Day: June 10, 2015

Apple Device တွေနဲ့ Download လုပ်မယ်ဆိုရင်

Apple Device တွေနဲ့ Download ပြုလုပ်ချင်တဲ့သူတွေ အတွက်တော့ ဒီဆော့ဖ်ဝဲဟာ အသုံးပြုရတာ အဆင်ပြေပါလိမ့်မယ်။ ဆော့ဖ်ဝဲရဲ့ နာမည်ကတော့ iDownloader ပါ။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။ အောက်ဘက်မှာ အသုံးပြုနိုင်မယ့် စနစ်တွေ တန်းစီပြီးရှိနေတာ မြင်တွေ့ရပါလိမ့်မယ်။ Browser, Download, Files, Playlists, Settings အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Browser ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။ အထက်မှာမြင်ရမယ့် Browser ဘားတန်းထဲမှာ ကိုယ် Download ပြုလုပ်ချင်တဲ့ ဝက်ဘ်ဆိုက် လိပ်စာကို ရိုက်ထည့်ပြီး ဝက်ဘ်ဆိုက်တွေ ပေါ်ကနေတိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။ Download […]

Read More

iOS အတွက် ဖြန့်ချိထားသော Camera+ app တွင် selfie ခလုတ်ပါဝင်လာ

iOS အတွက် ဖြန့်ချိထားသော Camera+ app update တွင် Apple Watch ဖြင့် selfie ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ကူးနိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရသည်။ ထို့အပြင် Apple Watch ၏ Camera+ မှတစ်ဆင့် ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ကူးနိုင်ရန် အဝေးထိန်း shutter ခလုတ်လည်း ပါဝင်လာသည်။ သုံးစွဲသူများအနေဖြင့် timer feature ကို အသုံးပြု၍လည်း ဓာတ်ပုံများကို ရိုက်ကူးနိုင်ပြီ ဖြစ်သည်။ အဆိုပါ app ကိုသုံးစွဲသူများသည် ဓာတ်ပုံရိုက်ကူးရန်အတွက် မျက်နှာပြင်ကို tap ပြုလုပ်စဉ် ယခင်က ဓာတ်ပုံရိုက်ကူးခဲ့သည့် မြင်ကွင်းနှင့် မတူသည့်မြင်ကွင်းကို ဖော်ပြပေးမည် ဖြစ်သည်။ ထို့အပြင် ယခင်ပုံစံအတိုင်း ဓာတ်ပုံများ ရိုက်ကူးနိုင်ပြီး အသစ်ပါဝင်လာသည့် […]

Read More

မြန်မာကျောင်းသားများအတွက် IELTS For UKVI ဖြေဆိုရန် လျှောက်ထားရမည့်ပုံစံ ပြောင်းလဲကျင့်သုံးမည်

မြန်မာကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက် ပညာသင်ကြားရာတွင် လိုအပ်သည့် IELTS For UKVI (UK Visa and Immigration) ဖြေဆိုရန် လျှောက်ထားမှု ပုံစံစနစ်သစ်ကို လာမည့် ဇွန်လ ၂၇ ရက်မှ စတင် ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာတက္ကသိုလ် Foundation Program နှင့် Pre-Master Program များကို လျှောက်ထား တက်ရောက်မည့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် IELTS For UKVI ကိုဖြေဆိုရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ “ဒီလို ကျောင်းသားတွေက အရင်တုန်းက ပုံမှန် တစ်လ ၂ ကြိမ် စစ်ဆေးပေးတဲ့ IELTS စာမေးပွဲကို ဝင်ဖြေလို့ရတယ်။ အခုကတော့ ယူကေတက္ကသိုလ်တွေကို […]

Read More

SMS ဖြင့် အင်္ဂလိပ်စာ လေ့လာနိုင်

အင်္ဂလိပ်စာလေ့လာခြင်းကို SMS စနစ်ဖြင့် စတင်ဝန်ဆောင်မှု ပေးအပ်နေသည်ဟု Ooredoo Myanmar က သတင်းထုတ်ပြန်ထားသည်။ ယနေ့မှစတင်၍ အဆိုပါဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ပြီး ဝန်ဆောင်မှုအတွက် တစ်လလျှင် ၈၉၀ ကျပ် ကျသင့်မည်ဟု သိရသည်။ ဝန်ဆောင်မှုကို အသုံးပြုလိုပါ က 4545 သို့ ON ENGLISH ဟု ပေးပို့၍ ဝန်ဆောင်မှုကို အသုံးမပြုတော့လိုပါက OFF ENGLISH ဟု ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ အင်္ဂလိပ်စာ သင်ခန်းစာအတွက် SMS များကို နေ့စဉ် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ပေးပို့မည် ဖြစ်သည်။

Read More

House.com.mm မှ ပေးအပ်မည့် ပညာသင်ဆုနှင့် အကျိုးဆောင်ထူးချွန်ဆုများ လျှောက်ထားနိုင်

အွန်လိုင်း အိမ်၊ ခြံ၊ မြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ အတွက် ပညာသင်ဆုကို ပေးအပ်သွားမည့်အပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ထူးချွန်ဆုများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆုများအနက် ပညာသင်ဆုကို အသက် ၁၇ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး လုပ်ငန်းနယ်ပယ်ထဲမှ လက်တွေ့အသုံးချ ဘာသာရပ် များဖြစ်သည့် Econimic, Marketing, Sale, Logistic နှင့် အခြားစပ်ဆက်သည့် ဘာသာရပ်များကို သင်ကြားခွင့်ရမည်ဖြစ်သည်။ ‘ကျွန်တော်တို့ဆီက အထောက်အပံ့ဟာ မြန်မာလူငယ်တွေရဲ့ အောင်မြင်မှုအတွက် အဓိက တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ သူတို့တွေရဲ့ တီထွင်လိုစိတ်တွေကို အားကောင်းလာအောင် လှုံ့ဆော်ပေးရာရောက်သလို ပုဂ္ဂလိကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးမယ့် အစီအစဉ်တွေပါ ပါဝင်တာကြောင့် […]

Read More

Dell Venue 7

တန်ဖိုး – ကန်ဒေါ်လာ ၁၁၉.၈၀ အားသာချက် – Dell Venue 7 ဟာဈေးနှုန်းချိုသာပြီး Micro SD Slot ကိုထည့်သွင်း ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး ခရီးသွားလာရင်း အလုပ်လုပ်ကိုင် သူများအတွက်တော့ အသုံးဝင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ အားနည်းချက် –  ဖိုင်အရွယ်အစား ကြီးမားတဲ့ App တွေကို Download ပြုလုပ်၍ Update လုပ်တဲ့အခါမှာ Tablet ရဲ့ အလုပ်လုပ်ဆောင်မှု အနည်းငယ် နှေးသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tablet ရဲ့ Bazel ကလည်း အနည်းငယ်ထူပြီး ဒီဇိုင်းပိုင်းမှာ ခေတ်မီတဲ့ ဒီဇိုင်းပုံစံအဆန်းတွေကို တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။ သုံးသပ်ချက် – Dell […]

Read More

Apple Music ဆိုတာ

Apple Music ဆိုတာဘာလဲ? Apple Music ဆိုတာဟာ streaming music ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ iTunes library ထဲက ဘယ်သီချင်းကိုမဆို နားဆင်နိုင်ပါတယ်။ အခမဲ့ သုံးနိုင်သလား? ဒီဝန်ဆောင်မှုက အခမဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ sign up ပြုလုပ်တဲ့အခါမှာ စမ်းသပ်သုံးစွဲခွင့် သုံးလ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ စမ်းသပ်သုံးစွဲခွင့်ကာလ ကုန်ဆုံးသွားရင် တစ်လကို ၉.၉၉ ဒေါ်လာနဲ့ သုံးရမှာ ဖြစ်ပါတယ်။ Family plan နဲ့သုံးမယ်ဆိုရင် တစ်လကို ၁၄.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ Family plan က လူ ၆ ယောက်အထိ နားဆင်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအတွက် iCloud […]

Read More

မော်တော်ကားနည်းပညာဒီပလိုမာ သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဂျပန်နိုင်ငံ Okayama Institute of Science and Technology နှင့် မြန်မာနိုင်ငံမှ GLORY Career Training Centre တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မော်တော်ကားနည်းပညာ ဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန်လ ၉ ရက်တွင် သာကေတမြို့နယ်ရှိ GLORY ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းကို ဂျပန်နိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ သတ်မှတ်ထားသော Third Class Automotive Mechanics သင်ရိုးညွန်းတမ်းအတိုင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် ၁ နှစ် ကြာမြင့်မည်ဖြစ်ကာ မြန်မာဆရာနှင့် ဂျပန်ဆရာတို့မှ ပူးပေါင်းသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းကို ဖွင့်လှစ်ရန် ၂၀၁၃ ခုနှစ်အတွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

Read More

(၁၃) ကြိမ်မြောက်ကျင်းပမည့် Hitachi Young Leaders Initiative သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ ကိုယ်စားပြု ကေá

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဇူလိုင်လ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် Hitachi Young Leaders Initiative တက်ရောက်ရန် အတွက် မြန်မာနိုင်ငံမှ ကျောင်းသူလေး ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း Hitachi Asia Ltd. မှ ထုတ်ပြန်ကြေညာလိုက်သည်။ (၁၃) ကြိမ်မြောက်ကျင်းပမည့် HYLI ၏ အဓိကအကြောင်းအရာမှာ “အများပြည်သူသုံး သယ်ယူပို့ဆောင်မှုစနစ် ပုံစံ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ရာတွင် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်၏ စိန်ခေါ်မှုများအတွက် အာဆီယံ၏ သဘောထားထင်မြင်ချက်” ဖြစ်သည်။ ဆွေးနွေးမည့် အကြောင်းအရာများကို အာဆီယံနိုင်ငံ များ၏ လက်ရှိမြို့ပြလူနေမှုနှင့် ထိန်းသိမ်းထားနိုင်မှုဆိုင်ရာ လျှပ်တစ်ပြက် အခြေအနေများ၊ လူထုအခြေပြုနှင့် ပတ်ဝန်းကျင်ကို ပျက်စီးမှုမရှိစေသော သယ်ယူပို့ဆောင်ရေး စနစ်အတွက် […]

Read More

ProXPN (Free)

http://goo.gl/fh4gml  ဆော့ဖ်ဝဲအမျိုးအစား – Privacy Software ဗားရှင်း – 3.0.5 ဖိုင်အရွယ်အစား – 15.18 MB အသုံးပြုနိုင်သည့် OS -Windows XP/Vista/7/8 အင်တာနက် သုံးစွဲတဲ့အခါမှာ ကိုယ့်ရဲ့ IP နဲ့ အခြားသော အချက်အလက်တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန်အတွက် အထောက်အကူပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ IP Address များကို လုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးထားပြီး Browsing History နှင့် Privacy အချက်အလက်တွေကို အလွယ်တကူ ရှာဖွေခြင်း မပြုနိုင်စေရန်အတွက်လည်း စီစဉ် ဖန်တီးပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အခကြေးငွေပေးချေမယ်ဆိုရင်  IP နှင့် Block ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်အသုံးပြုနိုင်ရန် အထောက်အပံ့ပေးထား […]

Read More