်သည်။ လူသားတို့၏ နားရွက်သည် လက်ဗွေတစ်ခုကဲ့သို့ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသိရှိနိုင်စေသည့်အတွက် ဖုန်းကို log in ဝင်ရောက်ရာတွင် passcode နှင့် pattern တစ်ခုထည့်သွင်းရန်မလိုဘဲ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဖုန်းနှင့် သုံးစွဲသူ၏ နားရွက်အကြားရှိ အကွာအဝေးကိုလည်း speaker volume ဖြင့် တွက်ချက်ချိန်ညှိနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ သို့ရာတွင် Amazon […]

Read More

Intrapreneur

Intrapreneur ဆိုသည်မှာ ထုတ်ကုန်တစ်ခုက ကုမ္ပဏီအတွက် ဝင်ငွေရရှိမည့် ရင်းမြစ်တစ်ခု ဖြစ်မလာမည်ကို စိုးရိမ်ရန် မလိုဘဲ ထုတ်ကုန်သစ်တစ်ခု ဖန်တီးရာတွင် လုပ်ပိုင်ခွင့်နှင့် အထောက်အပံ့ပေးနိုင်သည့် ဝန်ထမ်းတစ်ဦးကို ခေါ်ဆိုသည်။ ထုတ်ကုန်တစ်ခု မအောင်မြင်ပါက တာဝန်ယူရသည့် entrepreneur နှင့် မတူညီသည်မှာ intrapreneur အနေဖြင့် ထုတ်ကုန်တစ်ခု ထုတ်လုပ်ရန် အရေးနိမ့်ခဲ့ပင်လျှင် လစာ ဆက်လက်ခံစားခွင့် ရှိခြင်း ဖြစ်သည်။ အချို့သော ကုမ္ပဏီများသည် research and development (R&D) ဌာနများတွင် intrapreneur ဝန်ထမ်းများကို ခန့်အပ်ကာ အကြံဉာဏ်များ ရှာဖွေစေသောကြောင့် ကုမ္ပဏီအနေဖြင့် အများဖြင့် ယှဉ်ပြိုင်ရာတွင် အထောက်အကူ ဖြစ်စေသည်။ အခြားသော စီးပွားရေးလုပ်ငန်းများကမူ သုတေသန၊ ဒီဇိုင်း၊ အရောင်းနှင့် ထုတ်လုပ်မှုဌာနတို့မှ ဝန်ထမ်းများကို အဖွဲ့တစ်ခု […]

Read More

BarCamp TU-Meiktila 2015 ဖြစ်မြောက်ရေးအဖွဲ့၏ ပြော ကြားချက်

ကိုကောင်းထက်ထွန်း (Organizer Team Leader) နည်းပညာ တက္ကသိုလ် (မိတ္ထီလာ)မှာ ဒုတိယ  အကြိမ်မြောက်အဖြစ် ကျင်းပမယ့် BarCamp TU-Meiktila 2015 မှာ Organizer Team Leader အဖြစ် တာဝန်ယူထားပါတယ်။ ဒီနှစ်မှာ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပဖို့ နှစ်စကတည်းက ပြင်ဆင်ထားခဲ့ပြီး အခက်အခဲတချို့ရှိခဲ့တဲ့အတွက်ကြောင့် အရင်ကြေညာထားတဲ့နေ့မှာ မကျင်းပဖြစ်ဘဲ ရက်သတ္တပတ် ၂ ပတ် နောက်ဆုတ်လိုက်ရပါတယ်။ ကျွန်တော်တို့မှာ ပွဲဖြစ်စေချင်တဲ့ ဆန္ဒကလွဲလို့ ဘာအင်အားမှမရှိတဲ့အချိန်မှာ BarCamp Yangon Organizer Team အနေနဲ့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဘားကမ့် ရန်ကုန် Organizer Team ကပဲ အခြားလုပ်ငန်းရှင်တွေကို ချိတ်ဆက်ပေးခဲ့တဲ့အတွက် ZawGyi Mart မှ Co -Sponsor အဖြစ် […]

Read More

BarCamp TU-Meiktila 2015

ဒုတိယအကြိမ်မြောက် နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ဘားကမ့် ကျင်းပမည့်နေ့    –     ဇွန်(၂၀) အချိန်    –     နံနက် (၈း၃၀) နာရီမှ ညနေ (၃း၃၀)  နေရာ    –    နည်းပညာတက္ကသိုလ် (မိတ္ထီလာ)  ဆောင်ပုဒ်    –    It’s Unity ! ဒုတိယအကြိမ်မြောက်အဖြစ် BarCamp TU-Meiktila 2015 ကို နည်းပညာတက္ကသိုလ် (မိတ္ထီလာ) တွင်  ဇွန်လ  ၂၀ ရက်နေ့၊ စနေနေ့တွင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ် ဘားကမ့်ကို  နံနက် ၈း၃၀ နာရီမှ ညနေ ၃း၃၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စာသင်ခန်း ၆ ခန်း၊ အချိန် ၇ ချိန်ဖြင့် Topic […]

Read More