Day: June 12, 2015

ဘက်ထရီပမာဏ အမြင့်မားဆုံး စမတ်ဖုန်းနှင့် ကင်မရာနည်းပညာမြင့် ဖုန်းအမျိုးအစားနှစ်ခုကို Gionee မှ

တရုတ်စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် Gionee သည် ၎င်းတို့၏ အသစ်ထွက် နည်းပညာမြင့် စမတ်ဖုန်း အမျိုးအစားနှစ်ခုကို နိုင်ငံပေါင်း ၈ နိုင်ငံသို့ ဖိတ်ကြား၍ မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ မိတ်ဆက်ပြသပွဲတွင် ကင်မရာနည်းပညာမြင့် စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်သော Gionee E8 နှင့် ကမ္ဘာ့ပထမဆုံး ဘက်ထရီပမာဏ အမြင့်မားဆုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Gionee M5 တို့ကို မိတ်ဆက်ပြသခဲ့သည်။ M5 တွင် ပါဝါအသုံးပြုခြင်းအတွက် Dual Battery Cells စနစ်ဖြင့် 3010 mAh ဘက်ထရီနှစ် လုံးပါဝင်ခြင်းကြောင့် စုစုပေါင်း ဘက်ထရီပမာဏမှာ 6020 mAh ရှိမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဘက်ထရီပမာဏ အမြင့်မားဆုံး စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းအား အသုံးပြုရာတွင် […]

Read More

နိုင်ငံတကာ ကွန်ပျူတာဘွဲ့ B.Tech (Computer Systems and Networking) သို့မဟုတ် B.Sc (Hons:) Computing ရယူနိုင်မည့် ပညာရေးလမ်းကြောင်း

ယခုအပတ် အင်တာနက်ဂျာနယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ တက် ရောက်နိုင်သည့် ယနေ့ပညာရေး နယ်ပယ်တွင် အရှိန်အဝါကြီးမားသော Higher National Diploma (HND) Computing and Systems Development အကြောင်း၊ HND တက်ရောက်ရန် လိုအပ်သော ပညာအရည်အချင်း၊ HND တက်ရောက်ပြီးပါက ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်၍ တက်ရောက်ပညာ သင်ကြားနိုင်ပုံတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ သိရှိနိုင်စေရန် အသေးစိတ် ဖော်ပြပေးမည် ဖြစ်သည်။ HND ဆိုသည်မှာ အင်္ဂလန်နိုင်ငံရှိ Edexcel ဟူသည့် အဖွဲ့အစည်းကြီးမှ ပေးအပ်သော (HND) Higher National Diploma ဖြစ်သည်။ […]

Read More

iPhone ထုတ်လုပ်မှုအတွက် အိန္ဒိယတွင် စက်ရုံ တည်ဆောက်ရန် Foxconn ဆွေးနွေးနေ

မကြာမီတွင် iPhone ၏ ကျောဘက်၌ “Assembled in India” ဟူသော စာတန်းကို မြင်တွေ့ရဖွယ်ရှိသည်။ iPhone နှင့် iPad အပါအဝင် Apple ထုတ်ကုန်များကို တပ်ဆင်သည့် တရုတ်ကုမ္ပဏီဖြစ်သော Foxconn သည် အိန္ဒိယတွင် စက်ရုံသစ်တစ်ခု ဖွင့်လှစ်ဖွယ်ရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။ အိန္ဒိယအနောက်ဘက်ရှိ မဟာရက်ရှ်ထရာပြည်နယ်မှ စက်မှုဝန်ကြီးဖြစ်သူ ဆူဘက်ရှ်ဒီဆိုင်းက Foxconn အနေဖြင့် တစ်လအတွင်း နေရာတစ်နေရာ ရှာဖွေဖွယ်ရှိကြောင်း Reuters ထံ ပြောကြားခဲ့သည်။ အဆိုပါ အပြောင်းအလဲသည် အီလက်ထရွန်နစ် ထုတ်ကုန်များ တပ်ဆင်ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော Foxconn က Apple ထုတ်ကုန် ဝယ်လိုအားကို ပိုမိုသက်သာသည့် ကုန်ကျစရိတ်ဖြင့် အချိန်ကိုက် တပ်ဆင်ထုတ်လုပ်ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း […]

Read More

ဖောက်ထွင်းမြင်နိုင်သည့် OLED display panel ကို Samsung မိတ်ဆက်ပြသ

Samsung သည် ၅၅ လက်မအရွယ် OLED display နှစ်မျိုးကို ဟောင်ကောင်ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲတစ်ခုတွင် မိတ်ဆက်ပေးခဲ့သည်။ ၎င်း display နှစ်မျိုးအနက် တစ်မျိုးမှာ ဖောက်ထွင်းမြင်နိုင်သည့် display ဖြစ်ပြီး ကျန်တစ်မျိုးမှာ မှန်ကဲ့သို့ ပုံရိပ်ထင်နိုင်သည့် display ဖြစ်သည်။ အဆိုပါ display များကို ကနဦးတွင် လက်လီအရောင်းဆိုင်များ၌ ထားရှိသွားမည်ဖြစ်ပြီး ၎င်းသည် ဈေးဝယ်သူများကို ပိုမိုဆွဲဆောင်မှု ရှိစေပြီး ဈေးဝယ်ယူမှု ပုံစံကို ပြောင်းလဲရာတွင် အထောက်အကူ ဖြစ်စေမည်ဟု Samsung က ဆိုထားသည်။ ၎င်း display များတွင် ပါဝင်သည့် Intel ၏ Real Sense နည်းပညာသည် display ကို virtual အဝတ်လဲခန်းတစ်ခုအသွင် အသုံးပြုနိုင်စေမည် […]

Read More

ပြည်တွင်းမှာလည်း ဝယ်ယူ ရရှိနိုင်တော့မယ့် ပြင်သစ် မော်ဒယ် Peugeot 308

အခု တစ်ပတ်မှာတော့ ကျွန်တော်က မကြာခင် အချိန်မှာပဲ ပြည်တွင်းမှာ တရားဝင် Showroom ဖွင့်ပြီး ရောင်းချတော့မယ့် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Peugeotရဲ့ မော်ဒယ်တစ်ခု ဖြစ်တဲ့ 308 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ပြင်သစ်ကားတွေနဲ့ ကျွန်တော်တို့နဲ့က တော်တော်ကို စိမ်းတယ်လို့ ပြောရမယ့် အနေအထားပါ။ အကြောင်းကတော့ Volkswagen ဆိုရင် အခုသာ ပြည်တွင်းဈေးကွက်နဲ့ စိမ်းသွားတာဖြစ်ပေမယ့် အရင်တုန်းကတော့ ပြည်တွင်းမှာ အရမ်းကိုပဲ နေရာရခဲ့တဲ့ အမျိုးအစားတွေ ဖြစ်တာကြောင့်ပါ။ ဒီနေရာမှာ ပြင်သစ်ရဲ့ ကြီးသုံးကြီးတွေဖြစ်တဲ့ အခုပြောနေတဲ့ Peugeot ရော Citroen ရော Renault ရော သုံးမျိုးစလုံးက ပြည်တွင်းမှာ လူကြိုက်များလှတဲ့ အမျိုးအစားတွေ အဖြစ်နဲ့ အရင်ကလည်း မရှိခဲ့ဖူးသေးတာ ဖြစ်သလို […]

Read More

ရေနွေးငွေ့သုံး သန့်ရှင်းရေးစက်

ရေချိုးခန်း၊ ရေဘေစင်များရှိ  သန့်ရှင်းရေးပြုလုပ်ရန် မလွယ်ကူသော၊ အလွန်ညစ်ပေနေသော ချေးများကို သန့်ရှင်းနိုင်မည့် Karcher အမှတ်တံဆိပ် SC 1.020 C မော်ဒယ် ရေနွေးငွေ့သုံးသန့်ရှင်းရေးစက်တစ်မျိုး ဖြစ်သည်။ မီးဖိုခန်းရှိ ဆီညစ်ပေနေသော နေရာများကို ရေနွေးငွေ့ဖြင့် ဖျန်းပက်ကာ အလွယ်တကူ ပွတ်တိုက်သန့်စင်နိုင်သည့်အတွက် မမြင်နိုင်သည့် ဘက်တီးရီးယားပိုးမွှားများကို သန့်စင်ပေးနိုင်မည် ဖြစ်သည်။ အသုံးပြုရာတွင်လည်း သန့်ရှင်းရေးစက်၏ ရေဖြည့်ကန်အတွင်းတွင် သာမာန်ရေအေးကိုသာ ထည့်သွင်းနိုင်ပြီး လျှပ်စစ်မီးပလပ်ပေါက်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ အိမ်ခန်းအတွင်းရှိ မှန်နံရံများကို ပွတ်တိုက်သန့်ရှင်းရေးပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၂၃၁,၀၀၀ ကျပ်ဖြစ်ပြီး ဖုန်း – ၀၉၉၇၇၂၂၅၆၆၈ နှင့် ၀၉ ၉၇၇၂၂  ၅၆၇၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

Solar Powerbank light

Power bank အဖြစ် အသုံးပြုနိုင်သလို LED မီးအိမ်တစ်ခု အဖြစ်ပါ အသုံးပြုနိုင်မည့် 2 in 1 Solar Powerbank light ဖြစ်သည်။ မျက်နှာပြင်တစ်ဖက်ကို အားသွင်းရန်အတွက် Solar Panel တပ်ဆင်ပေးထားပြီး ကျန်တစ်ဖက်ကို LED မီးလုံး ၂၀ တပ်ဆင်ပေးထားသည့်အတွက် အလင်းအားကောင်းသော မီးအိမ်အဖြစ်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ ကြာရှည်ခံ Lithium polymer ဓာတ်ခဲကို အသုံးပြုထားပြီး နေရောင်ဖြင့် အားသွင်းခြင်းနှင့် DC 5V ကို Adpator ခံပြီး အားသွင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ အသုံးပြုထားသော Solar Panel မှာ 1.2 Watt ရှိသော monocrystalline နှင့်ဖြစ်သည့်အတွက် အားသွင်းမြန်ပြီး ကြာရှည်အသုံးခံသည်ဟု […]

Read More

Kaymu Myanmar မှ iOS Application ကို စတင်မိတ်ဆက်

ပြည်တွင်း အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် kaymu.com.mm ၏ iOS Application ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ မိုဘိုင်းဈေးကွက် ချဲ့ထွင်ခြင်းအနေဖြင့် ယခုကဲ့သို့ iOS Application ကို ဖြန့်ချိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “iOS မိုဘိုင်း App ကြောင့် အခုဆိုရင် iOS သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ Kaymu မှာ ပိုမိုလွယ်ကူစွာနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ data ကုန်ကျမှု အသက်သာဆုံးနဲ့ quality မြင့်မားကောင်းမွန်တဲ့ မိုဘိုင်း App ကို သုံးစွဲသူတွေဆီကို အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ အခုဆို ကျွန်တော်တို့ဟာ iOS အပြင် Andorid OS နဲ့ Blackberry app တွေကိုလည်း အခမဲ့ ထုတ်လုပ်ဖြန့်ချိ ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ […]

Read More

Sweet Home 3D For Mac

Mac OS အသုံးပြုသူများအတွက် အိမ်ဒီဇိုင်းများကို 3D ပုံစံဖြင့် ဆွဲပြီး အခန်းဖွဲ့စည်းပုံများကိုပါ စိတ်ကြိုက် ဒီဇိုင်းရေးဆွဲနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ 2D, 3D တို့ဖြင့် ရေးဆွဲနိုင်မည်ဖြစ်ပြီး ဘာသာစကား ပေါင်းများစွာကိုလည်း အထောက်အပံ့ပေးထားသည်။ အဆိုပါ ဆော့ဖ်ဝဲသည် အိမ်အတွင်းရှိ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်းတို့ကို အသေးစိတ်ရေးဆွဲပေးနိုင်မည်ဖြစ်ပြီး အခမဲ့ သုံးစွဲခွင့်ရှိသည့် ဆောဖ့်ဝဲတစ်ခုလည်း ဖြစ်သည်။ Mac OS Version 10.4 မှ 10.10 အထိ ထည့်သွင်း အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

The right to be forgotten

The right to be forgotten ဆိုသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို အင်တာနက်ပေါ်မှ ဖယ်ရှားရန် တောင်းဆိုသည့် လူ့အခွင့်အရေး အယူအဆ သဘောတရားဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလတွင် စပိန်နိုင်ငံမှ လူတစ်ယောက်သည် ၎င်းဒေဝါလီခံရသည့် အကြောင်းကို ဖော်ပြထားသော သတင်းဆောင်းပါးဟောင်းတစ်ခုကို ဖော်ပြသည့် link အား ဖယ်ရှားပေးရန် Google ထံ တောင်းဆိုခဲ့ပြီး သက်တမ်းလွန် အချက်အလက်ကို အွန်လိုင်းတွင် ဆက်လက် ဖော်ပြနေခြင်းသည် သဘာဝကျခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ဥရောပတရားရေးဌာနကလည်း search engine များသည် အချက်အလက် စုဆောင်းသူများ ဖြစ်သောကြောင့် search query များရှိ ဆက်စပ်မှု မရှိသောအချက်အလက်များနှင့် သက်တမ်းလွန် အချက်အလက်များကို ဖော်ပြခြင်းအား ရပ်ဆိုင်းသင့်ကြောင်း ဥပဒေတစ်ရပ် […]

Read More