Day: June 11, 2015

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် မိုဘိုင်း တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် မိုဘိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၉ ရက်မြောက်နေ့ကျင်းပရာမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတိုးချဲ့ခြင်း (1+3) စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျေးသီး၊ မိုင်းနောင်၊ ဟိုမိန်း၊ မိုင်းပွန်၊ မောက်မယ်၊ မိုင်းပန်၊ ပင်းတယ၊ နောင်ကား၊ တောင်ကြီးနှင့် ကျိုင်းတောင်းမြို့အပါအဝင် ရေဒီယိုစခန်းဆယ်ခု တည်ဆောက်နေကြောင်း၊ လက်ရှိအခြေခံလုပ်ငန်း များအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း၊ စခန်းများအားလုံးအတွက် စက်တပ်ဆင်ခြင်း လုပ်ငန်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် KSGM ကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်နေသော Phase (1) နှင့် (2) စီမံကိန်းအရ တပ်ဆင်တည်ဆောက်ပေးသွားမည်ဖြစ်ကာ ကျိုင်းတောင်၊ မိုင်းနောင်၊ မိုင်းပွန်၊ ပင်းတယ၊ နောင်ကား ရေဒီယို […]

Read More

University of West of England, Bristol မှ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများကို မြန်မာကျောင်းသား၊ ကျောင်းသူများရရá€

ယူကေ ထိပ်တန်းတက္ကသိုလ် ဖြစ်သော University of West of England, Bristol မှ ပေးအပ်မည့် ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများကို မြန်မာနိုင်ငံမှ ကျောင်း သား၊ ကျောင်းသူ ၆ ဦး ရရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများမှာ ကိုမင်းကျော်သူ၊ ကိုပိုင်ကိုကို၊ ကိုဝေမိုးလွင်၊ ကိုစမ်းမောင်ဦး၊ မမေမျိုး၊ ကိုပြည့်အောင်တို့ဖြစ်ကြပြီး GUSTO International College တွင် တက်ရောက်ကာ UK’s edexcel မှ ချီးမြှင့်သည့် Higher National Diploma ကို လက်ခံရရှိပြီးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ် ကြောင်း သိရသည်။ “GUSTO မှာ တက်ရောက်ခဲ့တဲ့ ၂ နှစ်တာကာလမှာ အတွေ့အကြုံတွေ […]

Read More

ယူကေဗီဇာ လတ်တလော လျှောက်ထားလိုသူများ ထိုင်းနိုင်ငံရှိ VFS တွင် လျှောက်ထားနိုင်

မြန်မာနိုင်ငံတွင် ယူကေ ဗီဇာလျှောက်ထားရန် စင်တာအသစ်ကို ဇွန်လလယ်တွင် ဖွင့်လှစ်သည့် အချိန်မတိုင်မီ အရေးပေါ်ဗီဇာ လိုအပ်သူများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ VFS ဗီဇာလျှောက်ထားမှု စင်တာ (http://www.vfsglobal.co.uk/thailand/) တွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သံရုံးရှိ ဗီဇာဌာနတွင် ဗီဇာလျှောက်လွှာတင်ရန် ရက်ချိန်းများ ပြည့်လျက်ရှိပြီး ဗီဇာစင်တာ အသစ်မှာလည်း လျှောက်လွှာသစ်များလက်ခံရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဖြစ်ကြောင်း သိရသည်။ ဘန်ကောက်တွင် လူကိုယ်တိုင် သွားရောက်ကာ ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံမှ ဗီဇာလျှောက်ထားသူများကို ဦးစားပေးသွားမည်ဖြစ်ပြီး အဆိုပါ လျှောက် ထားမှုများကို တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ အမြန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုအတွက် ထပ်ဆောင်း ကုန်ကျစရိတ် ပေးရန် မလိုအပ်ကြောင်း သိရသည်။ “ယူကေရဲ့ အဓိကကျောင်းဖွင့်ချိန်က စက်တင်ဘာလဖြစ်တဲ့ […]

Read More

မိုဘိုင်း Internet Plan နှင့် ပတ်သက်၍ အဆင်မပြေမှု တချို့ တွေ့ကြုံ

မိုဘိုင်း Internet Plan တစ်ခု မကုန်ဆုံးခင် Internet Plan တစ်ခု ထပ်မံဝယ်ယူသည့်အခါ Data ဖြတ်တောက်မှု အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု Ooredoo အသုံးပြုသူတစ်ဦးက ပြောသည်။ “1GB Plan ဝယ်ထားတာ 279 MB ကျန်သေးတယ်။ 5GB Plan မှာ ပရိုမိုးရှင်းတွေပေးတယ်ဆိုပြီး Ooredoo က Marketing ဆင်းတော့ အရင်ဟာမကုန်ခင်မှာ ဝယ်လိုက်မိတယ်။ သုံးလည်းသုံးရော အရင်ကျန်တဲ့ 279MB ကို Data မဖြတ်တော့ဘူး” ဟု Ooredoo အင်တာနက်လိုင်း အသုံးပြုသူက ဆိုသည်။ Internet Data Plan နှင့် ပတ်သက်၍ နည်းစနစ်အရ Data အနည်းကိုသာ စတင်ဖြတ်တောက်ခြင်းဖြစ်ပြီး Data အများကို နောက်မှ […]

Read More

အခမဲ့ ရောင်းဝယ် ကြော်ငြာနိုင်သည့် ဝက်ဘ်ဆိုက် ပုံစံ အသစ်ဖြင့် ပြန်လည် မိတ်ဆက်

ပုံစံအသစ်ပြောင်းလဲထားသော အခမဲ့ကြော်ငြာ ၀က်ဘ်ဆိုက်ဖြစ်သည့် www.ads.com.mm ကို ပြန်လည် မိတ်ဆက်ခဲ့သည်။ အဆိုပါဝက်ဘ်ဆိုက်မှာ ပစ္စည်းအသစ်များအပြင် တစ်ပတ်ရစ်ပစ္စည်းများကိုပါ ရောင်းဝယ်နိုင်ရန် ဆောင် ရွက်ထားခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုချင်းစီအလိုက် ကဏ္ဍခွဲကာ အလွယ်တကူ ရှာဖွေနိုင်ရန် ဆောင်ရွက် ထားသည် ဟုဆိုသည်။ “Desktop ရော၊ မိုဘိုင်းဗားရှင်းအတွက်ရော နှစ်ခုစလုံး အသုံးပြုနိုင်မှာပါ။ ပစ္စည်း အရောင်းအဝယ် တင်မကဘဲ ကျောင်းသားတွေအတွက် အချိန်ပိုင်း အလုပ် ရှာနိုင်မယ့် ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပါတယ်၊ ဒီဝက်ဘ်ဆိုက်ကနေ ပစ္စည်းတွေရောင်းချတာမျိုး မဟုတ်ဘဲ ရောင်းသူ၊ ဝယ်သူတွေကို ချိတ်ဆက်ပေးရုံ သပ်သပ်ပါ” ဟု ads.com.mm ၏ Country Manager Mr.Nico Poma က ပြောသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် ပစ္စည်းတစ်ခုခု ရောင်းချလိုပါက ကြော်ငြာတင်မည့်နေရာတွင် အချက်အလက်များ […]

Read More

ပြည်ပခရီးသွားစဉ် MPT မိုဘိုင်း အသုံးပြုခြင်း အတွက် သီးသန့် လျှောက်ထားရန် မလိုတော့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းများကို ပြည်ပသို့ သယ်ဆောင်အသုံးပြုခွင့် (Roaming) အတွက် သီးသန့်လျှောက်ထားခဲ့ရသော်လည်း ယခုအခါ မလိုတော့ကြောင်း သိရသည်။ ပြည်ပခရီးထွက်ပါက မိမိလက်ရှိ အသုံးပြုနေသောဖုန်းကို ဆက်လက်သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုကို GSM နှင့် WCDMA ဖုန်းအသုံးပြုသူများ ရရှိမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သွားရောက်သော နိုင်ငံအပေါ်မူတည်၍ တစ်မိနစ် အတွက် ကောက် ခံသောနှုန်းထား ကွာခြားမည်ဖြစ်သည်။ International Roaming Outbound သွားရောက် သုံးစွဲနိုင်သော နိုင်ငံ ၃၅ နိုင်ငံ၊ အော်ပရေတာစုစုပေါင်း ၃၇ ခုရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့ဖူးသည်။ အဆိုပါနိုင်ငံများတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား အစရှိသည်တို့ ပါဝင်သကဲ့သို့ ပြင်သစ်၊ ဂျာမနီ၊ […]

Read More

ရုပ်သံဖြင့် တိုက်ရိုက် ဗေဒင်ဟောရန် စီစဉ်

လူသိများပြားသော ဗေဒင်ဆရာတစ်ဦးဖြစ်သည့် စံဇာဏီဘိုသည် Skype ကဲ့သို့ အပြန်အလှန် တိုက်ရိုက်ထိတွေ့နိုင်သော နည်းပညာကို အသုံးပြု၍ ဗေ ဒင်ဟောခြင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ “အင်တာနက်ပေါ်ကနေ ဟိုဘက်နဲ့ (ဗေဒင်မေးမြန်းသူ) တိုက်ရိုက်ပြောဖို့ရှိတယ်။ Skype လိုမျိုးပဲပေါ့နော်။ အချိန်တစ်ခုတော့ သတ်မှတ်ရမယ်။ အခု လုပ်ဖို့ စီစဉ်နေပါပြီ”ဟု စံဇာဏီဘိုက ပြောသည်။ အစီအစဉ်အတွက် MONO Technology Myanmar နှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး အပြန်အလှန် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်သော Application တစ်ခုကို အွန်လိုင်းပေါ်သို့ တင်ဆောင်ပေးနိုင်ရန် ဆွေးနွေးနေကြသည်ဟု သိရသည်။ ဗေဒင်တိုက်ရိုက် ဟောပြောသော အစီအစဉ်၌ ငွေပေးချေခြင်းလုပ်ငန်းစဉ်သည် အခက်အခဲတစ်ခုဖြစ်ပြီး အဆိုပါ ကိစ္စရပ်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း စံဇာဏီဘိုက ပြောသည်။ “အချိန်နဲ့သတ်မှတ်ပြီး […]

Read More

မန္တလေးမြို့တွင် MPT ၏ အရောင်းဆိုင်ခန်း စတင်ဖွင့်

မန္တလေးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်ခန်းကို ဇွန်လ ၈ ရက်တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါဆိုင်မှာ မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ တတိယမြောက်ဆိုင်ဖြစ်ပြီး ၈၄ လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းတောင့်၊ ချမ်းအေးသာဇံမြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တွင် အဆိုပါဆိုင်နှစ်ဆိုင် ဖွင့်လှစ်ထားပြီး ယင်းဆိုင်များတွင် ငွေဖြည့်ကတ်များ၊ အီလက်ထရောနစ် ငွေဖြည့်ကတ်များ အစရှိသည် တို့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ဖုန်းများနှင့်ပတ်သက်၍ ဝန်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံ တစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် […]

Read More

in-app purchase (IAP)

In-app purchase (IAP) ဆိုသည်မှာ စမတ်ဖုန်း သို့မဟုတ် အခြား မိုဘိုင်းထုတ်ကုန်တစ်ခုပေါ်တွင် မိုဘိုင်း application တစ်ခုအတွင်းမှ တစ်စုံတစ်ခုကို ဝယ်ယူခြင်း ဖြစ်သည်။ ဆော့ဖ်ဝဲ ထုတ်လုပ်ရောင်းချသူများသည် app များအတွင်းမှ item များကို ရောင်းချကြသည်။ ဥပမာ အနေဖြင့် သုံးစွဲသူများသည် ဂိမ်းများတွင် ဇာတ်ကောင်များကို ဝယ်ယူနိုင်သလို၊ စွမ်းဆောင်ရည်ကိုလည်း အဆင့်မြှင့်တင်နိုင်သည်။ ထို့အပြင် ဂိမ်းအတွင်းသုံးစွဲသည့် ငွေကြေးအတွက် တကယ့်ပိုက်ဆံများကို သုံးစွဲကြသည်။ App များမှ ရောင်းချသည့် item များကို အခမဲ့ ရရှိနိုင်သလို သက်သာသည့် ဈေးနှုန်းဖြင့်လည်း ဝယ်ယူနိုင်သည်။ In-app purchase များကို အခမဲ့ရယူနိုင်သည့် အခြေခံ ဆော့ဖ်ဝဲတွင် အပိုဆောင်း feature များအတွက် အခကြေးပေးရမည့် freemium […]

Read More

Desktop ကွန်ပျူတာတစ်လုံးကို ရွေးချယ်ဝယ်ယူခြင်း

ကွန်ပျူတာဖွင့်ဖို့ ကော်ဖီတစ်ခွက်ဖျော်စာ ကြာနေတယ် ဒါမှမဟုတ် ဂိမ်းကစားဖို့အတွက် ဂရပ်ဖစ်ကတ်က အရမ်းကို ခေတ်နောက်ကျနေတယ် ဒါမှမဟုတ် Windows 8.1 နဲ့ OS X Yosemite တို့လို လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုချင်တယ်ဆိုရင် သင့်အနေနဲ့ ကွန်ပျူတာသစ် တစ်လုံးကို ဝယ်ယူဖို့ စဉ်းစား ရပါတော့မယ်။ အဲ့ဒီအတွက် ဒီဆောင်းပါးက သင့်အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ Desktop ကွန်ပျူတာသစ် တစ်လုံးရဲ့ တန်ဖိုးက အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မော်နီတာ အပါအဝင် ဒေါ်လာ ၅၀၀ ကြားကနေ ၇၅၀ ကြားရှိတဲ့ ကွန်ပျူတာတစ်လုံးဆိုရင် ကောင်းကောင်းကြီးကို အသုံးပြုနိုင်ပါပြီ။ နောက်ပြီး […]

Read More